မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း myawaddy Kayin

  • Home
  • Myanmar
  • Myawadi
  • မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း myawaddy Kayin

မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း myawaddy Kayin Law

13/03/2024

နိုင်မြင်းကပန်းဝင်နီးလေလေ
ပြိုင်မြင်းနဲ့ဖျက်မြင်း ပေါင်းကြံယုတ်လေလေ
ဇာတ်ထွဋ်တီးလုံးကို နွေဦးဩခက်စ်စထရာက
တီးမှုတ်နေပြီ

တနေ့သ၌ပေါ့ သူငယ်ချင်း
ငါတို့
ကာတွန်းအတူ ဆွဲခဲ့ကြ
ဂျင်ဂလိအတူ ခေါက်ခဲ့ကြတယ်
ပို့စကဒ်ကဗျာတွေထဲ အတူလဲကျ
မဂ္ဂဇင်းကဗျာတွေထဲ အတူထရပ်

အဲဒီကစ
စနစ်ကြီးကခွစီးသမျှ
(သဘာဝကျကျ ငါတို့တွေ)
လက်ပြင်ကုန်းကုန်း ပုခုံးနိမ့်နိမ့်ပါပဲ

ကိုယ်စီကိုယ်ငှ
ပစ်ချရာဘဝလမ်းမှာ
ဂေါ်လီလိုလိမ့်ရင်း ၊ဂေါ်လီလိုပဲ ပဲ့ခဲ့ကြ
ဂေါ်လီလိုလည်းကွဲခဲ့ကြ

ဒီလိုနဲ့
ဘီးတဲလ်သီချင်း ကြားနာရ
ဘီးကြဲကြီးတွေဖြစ်လာကြ

ဒီလိုနဲ့
ဦးသန့်ဈာပန လှမ်းမြင်ကြ
၇၅ကိုနားစွင့်ကြ
မှိုင်းရာပြည့် ကို နဖူးတွေ့ကြ

ဒို့အလှည့်မှာလည်း ဒို့အရေးသံနဲ့
ရေစို ချွေးစို နဖူးစည်းနဲ့
သွေးမုန်တိုင်းအောက်
ကျေးညီနောင်ပုံပြင်ပက်ပင်းတိုးခဲ့ကြ
မင်းဘယ်ဘက်လဲကြည့်မိတယ်

"အလင်းကြိုက်လို့ဓာတ်တိုင်အောက်ရပ်မိပါတယ်၊
မီးပျက်တဲ့ ဓါတ်တိုင်အောက် ရပ်မိတော့
မှောင်ရိပ်ခိုမှု "တဲ့

"အိမ်ဓားပြတိုက်လို့ ရရာဆွဲ ခုခံတော့လည်း
ဇာတ်ကြမ်းရှာမှု"တဲ့
မှုစရာမရှိတဲ့အမှုတွဲသူငယ်ချင်း

ခုမှမဟုတ်ပါဘူး
အုတ်ခုံမှာငါတို့ ငြိမ်းချမ်းရေးသီချင်းဆိုတုန်းက
ရန်လာလာ စပြီး
ပိစ်Peace ပုံသံပြား၊ခေါင်းတပ်ထားတဲ့
ခါးပါတ်ကြီးချွတ် လိုက်ရိုက်သူတွေလည်း
တွေ့ဖူးကြတာပဲကွာ ထားလိုက်ပါ

ကိုယ်ဖေါက်သမျှ ကိုယ်ရောက်ကြလမ်းမှာ
ရွေးစရာမရှိ အသစ်မဲ့
ထီးပြင် ဖိနပ်ချုပ်ကိုယ်တိုင်တတ်
လောကဓံကိုကာတွန်းလိုလည်းဖတ်ခဲ့ကြ

လှေခါးတက်ချိုချို | မြွေမြိုတော့ခါးခါး
ကံကြမ္မာ အံစာတုံးကို ပြုံးပြုံးပဲခေါက် နေတုန်း
လက်ပြင်ကုန်းကုန်း ပုခုံးနိမ့်နိမ့် သူငယ်ချင်း

တချို့တွေနဲ့ငါတို့ဟာ
လမ်းဆုံမှာလမ်းခွဲကြ
နောက်ပြီးတော့လည်း (သည်းခြေမရှိ)
လမ်းခွဲမှာပြန်ချိန်းကြ

