Anti-Fascist Underground Revolution Front

Anti-Fascist Underground Revolution Front A.U.R.F ထုတ်လုပ်ရေးနှင့် နည်းပညာအဖွဲ့

တော်လှန်ရေးသုံးနှစ်ကျော်မှာ ကျွန်တော်တို့ A.U.R.F-Team ဟာ Mobile Team တခုအနေနဲ့ တိုက်ပွဲနဲ့အနီးဆုံးနေရာတွေမှာ ယာယီအထိုင်...
22/06/2024

တော်လှန်ရေးသုံးနှစ်ကျော်မှာ
ကျွန်တော်တို့ A.U.R.F-Team ဟာ Mobile Team
တခုအနေနဲ့ တိုက်ပွဲနဲ့အနီးဆုံးနေရာတွေမှာ
ယာယီအထိုင်ချကာ
Drop‌ဗုံးသီးများ တာဝေးပစ်Rocket များကို
ထုတ်လုပ်ပေးပီး ရှေ့တန်းမှာပါ၀င်ခဲ့ရာကနေ
လက်ရှိအချိန်မှာတော့ မြေပြင်လိုအပ်ချက်အရ
ထုတ်လုပ်ရေး အထိုင်စခန်းတခုကို
စတင်တည်ဆောက်နေရခြင်းဖြစ်ပါတယ်။
နယ်မြေရှင်းလင်းပီး စခန်းတခုကို
စတင်တည်ဆောက်နေရခြင်းဖြစ်တဲ့အတွက်
ကျွန်တော်တို့အဖွဲ့မှာ
လိုအပ်ချက်တွေ အများကြီးရှိ‌နေပါတယ်။

ပြည်သူကိုမျက်နှာမှုရတဲ့ တော်လှန်ရေးဖြစ်တဲ့အတွက်
ပြည်သူတယောက်ချင်းအနေနဲ့ စခန်းရဲ့လိုအပ်ချက်များကို
ပူးပေါင်းပါ၀င်ကူညီပေးစေချင်ပါတယ်။

Myanmar Nationalities Support Organizations Japan( M.N.S.O )မှ​ ထောက်ပံ့ကူညီပေးသော 3000000 Ks အား လက်ခံရရှိပါသည်။ထောက်ပံ...
20/06/2024

Myanmar Nationalities Support Organizations Japan( M.N.S.O )မှ​ ထောက်ပံ့ကူညီပေးသော 3000000 Ks အား လက်ခံရရှိပါသည်။
ထောက်ပံ့ကူညီပေးသော Myanmar Nationalities Support Organizations Japa( M.N.S.O )အားကျွန်တော်တို့ A.U.R.F မှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

03/06/2024

Come Back?☠

20/05/2022

ဒီချိန်ဆို ထောင်တွင်းမှာ ခြင်တွေ ယင်တွေ ပိုပေါ ပါပြီ။
ထောင်ကကျွေးတဲ့ အရည်ကျဲကျဲ ပဲဟင်းဝါဝါ ပေါ် ယင်ကောင်မဲမဲတွေ ပေါလော ပါလာပြီ ။ နုတ်နုတ်စင်းထားတဲ့ ကန်စွန်းရွက်အချဉ်ဟင်းထဲ တီကောင် အပိုင်းလိုက်တွေ ပါလာပြီ။ " ငါတို့က မသေခင် ပုပ်နေကြတဲ့ သူတွေလိုပဲ” လို့ပြောရလောက်အောင် ယင်ကောင်တွေ ဝိုင်းအုံကိုက်တတ်တယ်။
လူတွေများလွန်းတာကြောင့် အဝတ်လှန်းဖို့နေရာ မလုံလောက်လို့ နေပူတဲ့အချိန်လေး အပြေးအလွှား နေရာလု အဝတ်လှမ်းကြရပြီ။ ၃ရက်လောက် မိုးဆက်တိုက် ရွာရင် အဝတ်အစား လဲစရာ မရှိလို့ စိုထိုင်းထိုင်း အဝတ်တွေ ဝတ်ကြရတယ်။
ဟိုနားက မိုးယို ဒီနားက မိုးပက်နဲ့ အိမ်သာတွေ သုံးဖို့ကအစ အကောင်ပေါင်းများစွာ လူကြီးတွေ မကြာခဏ ချော်လဲကြ ထိခိုက်မိကြနဲ့။
အဝတ်အစားတွေက မှိုတွေ ၊ နေရတာ မသန့်ရှင်းတာတွေ စားရတာ ငပိ ငံပြာရည် ငါးခြောက် ဆိုတော့ …
ဒီချိန် ထောင်တွင်းမှာ ဝဲ၊ ပွေး၊ ယားနာတွေ ပိုဖြစ်ကြပါတယ်။
ယားနာ လူးဆေး၊ ပရုတ်ဆီ(ကော်ပုလင်းသာရပါတယ်)၊ အကိုက်အခဲ ပျောက်ဆေး ၊ ခြင်မကိုက် လူးဆေး.. စတာတွေအပြင် မိုးကာ နဲ့ ရေချိုးရင် သုံးတဲ့ ခေါင်းစွပ်တွေ လိုလာပါပြီ။
ရေချိုးရတဲ့နေရာ ပန်းကန်ဆေးရတဲ့နေရာတွေဟာ အမိုး အကာ မရှိတာမို့ မိုးရွာတဲ့အခါ ခေါင်းစွပ်တွေ လိုပါတယ်။
လူကြီးတွေအတွက် မထူမပါး အနွေးထည်(လျှော်ရ လှမ်းရ ခက်လို့ပါ) လေးတွေ ထည့်ပေးကြပါ။ ရှူဆေးဘူးလေးတွေလည်း ဒီချိန် ပိုလိုကြပါတယ်။

