My Library

My Library စာတစ်ကြောင်း စကားတစ်ခွန်းက
သင့်ဘဝတ?

⚜️`` အဘိဓမ္မာအခါတော်နေ့ ´´⚜️  ``အကြောင်း သိကောင်းစရာများ´´✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️အဘိဓမ္မာတရားတော်ကို မြတ်စွာဘုရားသည် ၆ ...
09/10/2022

⚜️`` အဘိဓမ္မာအခါတော်နေ့ ´´⚜️

``အကြောင်း သိကောင်းစရာများ´´
✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️

အဘိဓမ္မာတရားတော်ကို မြတ်စွာဘုရား
သည် ၆ ဝါ အလွန် ၇ ဝါ အရောက် သက်
တော် ၄၂ နှစ် အရွယ်တွင် တာဝတိံသာ
နတ်ပြည်၌ ဟောကြားခဲ့ပါသည်။

မယ်တော်မိနတ်ကိုကျေးဇူးဆပ်လိုသောရည်ရွယ်ချက်ဖြင့် ဟောကြားတော်မူပါ
သည်။

မယ်တော်မိနတ်အမှူးပြုသောနတ်ဗြဟ္မာ
ပရိသတ် တို့အား ဟောကြားခဲ့ပါသည်။

ဓမ္မသင်္ဂနီ ကျမ်း~~~~~~~~~ ၁၂ ရက်။

ဝိဘင်း ကျမ်း ~~~~~~~~~~ ၁၂ ရက်။

ဓာတုကထာ ကျမ်း ~~~~~~~ ၆ ရက်။

ပုဂ္ဂလပညတ် ကျမ်း ~~~~~~~ ၇ ရက်။

ကထာဝတ္ထု ကျမ်း ~~~~~~~ ၈ ရက်။

ယမိုက် ကျမ်း ~~~~~~~~~~ ၂၀ ရက်။

ပဌာန်း ကျမ်း ~~~~ ~~~~~~ ၂၅ ရက်။

ဝါတွင်းသုံးလ ရက်ပေါင်း ၉၀ ကြာမျှ
ဟောကြားတော်မူခဲ့ပါသည်။

မြတ်စွာဘုရားသည် နတ်ဗြဟ္မာပရိသတ်
တို့အား အကျယ်နည်းဖြင့် ဟောကြား၍
အရှင်သာရိပုတ္တရာအားအကျဉ်းနည်းဖြင့် ဟောကြားတော်မူပါသည်။

အရှင်သာရိပုတ္တရာက လင်းနို့သား ဖြစ်ခဲ့
ဖူးသော ရဟန်း ငါးရာ တို့အား မကျဉ်းမ
ကျယ်အလယ်အလတ်နည်းဖြင့်ဟောကြား
တော်မူပါသည်။

သုတ္တန် တရားတို့ထက် သာလွန် ထူးခြား
သောတရားဖြစ်၍“အဘိဓမ္မာ”ခေါ်ပါသည်။

အဘိဓမ္မာသည်“ဓမ္မသင်္ဂဏီ၊ဝိဘင်း၊ဓာတု
ကထာ၊ပုဂ္ဂလပညတ်၊ကထာဝတ္ထု၊ ယမိုက်၊
ပဋ္ဌာန်း” ဟူ၍ အရေအတွက် ၇ ကျမ်း ရှိပါ
သည်။

ကုသိုလ်၊ အကုသိုလ် စသော တရားတို့ကို
အကျဉ်းချုပ် အားဖြင့် ဟောကြားတော်မူ
သောကျမ်းကို “ဓမ္မသင်္ဂဏီ” ကျမ်းဟု ခေါ်
ပါသည်။

ခန္ဓာစသောတရားတို့ကိုသုတ္တန်နည်း အဘိ
ဓမ္မာ နည်း တို့ဖြင့် အမေး အဖြေ ပြု၍ အ
ကျယ်ဝေဖန် ဟောကြားသောကျမ်းကို “ဝိ
ဘင်းကျမ်း”ဟု ခေါ်ပါသည်။

ဓာတ်အမျိုးမျိုးဟောကြားသောကျမ်းကို
“ဓာတုကထာ” ကျမ်းဟု ခေါ်ပါသည်။

ပုဂ္ဂိုလ်အမျိုးမျိုးတို့ကို ခွဲခြား သတ်မှတ်အ
မည်တပ်၍ဟောကြားသောကျမ်းတို့ကို “ပု
ဂ္ဂလပညတ်ကျမ်း”ဟုခေါ်သည်။

အယူဝါဒ နှင့်ဆိုင်သော စကားတို့၏တည်
ရာဖြစ်၍ အဘိဓမ္မာအနှစ်သာရတို့နှင့်ပြည့်
စုံသောကျမ်းကို“ကထာဝတ္တုကျမ်း”ဟုခေါ်
သည်။

အနုလုံ နှင့် ပဋိလုံ၊ ပုစ္ဆာ နှင့် ဝိသဇ္ဇနာ၊သန္နိ
ဋ္ဌာန် နှင့် သံသယ အစုံစုံ ပြု၍ ဟောကြား
တော်မူသော ကျမ်း ကို “ယမိုက်ကျမ်း” ဟု
ခေါ်သည်။

အကြောင်း အမျိုးမျိုး တို့ကို ဟောတော်မူ
သောကျမ်း၊ ကုသိုလ် စသောတရား တို့ကို
၂၄ပစ္စည်းတို့ဖြင့်ဝေဖန်အပ်သောကျမ်းသဗ္ဗ
ညုတဉာဏ်တော်၏ကျက်စားရာဖြစ်သော
ကျမ်းကို“ပဋ္ဌာန်းကျမ်း”ဟုခေါ်ပါသည်။

