Plant Biotechnology Center

Plant Biotechnology Center Established as Plant Biotechnology Laboratory in 2001 at Hmawbi Township. Moved to Mingaladon and founded as Plant Biotechnology Center in 2008.

Established as Plant Biotechnology Laboratory in 2001 at Nyaunghnit Pin, Hmawbi Township
Moved to Pale Myothit, Mingaladon and founded as Plant Biotechnology Center
Area- 28 acres (including building, farms, orchards, staff housing, playground, etc.,
Location- 16 miles away from Sule Pagoda

08/10/2025

တောင်သူများအတွက် ကြိုးစားမှုရလဒ် မျိုးသစ်မိတ်ဆက်ပွဲ

Monthly Capacity Building Program
22/07/2025

Monthly Capacity Building Program

19/12/2020

စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ အပင်တစ်သျှူးဓါတ်ခွဲခန်းများနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီး၀လံပန်းမာန်ခြံမျ...

အနာဂတ် စပါးမျိုးသစ်များပေါ်ထွန်းရေး အလုပ်ရုံ ဆွေးနွေးပွဲ= = = = = = = = = = = = = = = = = = = = = = = = = = သုတေသန၊ မျို...
01/12/2020

အနာဂတ် စပါးမျိုးသစ်များပေါ်ထွန်းရေး အလုပ်ရုံ ဆွေးနွေးပွဲ
= = = = = = = = = = = = = = = = = = = = = = = = = =
သုတေသန၊ မျိုးစေ့ထုတ်ခြံ၊ စိုက်ပျိုးပညာပေးလုပ်ငန်း၊ တောင်သူများနှင့် ပုဂ္ဂလိကလုပ်ငန်း ရှင်များကြားခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုဖြင့် စပါးမျိုးကောင်းများ ထွက်ပေါ်လာစေရေး လမ်း စပေါ်ထွန်းရန်၊ဈေးကွက်ဝင် တန်ဖိုးမြင့်ဆန်များ ပိုမိုတိုးတက် တင်ပို့နိုင်ရေးအတွက် မျိုးစေ့ကဏ္ဍ အခြေခံ၍ မျိုးကောင်းမျိုးသန့်များ ထွက်ပေါ်လာရေးတွင် နယ်ပယ်ကဏ္ဍစုံပူးပေါင်းပါဝင်သော စပါးမျိုးသစ် ထုတ်လုပ် နိုင်ရန်ရည်ရွယ်ချက်ဖြင့်
အနာဂတ်စပါးမျိုးသစ်များ ပေါ်ထွန်းရေး အလုပ်ရုံ
