Bamboo Delight Library and Summer School

Bamboo Delight Library and Summer School Bamboo Delight Library and Summer School, led by Sue, is a project by Hand to Hand Charity Myanmar. Library has opened since 2013 and so has Summer School.

Now it has become a new and better project “Summer Youth Camp” led every summer for 3 months.

နွေရာသီ ၃ လတာအတွင်း အင်္ဂလိပ်စာစွမ်းရည်ကို မြှင့်တင်ပေးခဲ့သည့် ဆရာမ Tr. JJ 👩🏼‍🏫အားလုံးပဲ မင်္ဂလာပါရှင့်။ကျွန်မတို့ရဲ့ Ba...
27/05/2026

နွေရာသီ ၃ လတာအတွင်း အင်္ဂလိပ်စာစွမ်းရည်ကို မြှင့်တင်ပေးခဲ့သည့် ဆရာမ Tr. JJ 👩🏼‍🏫

အားလုံးပဲ မင်္ဂလာပါရှင့်။

ကျွန်မတို့ရဲ့ Bamboo Delight Summer Youth Camp 2026 ရဲ့ စာသင်နှစ်ကတော့ အခုဆိုရင် နောက်ဆုံးအပတ်ကို ရောက်ရှိလို့လာပါပြီ။ ကျောင်းတွေလည်း ပြန်ဖွင့်တော့မှာဖြစ်တဲ့အတွက် ဒီနွေရာသီ ၃ လတာကာလပတ်လုံး အချိန်ပေးပြီး အင်္ဂလိပ်စာကို စနစ်တကျ သေချာသင်ကြားပေးခဲ့တဲ့ Tr. JJ (Tr. Wint Thawdar Maung) ကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ပထမဆုံး ပြောပါရစေရှင်။

ဆရာမက ကျွန်မတို့ရဲ့ Junior ကျောင်းသား၊ ကျောင်းသူများကို English Speaking & Listening ပိုင်းကို အဓိကထားပြီး သင်ပြပေးခဲ့ပါတယ်။ ရိုးရိုးစာရေးစာဖတ် ပုံစံမျိုးတင်မဟုတ်ဘဲ စကားပြောခြင်း (Speaking) အပိုင်းကို အဖွဲ့လိုက်လေ့ကျင့်တာမျိုး၊ မိမိရဲ့ တွဲဖက် (Partner) နဲ့ အပြန်အလှန် ပြောဆိုလေ့ကျင့်တာမျိုးတွေပါ ပြုလုပ်ပေးခဲ့ပါတယ်။ ဒါ့အပြင် English ဝေါဟာရ (Vocabulary) အသစ်တွေကိုလည်း အသေးစိတ် သေချာသင်ပြပေးပြီး၊ စာကြောင်းတွေ ဖတ်တဲ့အခါမှာလည်း အသံထွက် (Pronunciation) မှန်ကန်အောင် သေချာလေး ပြုပြင်တည့်မတ်ပေးခဲ့ပါတယ်။

ဆရာမရဲ့ စနစ်တကျ သင်ကြားပြသမှုကြောင့် ဂျူနီယာလေးတွေအနေနဲ့ English Speaking ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ပိုမိုကျွမ်းကျင်စွာ ပြောဆိုတတ်လာပြီး၊ ဝေါဟာရအသစ်တွေကိုလည်း သိရှိကာ လက်တွေ့စကားပြော လေ့ကျင့်တဲ့အချိန်တွေမှာ ကောင်းမွန်စွာ အသုံးချနိုင်လာကြပါတယ်။ အခုလို စိတ်ရှည်လက်ရှည်နဲ့ သေသေချာချာ သင်ပြပေးခဲ့တဲ့အတွက် ဆရာမကို ကျွန်မတို့ Bamboo Delight Summer Youth Camp နဲ့အတူ ကျောင်းသား၊ ကျောင်းသူလေးများ အားလုံးကနေ အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့်။ စာသင်တာချည်းမဟုတ်ပဲ အကုန်လုံးနဲ့အတူတူ ဂစ်တာတီး သီချင်းဆိုခဲ့တဲ့ အမှတ်တရတွေကိုလည်း ကျွန်မတို့ အမြဲတမ်း အမှတ်ရနေမှာပါ။

ဆရာမကို ကျွန်မတို့ Bamboo Delight ကနေပြီးတော့လည်း လာလည်ဖို့အတွက် အမြဲတမ်း ကြိုဆိုလျက်ရှိပါတယ်ရှင်။ နောင်နှစ်တွေမှာလည်း အသစ်အသစ်သော ဗဟုသုတတွေကို ကျွန်မတို့ဆီ ပြန်လည်လာရောက် မျှဝေပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင့်။ ❤️🌱

-Content by Alaina

🌿 International Day for Biological Diversity 🌿“It is not the Earth and humans.It is the humans’ Earth.”Today, the world ...
22/05/2026

🌿 International Day for Biological Diversity 🌿

“It is not the Earth and humans.
It is the humans’ Earth.”