နိုင်ရာကူနေကြတဲ့ ရဲဘော်တွေအတွက် ထောင်ဝင်စာ ပို့ဖို့ကူကြတဲ့အခါ လိုတာလေးတွေ သိသလောက် မျှဝေလိုက်ပါတယ်။


29/04/2022

တာဝန်ချိန်မှ အနားယူချိန်လေး..

24/04/2022

တော်လှန်ရေးမှာ အရေးပါတဲ့ လက်နက်ပိုင်းဆိုင်ရာမှာအချိူးအကွေ့ကာလ တစ်ခုကို ရောက်လာခဲ့ပြီ လို့ဆိုရမယ့် အခြေအနေတရပ်ကို သုံးသပ်မိပါတယ်။ တွေ့မြင်မိသမျှကို တင်ပြသွားပါမယ်။

(၁) စက်ရုံထုတ်လက်နက်များ

ကာဝန်ဦးရည်မွန်က PDF တွေ အတွက် အနိမ့်ဆုံးလိုအပ်ချက် (Minimum Requirement) အတွက် စက်ရုံထုတ်လက်နက်တွေရထားပြီဆိုပါတယ်။ စက်ရုံထုတ်လက်နက်ဆိုတာ စံချိန်မှီ Industry Level တန်းကို ဆိုလိုတာဖြစ်ပါလိမ့်မယ်။ ဒီလို Industry scale ကိုရဖို့က KIA နဲ့ ဝ က ပူးပေါင်းပံ့ပိုးပေးမှသာ ရနိုင်ချေရှိပါတယ်။ "ဝ" ဝင်ပါလာပြီဆိုရင် တရုတ်ဟာ နောက်ကွယ်က ဝင်ကစားလာပြီဆိုတဲ့ အဓိပ္ပာယ်လဲ ဖြစ်ပါတယ်။ တရုတ်ဟာ "ခွချက်" နည်းလမ်းကို တစိုက်မတ်မတ်သုံးလေ့ရှိပြီး စစ်အုပ်စုကို ကျုံးသွင်းဖို့ ကြိုးစားနေတယ်လို့ယူဆလို့ရပါတယ်။

(၂) ပြည်တွင်းလက်နက်များ

LDFတွေ PDF တွေအကြား ကြိုးစားပြီး လက်နက်တပ်ဆင်နေကြတာဟာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ပါတယ်။ ချင်းပြည်နယ် လွတ်မြောက်ရေးစစ်သည်တွေရဲ့ တူမီးတော်လှန်ရေးဟာ မြေပြန့်က လွတ်မြောက်ရေးအင်အားစုတွေအတွက် လမ်းပြမီးအိမ်သဖွယ်ဖြစ်စေခဲ့ပါတယ်။ တူမီးတွေဟာ နွေဦးတော်လှန်ရေးမှာ ပထမျိူးဆက်လက်နက်တွေ ဖြစ်ခဲ့ပါတယ်။

ဒီကနေ တစ်တောင့်ထိုးတွေအလျင်အမြန်ပေါ်ပေါက်လာခဲ့ပြီး တစ်တောင့်ထိုးတွေအသုံးပြုမှုတွင်ကျယ်လာခဲ့ပါတယ်။ ပုလဲ ဗိုလ်နဂါးတို့ရဲ့ အင်အားစုတွေမှာ တစ်တောင့်ထိုးတွေ သုံးစွဲလာတာတွေ့ခဲ့ရပါတယ်။ ဒါတွေက ဒုတိယမျိူးဆက်လက်နက်တွေလို့ ပြောလို့ရပါတယ်။