ဆွေးနွေးပွဲကို ၁၊၁၂၊၂၀၂၀ မနက်ပိုင်းတွင် virtual online စနစ်ဖြင့် စိုက်ပျိုး​​ရေးဦးစီးဌာန၊အပင်ဇီဝနည်းပညာဗဟိုဌာနက ဦးစီးဆောင်ရွက်ခဲ့ရာ
ဥယျာဥ်ခြံ၊ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ ညွှန်ကြားရေးမှုး ဦးသီဟထွန်း ၊ ဖိတ်ကြားထားသော စိိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များ၊ ပုဂ္ဂလိက ပညာရှင်များ တက်ရောက်ခဲ့ပါသည်။
ပထမဦးစွာဥယျာဥ်ခြံ၊ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနညိးပညာဌာနခွဲ ညွှန်ကြားရေးမှုးက အဖွင့်အမှာစကားပြောကြားရာတွင် စပါးမျိုးသစ်ထုတ်လုပ်နိုင်ရေး သုတေသနကဏ္ဍပေါ်ထွန်းလာရေးအတွက် သုတေသနပညာရှင်များသာမက ပြင်ပပုဂ္ဂလိက ကုမ္ပဏီများမှ ပညာရှင်များ၊ စိုက်ပျိုးပညာပေးဌာနခွဲမှ ပညာရှင်များ ၊မျိုးစေ့ထုတ်လုပ်သည့် ပညာရှင်များစုပေါင်းပြီး အစုအဖွဲ့ဖြင့် အနာဂတ်မြန်မာနိုင်ငံအတွက် ပြင်ဆင်ထားရှိရန်လိုအပ်သည့် မျိုကောင်း၊မျိုးသန့်များ ပေါ်ထွန်းရေးကိုစတင်နိုင်ရန် ပြောကြားခဲ့သည်။
၁။ အစီအစဥ်အရ ဦးစိုးလင်းထွန်း (နယူးဧရာ ကုမ္မဏီလီမီတက)က နယူးဧရာကုမ္မဏီလီမိတက်မှထုတ်လုပ် ထားသည့် နာမည်ကြီး “မေ” စပါး နှင့် နယူးဧရာ (၁၂) အကြောင်းကိုတင်ပြ၍၊ လက်ရှိ နယူးဧရာ ကုမ္မဏီလီမီတက်၏ စပါး မျိုး တင်သွင်းထုတ်လုပ်မှုနှင့် နောင်တွင် ကိုယ်ပိုင်မျိုးများ မျိုးစပ်ထုတ်လုပ်နိုင်မှု အခြေနေ၊ အစိုးရကဏ္ဍနှင့် ချိတ်ဆက်နိုင်မှု အခြေနေများ၊ ဈေးကွက်အခြေနေများ၊ ယခု လက်ရှိ အတွေ့အကြုံများအရနှင့် နောင် (၅)နှစ်တွင် ထုတ်လုပ်မည့် စပါးအရည်ချင်း လက္ခဏာများကို ဆွေးနွေးခဲ့ပါသည်။
၂။ စစ်ကိုင်း၊ မန္တလေး၊ မကွေးဈေးကွက် ၀ယ်လို အားမြင့် စပါးမျိုးများ၏ အရည်ချင်း လက္ခဏာများနှင့် လက်ရှိစိုက်ပျိုးထုတ် လုပ် နေသောမျိုးများ၊ နောင်တွင် ဈေးကွက်ပေါ် မူတည်၍ ပြောင်းလဲထုတ်လုပ်သင့်သည့် စပါးမျိုး၏ အရည်အချင်း လက္ခဏာများကို ဦးရဲမင်းသောင်း(မြို့နယ်ဦးစီးမှူး၊ ကျောက်ဆည်)က ဆွေးနွေးခဲ့ပါသည်။
