24/10/2024
မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပါစေကြောင်း ပဏာမဦးစွာ တောင်းဆုမေတ္တာ ပို့သအပ်ပါတယ်။
ကျွန်တော်တို့ မုံရွာခရိုင်အမှတ်(၇)တပ်ရင်းဟာ အမှတ်(၁)စစ်ဒေသရဲ့ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ တာဝန်ထမ်းဆောင် တိုက်ပွဲဝင်လျှက်ရှိပါတယ်။
ရှေ့တန်းနေရာများတွင် တာဝန်ထမ်းဆောင်နေရပါသော်လည်းခုချိန်ထိ ကျည်ကာဦးထုတ်၊ ကျည်ကာအင်္ကျီများ မရှိသေးပါခမျာ။ ယခင်တိုက်ပွဲများ၌ တချို့သောရဲဘော်များကိုလည်း ဆုံးရှုံးခဲ့ရပြီးဖြစ်သလို ဒါဏ်ရာရရဲဘော်များလည်း ရှိပါသေးတယ်။
ယခုတွင်လည်း ကျနော်တို့ မုံရွာခရိုင်အမှတ်(၇)တပ်ရင်းဟာ ရှေ့တန်းစစ်မျက်နှာကိုရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် ရှေ့တန်းရဲဘော်(၁၅၀)ဦးအား ကျည်ကာဦးထုပ်နှင့် ကျည်ကာအင်္ကျီများ အရေးပေါ်တပ်ဆင်ရန် လိုအပ်ပါသောကြောင့် ပြည်တွင်းပြည်ပရှိ မိဘပြည်သူများအား တက်နိုင်သ၍ နည်းများမဆို ပါဝင်လှူဒါန်းပေးကြပါရန်လည်း အနူးအညွတ်ပန်ကြားအပ်ပါတယ်။
ကျည်ကာဦးထုပ် Level-4 =300,000 MMK (သုံးသိန်းကျပ်)
Equipment အခွံ= 500,000 MMK(ငါးသိန်းကျပ်)
ကျည်ကာပြား = 700,000 MMK (ခုနစ်သိန်းကျပ်)
ပါဝင်လှူဒါန်းလိုပါက တပ်ရင်း၏ တရားဝင် page ၌ Messenger မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်သလို ပြန်ကြားရေးတာဝန်ခံထံတွင်လည်း ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခမျ။
တပ်ရင်းPage Link
https://www.facebook.com/MonywaDistrictBattalion7?mibextid=ZbWKwL
ပြန်ကြားရေးတာဝန်ခံ Acc Link
https://www.facebook.com/setkaungsan.photography.monywa?mibextid=ZbWKwL
#အမှတ်၁စစ်ဒေသ
#မုံရွာခရိုင်အမှတ်_၇တပ်ရင်း
Lightining PDF
#သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
#ကျည်ကာဦးထုပ်_ကျည်ကာအင်္ကျီ
People Defence Force Monywa