SHIN Swimming Complex

SHIN Swimming Complex Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SHIN Swimming Complex, Public swimming pool, North Okkalapa, North Okkalapa.

ရေကူးကန်သုံး Chemical စျေးများ အဆမတန်မြင့်မားလာတာဖြစ်တဲ့အတွက် စိတ်မကောင်းစွာဖြင့် ကျွန်တော်တို့ရဲ့ ရေကူးကန်ဝင်ကြေးအား အန...
17/04/2026

ရေကူးကန်သုံး Chemical စျေးများ အဆမတန်မြင့်မားလာတာဖြစ်တဲ့အတွက် စိတ်မကောင်းစွာဖြင့် ကျွန်တော်တို့ရဲ့ ရေကူးကန်ဝင်ကြေးအား အနည်းငယ်တိုးမြှင့်ခွင့်ပြုပါခင်ဗျာ ။
ယခင်စျေး
လူကြီး - ၆ ထောင်ကျပ် မှ ၈ ထောင်ကျပ်
ကလေး - ၄ ထောင်ကျပ် မှ ၅ ထောင်ကျပ် သို့
ပြောင်းလဲကောက်ခံသွားပါမည် ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည် ။
ထို့အပြင် လစဥ် Member စျေးနှုန်းအားလည်း
လူကြီး - ၇ သောင်းကျပ် မှ ၉ သောင်းကျပ်
ကလေး - ၆ သောင်းကျပ် မှ ၇ သောင်းကျပ် သို့
ပြောင်းလဲကောက်ခံသွားပါမည် ။

နှစ်သစ်မင်္ဂလာဆုတောင်းလွှာနှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး၊ စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားကြပါစေ။ မင...
13/04/2026

နှစ်သစ်မင်္ဂလာဆုတောင်းလွှာ

နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး၊ စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားကြပါစေ။ မင်္ဂလာရှိသော နှစ်သစ်လေး ဖြစ်ပါစေလို့ ကျွန်တော်တို့ SHIN SWIMMING COMPLEX မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

သင်္ကြန်တွင်း ရေကူးကန် ဖွင့်ပါသည် ။ ရေကူးကန်ဝင်ကြေးအား လူကြီး - ၁၀၀၀၀ ကျပ်ကလေး - ၆၀၀၀ ကျပ် ကောက်ခံသွားပါမည် ဖြစ်ကြောင်း ...
06/04/2026

သင်္ကြန်တွင်း ရေကူးကန် ဖွင့်ပါသည် ။ ရေကူးကန်ဝင်ကြေးအား လူကြီး - ၁၀၀၀၀ ကျပ်
ကလေး - ၆၀၀၀ ကျပ် ကောက်ခံသွားပါမည် ဖြစ်ကြောင်း လေးစားစွာအသိပေးကြေငြာအပ်ပါသည်။ ( မှတ်ချက် - ပြင်ပမှ အရက်၊ဘီယာနှင့်အစားသောက်များ ယူဆောင်လာခွင့် မပြု )

ရေကူးကန်အား အသေးစား Maintenance ပြုလုပ်မည်ဖြစ်ပါသောကြောင်း ၂ လပိုင်း ၂ ရက်နေ့မှ ၂ လပိုင်း ၅ ရက်နေ့အထိ (၄) ရက် ပိတ်ပါမည် ...
01/02/2026

ရေကူးကန်အား အသေးစား Maintenance ပြုလုပ်မည်ဖြစ်ပါသောကြောင်း ၂ လပိုင်း ၂ ရက်နေ့မှ ၂ လပိုင်း ၅ ရက်နေ့အထိ (၄) ရက် ပိတ်ပါမည် ။ ။ ၂ လပိုင်း ( ၆ )ရက်နေ့ (သောကြာနေ့) တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါကြောင်း ဧည့်သည်တော်များ၊ရေကူးသင်တန်းသားများနှင့် မန်ဘာများအား အသိပေးအကြောင်းကြားအပ်ပါသည်ခင်ဗျာ ။