"အဘိဓမ္မာတရားတော်၏ ထူးခြားချက်”
အဘိဓမ္မာတရားသည်…
-အမိကျေးဇူးဆပ်တရားဖြစ်ခြင်း၊
-နတ်ပြည်၌ ဟောကြားခြင်း၊
-သုံးလကြာမျှဟောရခြင်း၊
-ပကတိဘုရားနှင့် နိမ္မိတဘုရားတို့ တလှည့်
စီဟောကြားခြင်းဟု “ထူးခြားချက်လေးမျိုး”
နှင့် ပြည့်စုံသောတရားဖြစ်သည်။

အဘိဓမ္မာ တရားသည် ပါဠိ၏ နက်နဲခြင်း၊
သဘောအဓိပ္ပါယ်၏ နက်နဲခြင်း၊ဟောကြား
ပုံ အစီအစဉ်၏ နက်နဲခြင်း၊ ဉာဏ်တော်၏
နက်နဲခြင်းဟူသော“ဂမ္ဘီရလေးမျိုး”နှင့် ပြည့်
စုံသော တရားဖြစ်သည်။

အဘိဓမ္မာ တရားတော်ကို ရွတ်ဖတ် ပူဇော်
ခြင်းသင်ယူကြားနာခြင်းကြောင့်လင်းနို့သား
ရဟန်းငါးရာကဲ့သို့နာမရူပပရိစ္ဆေဒဉာဏ်ရင့်
သန်ခြင်း၊ မဂ်ဖိုလ် နိဗ္ဗာန် ရရန်အကြောင်းအ
ထောက်အပံ့ကောင်းဖြစ်ခြင်း၊ဘေးဥပါဒ်အ
န္တရာယ် ကင်းဝေးခြင်း၊ ကျက်သရေ မင်္ဂလာ
အဖြာဖြာနှင့်ပြည့်စုံခြင်းဟူသော အကျိုးထူး
တရားများ ရရှိနိုင်သည်။

နတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်းရာ၌
¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡
✤နတ်ပရိသတ်တွေက လက်ယာဘက် ရွှေစောင်းတန်း၊
✤ဗြဟ္မာပရိသတ်တွေက လက်ဝဲဘက် ငွေစောင်းတန်း၊
✤မြတ်စွာဘုရားသခင်က အလယ် ပတ္တမြားစောင်းတန်းမှ
သက်ဆင်းတော်မူပါသည်။
✤မာတလိနတ်သားက မြတ်စွာဘုရားအနီး
ဝဲဘက်တော်မှ ခစားလိုက်ပါပြီး၊
✤ပဉ္စသီခ နတ်သားက စောင်းတီးပူဇော်ရင်း
လိုက်ပါပို့ဆောင်ပါသည်။
✤သိကြားမင်းက ဘုရားနောက်တော်မှထီးမိုးလိုက်ပါပြီး၊
✤သုယာမနတ်သားက ယပ်ခတ်လို့ လိုက်ပါလာ
ပါတယ်။

` first writer ´

`l´

ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်)

ဆရာတော်ဘုရားကြီး၏

“အခါတော်နေ့များမှ”

🙏

06/07/2021
လိုဂိုများ
20/07/2020

လိုဂိုများ

တစ်ချိန်ကျ ပိုက်ပိုက်လေးတွေ
17/07/2020

တစ်ချိန်ကျ ပိုက်ပိုက်လေးတွေ

တပေါင်းလပြည့် = အဖေများနေ့1️⃣  ⭐ ❝ အဖေ ❞ ⭐💜💜💜💜💜💜💜⭐ အဖေဆိုတာ ...      ပုခက်လွှဲတဲ့လက် မဟုတ်ခဲ့ပါဘူး၊      ဒါပေမဲ့ ...လွှဲ...
08/03/2020

တပေါင်းလပြည့် = အဖေများနေ့

1️⃣
⭐ ❝ အဖေ ❞ ⭐
💜💜💜💜💜💜💜

⭐ အဖေဆိုတာ ...
ပုခက်လွှဲတဲ့လက် မဟုတ်ခဲ့ပါဘူး၊
ဒါပေမဲ့ ...
လွှဲဖို့ ပုခက် ဆင်ပေးခဲ့တဲ့ ...
သူတစ်ယောက်။

🌍 အဖေဆိုတာ ...
အမေတစ်ယောက်လို ...
အနားမှာ နေ၊ အချိန်ပြည့်
ဂရုစိုက် မပေးနိုင်ခဲ့ပေမဲ့ ...
အမေ့ရဲ့ဂရုစိုက်မှုကို
အချိန်ပြည့်ရအောင်
ဖြည့်ဆည်းပေးခဲ့တဲ့ ...
သူတစ်ယောက်။

🍎 အဖေဆိုတာ ...
အမေတစ်ယောက်လို ...
သားသ္မီးအပေါ် ကြင်နာမှုကို
အပြင်ထုတ်ပြီး ချစ်မပြခဲ့ပေမဲ့ ...
အမေတစ်ယောက်ထက် မလျော့တဲ့အကြင်နာ မေတ္တာတွေ
ရင်ထဲမှာ အပြည့်ရှိနေခဲ့တဲ့ ...
သူတစ်ယောက်။