ဒီကနေ တစ်တောင့်ထိုးကို ကျည်ကဒ်နဲ့သုံးစွဲတဲ့ တတိယမျိူးဆက်ကို ရောက်ရှိလာခဲ့တာကိုတွေ့ရပါတယ်။ တတိယမျိူးဆက် ပြည်တွင်းဖြစ်တော်လှန်ရေးရိုင်ဖယ်လ်တွေမှာ ကျည်ကဒ်ပါဝင်လာတာကို တွေ့ရပြီး ၅.၅၆ ကျည် ခေါ် NATO ကျည်ကို ထည့်သွင်း သုံးစွဲလာနိုင်တာကို တွေ့ရပါတယ်။ လက်ရှိ တတိယမျိုးဆက်မှာတော့ ကျည်ကဒ်ပါဝင်လာတဲ့အပြင် ၅.၅၆ ကျည်ရလာတဲ့ အတွက် ရန်သူတွေဆီက သိမ်းယူရရှိတဲ့ ကျည်တွေ အလွယ်သုံးစွဲနိုင်တဲ့အားသာချက်ရှိလာပါတယ်။

ဒီကနေ စတုတ္ထမျိူးဆက် လက်နက်တွေကို ထုတ်ဖော်ဖို့ ကြိုးစားနေကြတာကိုလဲ တွေ့ရပါတယ်။ Full Auto စက်သေနတ်တွေကို ပြုလုပ်တည်ဆောက်နေကြပြီး ဒီဟာတွေကို အောင်မြင်ဖို့လဲ လက်တကမ်းမှာရှိနေတာကို သိရပါတယ်။ စတုတ္ထမျိူးဆက်လက်နက်တွေကို အောင်မြင်သွားကြရင်တော့ Full Auto တွေကိုရရှိသွားကြပြီ ဖြစ်တဲ့အတွက် PDF ရဲဘော်တွေဟာ လျင်မြန်စွာအင်အားကြီးထွားလာကြမှာပဲ ဖြစ်ပါတယ်။

(၃) ဗျူဟာမြောက်လက်နက်များ

မြန်မာ့လွတ်လပ်ရေးနွေဦးတိုက်ပွဲမှာ ဗျူဟာမြောက် လက်နက်ထဲပါဝင်လာခဲ့တာကတော့ မြေမြုပ်မိုင်းတွေပဲဖြစ်ပါတယ်။ ယခင် EAO တွေသုံးစွဲခဲ့တာထက်ပင်လျှင် LDF/PDF တွေဟာ မိုင်းကို အားထားသုံးစွဲခဲ့ပါတယ်။ မိုင်းဒဏ်ခံနိုင်တဲ့ ယာဉ်တွေမရှိတဲ့ ရန်သူတွေဟာ ပြည်သူ့လွတ်လပ်ရေးတပ်သားတွေရဲ့ မြေမြုပ်မ်ိုင်းတွေဒဏ်ကို အလူးအလဲခံခဲ့ရပြီး အထိနာခဲ့ပါတယ်။

တချိန်ထဲမှာ တစတစ တိုးတက်လာတာက ရှော့တ်ိုက်ဒုံးတွေပဲဖြစ်ပါတယ်။ တရုတ်လုပ်​ရှော့တိုက်ဒုံးတွေကို မသုံးနိုင်ပေမယ့် LDFတွေ PDF အဖွဲ့တွေဟာ တမိုင်စွန်းစွန်းပြေးတဲ့ ရှော့တိုက်ဒုံးတွေကို စမ်းသပ်ပြုလုပ်လာခဲ့ကြပါတယ်။ ဒီရှော့တိုက်ဒုံးတွေကို စမ်းသပ်ပြုလုပ်ရာကနေ သုံးစွဲကြတဲ့ အဖွဲ့တွေ ပေါ်ပေါက်လာခဲ့ပြီး ဒီဒုံးတွေသုံးစွဲမှုက ဆက်လက် တွင်ကျယ်လာဖို့ရှိနေပါတယ်။