အရာရာစျေးတက်နေတဲ့ခေတ်ကာလမှာ အသက်သာဆုံးသော စျေးနှုန်းတွေနဲ့ ရေကူးရင်းအပန်းဖြေဖို့အတွက် မြောက်ဥက္ကလာပမြို့နယ်မှာ “Shin Swi...
23/09/2025

အရာရာစျေးတက်နေတဲ့ခေတ်ကာလမှာ အသက်သာဆုံးသော စျေးနှုန်းတွေနဲ့ ရေကူးရင်းအပန်းဖြေဖို့အတွက် မြောက်ဥက္ကလာပမြို့နယ်မှာ “Shin Swimming Complex” ရှိတယ်နော်။ 🤩🏊‍♀️

ရေကူးကန်ဝင်ကြေး စျေးနှုန်းသက်သာတဲ့အပြင်

▫️ရေကူးရင်း ပေါ့ပေါ့ပါးပါးစားသောက်လို့ရမယ့် ကော်ဖီ၊ Snack အမျိုးမျိုး နဲ့ အသင့်စား ခေါက်ဆွဲဗူးတွေ၊ 🍟🍿

▫️ရေကူးပီး ဗိုက်ဆာရင် အစာပြေစားလို့ရမယ့် တရုတ်အစားအစာတွေ၊ 🥡🥢

▫️လတ်ဆတ်ပီး စျေးတန်တဲ့ ပင်လယ်စာနဲ့ အထောင်းအမျိုးမျိုးတွေ၊ 🦀🦐🐙

▫️အရသာရှိပီး စျေးနှုန်းချိုသာသော အကင်မျိုးစုံနဲ့အတူ 🥓🍢

▫️လူကြီးတွေအတွက် ရေကူးရင်း Chill ဖို့အတွက်
လူကြိုက်များတဲ့စည်ဘီယာ (၅) မျိုး -
🍻Tiger , Carlsberg , Tuborg , Yoma & Black Eagle အပြင်
စစ်မှန်သော နိုင်ငံခြားအရက်အမျိုးမျိုးနဲ့ ရွေးချယ်စရာများတဲ့ ဘီယာပုလင်း၊ဘီယာသံဗူး၊ဝိုင် နှင့် ဆိုဂျူး တို့လည်းရှိတာဖြစ်လို့ ရုံးပိတ်ရက်အပန်းဖြေအနားယူဖို့အတွက် အကောင်းဆုံးနေရာတစ်ခုပဲနော်။ 😉🥳

ကလေးရော၊ လူကြီးရောအတွက် တစ်နေရာထဲမှာ ဈေးသက်သက်သာသာနဲ့ အနားယူနိုင်တဲ့နေရာလေးကို ရန်ကုန်မြို့ထဲကမထွက်ဘဲ သွားလို့ရတာဆိုတော့ ကုန်ကျစရိတ်လည်းသက်သာ၊ အချိန်ကုန်လည်းသက်သာတာပေါ့။ 🤓

အသက်အရွယ်မရွေး တစ်နေရာထဲမှာ ပျော်ပါးနိုင်တဲ့နေရာလေးဖြစ်လို့ မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ ရေကူးကန်နဲ့ စားသောက်ဆိုင်တွဲလျက် တစ်ခုတည်းသော Shin Swimming Complex ကို အရောက်လှမ်းလာခဲ့လိုက်တော့နော်။ 🥰💕

📍Shin Swimming Complex (3) Ward, Wai Bargi Road, North Okkalapa Township. (End of YBS 64 Bus Station)
📱0973122462, 09448045654
#အပန်းဖြေ #ရေကူးသင်တန်း #မိသားစု

15/05/2025
SHIN SWIMMING COMPLEX သို့ သင်္ကြန်ကာလအတွင်းလာရောက်အားပေးသည့် ဧည့်သည်တော်များမှ ငလျင်ဘေးအတွက် အလှူငွေ ဆယ်သိန်းကျပ် ကို အ...
18/04/2025

