Kachin Rescue Team -Myitkyina

Kachin Rescue Team -Myitkyina Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kachin Rescue Team -Myitkyina, Emergency rescue service, No (200)/Rada B Road (4)Tatkone, Myitkyina.

🚑ကူညီမှု🚑ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခံယူနေသူ ရာဒါကောင်းးပ်ကွက်နေ ဒေါ်ဖုန်ဆားနင် အသက်(၅၀)နှစ် ခြေနှစ်ချောင်း အရိုးထိသွား...
01/09/2026

🚑ကူညီမှု🚑

ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခံယူနေသူ ရာဒါကောင်းးပ်ကွက်နေ ဒေါ်ဖုန်ဆားနင် အသက်(၅၀)နှစ် ခြေနှစ်ချောင်း အရိုးထိသွား၍
ပြည်သူ့ဆေးရုံကြီး မှ မြတ်မွန်သို့ ဓါတ်မှန်ရိုက်
ရန်အတွက် ကူညီပို့ဆောင်ပေးနိုင်ခြင်း

👉အရေးပေါ် ဆေးရုံပို့/ဆင်း အကူညီလိုအပ်ပါက လူနာရှင်များကိုယ်တိုင်ဖုန်းဆက် အကူညီတောင်ခံနိုင်ပါတယ် ခင်ဗျား🙏🙏🙏

👉NuWa ni yawng hkamja hkye shalawt lam hta hkyakhkyak grum hpyi mai ga ai🙏🙏🙏

👉လှူဒါန်းလိုခြင်း ဖြစ်ဖြစ် ......
👉အကူညီတောင်းခံလိုခြင်းဖြစ်ဖြစ်
ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းရုံးသို့ အကူညီတောင်ခံနိုင်ပါတယ်ဗျ

👉📱09400050420-09340333495

☎️ ရုံးဖုန်း 👇

-09429008869

-09429008851

-09774469077

[email protected]
#ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်း

🤱မိခင်တစ်ယောက်ရဲ့ အသက်ရှူသံနဲ့ ကလေးတစ်ယောက်ရဲ့ ပထမဆုံးအသက်ရှူသံ” 👶🏻⛪️စီတာပူနှစ်ခြင်း အသင်းတော်အခြေပြု ဖွင့်လှစ်ထားသေား က...
31/08/2026

🤱မိခင်တစ်ယောက်ရဲ့ အသက်ရှူသံနဲ့ ကလေးတစ်ယောက်ရဲ့ ပထမဆုံးအသက်ရှူသံ” 👶🏻

⛪️စီတာပူနှစ်ခြင်း အသင်းတော်အခြေပြု ဖွင့်လှစ်ထားသေား ကျန်းမာရေး ဘောင်ရိန် ဆေးခန်းတွင် ရိုးရိုးမွေးဖွားဖို့ ဆန္ဒပြင်းပြစွားစောင့်ဆိုင်းနေတဲ့ မိခင်လောင်းတစ်ယောက် …ဆေးခန်းမှာ ရေမွှာပေါက်သွားခဲ့ပေမယ့် ကလေးက ချက်ချင်းထွက်မလာခဲ့ပါဘူး။

🏣တစ်ညကျော်တဲ့အထိ မိခင်က အတတ်နိုင်ဆုံး သည်းခံတောင့်ခံခဲ့တယ်။
👨‍🍼မိခင်ရဲ့ အင်အားတွေ တဖြည်းဖြည်းကုန်ခမ်းလာပြီး မောပန်းနွမ်းနယ်လာတဲ့အချိန်မှာတော့ ဆရာဝန်က ခွဲစိတ်မွေးဖွားဖို့ လိုအပ်လာပြီလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါပေမယ့် ခွဲစိတ်နိုင်ဖို့အတွက် အထူးကုဆေးရုံကို အမြန်ဆုံးပြောင်းရွှေ့ရတော့မယ့် အရေးပေါ်
အခြေအနေမှာ ဖခင်းရဲ့ မဆိုင်မတွ

