လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့

  • Home
  • Myanmar
  • Naypyidaw
  • လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့

လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ မြေမျို၍ လူမျိုးမပြုတ် ၊ လူမျိုမှ လူမျိုးပြုတ်မည် ။

၂၅.၉.၂၀၂၆ ရက်နေ့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ...
25/09/2026

၂၅.၉.၂၀၂၆ ရက်နေ့
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ (၂၅) ရက်၊ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသား မှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ မှတ်တမ်းဌာန (ရန်ကုန်)သို့ သွားရောက်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် နိုင်ငံသားဆိုင်ရာကိုယ်ရေးမှတ်တမ်း အချက်အလက်များ စနစ်တကျထိန်းသိမ်း ထားရှိမှုနှင့် ၎င်းအချက်အလက်များအား ဒီဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းတင်ထိန်းသိမ်းခြင်းလုပ်ငန်း များ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံသားဆိုင်ရာ ကိုယ်ရေးမှတ်တမ်း အချက်အလက်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးနှင့် စနစ်တကျထိန်းသိမ်းဆောင်ရွက်ထားရှိရေး၊ ပိုးမွှား များအန္တရာယ်၊ သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် တာဝန်ရှိသူ အဆင့်ဆင့်က စဉ်ဆက်မပြတ် စစ်ဆေးကြပ်မတ်ဆောင်ရွက်ရေးတို့ကို မှာကြားပြီး တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အဆိုပါ မှတ်တမ်းဌာန (ရန်ကုန်)မှ ဝန်ထမ်းများအား တွေ့ဆုံ ၍ နိုင်ငံသားဆိုင်ရာ ကိုယ်ရေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်းထားရှိရေး၊ ဒီဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းနိုင်ရေးဆောင်ရွက်နေသည့်လုပ်ငန်းကိုလည်း သတ်မှတ်ကာလအတွင်း လျာထားချက် အတိုင်း ပြီးစီးအောင် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ကြရေး၊ ဝန်ထမ်းအချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျောက်တံတားမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီးသူများ၊ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်များ မရရှိသေးသည့် ပြည်သူများအား လမင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးနေမှုနှင့် နိုင်ငံသားကတ်ပြား ရရှိပြီးသူများအား e-ID စနစ်ဖြင့် UID နံပါတ် ထုတ်ပေးဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုအားပေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လေဆိပ်တာဝန်ကျဝန်ထမ်းများက လေဆိပ်သို့ ရောက်ရှိလာသည့် ပြည်တွင်း/ပြည်ပ ခရီးသွား များအား ဥပဒေနှင့်အညီ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ဖြင့် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများ အား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ UID နံပါတ်ထုတ်ပေးနေမှုအခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

25/9/2026 ရက်နေ့ တနိုင်းခရိုင်၊တနိုင်းမြို့ ဆွတ်ငိုင်ရပ်ကွက်ရှိ အစိုးရအခြေခံပညာ မူလွန် ကောင်ဂျာကျောင်းသို့ မြို့နယ်ဦးစီ...
25/09/2026

25/9/2026 ရက်နေ့
တနိုင်းခရိုင်၊တနိုင်းမြို့ ဆွတ်ငိုင်ရပ်ကွက်ရှိ အစိုးရအခြေခံပညာ မူလွန် ကောင်ဂျာကျောင်းသို့ မြို့နယ်ဦးစီးမှူးဦးခင်မောင်မြင့်နှင့်အဖွဲ့မှ လမင်းစီမံချက်ဖြင့် ကျောင်းသား/သူ ၁၀၃ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ခရိုင်ဦးစီးမှူး ဦးမြင့်ထွန်းမှလာရောက်ကြည့်ရှုအားပေးခဲ့ပြီး လုပ်ငန်းညှိနိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

၂၅.၉.၂၀၂၆ ရက်နေ့ နတ်တလင်းခရိုင်၊ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထွန်းအေး နှင့် ဝန်ထမ်းများ လမင်းစ...
25/09/2026

၂၅.၉.၂၀၂၆ ရက်နေ့
နတ်တလင်းခရိုင်၊ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထွန်းအေး နှင့် ဝန်ထမ်းများ လမင်းစီမံချက် ဖြင့် အ.လ.က(ခွဲ)အမှတ်(၁)ရပ်ကွက်မှကျောင်းသား/ကျောင်းသူ (၄၄)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကွင်းဆင်းဆောင်ရွက်ပေးမှုအားမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊အ.လ.က(ခွဲ) အမှတ်(၁)ရပ်ကွက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာဝင်း တို့မှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ပေးအပ်ခဲ့ပါသည်။

