17/03/2022
MGDN-PDF နှင့် FLA-MGLD တပ်ခွဲ
ညီနောင်မဟာမိတ်နှစ်ဖွဲ့၏ ပူးတွဲထုတ်ပြန်ကြေညာချက်။
ထုတ်ပြန်ကြေညာချက် -
ကျွန်ုပ်တို့ မင်္ဂလာဒုံမြို့နယ် FLA-MGLD သည် အခြားသောညီနောင်မဟာမိတ်များနှင့်အတူ လက်တွဲပူးပေါင်း၍ တော်လှန်ရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလာခဲ့သည်မှာ ကြာခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့ညီနောင်မဟာမိတ်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီအား တွန်းလှန်ရာတွင် စကစ၏ဒေါက်တိုင်မှန်သမျှအား ဆက်လက်ဖယ်ရှားသွားမည်ဖြစ်သည်။ မိမိတို့ညီနောင် မဟာမိတ်အဖွဲ့များအနေဖြင့် ပြန်လည်အရေးယူဆောင်ရွက်ရာတွင် အပြစ်မဲ့ပြည်သူလူထု၏ အသက်ဘေးအန္တရာယ်အား မထိခိုက်စေရေး ဦးစားပေး၍ ဆောင်ရွက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ အကြမ်းဖက်စကစ၏ဒေါက်တိုင်တစ်ခုဖြစ်သော ထောက်ကြန့်လမ်းဆုံရှိ EPC အား အရေးယူသတိပေးခြင်း လုပ်ဆောင်ခဲ့သည်။
ပထမအကြိမ်အနေဖြင့် ကျွန်ုပ်တို့ FLA-MGLD တပ်ခွဲနှင့်ညီနောင်မဟာမိတ်ဖြစ်သော Mingalardon PDF ညီနောင်များ နှင့်အတူ (၂၂.၂.၂၀၂၂)ရက်နေ့၊ 5:57 AM တွင် စကစ၏ဒေါက်တိုင်ဖြစ်သည့် ထောက်ကြန့်လမ်းဆုံ EPC ဝန်းထဲရှိ စကစအစောင့်များအား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်သတိပေးမှု ပြုလုပ်ခဲ့သည်။
ထို့ပြင် ဒုတိယအကြိမ်အနေဖြင့် ကျွန်ုပ်တို့ FLA-MGLD တပ်ခွဲနှင့်ညီနောင်မဟာမိတ်ဖြစ်သော Mingalardon PDF ညီနောင် များနှင့်အတူ (၁၁.၃.၂၀၂၂)ရက်နေ့၊ 10:30 AM တွင် အကြမ်းဖက်စကစ၏ ဝန်ထမ်းလိုင်းခန်းများသို့ ဓာတ်အားပေးနေသော နိုင်ငံရေးမှတ်တိုင် EPC ဝန်းထဲရှိ ဝန်ထမ်းများအား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်သတိပေးမှု ပြုလုပ်ခဲ့သည်။
သို့ဖြစ်ပါ၍ ပြည်သူများအား အခက်အခဲဒုက္ခများဖြစ်စေသော ၎င်းစကစဒေါက်တိုင် EPC ၏ ရှေ့ဆက်လုပ်ဆောင် ချက်များအား ဆက်လက်စောင့်ကြည့်နေမည်ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့်လည်း ယခုသတိပေးအရေးယူမှုများထက် ၎င်းတို့၏ ရှေ့ဆက် လုပ်ဆောင်ချက်များအပေါ် သုံးသပ်၍ ပိုမိုကြီးမားသော သတိပေးလုပ်ဆောင်တိုက်ခိုက်ခြင်းများအား ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်သည်။