🎓 အဖေဆိုတာ ...
အမေတစ်ယောက်လို ...
ဖိုးလမင်းဆီက ထမင်းဆီဆမ်း
ရွှေလင်ပန်းနဲ့ တောင်းမကျွေးခဲ့ပေမဲ့ ...
သားသ္မီးကို ကျောပေါ်တင်၊
ဆင်ကြီးတစ်ကောင် မြင်းတစ်ကောင်
ဖြစ်ပေးခဲ့တဲ့ ...
သူတစ်ယောက်။

🔘 အဖေဆိုတာ ...
အမေတစ်ယောက်လို ...
ဝတ်ချင်တာကို
ကိုယ်တိုင် မဆင်ပေးခဲ့ပေမဲ့ ...
ဝတ်ချင်တာကို ဆင်ပေးနိုင်အောင် ဖြည့်ဆည်းပေးခဲ့တဲ့ ...
သူတစ်ယောက်။

📸 အဖေဆိုတာ ...
အမေတစ်ယောက်လို ...
စားချင်တာကို
ချက်ပြုတ် မကျွေးခဲ့ပေမဲ့ ...
စားချင်တာကို
ချက်ပြုတ် ကျွေးနိုင်အောင်
ရှာဖွေပေးခဲ့တဲ့ ...
သူတစ်ယောက်။

🔴 အဖေဆိုတာ ...
အမေတစ်ယောက်လို ...
ဝမ်းနဲ့လွယ် မမွေးခဲ့ပေမဲ့
ဝမ်းနဲ့လွယ်ခဲ့ရတဲ့ ...
အမေနဲ့ သားသ္မီးတွေအတွက်
ပူပင်သောက မရှိရအောင်
စောင့်ရှောက်ကာကွယ်ပေးနေခဲ့တဲ့ ...
သူတစ်‌ယောက်၊

👥 မိသားစုတစ်ရဲ့
သူရဲကောင်း ...
အဖြည့်ခံမေတ္တာသမားကြီး
တစ်ယောက်ဟာ ...
( အဖေ )ပါပဲ...။

♦ Credit : 💠 အညၾတ 🔶
➖➖➖➖➖➖➖➖➖➖➖➖
2️⃣
⭐ ❝ ဖေဖေ့ကိုလည်း
ချစ်ကြပါ ❞ ⭐
💜💜💜💜💜💜💜💜💜💜

🔶 ဝမ်းနဲ့မလွယ်ခဲ့ရပေမယ့် ...
ဝမ်းရေးအတွက်
နေပူကျဲကျဲမှာ
ရုန်းကန်ခဲ့ရသူပါ … ။

🎥 နို့ချို မတိုက်ခဲ့ရပေမယ့် ...
ထမင်းစေ့လေးတွေ
ဖန်တီးပေးခဲ့သူပါ … ။

♦ မေမေ့ပါးကို နမ်းတဲ့အချိန် ...
ဖေဖေ့ပါးကြမ်းကြမ်းမှာ ...
အနမ်းဝေးနေဆဲပါ … ။

🔵 မေမေ့လို ...
ပုံပြင် ပြော မပြပေမယ့် ...
ဘဝပုံပြင်တွေကို
လက်တွေ့ချပြသူပါ … ။

💥 မေမေ့ သီချင်းသံတွေကြားမှာ
ဖေဖေ့အတွက် ...
သီချင်း တစ်ပုဒ် စပ်ပေးသူမရှိ … ။

🔳 ရေချိုးပေးတဲ့ မေမေ့ကို ချစ်သလို ...
ရေခပ်ပေးတဲ့ ...
ဖေဖေ့ကို မမေ့ပါနဲ့ … ။

🛑 မေမေ့မေတ္တာ ကြီးမားသလို ...
ဖေဖေ့မေတ္တာလည်း ...
နက်ရှိုင်းလှပါတယ် … ။

🔷 မေမေ့ကို ချစ်သလိုမျိုး ...
ဖေဖေ့ကိုလည်း ...
ချစ်ပေးပါကွယ် … ။

🌺 သားနဲ့သမီးအတွက်ဆို ...
မေမေက
မိုးကောင်းကင်ကြီးဖြစ်သလို …
ဖေဖေကလည်း ...
သားနဲ့သမီးရဲ့ဘဝအတွက်
ကမ္ဘာမြေကြီးတစ်ခုပါကွယ် … ။

🌀 မေမေ့နို့ဖိုးဟာ ဆပ်မကုန်သလို ...
ဖေဖေ့ ချွှေးဖိုးဟာလည်း ...
ဆပ်မကုန်ပါဘူး ... ။

🔺 ဖေဖေ့ကိုလည်း ချစ်ပေးကြပါ … ။

မေတ္တာဖြင့် ...
♦Credit:💠အမှောင်ထဲက လူသား🔶
➖➖➖➖➖➖➖➖➖➖➖➖
3️⃣
⭐ ❝ အဖေ ဆိုတာ ... ❞ ⭐
💜💜💜💜💜💜💜💜💜💜

🔺 မချစ်သလိုလိုနဲ့ ...
သားသမီးအိပ်နေရင်
ထွေးပွေ့ရင်း ...
ရှိုက်နမ်းတတ်တာ ...
' အဖေ ' ... ။

☎ မကြင်သလိုလိုနဲ့ ...
နေမကောင်း ဖြစ်တဲ့အခါ၊
မိုးလင်းပေါက်
ပြုစုတတ်တာ ...
' အဖေ ' ... ။

🌸 တွန့်တိုတတ်သလိုနဲ့ ...
သားသမီးစားဖို့
ကောင်းနိုးရာရာ
ကျွေးမွေးခဲ့တာ ...
' အဖေ ' ... ။