၂၅-၉-၂၀၂၆ ရက်နေ့ အောင်လံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးမှူး၊ဦးကျော်ဆန်းညွ...
25/09/2026

၂၅-၉-၂၀၂၆ ရက်နေ့
အောင်လံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးမှူး၊ဦးကျော်ဆန်းညွန့် ဦးဆောင်၍ အောင်လံမြို့နယ်၊တောင်နံ့သာ ကျေးရွာအုပ်စု၊တောင်နံ့သာကျေးရွာ အ.လ.က(ခွဲ) ကျောင်းရှိ အသက်(၁၀)နှစ်ပြည့်ပြီးသူ ကျောင်း သား/သူများအား "လမင်း"စီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်UID ကတ်ထုတ်ပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ပေးခြင်း

(23.9.2026)ရက်နေ့ ကဝမြို့နယ်ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့် သင်ဘန်းကန်ကျေးရွာအုပ်စု၊ အထက (ခွဲ)စာသင်ကျောင်းမှ ကျောင်းသ...
24/09/2026

(23.9.2026)ရက်နေ့
ကဝမြို့နယ်ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့် သင်ဘန်းကန်ကျေးရွာအုပ်စု၊ အထက (ခွဲ)စာသင်ကျောင်းမှ ကျောင်းသား/သူ များအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကွင်းဆင်းဆောင်ရွက်ပေးခြင်း

ကျောက်ကြီးမြို့နယ်မှ တိုက်ပွဲရှောင်ပြည်သူများအားနိုင်ငံသားကတ်ပြုလုပ်ပေးခြင်း နှင့် UIDရိုက်ကူးခြင်းအားကျောက်တံခါးမြို့နယ...
24/09/2026

ကျောက်ကြီးမြို့နယ်မှ တိုက်ပွဲရှောင်ပြည်သူများအားနိုင်ငံသားကတ်ပြုလုပ်ပေးခြင်း နှင့် UIDရိုက်ကူးခြင်းအားကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး၌၂၄-၉-၂၀၂၆ရက်နေ့တွင် ခရိုင်ဦးစီးမှူးဦးအောင်ကိုဦးနှင့်အဖွဲ့မှဆောင်ရွက်ပေးခဲ့ပြီးထပ်မံ၍ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်း၊ သာကေတမြို့နယ် ဦးစီးမှူးရုံး၌ လမင်းစီမံချက်ဆောင်ရွက်မှုနှင့် သာကေတဂိုဒေါင်ဝန်းအတွင်း လုပ်ငန...
24/09/2026

ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်း၊ သာကေတမြို့နယ် ဦးစီးမှူးရုံး၌ လမင်းစီမံချက်ဆောင်ရွက်မှုနှင့် သာကေတဂိုဒေါင်ဝန်းအတွင်း လုပ်ငန်းသုံးပစ္စည်းများ ထိန်းသိမ်းထားရှိမှု လှည့်လည်ကြည့်ရှုစစ်ဆေး။
၂၀၂၆ ခုနှစ် ၊ စက်တင်ဘာလ ၂၄ ရက်နေ့
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၂၄ ရက်၊ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သာကေတမြို့နယ် ဦးစီးမှူးရုံးသို့သွားရောက်၍ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီးသူများ၊ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသား စိစစ်ရေးကတ်များ မရရှိသေးသည့်ပြည်သူများအား လမင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက် ပေးနေမှုနှင့် နိုင်ငံသားကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် UID နံပါတ် ထုတ်ပေးဆောင်ရွက် နေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း လုပ်ငန်းကိစ္စများ လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား လုပ်ငန်းဆိုင်ရာအခက်အခဲများ ကိုမေးမြန်း၍ တာဝန်ရှိသူများနှင့် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး မြို့နယ်ရုံးမှတ်တမ်းခန်း အတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အဆိုပါဝန်းအတွင်းရှိ ဗိုလ်တထောင်ခရိုင်ဦးစီးမှူးရုံးသို့ လည်းကောင်း၊ ရခိုင်ပြည်နယ်မှ ယာယီရုံးအဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ထားရှိသည့် ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်ဦးစီးမှူးရုံးများ ယာယီရုံးဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်းကောင်း၊ သာကေတ ဂိုဒေါင်များအတွင်း အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၏ လုပ်ငန်းသုံးပုံစံများ သိုလှောင် ထားရှိမှုအခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ နိုင်ငံသားဆိုင်ရာ မှတ်တမ်း အချက်အလက်များ၊ လုပ်ငန်းသုံးပုံစံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် စနစ်တကျ ထိန်းသိမ်း ထားရှိရေး၊ သဘာဝဘေးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က အမြဲမပြတ် စစ်ဆေးကြပ်မတ်ဆောင်ရွက်ကြရေးမှာကြားပြီး တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