Today, the world we live in is facing many environmental problems. Deforestation, Oceans are becoming polluted with plastic and waste, wild animals are losing their natural habitats, and climate change is affecting life across the planet. As time passes, human activities continue to make these problems worse, and many living species are slowly disappearing from the Earth.

To raise global awareness about environmental issues, the United Nations declared May 22 as the International Day for Biological Diversity. Since then, countries around the world have celebrated this day every year through tree-planting activities, environmental cleaning campaigns, educational programs, and nature conservation movements.

Protecting biodiversity is not only about saving plants and animals. It is also about protecting the air we breathe, the water we drink, the food we eat, and the future we will live in. Protecting the environment does not always require big actions. We can all start with small and simple steps such as reducing the use of plastic and single-use items, saving water and electricity, avoiding unnecessary littering, and respecting and protecting nature and wildlife.

Changing the world does not always begin with large movements. Even small acts of care from each person can make a difference. Therefore, starting today, on the International Day for Biological Diversity, let us work together to make small changes for our Earth.

Content by Charm

May 2nd Week with Tr. Hnin Thazin Htun & Tr. Htet Shwe Yi Thwayပြီးခဲ့တဲ့ တစ်ပတ်လုံးမှာတော့ ကျွန်မတို့ Summer Youth Camp...
22/05/2026

May 2nd Week with Tr. Hnin Thazin Htun & Tr. Htet Shwe Yi Thway

ပြီးခဲ့တဲ့ တစ်ပတ်လုံးမှာတော့ ကျွန်မတို့ Summer Youth Camp မှာ ထူးခြားဆန်းသစ်ပြီး အဖိုးတန်တဲ့ အသိပညာတွေ၊ အတွေ့အကြုံတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ အဲ့တာကတော့ ကျွန်မတို့ဆီမှာ တစ်ပတ်လုံး Volunteer Teacher အဖြစ် Scholarship အကြောင်းအရာများမျှဝေခဲ့ပြီး English Conversation Class များကို ပြုလုပ်ပေးခဲ့တဲ့ မနှင်းသဇင်ထွန်းနှင့် Networking, Leadership နှင့် Business Plan အကြောင်းကို မျှဝေပေးခဲ့တဲ့ မထက်ရွှေရည်သွေး တို့ကြောင့်ပဲ ဖြစ်ပါတယ်။

ဆရာမတွေအနေနဲ့ ခေါင်းစဉ်တစ်ခုချင်းစီကို အသေးစိတ် နားလည်လွယ်အောင် သေချာရှင်းပြပေးခဲ့သလို၊ လူငယ်တွေအတွက် အနာဂတ်ပညာရေးနဲ့ ကိုယ်ပိုင်တိုးတက်မှုအတွက် အားတက်စေမယ့် အတွေ့အကြုံများစွာကိုလည်း မျှဝေပေးခဲ့ပါတယ်။ သင်ခန်းစာတွေက စာသင်ခန်းထဲမှာတင် မဟုတ်ဘဲ နေ့စဉ်ဘဝနဲ့ အနာဂတ်အတွက်ပါ အသုံးဝင်တဲ့ Knowledge တွေဖြစ်တာကြောင့် ကျွန်မတို့အတွက် အရမ်းအကျိုးရှိခဲ့ပါတယ်။ အဲ့ဒီအပြင် စီးပွား‌ရေးနဲ့ ပတ်သက်တဲ့ အတွေးအမြင်အသစ်‌တွေ၊ စီးပွား‌ရေးလုပ်ဖို့ လိုအပ်တဲ့အချက်တွေကိုလည်း သေချာသိရှိခဲ့ရပါတယ်။

အခုလို မအားလပ်တဲ့အချိန်တွေကြားထဲကနေပြီးတော့ စေတနာအပြည့်နဲ့ အချိန်ပေးပြီး အသေးစိတ် သေချာလာရောက် မျှဝေပေးခဲ့တဲ့အတွက် ထပ်မံကျေးဇူးတင်ပါတယ်ရှင်။ နောက်နှစ်တွေမှာ ပြုလုပ်မယ့် Summer Youth Camp တွေမှာလည်း ကျွန်မတို့ လူငယ်တွေအတွက် အသစ်သစ်သော ဗဟုသုတတွေနဲ့အတူ ထပ်မံပြီး လာရောက်မျှဝေပေးဖို့ ချစ်ခင်လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါတယ်ရှင်။❤️🌱