📹 မခင်တွယ်သလိုလိုနဲ့ ...
သားသမီး ခွဲထွက်သွားတော့
တမ်းတရင်း လွမ်းတတ်တာ ...
' အဖေ ' ... ။

♥ ခံစားချက်မဲ့သလိုလိုနဲ့ ...
သားသမီး ဒုက္ခဖြစ်တော့
ခိုးခိုးပြီး မျက်ရည်ကျတာ ...
' အဖေ ' ... ။

🔔 အမေအတွက် ...
အမေ့နို့ဖိုး ရှိသလို ...
အဖေမှာလည်း ...
အဖေ့ချွေးဖိုး ဆိုတာ ...
ရှိတယ် ... ။

♦ Credit : 💠 ဦးအော်မီ 🔶
➖➖➖➖➖➖➖➖➖➖➖➖
4️⃣
⭐ ❝ အဖေ့မေတ္တာ ... ❞ ⭐
💜💜💜💜💜💜💜💜💜💜

⚽ အဖေကဆူ ... အမေကချော့ ...၊
အဲဒီတော့ ...
အမေကိုချစ်တာပေါ့ … ။

🍓 ( အဖေဆူတဲ့ဒေါသသံဟာ
ငါ့သားလေး ...
တစ်နေ့ရင့်ကျက်ဖို့ပါ။ )

🎧 အဖေကရိုက် ...
အမေက အလိုလိုက် ...
အဲဒီတော့ ...
အဖေ့စရိုက်က ကြမ်းတယ်ပေါ့ … ။

🔰 ( အဖေရိုက်တဲ့ လက်ဖဝါးတွေမှာ
နာကျင်စေမှုတွေ မပါဘူး။)
( မေတ္တာတွေ ကရုဏာတွေပါ ...
သားရယ်။ )

💻 အဖေ မပေးနိုင်တဲ့ မေတ္တာ ...
အဖေ မပေးနိုင်တဲ့ နွေးထွေးမှု ...
အဖေမပေးနိုင်တဲ့ ...
ဖြည့်ဆည်းမှုတွေ
`အမေ´ပေးတယ်လေ။

🍅 ( အဲဒီမှာတင် ...
အဖေ့မေတ္တာက ရှုံးနေပါပြီ။ )
( ပြုံးနေတဲ့သားမျက်နှာကို
အဖေ တဝကြီး ခိုးကြည့်ဖူးတယ်။ )
( ဒါကို သားလေး မသိလိုက်ဘူး။ )

🌐 သားစီးနေတဲ့ ကား ဆိုင်ကယ် ...
သားဝတ်နေတဲ့ အဝတ်အထည် ...
သားရေးနေတဲ့ ဘောပင်ထဲက
မင်ရည်တွေဟာ ...
အဖေ့ချွေးစက်တွေဆိုတာ ...
သား မြင်တဲ့ တစ်နေ့
တကယ်လို့များ ...
သားရဲ့ရှေ့မှာ
အဖေမရှိတော့ရင်တောင် …

🌕 ( ခွင့်လွှတ်ပါ အဖေ လို့
မတောင်းပန်နဲ့ ငါ့သား။ )
( အဖေဆိုတဲ့နာမည်ရခဲ့တဲ့
နေ့ကနေ ဒီနေ့ထိ ...
ခွင့်လွှတ်ပြီးသား။ )

💝 ( အဲဒါ အဖေတိုင်းရဲ့
ချစ်ခြင်းမေတ္တာတရားပဲ။ )

📆 ( သားမမြင်ခဲ့တဲ့ ...
အဖေ့ မေတ္တာတရား ပေါ့ ... ။ )

🎵 အဖေ့မေတ္တာဘွဲ့လေး
ရင်ထဲကသီဖွဲ့ခြင်းပါ ... ။
ဖတ်ပေးတဲ့ အားလုံးကို
ကျေးဇူးတင်လျှက် …

♦ Credit : 💠 မူရင်း 🔶
➖➖➖➖➖➖➖➖➖➖➖➖
5️⃣
⭐ ❝ အဖေဆိုတာ ... ❞ ⭐
💜💜💜💜💜💜💜💜💜💜

💛 အဖေဆိုတာ ...
နှုတ်က ခပ်ကြမ်းကြမ်း
ပြောချင် ပြောလိမ့်မယ် ...
ဒါပေမယ့် ... ရင်ထဲက
သားသမီး အပေါ် ချစ်တဲ့စိတ်က
နူးညံ့ သိမ်မွေ့လှပါတယ်။

📱အဖေဆိုတာ ...
ငွေကြေး အများကြီး
ရှာနိုင်ချင်မှ ရှာနိုင်လိမ့်မယ် ...
ဒါပေမယ့် ... သူရှာကျွေးတဲ့
ငွေကြေးနဲ့ မိသားစု ကို
ထမင်း နပ်မှန်အောင်
ကျွေးမယ့်လူမျိုးပါ။

အဖေဆိုတာ ...
ပညာတတ်ချင်မှ တတ်လိမ့်မယ် ...
ဒါပေမယ့် ...
မွေးလာတဲ့ သားသမီးတွေကိုတော့
ပညာတတ်ကြီး ဖြစ်စေချင်တယ်။

အဖေဆိုတာ ...
အသောက်အစား ရှိချင် ရှိလိမ့်မယ် ...
ဒါပေမယ့် ...
သားသမီးတွေကိုတော့
လိမ္မာစေချင်တယ်။