၃။ ထို့နောက် ဒေါက်တာယဉ်မင်းထွန်း(ဦးစီးအရာရှိ၊စပါးသီးနှဌာနခွဲ၊ရုံးချုပ်) က လက်ရှိ မြန်မာနိုင်ငံတွင် အများဆုံး စိုက်ပျိုး နေသည့် စပါးမျိုးများ အရေအတွက်၊​​ဒေသအလိုက် အနည်းဆုံးနှင့် အများဆုံးစိုက်ပျိုး နေသည့် စပါးမျိုးများအကြောင်းဆွေးနွေးခဲ့သည်။
၄။ ဆက်လက်၍ သုတေသန ပြုလုပ်ရာတွင် ကြုံတွေ့ရသော အတွေ့အကြုံများကို ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ရီရီချို(မြန်မာ့ဆန်စပါးသု
တေသနဌာန (မှော်ဘီ) ) က ဆွေးနွေးတင်ပြခဲ့ပါသည်။
၅။ ဆက်လက်၍ ဦး​ကျော်သီဟ(ဦးစီးအရာရှိ၊မြန်မာ့ဆန်စပါးသုတေသနဌာန( မှော်ဘီ))က
အများဆုံးစိုက်ပျိုးနေသော စပါးမျိုးများ၏ အားသာချက်၊ အားနည်းချက်များနှင့် အဆင့်မြင့်တင်ရန် လိုအပ်သည့် အချက်များ၊ အစိုးရနှင့် ပုဂ္ဂလိက မျိုးသစ်ထုတ်လုပ်ခြင်းအတွက် လိုအပ်ချက်များ ဆွေးနွေးခဲ့ပါသည်။
၆။ ထို့နောက် လက်ရှိဒေသအလိုက် တောင်သူများ၏ လိုအပ်သည့် စပါးမျိုးနှင့် ဈေးကွက်ဝင်မှု အခြေ နေများ၊ အဆင့်မြင့်တင်ရန် လိုအပ်သည့် ဒေသစပါးမျိုးများနှင့် မျိုးသစ်ထုတ်လုပ်ရာ တွင်ရှိသင့်ရှိထိုက်သည့် အခြေခံ အချက် အလက်များကို
ဦးစိန်မောင်မြင့် (ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး၊ (ဧရာ၀တီတိုင်း)) က ဆွေးနွေးခဲ့ပါသည်။
၇။ ဆက်လက်၍ တောင်သူများ၏ ကြိုက်နှစ် သက်မှုရှိသောစပါးမျိုးများ၏ အ‌ခြေခံ အချက်အလတ်များ တောင်သူများမှ စပါး မျိုးသစ်တစ်ခုအပေါ်လက်ခံနိုင်မှု စွမ်းအား နှင့်အဟန့်အတားများအကြောင်းကို ဒေါ်မင်းမင်းသန်းလက်ထောက်ညွှန်ကြားရေးမှူး(စစ်ကိုင်းတိုင်းမျိုးစေ့တာ၀န်ခံ) ကဆွေးနွေးတင်ပြခဲပါသည်။
၈။ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှုး
ဒေါက်တာအေးမင်း(တာဝန်ခံ၊အပင်ဇီဝနည်းပညာဗဟိုဌာန) က အပင်ဇီ၀နည်းပညာဗဟိုဌာန နှင့် ပြည်ပနိုင်ငံများတွင် စပါးမျိုးသစ်ထုတ်လုပ်နေသည့် ပုံစံ နှင့်ဗျူဟာများအကြောင်းကို ဆွေးနွေးတင်ပြခဲ့ပါသည်။ထို့နောက်
တက်ရောက်လာသော ပညာရှင်များက ကောင်းမွန်သောမျိုးသစ်ထုတ်လုပ်ရေးကဏ္ဍပေါ်လာရန် ဝိုင်းဝန်းဆွေးနွေးကြပြီး၊ဆွေးနွေးပွဲကို
အောင်မြင်စွာကျင်းပခဲ့ပါသည်။