၂၄_၉_၂၀၂၆ရက်နေ့ ကျောက်မဲခရိုင်၊ကျောက်မဲမြို့၊နောင်ပိန်ကျေးရွာအုပ်စု၊နောင်ပိန်ကျေးရွာ၊နောင်ပိန်အထကကျောင်း နှင့်ပတ်ဝန်းကျင...
24/09/2026

၂၄_၉_၂၀၂၆ရက်နေ့
ကျောက်မဲခရိုင်၊ကျောက်မဲမြို့၊နောင်ပိန်ကျေးရွာအုပ်စု၊နောင်ပိန်ကျေးရွာ၊နောင်ပိန်အထကကျောင်း နှင့်ပတ်ဝန်းကျင်ရှိ အမကကျောင်း(၉)ကျောင်းစုစုပေါင်း ကျောင်း (၁၀)ကျောင်းရှိကျောင်းသား/သူ (၂၅၇) ဦးအားလမင်းစီမံချက်အရ အသက်(၁၀)နှစ်ပြည့်နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့်UID လက်မှတ်ဆောင်ရွက်ပေးရာနေရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးကျော်ဆွေဝင်း၊ပြည်နယ်လွတ်တော်ကိုာ်စာလှယ်ဦးသန်းထိုက်ဇော်၊ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝေလင်း‌အောင်၊အဖွဲဝင် ခရိုင် စီမံကိန်းဦးစီးမှူးဦးရဝေထွန်း ၊အဖွဲ့ဝင်ခရိုင်ဦစီးမှူးဦး‌ အောကျော်ဝင်း ၊ ဦး‌ ဇော်ဇော်ထွန်း၊၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမိုးနိုင်နှင့်အဖွဲ့ဝင်ဦးသန့်ဇော်ဝင်းတို့မှလာရောက်ကြည့်ရှူ့အားပေးပြီးလိုအပ်သည်များဖြည့်စွက်ညှိနှိုင်းပေးကာနေ့ချင်းပြီးဆောင်ရွက်ပေးခဲ့သောကတ်များများနှင့်UIDလက်မှတ်များအားကျောက်းသာ/သူများထံသို့ပေးအပ်ခဲ့ပါသည်။

၂၄-၉-၂၀၂၆ ရက်နေ့ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည်  ဖားပြ (အထက) မှ ကျောင်းသား/သူများအား ရုံးသို့ခေါ်ယ...
24/09/2026

၂၄-၉-၂၀၂၆ ရက်နေ့
ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ဖားပြ (အထက) မှ ကျောင်းသား/သူများအား ရုံးသို့ခေါ်ယူဖိတ်ခေါ်၍ နိင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးလျှက်ရှိရာ အဆိုပါနေရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမင်းခိုင်ဝင်း၊ ခရိုင်လဝကဦးစီးမှူး၊ ဦးမျိုးကျော်သူ ၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးထိန်လင်း မြို့နယ်ပညာရေးမှူး၊ ဒေါ် မျိုးမမထွန်းတို့မှလာရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

၂၄-၉-၂၀၂၆ ရက်နေ့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲထွန်းဦးသည် ပြည်သူ့အင်အားဦးစီးဌာနမှ ဖွ...
24/09/2026

၂၄-၉-၂၀၂၆ ရက်နေ့
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲထွန်းဦးသည် ပြည်သူ့အင်အားဦးစီးဌာနမှ ဖွင့်လှစ်သော လူဦးရေခန့်မှန်းခြင်း (Population Projection) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

Address

Ministry Of Immigration And Population , Yarzathingaha Road , Office Building (48)
Naypyidaw

Website

Alerts

Be the first to know and let us send you an email when လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share