ဒါ့အပြင် ဒီနေ့မှာ PDF အဖွဲ့တဖွဲ့က ရှော့တိုက်ဒုံးအကြီးစားကို အောင်မြင်စွာပြုလုပ်နိုင်ပြီလို့ပြသလိုက်ပါတယ်။ လက်ရှိပြသထားတဲ့ ဒုံးတွေရဲ့ အကွာအဝေးက ၃ မိုင်မှ ၅ မိုင်ခန့်ပြေးတယ်ဆိုထားပါတယ်။ ဒီလို ၃ မိုင်ကနေ ၅ မိုင်ပြေးတဲ့ ဒုံး​တွေ အမြောက်အများသုံးစွဲလာကြရင် လေကာစံနစ်မရှိတဲ့ ရန်သူစခန်းတွေကို ကြီးကြီးမားမားခြိမ်းခြောက်ပြီး ဗျူဟာအရအသာစီးရလာနိုင်စရာတွေရှိနေပါတယ်။

ဒါ့အပြင် ဒုံးအသေးစားတွေကို ပခုံးထမ်းလောင်ချာအဖြစ်စမ်းသပ်ပြုလုပ်တဲ့ အဖွဲ့တွေလဲရှိနေပြီး မြေပြင်မှာ စတင် အသုံးချလာကြတာကို ကြားသိရပါတယ်။ ဒီလို မျိူး အသုံးချမှုတွေ အဆင့်မြှင့်တွင်ကျယ်လာမယ်ဆိုပါက ရန်သူ စစ်ကြောင်း ချီတက်မှုကို ဟန့်တားရာမှာ အလွန်ထိရောက်မယ့် အခြေအနေဖြစ်ပါတယ်။

(၅) ပဉ္စမမျိူးဆက်ရိုင်ဖယ်လ်အလားအလာ

လက်ရှိမှာ အလားအလာရှိနေတာက ပြည်တွင်း UG တွေ ကိုင်တွယ်သုံးစွဲတဲ့ FGC-9 လက်နက်နဲ့ လက်ရှိ PDF တွေမှာရှိတဲ့ နည်းပညာပေါင်းစပ်မှုပဲဖြစ်ပါတယ်။ FGC-9 ဆိုတာဟာ သရီးဒီပရင်တာ နည်းပညာနဲ့ ပြုလုပ်တဲ့ လက်နက်ဖြစ်ပြီး 9mm ကျည်ကို သုံးပါတယ်။ သူ့ရဲ့ ကိုယ်ထည်မှာ အမေရိကန်ရဲ့နာမည်ကျော် AR-15 ရဲ့ ကိုယ်ထည်ပါပြီး အတွင်းရိုက်မောင်းက Semi-Auto စံနစ်ဖြစ်ပါတယ်။ AR-15 ရဲ့ ကိုယ်ထည်နဲ့ အတွင်းက Semi-Auto စံနစ်ကို လက်ရှိ ၅.၅၆ ကျည်ကို အသုံးပြုတဲ့ တတိယမျိုးဆက် ရိုင်ဖယ်မှာ ပေါင်းစပ်ထည့်သွင်းလိုက်ရင် တော်လှန်ရေးအတွက် အလွန်သက်သာပြီး အကျိူးများတဲ့ ရိုင်ဖယ်တလက် ထွက်ပေါ်လာနိုင်ခြေရှိနေပါတယ်။ Semi-Auto ရဲ့အားသာချက်က မောင်းတင်ပြီးချိန်မှာ မောင်းထပ်တင်ဖို့မလိုတော့ဘဲ တချက်ချင်း ပစ်လို့ရတဲ့အတွက် ကျည်ကုန်ကျမှုသက်သာခြင်းပဲ ဖြစ်ပါတယ်။

(၆)

အမြဲမပြတ်ရုန်းကန်နေကြတဲ့ အကျိူးဆက်အနေနဲ့ အသီးအပွင့်တွေကိုတော့ မြင်လာရပြီဖြစ်ပါတယ်။ ဗျူဟာပိုင်းအရ အရေးပါတဲ့ လက်နက်ငယ်တွေ ပိုင်ဆိုင်သွားတာနဲ့ မြန်မာအလယ်ပိုင်းမှာ လွတ်မြောက်နယ်မြေအများအပြားပေါ်ပေါက်လာဖို့ အခြေအနေရှိနေပါတယ်။
Crd from Lin Yone

23/04/2022

သေရဲတဲ့ကောင်ထွက်ခဲ့ဆိုတဲ့
မင်းတို့စကားကြောင့် လက်နက်မရှိတဲ့ ငါတို့တွေ ငါတို့မြို့ကိုစွန့်ခွာလာခဲ့ရတယ် အေး ငါတို့တွေ လက်နက်ပစ္စည်း
စုံတဲ့နေ့ ငါတို့မြို့ကို
ငါတို့​တွေ ပြန်လာသိမ်းမယ်
မင်းတို့ပြောသလိုပဲ
"သေရဲတဲ့ ခွေးတွေ ထွက်လာခဲ့"
"မြန်မာ့မြေ တော်လှန်ရေးမှာ လူတိုင်း
လက်နက်ကိုင်နိုင်ရမည်"
A.U.R.F Beta Weapon Testing.

