30/09/2026
🌡️ El Niño ဖြစ်စဉ် — ကြိုတင်သတိပြု၊ ကြိုတင်ပြင်ဆင်ပါ
လက်ရှိ ၂၀၂၆ ခုနှစ်တွင် El Niño ဖြစ်စဉ်သည်
အားကောင်းလာနေပြီး ယခုနှစ်နှောင်းပိုင်းတွင်
“Very Strong El Niño” အဆင့်အထိ
ရောက်ရှိလာနိုင်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့
(WMO) က ခန့်မှန်းထားပါသည်။
ထို့အပြင် El Niño ဖြစ်စဉ်သည် ၂၀၂၇ ခုနှစ်
ဖေဖော်ဝါရီလအထိ ဆက်လက်ရှိနေနိုင်ခြေမှာ
၁၀၀% နီးပါးရှိကြောင်း WMO က ဖော်ပြထားပါသည်။
WMO အဆိုအရ El Niño ပြင်းထန်လာခြင်းကြောင့်
ဒေသအလိုက် အပူချိန်၊ မိုးရွာသွန်းမှုပုံစံများ
ပြောင်းလဲခြင်း၊ အပူလှိုင်း၊ မိုးခေါင်ခြင်းနှင့်
ရေကြီးခြင်း စသည့် ပြင်းထန်သော ရာသီဥတုဖြစ်စဉ်များ
ဖြစ်ပေါ်နိုင်ခြေ တိုးလာနိုင်ပါသည်။
သို့သော် El Niño အားကောင်းမှုတစ်ခုတည်းနဲ့
နိုင်ငံတစ်နိုင်ငံမှာ ဘယ်လောက်ပြင်းထန်မယ်ဆိုတာကို
တိုက်ရိုက်သတ်မှတ်လို့မရဘဲ ဒေသအလိုက် ကွာခြားနိုင်ပါတယ်။
⚠️ လူအသေအပျောက်အခြေအနေကရော ဘယ်လောက်ထိ ဖြစ်နိုင်လဲ?
University of Chicago အခြေစိုက် Climate Impact Lab မှ
သုတေသနအဖွဲ့က လက်ရှိ El Niño ကြောင့်
ဖြစ်လာနိုင်တဲ့ အပူချိန်မြင့်တက်မှုကို အခြေခံပြီး
၂၀၂၆ ဇွန်လမှ ၂၀၂၇ ဖေဖော်ဝါရီလအထိ
ပုံမှန်နှစ်များထက် ပိုမိုဖြစ်ပေါ်လာနိုင်သော
အပူဒဏ်ဆိုင်ရာ သေဆုံးမှု (excess heat-related deaths)
ခန့်မှန်းခြေအားဖြင့် ၄၅၁,၀၀၀ ခန့်ရှိနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
အဆိုပါ ခန့်မှန်းချက်အရ အလွန်ပူပြင်းတဲ့နေ့ရက်များသည်
ပုံမှန်နှစ်များထက် ၄၄% ခန့် ပိုမိုဖြစ်ပေါ်နိုင်ပြီး
အပူဒဏ်ခံနိုင်ရည်နည်းသော ဒေသများနှင့်
အရင်းအမြစ်နည်းပါးသော လူထုများ ပိုမိုထိခိုက်နိုင်ကြောင်း
ဖော်ပြထားပါတယ်။
📌 သတိပြုရန် — ၄၅၁,၀၀၀ ဆိုသည်မှာ အတိအကျ သေဆုံးမည့်အရေအတွက် မဟုတ်ပါ။
၎င်းသည် အပူချိန်ခန့်မှန်းချက်များနှင့် ယခင်က အပူချိန်နှင့် သေဆုံးမှုဆက်စပ်မှုဆိုင်ရာ အချက်အလက်များကို အသုံးပြု၍ ပြုလုပ်ထားသော သုတေသနခန့်မှန်းချက်ဖြစ်ပြီး အဆိုပါ report သည် လက်ရှိတွင် peer review ပြုလုပ်နေဆဲဖြစ်ပါသည်။
ဒါကြောင့် မိမိနှင့် မိသားစုအတွက် အောက်ပါအချက်များကို ကြိုတင်ပြင်ဆင်ထားကြပါစို့။ 👇
☀️ ၁။ အပူဒဏ်ကို သတိပြုပါ
နေပူပြင်းတဲ့အချိန်မှာ အပြင်ထွက်တာကို တတ်နိုင်သမျှရှောင်ပြီး အရိပ်ရတဲ့နေရာမှာ နေပါ။
💧 ၂။ သောက်ရေ အရန်ထားပါ
သန့်ရှင်းတဲ့ သောက်ရေကို လုံလောက်အောင် ကြိုတင်သိုလှောင်ထားပါ။ ရေကိုလည်း ပုံမှန်သောက်ပေးပါ။
🩹 ၃။ First Aid ပစ္စည်း အသင့်ထားပါ
အရေးပေါ်အခြေအနေအတွက် အခြေခံ First Aid ပစ္စည်းများနှင့် ORS တို့ကို အိမ်မှာ အသင့်ထားပါ။
🔦 ၄။ အရေးပေါ်ပစ္စည်းများ ပြင်ဆင်ထားပါ
မီးအိမ်၊ Flashlight၊ Power Bank၊ ဖုန်းအားသွင်းကြိုး စတဲ့ ပစ္စည်းတွေကို အားပြည့်ပြီး အသင့်ရှိအောင်ထားပါ။
📱 ၅။ မိုးလေဝသသတင်း စောင့်ကြည့်ပါ
ယုံကြည်ရတဲ့ မိုးလေဝသသတင်းနဲ့ သတိပေးချက်တွေကို ပုံမှန်စောင့်ကြည့်ပြီး လိုအပ်သလို ကြိုတင်ပြင်ဆင်ပါ။
👨👩👧👦 ၆။ ကလေးများနှင့် သက်ကြီးရွယ်အိုများကို အထူးဂရုစိုက်ပါ
အပူဒဏ်ကို ပိုမိုခံစားရနိုင်တဲ့ ကလေးများ၊ သက်ကြီးရွယ်အိုများကို ရေသောက်ဖို့ သတိပေးပြီး နေပူပြင်းတဲ့အချိန်မှာ အပြင်ထွက်မှုကို လျှော့ချပေးပါ။
⚠️ ကြိုတင်ပြင်ဆင်ထားခြင်းက ဘေးအန္တရာယ်ဖြစ်လာချိန်မှာ ပိုမိုလုံခြုံစွာ တုံ့ပြန်နိုင်ဖို့ ကူညီပေးပါတယ်။
မိမိတစ်ဦးတည်းအတွက်သာမက မိသားစုနှင့် ပတ်ဝန်းကျင်ရှိသူများအတွက်ပါ ဒီအချက်များကို မျှဝေပေးကြပါစို့။ ❤️
📚 အချက်အလက်ရင်းမြစ်များ
• World Meteorological Organization (WMO), September 2026
• Climate Impact Lab / University of Chicago, September 2026
🚑 Myanmar Rescue – Mogok ၏သတင်းကို
ကို ကိုးကား၍
#အရေးပေါ်ဆက်သွယ် 09449655118/119
09943235592