18/05/2026
၁။ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊ပြည်နယ်ပါတီဥက္ကဌ၊ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌဦးရားဝမ်ဂျုံသည်ရေးရာကော်မတီဥက္ကဌများ၊လွှတ်တော်ရုံးမှတာဝန်ရှိသူများလိုက်ပါ၍၈.၅.၂၀၂၆ရက်နေ့မွန်းလွဲ၃း၀၀နာရီခန့်တွင်မြစ်ကြီးနားမြို့မှပူတာအိုမြို့သို့လေကြောင်းခရီးစဥ်ဖြင့်ရောက်ရှိကြရာပူတာအိုခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးထွန်းနှင့်ခရိုင်မြို့နယ်တာဝန်ရှိသူများ၊ရဝမ်၊လီဆူ၊ဂျိန်းဖော၊ရှမ်းတိုင်းရင်းသားယဥ်ကျေးမှုအဖွဲ့များကကြိုဆိုကြပါသည်။
၂။၉.၅.၂၀၂၆ရက်နေ့၊၁၀း၀၀နာရီအချိန်၊ပူတာအိုခရိုင်/မြို့နယ်ပါတီခန်းမတွင်ပြုလုပ်သောပါတီဝင်များတွေ့ဆုံပွဲ၊ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းပွဲနှင့်လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲသို့တက်ရောက်၍အမှာစကားပြောကြားပါသည်။တွေ့ဆုံပွဲသို့ပူတာအိုခရိုင်ခေတ္တဥက္ကဌ၊ပြည်နယ်လွှတ်တော်ကစလ၊အစိုးရအာမခံချက်များ၊ကတိများ၊တာဝန်ခံချက်များနှင့်တိုင်ကြားစာ၊အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီအတွင်းရေးမှူးဦးငွားဒီးယော်၊ပြည်နယ်ကော်မတီဝင်၊ဥပဒေကြမ်းကော်မတီဥက္ကဌဦးမြအုန်း၊ ပြည်နယ်ပါတီအရန်ကော်မတီဝင်၊တိုင်းရင်းသားလူမျိုးအရေးဆိုင်ရာကော်မတီဥက္ကဌဦးချန်းဂျောင်ဆားရ်၊စီမံကိန်း၊ပြည်နယ်ကော်မတီဝင်၊ ဘဏ္ဍာရေးနှင့်ပြည်သူ့ငွေစာရင်းဆိုင်ရာကော်မတီဥက္ကဌဒေါ်မိုးသီတာသိန်း၊ဝိုင်းမော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်၊ လွှတ်တော်ကစလများစိစစ်ရေးကော်မတီဥက္ကဌဦးခေါ်ဆာ၊ပူတာအိုမြို့နယ်ပြည်သူ့လွှတ်တော်ကစလ၊မြို့နယ်ပါတီဥက္ကဌဦးရားနီ၊ခေါင်လန်ဖူးမြို့နယ်ပြည်သူ့လွှတ်တော်ကစလဦးမ
ဖန်းဆင်ဆုန်း၊ အမျိုးသားလွှတ်တော်ကစလဦးဂျာလီရဲ့၊ခေါင်လန်ဖူးမြို့နယ်၊ပြည်နယ်လွှတ်တော်ကစလဦးဖီရမ်ဆားရ်တို့နှင့်ပူတာအိုခရိုင်/မြိုနယ်၊မချမ်းဘောမြို့နယ်ပါတီဥက္ကဌ၊ကော်မတီဝင်များ၊ရပ်ကွက်၊ကျေးရွာပါတီဥက္ကဌများ၊စည်းရုံးရေးမှူးများ၊အောင်နိုင်အဖွဲ့များအင်အား၁၄၅ဦးတက်ရောက်ကြပါသည်။အစီအစဥ်အရပြည်နယ်ပါတီဥက္ကဌကပါတီဌာနချုပ်၏လမ်းညွှန်ချက်များကိုလိုက်နာဆော င်ရွက်ရေးနှင့်ကျေးဇူးတင်စကားပြောကြားခြင်းနှင့်ကချင် ပြည်နယ်လွှတ်တော်အတွေ့အကြုံရှင်းလင်းခြင်းကိုဆောင်ရွက်ပါသည်။ထို့နောက်ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်ကစလများကလည်းကောင်း၊ရေးရာဥက္ကဌများကလည်းကောင်းရှင်းလင်း ဆွေးနွေးကြပါသည်။ဆက်လက်၍အောင်နိုင်ရေးအဖွဲ့များအားကျပ်သိန်း၆၀တန်ဘိုးရှိစားသုံးဆီများကိုပံ့ပိုး၍တွေ့ဆုံပွဲကိုအောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။