ပွဲလမ်းတွေထဲကိုယ့်အာရုံနဲ့ကိုယ်လွင့်ရင်း
(ဪလူရင်းပါပဲဆိုပြီး )
ဟိုင်းတောင်မဟိုင်း လိုက်ရ
အပြန်အလှန်စိတ်ထဲကျိန်ဆဲကြ
တော်ကြာကြေကွဲတောင်းပန်ရ
ဈာပနတွေမှာ၊သံဝေဂယပ်တောင် ကမ်းဆဲသူငယ်ချင်း

တော်ကြာ ဟိုဒင်းမဖြစ်လို့ အဝှာမပြု
နတ်ရုပ်တူနဲ့ထုလေတိုင်း
ခေါင်းပူလိုက်ရ
တိရစ္ဆာန်ဝင်ပူးရာ ဝင်ကြေးပေးလက်အုပ်ချီနေကြ
ဘီးကြဲသူငယ်ချင်း ကြေကွဲသလား
ဘဝမှာ ဝဆွဲနောက်ပစ်တွေကြောင့်ပဲ ကြေကွဲရ

အာရုံမလွဲ အချိန်မဆွဲ စိတ်ဝမ်းမကွဲ
ဝဆွဲနောက်ပစ်တွေ
တထမ်းတပိုးကြီးပဲဆိုတော့
ဘယ်တုန်းကမှ ပုခုံးမမြောက် ခြေဖျားမထောက်
ရောက်ရာအရပ်တွင်
လက်ပြင်ကုန်းကုန်းပုခုံးနိမ့်နိမ့်တွေ

အချိန်တန်လို့
ယုံကြည်သူ မယုံကြည်သူအားလုံးထံမှောက်
နွေဦးဟာ
သစ္စာမပျက် ရောက်ရှိလာတော့
မင်းဘယ်မှာလဲ ရှာမိတယ်

မင်းပါနေတုန်းပဲ
တန်းဆင်းဇုန်ကရုန်းထွက်ပွဲမှာ
အင်္ကျီချွတ်အမှန်တရားအသင်းက
မင်းပါနေတုန်းပဲ
ဇရာအောင်လံစိုက် ငှက်သိုက်ကေကြီးနဲ့
မင်း ကန်နေတုန်းပဲ

လက်ခုပ်သံတွေ ဆဲရေးသံတွေကြား
အသားမာတက်ဖဝါးတွေနဲ့
အောင်စိတ်အောင်လံ မင်းရပ်ခံနေတုန်းပဲ

နိုင်မြင်းကပန်းဝင်နီးလေလေ
ပြိုင်မြင်းနဲ့ဖျက်မြင်းပေါင်းကြံယုတ်လေလေ
ဇာတ်ထွဋ်တီးလုံးကိုနွေဦးဩခက်စ်စထရာက
တီးမှုတ်နေပြီ

ရက်ပေါင်းများစွာ
အချက်ပေါင်းများစွာ ခုတ်ခဲ့သမျှ
တအိအိလဲပြိုပြီ

ဒီလိုအချိန်မှာ
ဖဝါးတွေ
နှလုံးသားတွေမှာအသားမာတက်နေတဲ့ကြားက
ချွေးစက်သွေးစက်မျက်ရည်များကိုမေးကြည့်ပါ

ဒီနွေဦးမှာ ပန်းပွင့်တဲ့ရိုးတံတွေ၊
နေလောင်ခံအစာချက်တဲ့သစ်ရွက်တွေ၊
မြေသားနက်နက်ရေရှာထွက်တဲ့အမြစ်တွေကို
"ဘာဖြစ်ချင်လဲ "မေးရင်တော့
"လူ့ဂုဏ်သိက္ခာပြည့်စွာကိုယ့်အိမ်ကိုယ် ပြန်နေချင်တာပဲရှိပါတယ် "လို့ တခဲနက်ဖြေလိမ့်မယ်

ဒီမြေကိုတင့်စေသော
နွေဦးဩခက်စ်ထရာမှာ တူရိယာတလက်နဲ့
အတူပါနေတုန်း
(လက်ပြင်ကုန်းကုန်း ပုခုံးနိမ့်နိမ့် )သူငယ်ချင်း။ ။

#မင်းကိုနိုင်
၁၃/၃/၂၀၂၄
(ဓာတ်ပုံ =ပါမှ ရောက်ရှိမှုများသည်ဟူ၍)

12/03/2024

Address

ဓိဌာန်အောင်ဘုရားလမ်း
Myawadi
THERULEOFLAW

Telephone

+959792334799

Website

Alerts

Be the first to know and let us send you an email when မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း myawaddy Kayin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share