အဖေတွေဟာ ...
တစ်ခါတစ်ရံမှာ
ရင်ထဲမှာ ရှိတာတွေကို ထုတ်ပြီး
ဟန်လုပ်ကာ မပြောတတ်ဘူး။
နာကျင်စရာ ရှိရင်လည်း ...
မျိုသိပ်ပြီးတော့ နာကျင်လိုက်တယ်၊
ပျော်စရာရှိရင် ရင်ထဲကပဲ
ပျော်နေလိုက်တယ်။

သားသမီးတွေကို ...
အမြဲတမ်း ...
ဝမ်းမနည်းစေချင်ဘူး၊
မပူဆွေးစေချင်ဘူး။

အစစ အရာရာ
အဖေတို့ ...
အနစ်နာ ခံခဲ့ပါတယ်။

မှတ်ချက်။ ။
ကျွန်ုပ်သဘောအရမူကား ...
"မိဘများနေ့" ဟူ၍
ပြောင်းလဲ ခေါ်ဆိုကြပြီး
"မိခင်များ" ကိုရော ...
"ဖခင်များ" ကိုပါ ...
အတူတူ ချစ်၊
အတူတူ ကျေးဇူးဆပ်
သင့်ကြ ပါ ကြောင်း။

Credit : မူရင်း
Photo Credit:Original Uploader

သာသနာတော်နှစ် ၂၅၆၃
၁၃၈၁၊ တပေါင်း လဆန်း
(၁၄)ရကျ ( စနနေ့ )
7-3-2020

ဆရာ ဦးသန်းဦး(ငြိမ်း)၊
အထက(၇)၊ မန္တလေး၊
ဒေါ်ဝင်းရီီ မိသားစု ကောင်းမှု
နိဗ္ဗာန်ဆု နတ်လူ သာဓု ခေါ်စေသော် ... ။

ဓမ္မကို ဖြန့်ဝေသောသူသည် ...
"သာသနာပြု သူ" မည်ပါ၏။
ဓမ္မကို ဖြန့်ဝေခြင်းမှာ ...
"ပတ်တိဒါနကုသိုလျ" ဖွစျပါ၏။

ထိုကြောင့် ... မိမိတို့၏
အပေါင်းအသင်းမိတ်ဆွေများ
သိရှိ/ မှတ်သား/ အသုံးချ နိုင်စေရန်
ခွင့်မတောင်းဘဲ (share/copyလုပ်)
လွတ်လပ်စွာ မျှဝေ/ မိတ္တူ ကူး
ခွင့်ပြုပါသည်။

29/10/2019
လူသုံးမျိုးနှင့် တာဝန်ယူစိတ်===================လောကမှာ လူသုံးမျိုး ရှိပါတယ်။၁။ သူတို့ လုပ်လိမ့်မယ် ဆိုတဲ့ လူတစ်မျိုး။၂။ ...
15/10/2019

လူသုံးမျိုးနှင့် တာဝန်ယူစိတ်
===================

လောကမှာ လူသုံးမျိုး ရှိပါတယ်။
၁။ သူတို့ လုပ်လိမ့်မယ် ဆိုတဲ့ လူတစ်မျိုး။
၂။ သူတို့ မလုပ်ဘူး ဆိုတဲ့ လူတစ်မျိုး။
၃။ ငါ လုပ်ရမယ် ဆိုတဲ့ လူတစ်မျိုး

နံပါတ် ၁ လူမျိုးကတော့
သူများ လုပ်မှာကို စောင့်နေတယ်။
အမှိုက် - သူတို့ ကောက်လိမ့်မယ်။
တိုးတက်အောင် - သူတို့ လုပ်လိမ့်မယ်။
စည်းကမ်းရှိအောင် - သူတို့ လုပ်လိမ့်မယ်။
ပညာရေးကောင်းအောင် - သူတို့ လုပ်လိမ့်မယ်။
ဘာအလုပ်ပဲဖြစ်ဖြစ် ကိုယ်တိုင်စလုပ်ဖို့ထက်
သူများလုပ်ပေးမှာ၊ သူများလုပ်လာမှာကို
စောင့်မျှော်နေတဲ့ အမျှော်စိတ်၊ အမှီစိတ် ရှိတဲ့သူတွေပါ။
အဲဒီလို တာဝန်ယူချင်စိတ် မရှိသူကိုတော့
''ကျွန်စိတ်'' ရှိသူလို့ ဆိုချင်ပါတယ်။

နောက်တစ်ယောက်က
သူတို့ မလုပ်ဘူး ဆိုပြီး သူများကို
အပြစ်တင် လွှဲချသူမျိုးပါ။ ဘာလုပ်ငန်းပဲ ဖြစ်ဖြစ်၊
ကြီးကြီးသေးသေး သူများမလုပ်လို့ ငါလည်းမလုပ်ဘူး။ သူများလုပ်ထားတာကို ငါတာဝန်ယူ မလုပ်နိုင်ဘူးဆိုပြီး သူများကို အပြစ်တင် လွှဲချနေပါတယ်။
ကိုယ်တိုင်လုပ်တာ၊ ကိုယ်တိုင်တာဝန်သိစိတ်နဲ့ ဖြေရှင်းဆောင်ရွက်တာမျိုး မရှိပဲ သူများကိုပဲ အပြစ်တင်လွှဲချတတ်တဲ့သူမျိုးပါ။
အဲဒီလူမျိုးကိုတော့ '' အောက်တန်းစားစိတ် ''
ရှိသူလို့ ဆိုချင်ပါတယ်။