20/04/2022

မြန်မာငွေ ၃၀၀၀၀လောက်နောက်
ခွေးသတ်ဖို့ တုတ်လုပ်လို့ရနိုင်ပါတယ်။
ကျွန်တော်တို့ Team ဟာ အကုန်အကျနည်းနည်းနဲ့ ပြည်တွင်းတော်လှန်ရေးမှာ
အင်အားတခုဖြစ်ဖို့ကြိုးစားနေတဲ့
လူငယ်တွေဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ဝိုင်းရံကူညီပေးစေချင်ပါတယ်။

18/04/2022

ဝင်ဆော့ပေးကြနော်

ဒီမှာ ဒေးဗစ် အဲ့မုန့်လုံးရေပေါ်နဲ့ ခရမ်းချဥ်သီးသုတ်က မင်းမစားတတ်ဘူး အဲ့တော့ ငါးခြောက်စားချင်ရင် ဒိုက်သွားထိုး.....
17/04/2022

ဒီမှာ ဒေးဗစ်
အဲ့မုန့်လုံးရေပေါ်နဲ့ ခရမ်းချဥ်သီးသုတ်က မင်းမစားတတ်ဘူး အဲ့တော့ ငါးခြောက်စားချင်ရင် ဒိုက်သွားထိုး.....

ဝင်ကူဆော့ပေးပါဦးနှစ်သစ်မှာ 🙏🙏🙏
17/04/2022

ဝင်ကူဆော့ပေးပါဦး
နှစ်သစ်မှာ 🙏🙏🙏

ဟုတ်မှ ဟုတ်ပ့ါမလားဆိုပြီး မျက်လုံးလေး
ပွတ်ကြည့်လိုက်ရတယ် . . .
အမလေးလေး နဲနဲတွန်းပေးထားပါဦးဗျိူ့

⚠️လူအင်အားများများပါဝင်ဖို့ လိုနေတာမလို့
ပို့်စ်လေးကို Reach များအောင် ဝိုင်းရှဲပြီး တပ်ကူခေါ်
ပေးကြပါဦး . . . ⚠️

နေ့ခင်းပိုင်းလေး မိနစ် ၂၀ စာ ကြော်ငြာ အခု ၆၀ စာလောက် ပါဝင်အားဖြည့်ပေးကြပါဦးဗျာ

အလုပ်ရှိနေလို့ မအားရင်တောင် O2 ent website ဝင်ပြီး
သီချင်းလေးတွေ ဖွင့်ပေးထားလို့ရပါတယ် . . . .

နှစ်ဆန်းတစ်ရက်နေ့မှာ Down သွားရင် နမိတ်ကောင်းဝူးညော် ရဲဘော်တို့ . . .

နှစ်သစ်စချိန်လေး ပွဲကောင်းကောင်းလေး တည်ပေးကြပါဦး

တိုက်ပွဲ ကြားထဲ အနားရတုန်းလေးPost လာတင်တာပါ။ဒီနှစ် သင်္ကြန်မှာ မပျော်ရွှင်ပဲကျွန်တော်တို့ကို စိတ်ဓာတ်အားဖြည့်ပေးတဲ့ ပြည်...
15/04/2022

တိုက်ပွဲ ကြားထဲ အနားရတုန်းလေး
Post လာတင်တာပါ။
ဒီနှစ် သင်္ကြန်မှာ မပျော်ရွှင်ပဲ
ကျွန်တော်တို့ကို စိတ်ဓာတ်အားဖြည့်ပေးတဲ့ ပြည်သူတဦးချင်းစီရဲ့ တော်လှန်ရေး
အပေါ်မှာ အားတင်းထားမှုတွေကို
စိတ်ထဲအမြဲ အမှတ်တရရှိနေပါတယ်။
မပီးဆုံးသေးတဲ့ တိုက်ပွဲအတွက်
ကျွန်တော်တို့တွေ အခုလို အမြဲ
လက်ချင်းတွဲ ထားမယ်လို့လဲ ယုံကြည်ပါတယ်။


Address

Myawadi

Telephone

+66963718849

Website

Alerts

Be the first to know and let us send you an email when Anti-Fascist Underground Revolution Front posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Anti-Fascist Underground Revolution Front:

Share

Category