ဖုန်းတစ်ချက်…ခေါ်ဆို
အကြောင်းကြားတာနဲ့ ကျနော်တို့ အရေးပေါ် အဖွဲ့ Ambulance ကားဟာ အချိန်မဆိုင်းဘဲ ထွက်ခွာခဲ့ပါတယ်။ 🚑

မိခင်လောင်းကို မြတ်မွန်အထူးကုဆေးရုံသို့ အမြန်ဆုံးနဲ့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

🚑ကားပေါ်မှာ မိခင်ကိုကြည့်ရင်း
“ဒီမိခင်လေး ဘယ်လောက်တောင် နာကျင်နေမလဲ…”
“ဒီကလေးလေးရော ဘယ်လောက်ကြာကြာ ဒီလောကထဲကို ရောက်လာဖို့ ကြိုးစားနေရမလဲ…”
ဆိုတဲ့အတွေးတွေ ဝင်လာမိတယ်။

👶ပထမ သားဦးလည်ဖြစ် ရိုးရိုးပဲမွေးချင်တဲ့ မိခင်ရဲ့ဆန္ဒက ခိုင်မာလွန်းလို့ နာကျင်မှုဘယ်လောက်များများ…
မောပန်းမှုဘယ်လောက်ရှိရှိ ကိုယ့်သားလေး လူ့လောကထဲ ကျန်းမာကောင်းမွန်စွာရောက်ရှိလာဖို့ မေမေအတွက်အဓိကပဲ

🏥မြတ်မွန်အထူးကုဆေးရုံဝင်းထဲ ကားဝင်ရောက်လာတဲ့အချိန်မှာတော့…အားလုံးမျှော်လင့်မထားတဲ့ အံ့သြစရာအခိုက်အတန့်တစ်ခု ဖြစ်လာခဲ့ပါတယ်။ Ambulance ကားထဲမှာပဲ မိခင်ရဲ့ မွေးလမ်းကြောင်းမှာ ကလေးရဲ့ခေါင်းလေး ထွက်လာခဲ့ပါပြီ။ 🥹🤍

ခွဲစိတ်ခန်းထဲမှာ အဆင်သင့်စောင့်ဆိုင်းနေကြတဲ့ ဆရာဝန်နဲ့ အဖွဲ့သားတွေကလည်း အချိန်မဆိုင်းဘဲ ကားပေါ်ကနေ မိခင်ကို အရေးပေါ်ခန်းထဲ အမြန်ဆုံး ရွှေ့ပြောင်းပေးခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့…ခွဲစိတ်စရာမလိုတော့ဘဲ
မိခင်ရဲ့ အပြင်းအထန်ဆန္ဒအတိုင်း
ကလေးလေးဟာ ရိုးရိုးမွေးဖွားခြင်းနဲ့ ကျန်းမာစွာ ဒီလောကထဲကို ရောက်ရှိလာခဲ့ပါတယ်။ 👶🏻🥰

အဲဒီအချိန်မှာ ကျွန်တော်တို့အတွက်တော့
အရေးပေါ် Ambulance ကားနဲ့ သယ်ဆောင်ခဲ့ရတဲ့ ခရီးတစ်ခုဟာ
👨‍🍼မိခင်တစ်ယောက်ရဲ့ စိုးရိမ်မှုကို ပျော်ရွှင်ခြင်းအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တဲ့ ခရီးတစ်ခု ဖြစ်သွားခဲ့ပါတယ်။

👨‍🍼မိခင်ရဲ့ မောပန်းနေတဲ့မျက်နှာမှာ ပျော်ရွှင်မှုတွေ ပြန်လည်ပေါ်လာတာကို မြင်ရတဲ့အခိုက်အတန့်…ကလေးလေးရဲ့ ပထမဆုံးအသက်ရှူ ငိုသံကို ကြားလိုက်ရတဲ့အချိန်မှာတော့ ကျွန်တော်တို့ရဲ့ စိုရိမ် ပင်ပန်းမှုတွေတောင် ဘယ်လိုပျောက်သွားမှန်း မသိတော့ဘူး။