နောက် တတိယ လူမျိုးက
ငါ လုပ်ရမယ် ဆိုတဲ့သူမျိုးပါ။
လုပ်ငန်းသေးသေး လုပ်ငန်းကြီးကြီး၊
ပြဿနာသေးသေး ပြဿနာကြီးကြီး၊
သူတာဝန်ရှိထားတဲ့ သူ့ပတ်ဝန်းကျင်ကို
သူဟာ အကောင်းဆုံးဖြစ်အောင်
စတင်ဆောင်ရွက်လေ့ ရှိသူဖြစ်တယ်။
သူဟာ တော်ခြင်း၊ တတ်ခြင်းထက်၊
သိခြင်းနဲ့ ကျင့်ခြင်း ဆိုတဲ့ အခြေခံကျတဲ့
စိတ်ဓာတ်ကောင်းတွေ ပိုင်ဆိုင်ထားသူဖြစ်တယ်။
တတိယ လူမျိုးရဲ့ကိုတော့ ''သခင်စိတ်'' ရှိသူ၊
''အထက်တန်းစားစိတ်ဓာတ်'' ရှိသူလို့ ဆိုရမှာပါ။

ဒီတော့ လူတစ်ယောက်ချင်းစီကို
ပထမ၊ ဒုတိယ လူအမျိုးအစားကနေ
တတိယ စိတ်ထား ပိုင်ဆိုင်ကြတဲ့ လူမျိုးဖြစ်အောင်
လေ့ကျင့်သင်ကြားပေးရပါမယ်။
အဲဒါ ''ပညာရေးရဲ့ အဓိကသော့ချက်'' လို့ ဆိုချင်ပါတယ်။
နိုင်ငံတော်အတွက်လည်း အဓိကကျတဲ့ လိုအပ်ချက်ပါ။

(ဘုရားဟောပိဋကတ်စာပေမှာတော့ လူလေးမျိုး ပြပါတယ်။)

Joti Sara

သွေးထွက်အောင်မှန်သော မြန်​မာ့နိမိတ် တဘောင်နှင်​့အဓိပ္ပာယ် ဖွင့်ဆိုချက်များ(၁)ဟင်္သာမင်း အင်းကိုဆင်းမည်။ (၂)ထိုဟင်္သာကို ...
10/10/2019

သွေးထွက်အောင်မှန်သော မြန်​မာ့နိမိတ်
တဘောင်နှင်​့အဓိပ္ပာယ် ဖွင့်ဆိုချက်များ

(၁)ဟင်္သာမင်း အင်းကိုဆင်းမည်။
(၂)ထိုဟင်္သာကို မုဆိုး လေးနဲ့ခွင်းမည်။
(၃)မုဆိုးကို ထီးရိုးရိုက်လိမ့်မည်။
(၄)ထီးရိုးကို မိုးကြိုးပစ်လိမ့်မည်။ (၅)သံခမောက်ဆောင်း လေးယောက် ပေါ်လိမ့်မည်။
(၆)ဧရာဝတီ ခန်းလိမ့်မည်။
(၇)လက်ပံလည်း ရှားလိမ့်မည်။
(၈)ကြက်မတွန်လို့ မိုးလင်းမည်။ (၉)ဗုဒ္ဓရာဇာကိန်းနဲ့အညီ နန်းသိမ်းလိမ့် (၁၀)ဗုဒ္ဓရာဇာသာသနာပြု မင်​း​ကောင်​းမင်​းမြတ်​ ​ပေါ်လာပြီး​နောက်​ပိုင်​း တိုင်းပြည်ကြီး စည်ကားသာယာ ဝပြောလိမ်​့မည်။

(၁) ဟင်္သာမင်း အင်းကိုဆင်းမည်။ဟံသာဝတီမွန်တို့ အင်းဝကို သိမ်းပိုက် လိမ့်မည်။ဟင်္သာမှာ ဟံသာဝတီမွန်တို့၏ အမှတ် အသားဖြစ်ပြီး အင်းဆိုသည်မှာ အင်းဝကို ဆိုလိုသည်။ အင်းတို့၏အဝမှာရှိလို့ အင်းဝ(In Wa)၊ မြစ်တို့အင်းတို့၏ ဆုံရာအဝမှာရှိလို့ အဝ(AVA)၊ အင်းကိုး အင်းအလယ်မှာရှိလို့ အင်းနဝ(Innwa) စသဖြင့် ခေါ်ဆိုခဲ့ကြပါသည်။

(၂)ထိုဟင်္သာကို မုဆိုး လေးနဲ့ခွင်းမည်။ထိုဟံသာဝတီအင်အားစုကို မုဆိုးဘို (ရွှေဘို)အင်အားစုက အနိုင်ယူလိမ့်မည်။ ကုန်းဘောင်မင်းဆက်ကို အချို့က မုဆိုးမင်းဆက်ဟုလည်း ခေါ်ကြသည်။(၃)မုဆိုးကို ထီးရိုးရိုက်လိမ့်မည်။ထိုကုန်းဘောင်မင်းဆက်ခေါ် မုဆိုးမင်းဆက်ကို စနေနံတိုင်းတပါးမင်းက အနိုင်ယူ ဖြုတ်ချလိမ့်မည်။

