Monywa Ese

Monywa Ese လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊မုံရွာမြို့။

30/08/2026

#အသိပေးကြေငြာခြင်း
၁။ မိဘပြည်သူများအနေဖြင့် မီတာအသစ်လျှောက်ထားရာတွင် လွယ်ကူလျှင်မြန်မှုရှိစေရန်၊ စရိတ် စကများ သက်သာစေရန်နှင့် တစ်ဆင့်ခံပွဲစားများ/ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုကင်းဝေးစေရန် အတွက် Online Website မှတဆင့် မီတာလျှောက်ထားသည့်စနစ်အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဆောင်ရွက် ပေးထားပြီးဖြစ်ပါသည်။
၂။ ယခုအခါ မသမာသူများမှ ဝန်ကြီးဌာနနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အမည်ဖြင့် အယောင်ဆောင် page များဖွင့်လှစ်၍ မီတာလျှောက်ထားလိုသူများထံမှ ငွေကြေး လိမ်လည်တောင်းခံမှုများရှိကြောင်း စိစစ်တွေ့ရှိလာရပါသည်။
၃။ သို့ဖြစ်ပါ၍ Online မီတာလျှောက်ထားသည့် ဝန်ဆောင်မှုအား Facebook ၊ Telegram အစရှိသည့် Social Media Platform များမှ ဆောင်ရွက်ခြင်း လုံးဝ (လုံးဝ) မရှိပါကြောင်းနှင့် Online မှ မီတာလျှောက်ထား လိုသူများအနေဖြင့် ဝန်ကြီးဌာန၏ တရားဝင် Website Link ဖြစ်သော www.emeter.moee.gov.mm မှတဆင့်သာ တရားဝင် လျှောက်ထားနိုင်မည်ဖြစ်ပါကြောင်းနှင့် ငွေပေးသွင်းရာတွင်လည်း မည်သည့်ဖုန်းနံပါတ်များကိုမျှ ငွေပေးသွင်းရန်မလိုဘဲ ဌာန၏ Website Application www.emeter.moee.gov.mm စည်းကမ်းချက်များနှင့်အညီ သက်ဆိုင်ရာ Bank / ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ Quick Pay စနစ်ဖြင့်သာပေးချေရမည်ဖြစ်ပါကြောင်းအသိပေး ကြေငြာအပ်ပါသည်။

18/08/2026
18/08/2026
17/08/2026

အသိပေးကြေညာခြင်း

17/08/2026
03/08/2026

31/07/2026

#အသိပေးကြေငြာခြင်း

#မုံရွာလျှပ်စစ်

Address

Monywa

Alerts

Be the first to know and let us send you an email when Monywa Ese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share