ဒီနေ့ ကျွန်တော်တို့ Kachin Rescue Team အတွက်တော့အသက်တစ်ချောင်းကို ကမ္ဘာကြီးထဲ ရောက်ရှိလာနိုင်အောင် အချိန်မီကူညီပေးနိုင်ခြင်း ကလည်း အောင်မြင်မှုတစ်ခုဖြစ်သလို ….
ကျွန်တော်တို့အတွက် မမေ့နိုင်တဲ့ ဝမ်းမြောက်စရာအမှတ်တရတစ်ခုပါပဲ။

👶ကလေးလေးရဲ့ ပထမဆုံးငိုသံကို ကြားလိုက်ရတဲ့
မိခင်ရော…
ကလေးလေးရော…
ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းတွေနဲ့ ဘဝခရီးရှည်ကြီးကို အတူတူ လျှောက်လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🙏🥰🙏❤️

👉အရေးပေါ် ဆေးရုံပို့/ဆင်း အကူညီလိုအပ်ပါက လူနာရှင်များကိုယ်တိုင်ဖုန်းဆက် အကူညီတောင်ခံနိုင်ပါတယ် ခင်ဗျား🙏🙏🙏

👉NuWa ni yawng hkamja hkye shalawt lam hta hkyakhkyak grum hpyi mai ga ai🙏🙏🙏

👉လှူဒါန်းလိုခြင်း ဖြစ်ဖြစ် ......
👉အကူညီတောင်းခံလိုခြင်းဖြစ်ဖြစ်
ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းရုံးသို့ အကူညီတောင်ခံနိုင်ပါတယ်ဗျ

👉📱09400050420-09340333495

☎️ ရုံးဖုန်း 👇

-09429008869

-09429008851

-09774469077


[email protected]


#ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်း

#မွေးလူနာ

🩸သွေးလှူဒါန်းမှု  🙏"သွေးသည်အသက် သင့်သွေးဖြင့် အသက်ကယ်ပါ " မြစ်ကြီးနားမြို့ ပြည်သူ့ ဆေးရုံကြီးတွင်  #သွေးလွန်တုတ်ကွေးအရေး...
30/08/2026

🩸သွေးလှူဒါန်းမှု 🙏

"သွေးသည်အသက် သင့်သွေးဖြင့် အသက်ကယ်ပါ " မြစ်ကြီးနားမြို့ ပြည်သူ့ ဆေးရုံကြီးတွင် #သွေးလွန်တုတ်ကွေးအရေးပေါ်လူနာ မောင်လွမ်းဒေါင်​ အသက်(8 နှစ်) အား O+ သွေး (1 ) လုံးကူညီလှူဒါန်း နိုင်ခဲ့ပါသည်။

🩸မွန်မြတ်သောစေသနာဖြင့်အခမဲ့ သွေးလှူဒါန်းပေးသော သွေးလှူရှင် ညီငယ် မောင်သက်ပိုင်ထွန်း အား ကချင်ပြည်နယ် လူမှုကယ်ဆယ်ရေးအသင်း Kachin Rescue Team မှအထူးကျေးဇူးတင်ရှိပါသည်။

👉အရေးပေါ် သွေးလိုအပ်ရင် လူနာရှင်ကိုယ်တိုင်ဖုန်းဆက် အကူညီတောင်ခံနိုင်ပါတယ် ခင်ဗျား🙏🙏🙏

👉NuWa ni yawng hkamja hkye shalawt lam hta hkyakhkyak Sai grum hpyi mai ga ai🙏🙏🙏

🩸လိုအပ်ပါက ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းရုံးသို့ အကူညီတောင်ခံနိုင်ပါတယ်ဗျ