SHIN SWIMMING COMPLEX သို့ သင်္ကြန်ကာလအတွင်းလာရောက်အားပေးသည့် ဧည့်သည်တော်များမှ ငလျင်ဘေးအတွက် အလှူငွေ ဆယ်သိန်းကျပ် ကို အလှူရှင်များကိုယ်စား ကျွန်တော်တို့ SHIN Swimming Complex မိသားစုမှ ရွှေဥမင်တောရ ရိပ်သာ ဆရာတော်ထံသို့ ယနေ့ သွားရောက်လှူဒါန်းခဲ့ပါတယ် ။ အလှူရှင်များရဲ့ အလှူငွေများကို ဆရာတော်မှတဆင့် စစ်ကိုင်းတိုင်းအတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများထံသို့ သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။ ။


#ငလျင်အလှူ

မြန်မာနှစ်သစ်ကူး (နှစ်ဆန်း ၁ ရက်နေ့) မှစ၍ မိတ်ဆွေ ၊ ညီအစ်ကို မောင်နှမများ အားလုံး စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာစွာဖြင့် ပျေ...
17/04/2025

မြန်မာနှစ်သစ်ကူး (နှစ်ဆန်း ၁ ရက်နေ့) မှစ၍ မိတ်ဆွေ ၊ ညီအစ်ကို မောင်နှမများ အားလုံး စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာစွာဖြင့် ပျော်ရွှင်စရာ နေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေကြောင်း SHIN Swimming Complex မှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်



#နှစ်ဆန်း၁ရက်နေ့

💦 မင်္ဂလာ သင်္ကြန် နှစ်သစ်ကူး အချိန်အခါမှာ အားလုံးပဲ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများ ပြည့်စုံပြီး၊ အဓိပ္ပါယ်...
13/04/2025

💦 မင်္ဂလာ သင်္ကြန် နှစ်သစ်ကူး အချိန်အခါမှာ အားလုံးပဲ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများ ပြည့်စုံပြီး၊ အဓိပ္ပါယ်ရှိသော ဘဝ နေ့ရက်များ ပိုင်ဆိုင်နိုင်သော မင်္ဂလာ နှစ်သစ် ဖြစ်ပါစေ 🙏🏻

သဘာဝ ဘေးရန်အပေါင်းမှ ကင်းဝေးပြီး
မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာပါစေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါသည်။
💦Happy Myanmar New Year 💦

သင်္ကြန်ကာလ ၄ ရက် >—————————————————————သင်္ကြန် ကာလ ၄ ရက်အတွင်း ရေကူးကန်ဝင်ကြေးအား(၁၂ နှစ် အထက် လူကြီး - ၇၀၀၀ ၁၂ နှစ်အေ...
11/04/2025

သင်္ကြန်ကာလ ၄ ရက် >
—————————————————————

သင်္ကြန် ကာလ ၄ ရက်အတွင်း ရေကူးကန်ဝင်ကြေးအား

(၁၂ နှစ် အထက် လူကြီး - ၇၀၀၀

၁၂ နှစ်အောက် ခလေး - ၄၀၀၀ )

သို့ ပြောင်းလဲ ကောက်ခံသွားမည် ။

သင်္ကြန်ကာလအတွင်း ပိုမိုကောက်ခံထားသော
လူကြီး ဝင်ကြေး ၂၀၀၀ ကျပ်များအား စုပေါင်း၍ နှစ်ဆန်းတစ်ရက်နေ့တွင် မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်းရှိ ငလျှင်ဘေးသင့်ပြည်သူများအား လှူဒါန်းသွားပါမည် ။

သင်္ကြန် တွင်း ရေကူးကန် နှင့် စားသောက်ဆိုင်အား

မနက် ၈ နာရီ မှ ညနေ ၆:၃၀ အထိ ဖွင့်လှစ်ပါမည် ။
————————————————————————

Address

North Okkalapa
North Okkalapa

Telephone

+959448045654

Website

Alerts

Be the first to know and let us send you an email when SHIN Swimming Complex posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to SHIN Swimming Complex:

Share