(၄)ထီးရိုးကို မိုးကြိုးပစ်လိမ့်မည်။စနေနံတိုင်းတပါးမင်းအစိုးရကို ကြာသပတေးနံပုဂ္ဂိုလ်နဲ့ ကြာသာပတေးနံ အဖွဲ့အစည်းတို့က ဖြုတ်ချဖယ်ရှားပြီး လွတ်လပ်ရေး အရယူပေးလိမ့်မည်။ဗမာ့လွတ်လပ်ရေးတပ်မတော်၊ဗမာ့ကာကွယ်ရေးတပ်မတော်၊မျိုးချစ်ဗမာ့တပ်မတော်၊ဖတပလ၊ဖဆပလ၊ဗိုလ်ချုပ်အောင်ဆန်း.. အားလုံးဟာ ကြာသာပတေးနံများသာ ဖြစ်သည်ကို အံ့သြဖွယ်​တွေ့ရလိမ့်မည်။

(၅)သံခမောက်ဆောင်း လေးယောက် ပေါ်လိမ့်မည်။တပ်မတော်မှာ အမြင့်ဆုံးခေါင်းဆောင် ဖြစ်ခဲ့သူများထဲမ ှလေးယောက်မှာ နိုင်ငံ၏အမြင့်ဆုံးခေါင်းဆောင်ဖြစ်မည်။ဗိုလ်ချုပ်အောင်ဆန်း၊ဗိုလ်ချုပ်ကြီးနေဝင်း၊ဗိုလ်ချုပ်မှူးကြီးစောမောင်၊ဗိုလ်ချုပ်မှူးကြီးသန်းရွှေ….. (၆)ဧရာဝတီ ခန်းလိမ့်မည်။ယခုပင် နွေရာသီဆို ဧရာဝတီမှာ မော်တော်၊ သငေ်္ဘာတွေ ဝါးလုံးထောက် စမ်းပြီးသွားနေရပြီ။ မြစ်ဆုံစီမံကိန်းသာ အကောင်အထည်ဖော်လို့ကတော့ သွားပြီ..

(၇)လက်ပံလည်း ရှားလိမ့်မည်။တိုက်တိုက်ဆိုင်ဆိုင်ပင်​ ယခုအတောအတွင်း တရုတ်နဲ့ ကမ္ဘာ့ဈေးကွက်က ကျွန်းသစ်ထက်တောင်ကြိုက်လို့ အများဆုံးခိုးထုတ်ခံနေရသော တမလန်းသစ်မှာ လက်ပံမျိုးနွယ်ဟု သိရသည်​။(၈)ကြက်မတွန်လို့ မိုးလင်းမည်။အမျိုးသမီးခေါင်းဆောင်တစ်​ယောက်က မြန်မာပြည်ကို ပြည်သူ့အာဏာပိုင်စိုးသော ဒီမိုကရေစီအလင်းခေတ်သို့ ရောက်စေလိမ့်မည်။

(၉)ဗုဒ္ဓရာဇာကိန်းနဲ့အညီ နန်းသိမ်းလိမ့်မည်။သို့သော်..ထိုအမျိုးသမီးခေါင်းဆောင်ပြီးနောက် အမျိုးဘာသာသာသနာကို စောင့်ရှောက်​အလေးထားသော မင်းအစိုးရ တက်လာပြီး သာသနာတော်ကို ပြန်လည်ထွန်းလင်းစေလိမ့်မည်။ (ဗုဒ္ဓရာဇာ=ဗုဒ္ဓသာသနာပြုမင်း)(၁၀)ဗုဒ္ဓရာဇာသာသနာပြု မင်​း​ကောင်​းမင်​းမြတ်​ ​ပေါ်လာပြီး​နောက်​ပိုင်​း တိုင်းပြည်ကြီး စည်ကားသာယာ ဝပြောလိမ်​့မည်။ဒါကတော့ ဖြစ်​မလာ​သေးလို့ စောင့်ကြည့်ရပေအုံးမည်။

original author , ဒေါက်တာအရှင်လက္ခဏသာရ

 #ရှင်ဒိသာပါမောက္ခ၅၂၀ခန့်-၅၉၀ခန့် #ဦးကျည်ပွေ့ဟု လူသိများသည်။              သက္ကရာဇ် ၅၈၁ခုနှစ်တွင် နန်းတက်တော်မူသော ကျစွာမ...
05/10/2019

#ရှင်ဒိသာပါမောက္ခ
၅၂၀ခန့်-၅၉၀ခန့်

#ဦးကျည်ပွေ့ဟု လူသိများသည်။

သက္ကရာဇ် ၅၈၁ခုနှစ်တွင် နန်းတက်တော်မူသော ကျစွာမင်းကြီး လက်ထက်တော်တွင် သာသနာနှင့် စာပေပရိယတ္တိလည်းဖွံ့ဖြိုးသည်။ ကျမ်းပြုဆရာ စာဆိုတော်များလည်း ပေါ်ပေါက်သည်။ထိုအထဲတွင် ရှင်ဒိသာပါမောက္ခလည်း တစ်ပါး အပါအဝင်ဖြစ်သည်။