📱09400050420-09889813178-09409058600

☎️ ရုံးဖုန်း -09340333495

-09429008869

-09429008851

-09774469077

-09678883680

[email protected]
#သွေးလွန်တုတ်ကွေး #အရေးပေါ်သွေးလှူဒါန်းမှု

#ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်း


🙏အလှူငွေ လက်ခံရရှိခြင်း🥰10.8.2026ယနေ့မှာတော့ အသင်းအတွက် အမြဲတစ်ဖက်တစ်လမ်းမှ သတိရဖေးမ ပါဝင်ကူညီခဲ့တဲ့ Sut Mai (ခေါက်ဆွဲဆိ...
10/08/2026

🙏အလှူငွေ လက်ခံရရှိခြင်း🥰
10.8.2026

ယနေ့မှာတော့ အသင်းအတွက် အမြဲတစ်ဖက်
တစ်လမ်းမှ သတိရဖေးမ ပါဝင်ကူညီခဲ့တဲ့ Sut Mai (ခေါက်ဆွဲဆိုင် ရွှေစက်လမ်းဆုံ)မှာ မရောက်ဖြစ်တာကြာလို့ လမ်းကြောင်းအပြန်
ခေါက်ဆွဲသွားစားဖြစ်တယ် ၊ အပြန်ခေါက်ဆွဲဖိုးရှင်းအပြီး ပိုင်ရှင် Daw Rosa Mi +Slg Lahpai Sut Ring အစ်မ မိသားစုကနေSuprise အနေနဲ့ အလှူငွေ ၂၀၀.၀၀၀ (နှစ်သိန်းကျပ်) အသင်းရဲ့ ပရဟိတ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အလှူငွေ လှူဒါန်းပေးခဲ့တယ် ။

အမြဲအသင်းကို မမေ့ဘဲ သတိတရနဲ့ အရမ်းတန်ဖိုးထားပေးသလို အမြဲကူညီပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။

ဒီလို မျှဝေကူညီပေးတဲ့ စေတနာကို ရင်ထဲကနေ ကျေးဇူးတင်မိတယ် ၊ အလုပ်အကိုင်လည်း ယခင်ထက် အဆင်ပြေချောမွေ့ပါစေ၊ မိသားစုလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ရည်မှန်းထားသမျှ အောင်မြင်ပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ်။

အထူးကျေးဇူးတင်ပါတယ်။ 🙏🙏🙏

Karai Kasang Grau nna shaman ya u ga laww🥰🙏

👉လှူဒါန်းလိုခြင်း ဖြစ်ဖြစ် ......
👉အကူညီတောင်းခံလိုခြင်းဖြစ်ဖြစ်
ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းရုံးသို့ အကူညီတောင်ခံနိုင်ပါတယ်ဗျ

👉📱09400050420-

☎️ ရုံးဖုန်း -09340333495

-09429008869

-09429008851

-09774469077


#ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်း



#ပို၍လှူဒါန်းနိုင်ပါစေ

မြစ်ကြီးနား ရင်စိန်ဆေးရုံတွင် ကျောက်ကပ်  ဝေဒနာဖြင့် ဆေးကုသခံယူနေသော ဦး နော်အောင် (၇၅ )နှစ်အား တပ်ကုန်း ရာဒါဘီ နေအိမ်သို...
06/08/2026

မြစ်ကြီးနား ရင်စိန်ဆေးရုံတွင် ကျောက်
ကပ် ဝေဒနာဖြင့် ဆေးကုသခံယူနေသော ဦး နော်အောင် (၇၅ )နှစ်အား တပ်ကုန်း ရာဒါဘီ နေအိမ်သို့ ေကာင်းမွန်စွာ သွားရောက်ပို့ဆောင်ပေးနိုင်ခဲ့သည်။