နှမ်းသီးနှံမျိုးသစ် ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနဆွေးနွေးပွဲ= = = = = = = = = = = = = = = = = = = = == = = = =   ပြောင်းလဲ...
26/11/2020

နှမ်းသီးနှံမျိုးသစ် ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနဆွေးနွေးပွဲ
= = = = = = = = = = = = = = = = = = = = == = = = =

ပြောင်းလဲနေသည့်ရာသီဥတုနှင့် သဟဇတဖြစ်ပြီး ရေရှည်တည်တံ့သော ဈေးကွက်ဝင်နှမ်းမျိုးသစ်များ အစဉ်မပြတ်ထုတ်လုပ်ပေးနိုင်ရန်အတွက်
အားလုံးပါဝင်သော မျိုးသစ်ထုတ်လုပ်ရေးကို
အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်
ချက်ဖြင့် ၂၆.၁၁.၂၀၂၀ ရက်နေ့တွင် အပင်ဇီဝနည်းပညာဗဟိုဌာနက ဦးဆောင်၍ ဆွေးနွေးပွဲကို Virtual Conferencing စနစ်ဖြင့်ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးတိုင်းဦးစီးဌာန ၊ မကွေး တိုင်းဒေသကြီး ဆီထွက်သီနှံ ဗဟိုခြံမှ ခြံတာဝန်ခံ ၊နှင့် အခြားဖိတ်
ကြားထားသော အငြိမ်းစား သုတေသနပညာရှင်ဆရာ၊ဆရာမကြီး တို့ တက်ရောက် ဆွေးနွေးခဲ့ကြ သည်။ ရှေးဦးစွာ အပင်ဇီဝနည်းပညာဗဟိုဌာန တာဝန်ခံ ဒေါက်တာအေးမင်း နှမ်းသီးနှံ အရည်အ
အ​သွေးမြင့်တင်ရန်လိုအပ်နေမှုများကို အဖွင့်စကား
ပြောကြား ခဲ့ပါသည်။
*ထို့နောက် နှမ်းသီးနှံပညာရှင် ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း) ဆရာ ဦးသိန်းဌေးဦး က တာဝန်ထမ်းဆောင်ခဲ့စဉ် အတွေ့အကြုံများနှင့် တောင်သူများ
၏ရင်ဆိုင်နေရ သော မျိုးရွေးချယ်မှုအားနည်းချက်များ ၊နှမ်းမျိုးများ၏ ဒေသနှင့်ရာသီဥတုအပေါ်တုန့်ပြန် မှုများကိုဆွေးနွေးတင်ပြခဲ့ပါသည်။
* ဆက်လက်၍မကွေးတိုင်း၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးချိုနိုင်ထွန်းက GAP စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော နှမ်းစိုက်ပျိုးမှု အခြေအနေများ၊ အတွေ့အကြုံများကိုတင်ပြဆွေးနွေး၍ နှမ်းသီးနှံအားတန်ဖိုးမြင့် ထုတ်ကုန်များအထိလေ့လာဆောင်ရွက်ရန်နှင့် ကုန်သွယ်ဘက်နိုင်ငံ၏ နှမ်းသီးနှံ ထွက်ကုန်အပေါ်လိုအပ်သည့် လက္ခဏာများကို အဓိကထားလုပ်ဆောင်ရန်လိုအပ်ကြောင်း အကြံပြုတင်ပြဆွေးနွေးခဲ့ပါသည်။ ထို့​​နောက်တွင်မကွေးတိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း) ဒေါ်မီမီချိုမှ နှမ်းပင်များ၏ ကြိုက်နှစ်သော သဘာဝ နှင့် ထွက်နှုန်းပေါ် သက်ရောက်သော လက္ခဏာများ ၊နှမ်းမျိုးများ၏ အရည်အချင်း လက္ခဏာများကို ထပ်မံဆွေးနွေးတင်ပြခဲ့သည်။ *မကွေးတိုင်း ဒုတိယ တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်မော်မော်ဝင်း ကဆွေးနွေးရာတွင်
မကွေးတိုင်းနှမ်းစိုက်တောင်သူများ၏ ထွက်ကုန်ရောင်းဝယ်မှု အခြေအနေများ ၊ကျရောက်ဖျက်ဆီးတတ်သော ပိုးမွှားရောဂါများ နှင့် ထိန်းချုပ်မှု အခြေအနေ၊ နှင့် သီးနှံအရည်အသွေးမပျက်ထုတ်လုပ်နိုင်ရန်အတွက် ရိတ်သိမ်းချိန်လွန်နည်းပညာ အကြောင်းများကို အကျယ်တဖွင့်ဆွေးနွေးတင်ပြခဲ့ သည်။ နောက်ဆုံးဆွေးနွေးတင်ပြမှုတွင် မကွေးတိုင်းဒေသကြီး ဆီထွက်သုတေသန ဗဟိုခြံတာဝန်ခံ ဒေါ်မော်မော်သီက ခြံအတွင်းဆောင်ရွက်လျက်ရှိသော နှမ်းမျိုးလိုင်းများနှင့် လုပ်ဆောင် လျက်ရှိသောလုပ်ငန်းစဉ်များအကြောင်းကို တင်ပြခဲ့ပြီး၊ ဆွေးနွေးလမ်းညွှန်မှုများ အပြီးတွင် အပင်ဇီဝနည်းပညာဗဟိုဌာနမှ သုတေသနဝန်ထမ်းများက သိလိုသည်များမေးမြန်းခြင်း နှင့် ညှိနှိုင်းဆွေးနွေးမှု များကို ပြုလုပ်ခဲ့ပါသည်။

Address

Plant Biotechnology Center, Pale Myothit, Shwe Nanthar
Mingaladon
11023

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30

Website

Alerts

Be the first to know and let us send you an email when Plant Biotechnology Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Plant Biotechnology Center:

Share