ရှင်ဒိသာပါမောက္ခ အကြောင်းကား။ ။တစ်ရံရောအခါ အသက်၆၀ကျော် ရဟန်းကြီးတစ်ပါးသည် နေ့တိုင်း တံပူတစ် ချောင်း, တစ်ချောင်းစား၍ ပစ်ချသည်ရှိသော် လေးတောင် ပမာဏခန့်ရှိသော တွင်းကြီး သည်ပြည့်လေ၏။
တစ်နေ့သ၌ ထိုတွင်းပြည့်သည်ကိုမြင်၍ "ငါသည် အနှစ်၆၀ကာလပတ်လုံး မေ့လျော့စွာနေခဲ့သည်။အယုတ်သဖြင့် တစ်နေ့လျှင် တံပူတစ်ချောင်းခန့်မျှ ကျမ်းဂန်တို့ကို ကျတ်မှတ် သင်ကြားလျှင်
တတ်မြောက်လိမ္မာရပြီ"ဟု အောက်မေ့ပြီးလျှင် ကျမ်းဂန်တတ်မြောက်အောင် သင်ကြားအံ့ဟု ကြံ၍ ကျစွာမင်းကြီး၏ နန်းတော်သို့ ဝင်လေ၏။ကျစွာမင်းကြီး လည်း "အဘယ်အလို့ငှာ လာသနည်း"ဟုမေးလျှင် "ငါသည် နိရုတ္တကျမ်းကိုသင်မည်။ကံကူဆံ အလိုရှိ၏"ဟု ပြော၏။ ထိုအခါ ကျစွာ
မင်းကြီလည်း "အရှင်ဘုရား အသက်အရွယ် ကြီးရင့်လှပြီ။ဆုံ,ကျည်ပွေ့တို့သည် အခက်ပေါက်ရာ၏။ကျမ်းဂန်မတတ်နိုင်ရာ"ဟု ဆိုကာ ကံကူဆံလှူလိုက်၏။
ရဟန်းကြီးလည်း ကောင်းသို့ပြန်လာ၍ နေ့,ညဉ့်ပတ်လုံး အားထုတ် သင်ကြား၏။မကြာမီတတ်မြောက်လေသတည်း။ထိုအခါ ရဟန်းကြီးသည် ကျစွာမင်းကြီးဆိုသော စကားကို ဖြေလိုသောကြောင့် ဆုံနှင့်ကျည်ပွေ့တို့ကို ပေါင်းစု၍ သစ်ခက်စိမ်းတို့ဖြင့် စည်းနှောင်ပြီးသော် ကျစွာမင်းကြီထံသို့ ဝင်လေ၏။ကျစွာမင်းကြီလည်း ထိုသို့လာသည်ကိုမြင်လျှင် ရယ်တော်မူ၏။ထိုအခါ ရဟန်းကြီးက "မင်းကြီး ဆုံ,ကျည်ပွေ့တို့လည်း အတက်ပေါက်ပြီ။ငါလည်း နိရုတ္တကျမ်းကိုတတ်ပြီ"ဟုဆို၏။ ကျစွာမင်းကြီး လည်း ပုစ္ဆာများကို မေးမြန်း,လျှောက်ထားပြီး၍ အလာပသလ္လာပ စကားကို ဆိုပြီးလျှင် ပစ္စည်းလေးပါးတို့ဖြင့် ဖိတ်ကြားတ်မေူပြီးကာ"ကျမ်းဂန် ပြုတော်မူပါ"ဟု တောင်းပန်၏။
ထိုအခါကျမှ ရဟန်းကြီလည်း "သင်ပုန်းဋီကာ"ကို စီရင်တော်မူသည်။"ဒိသာပါမောက္ခ"ဟူသော အမည်ဖြင့် ထင်ရှားကျော်စောခြင်း ဖြစ်သတည်း။
ထိုအခါ ပုဂံပြည်၌ ကျမ်းတတ်ဟုကျော်စောသော ခြောက်ကျောင်းသားရဟန်းတို့သည် ထိုဒိသာပါမောက္ခရဟန်းကြီးအား ပုစ္ဆာ ,ပြဿနာတို့ကို မေးမြန်းကြကုန်၏။မေးတိုင်းလည်းဖြေနိုင်သော ဟူ၏။နောက်ရဟန်းကြီးက ခြောက်ကျောင်းသားရဟန်းတို့ကို "ငါက မေးမြန်းဦးမည်"ဆို၍ "အညသမန်း စေတသိတ်၌ အည အပါဒါန်ကို ခံပါ"ဟု မေးသည်ကို ခြောက်ကျောင်းသားတို့ ရုတ်တရက် မဖြေနိုင်မဆိုနိုင်ရှိကြလေ၏။
အခါတစ်ပါး၌လည်း ခြောက်ကျောင်းသားရဟန်းတို့သည် ထိုရဟန်းကြီး ရေချိုး၍နေခိုက် ရေ၌ငုပ်၍ပေါ်လာစဉ် ပုစ္ဆာမေးအံ့ဟု ကြံစည်၍ ရေချိုးသော ကန်အနီး၌ စောင့်၍နေကြကုန်၏။ရဟန်းကြီးလည်း ရေတွင်ငုပ်၍ ရေမှပေါ်သောအခါ စာမေးအံ့ဟူ၍ "အဟမ်း...အဟမ်း..."ဟု ချောင်းသံပြုသည်ကို "အဟံ"ဟူသော ပုဒ်ကိုမေးသည်ထင်၍ "အဟံ-ကား အမှ-သဒ္ဒါတည်း"စသည်ဖြင့် ရုပ်တွက်လေ၏။ထိုရေကန်ကို 'စာမေးရေကန်' ဟူ၍လည်းကောင်း 'ရုပ်တွက်ရေကန်'ဟူ၍ လည်းကောင်း
ယခုတိုင်အမည် တွင်လျက် ပုဂံမြို့စူဠာမဏိဘုရား
အနီးကျောင်းတိုက်အတွင်းတွင် ရှိသတည်း။ ။

#စာဆိုတော်များအတ္ထုပ္ပတ္တိ

Address

KN
Nyaung-U
5566

Website

Alerts

Be the first to know and let us send you an email when My Library posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category