👉အရေးပေါ် ဆေးရုံပို့/ဆင်း အကူညီလိုအပ်ပါက လူနာရှင်များကိုယ်တိုင်ဖုန်းဆက် အကူညီတောင်ခံနိုင်ပါတယ် ခင်ဗျား🙏🙏🙏

👉NuWa ni yawng hkamja hkye shalawt lam hta hkyakhkyak grum hpyi mai ga ai🙏🙏🙏

👉လှူဒါန်းလိုခြင်း ဖြစ်ဖြစ်
👉အကူညီေတာင်းခံလိုခြင်းဖြစ်ဖြစ်
ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းရုံးသို့ အကူညီတောင်ခံနိုင်ပါတယ်ဗျ

📱09400050420

☎️ ရုံးဖုန်း -09340333495

-09429008869

-09429008851

-09774469077





#ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်း

၁/ အဖွဲ့များ စိတ်တူကိုယ်တူ💪ရင်ဘတ်တူအဖွဲများအားလုံး အတွက်ဆုတောင်းပြုရင်း 🙏🙏🙏ဧရာဝတီတိုင်း လေးမျက်နှာမြို့ ရေဘေးသင့်ပြည်သူမ...
31/07/2026

၁/ အဖွဲ့များ စိတ်တူကိုယ်တူ💪

ရင်ဘတ်တူအဖွဲများအားလုံး အတွက်ဆုတောင်းပြုရင်း 🙏🙏🙏

ဧရာဝတီတိုင်း လေးမျက်နှာမြို့ ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ပေးဖို့ ပရဟိတအသင်းအဖွဲ့အသီးသီး စိတ်အားထက်သန်စွာ ထွက်ခွာသွားကြတာကို မြင်ရတော့ လေးစားဂုဏ်ယူမိသလို၊ ဘေးကင်းလုံခြုံစွာနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ကြပါစေလို့လည်း စိတ်ရင်းနဲ့ ဆုတောင်းမိပါတယ်။

ကျွန်တော်တို့ ၁/ အဖွဲ့များက တော့ အခြေအနေအမျိုးမျိုးကြောင့် ကိုယ်တိုင်သွားရောက်ကူညီခွင့် မရသေးပေမယ့်၊ စိတ်နှလုံးကတော့ အမြဲတမ်း အတူရှိနေပါတယ်။ ရေဘေးသင့်ပြည်သူများ အမြန်ဆုံး ဘေးအန္တရာယ်ကင်းဝေးပြီး ပုံမှန်ဘဝကို အမြန်ဆုံး ပြန်လည်ရရှိနိုင်ကြပါစေ။ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသူအားလုံးလည်း ဘေးကင်းလုံခြုံပြီး အားလုံးအဆင်ပြေချောမွေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏🙏🙏

#လေးမျက်နာရေဘေးကယ်ဆယ်ရေး
#ပရဟိတပေါင်းစုံ
#ကျန်းမာပါစေကြောင်းဆုတောင်းပြုရင်း
#ကချင််ပြည်နယ်လူမှုကယ်ဆယ်ရေး

🎂မွေးနေ့အလှူ လက်ခံရရှိခြင်း🙏💪 အလုပ်ကြိုးစား၍ ဘဝကို ကြိုးစားတည်ဆောက်ရင်း၊ အလုပ်များနေသည့် ကြားကပင် မိမိ၏ မနက်ဖြန် ကျရောက်...
27/07/2026

🎂မွေးနေ့အလှူ လက်ခံရရှိခြင်း🙏

💪 အလုပ်ကြိုးစား၍ ဘဝကို ကြိုးစားတည်ဆောက်ရင်း၊ အလုပ်များနေသည့် ကြားကပင် မိမိ၏ မနက်ဖြန် ကျရောက်မည့် မွေးနေ့အထိမ်းအမှတ် အဖြစ် မွေးနေ့အလှူရှင်
(ခေတ္တ ရွှေလီ) မှ အလှူငွေ (၅၀၀.၀၀၀)ကျပ် တိတိ မျှဝေကုသိုလ်ပြုကာ သတိတရဖြင့် အလှူငွေ ပေးပို့လှူဒါန်း ပေးခဲ့သည့်အတွက် အထူးပင် ကျေးဇူးတင် ရှိပါသည်။
📱အဝေးတစ်နေရာမှ ဆက်သွယ်ကူညီ သတိရပေးသော ညီမငယ်ကိုလည်း အတိုင်းမသိကျေးဇူးတင်ပါတယ်🙏

👧ကိုယ်တိုင်ရရှိသည့် ပျော်ရွှင်မှုများကို အများအတွက် မျှဝေပေးသည့်အတွက်လည်းမွန်မြတ်သော စိတ်ဖြင့် ကျေးဇူးတင်ပါသည်။
ယခုလို ပေးပို့ခဲ့သော အလှူငွေ သည်လည်း
ကျနော် တို့ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် အားအင်တစ်ခု ဖြစ်စေခဲ့ပါတယ်💪

🎂မွေးနေ့မှစ၍ နောင်လာမည့် နေ့ရက်တိုင်းတွင် လည်း ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်း နှင့် အလုပ်အကိုင်များ အောင်မြင်တိုးတက်ခြင်း ဆုဆန္ဒများ ပြည့်ဝပါစေကြောင်း ဘုရားသခင်ထံ အဖွဲ့သားများမှ ထပ်လောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်။

🎂မွေးနေ့အလှူအတွက် အထူးကျေးဇူးတင်ရှိပါသည်။ 🙏

👏Karai Kasang a Shaman Chyeju Grau nna tut hkam la ua ga laww🙏🙏🙏

#မွေးနေ့အလှူ



Fellowship ချစ်ကြည်ရေး⚽️Shwezet Baptist Youths Vs KachinRescue YouthsFellowship ချစ်ကြည်ရေး ကစားရသည့် အကျိုးကတော့ အရမ်းက...
26/07/2026

Fellowship ချစ်ကြည်ရေး⚽️

Shwezet Baptist Youths Vs KachinRescue Youths

Fellowship ချစ်ကြည်ရေး ကစားရသည့် အကျိုးကတော့ အရမ်းကိုကောင်းပါတယ် ၊ အနိုင်အရှုံးကိုသာ ဦးစားပေးသည့် ကစားပွဲမဟုတ်ဘဲ မိတ်ဆွေဖွဲ့ခြင်း၊ အချင်းချင်း နားလည်မှုတည်ဆောက်ခြင်းနှင့် စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစေသော ကျန်းမာသန်စွမ်းစေသောအဖွဲ့လိုက်လှုပ်ရှားမှုတစ်ခုလည်းဖြစ်တယ် ဆိုတော့လည်း ပျော်ရွှင်စွာ ကစားပေးရတာပေါ့ဗျာ🥰😊

အချိန်ပေးလက်ခံ ကစားပေးသော တာဝန်ရှိ ရွှေစက်လူငယ်ကော်မတီကိုလည်း ကျေးဇူးတင်ရှိပါသည်🙏

🚨လူနာ ပို့ဆောင် ကူညီမှုလမ်းကြောင်း 🚑 🏥မြစ်ကြီးနားဆေးရုံ၌ ဆေးကုသမှုပြီးစီး၍ ဆေးရုံဆင်းလာသော ဦးမောင်ကျန်း  ၅၈ နှစ် (အသည်ခြ...
24/07/2026

🚨လူနာ ပို့ဆောင် ကူညီမှုလမ်းကြောင်း 🚑


🏥မြစ်ကြီးနားဆေးရုံ၌ ဆေးကုသမှုပြီးစီး၍ ဆေးရုံဆင်းလာသော ဦးမောင်ကျန်း ၅၈ နှစ် (အသည်ခြောက်) လူနာအား လိုက်ပါလူနာစောင့် မပါရှိသော်လည်း ဂွေထူကျေးရွှာ နေရပ်ရှိ မိသားစု အမျိုးများထံသို့ ကောင်းမွန်စွာပြန်လည်
ပို့ဆောင်ကူညီပေးခဲ့ပါသည်။

👉အရေးပေါ် အကူညီလိုအပ်ပါက လူနာရှင်ကိုယ်တိုင်ဖုန်းဆက် အကူညီတောင်ခံနိုင်ပါတယ် ခင်ဗျား🙏🙏🙏

👉NuWa ni yawng hkamja hkye shalawt lam hta hkyakhkyak grum hpyi mai ga ai🙏🙏🙏

👉လှူဒါန်းလိုခြင်း ဖြစ်ဖြစ်
👉အကူညီေတာင်းခံလိုခြင်းဖြစ်ဖြစ်
ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းရုံးသို့ အကူညီတောင်ခံနိုင်ပါတယ်ဗျ

📱09400050420

☎️ ရုံးဖုန်း -09340333495

-09429008869

-09429008851

-09774469077

#24.7.2026(Fri)
#ဂွေထူကျေးရွှာ

#ကူညီမှုလမ်းကြောင်း

🚨ကူညီမှုလမ်းကြောင်း 🚑 ၁၇၊၇၊၂၀၂၆(သောကြာ)🏥မြစ်ကြီးနားဆေးရုံမှ ဆေးကုသမှုပြီးစီး၍ ကျန်းမာစွာ ဆေးရုံဆင်းလာသော ဒေါ်မယ်ကျန်း (အ...
17/07/2026

🚨ကူညီမှုလမ်းကြောင်း 🚑
၁၇၊၇၊၂၀၂၆(သောကြာ)

🏥မြစ်ကြီးနားဆေးရုံမှ ဆေးကုသမှုပြီးစီး၍ ကျန်းမာစွာ ဆေးရုံဆင်းလာသော ဒေါ်မယ်ကျန်း (အစာအိမ်သွေးကြောပေါက်) လူနာအား မိုးညှင်းမြို့နယ် မော်ဟဲကျေးရွှာ နေရပ်သို့ ပြန်လည်
ပို့ဆောင်ကူညီပေးခဲ့ပါသည်။
🚑လမ်းခရီး ဟိုပင် မြို့၌ ခရီးစဉ်ဆက်လက်၍ မိတ်ဖက်အသင်း #မျိုးချစ်မြန်မာပရဟိတ နှင့် ပူးေပါင်းချိတ်ဆက်ပြီး လူနာ၏ နေရပ်ပြန်ခရီးစဉ်ကို လက်ဆင့်ကမ်းကာ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ပူးပေါင်းပို့ဆောင်သော ရင်ဘတ်တူ #မျိုးချစ်မြန်မာပရဟိတ(ဟိုပင်)အသင်းကိုလည်း ကျေးဇူးတင်ရှိပါတယ်🙏

👉အရေးပေါ် အကူညီလိုအပ်ပါက လူနာရှင်ကိုယ်တိုင်ဖုန်းဆက် အကူညီတောင်ခံနိုင်ပါတယ် ခင်ဗျား🙏🙏🙏

👉NuWa ni yawng hkamja hkye shalawt lam hta hkyakhkyak grum hpyi mai ga ai🙏🙏🙏

လှူဒါန်းလိုခြင်း ဖြစ်ဖြစ်
အကူညီေတာင်းခံလိုခြင်းဖြစ်ဖြစ်
ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းရုံးသို့ အကူညီတောင်ခံနိုင်ပါတယ်ဗျ

📱09400050420-09889813178

☎️ ရုံးဖုန်း -09340333495

-09429008869

-09429008851

-09774469077

[email protected]

#ကူညီမှုလမ်းကြောင်း

Address

No (200)/Rada B Road (4)Tatkone
Myitkyina
1011

Website

Alerts

Be the first to know and let us send you an email when Kachin Rescue Team -Myitkyina posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share