-Content by Ivy

Music training with Tr. Saw Nay Nyaw မင်္ဂလာပါရှင့် 🙏🏻✨ကျွန်မတို့ Bamboo Delight Summer Youth Camp 2026 ကို မေလအတွင်းမှာ...
19/05/2026

Music training with Tr. Saw Nay Nyaw

မင်္ဂလာပါရှင့် 🙏🏻✨

ကျွန်မတို့ Bamboo Delight Summer Youth Camp 2026 ကို မေလအတွင်းမှာ ၃ ပတ်နီးပါး အချိန်ပေးပြီး စေတနာအပြည့်နဲ့ လာရောက်သင်ကြားပေးခဲ့တဲ့ ဆရာ Saw Nay Nyaw ကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ပထမဆုံး ပြောပါရစေရှင်။

ဆရာဟာ Music နဲ့ပတ်သက်ပြီး Junior Youth Leaders လေးတွေကို Keyboard အခြေခံ လေ့ကျင့်ခန်းများ သင်ကြားပေးခဲ့သလို၊ Summer School က ကလေးတွေကိုလည်း ဂစ်တာနှင့် Cajon အခြေခံတီးနည်းများကို စနစ်တကျ မျှဝေပေးခဲ့ပါတယ်။ ဂီတသင်ခန်းစာတွေဟာ ကလေးတွေရဲ့ အနုပညာဖန်တီးနိုင်စွမ်းကို နှိုးဆွပေးရုံတင်မကဘဲ စာသင်ရတာ ပင်ပန်းသမျှကို အပန်းပြေစေပြီး စိတ်ပိုင်းဆိုင်ရာကိုပါ ကြည်နူးလန်းဆန်းစေခဲ့ပါတယ်။

ကလေးတစ်ဦးချင်းစီတိုင်းကို စိတ်ရှည်လက်ရှည် အသေးစိတ် ရှင်းပြသင်ကြားပေးခဲ့ရုံတင်မကဘဲ အတန်းထဲမှာ ပျော်ရွှင်စရာ ဟာသလေးတွေပါ ပြောလေ့ရှိတာကြောင့် ကျွန်မတို့အားလုံးအတွက် ဆရာနဲ့အတူ ရယ်မောစရာ အမှတ်တရကောင်းတွေ အများကြီး ရရှိခဲ့ပါတယ်။ ဆရာ့ရဲ့ စိတ်ရှည်မှုနဲ့ နွေးထွေးတဲ့ သင်ကြားမှုတွေကြောင့် ကျောင်းသား၊ ကျောင်းသူလေးများ အားလုံးကလည်း ဆရာ့ကို အထူးပင် ကျေးဇူးတင်နေကြပါတယ်ရှင်။

ဒီနေ့မှာတော့ ဆရာက ပြန်ရတော့မှာဖြစ်တဲ့အတွက် ကျွန်မတို့ အားလုံးစုပေါင်းပြီး နွေးထွေးတဲ့ နှုတ်ဆက်ပွဲလေး ပြုလုပ်ခဲ့ကြပါတယ်။ နှုတ်ဆက်ပွဲလေးမှာ Junior Youth Leader လေးတွေကနေပြီးတော့ ဆရာ့ကို ရင်ထဲကရှိတဲ့ ကျေးဇူးတင်စကားတွေကို တစ်ယောက်ချင်းစီ ပြောကြားခဲ့ကြပြီး၊ အမှတ်တရဖြစ်စေမယ့် Group photo လေးကိုလည်း ပျော်ပျော်ပါးပါး ရိုက်ကူးခဲ့ကြပါတယ်။

နောင်နှစ်တွေမှာလည်း Music နဲ့ပတ်သက်တဲ့ အသစ်အသစ်သော ဗဟုသုတတွေ၊ နည်းစနစ်ကောင်းတွေနဲ့အတူ ကျွန်မတို့ဆီ ထပ်မံလာရောက် မျှဝေပေးဖို့ ဆရာ့ကို ချစ်ခင်လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါတယ်ရှင်။ ❤️🎶

-Content by Alaina

Meditation and Yoga with Tr. Yuko 🧘🏻‍♀️🧘🏻‍♂️May 14th, 2026မင်္ဂလာပါရှင့် 🙏🏻✨ကျွန်မတို့ Bamboo Delight Summer Youth Camp ...
15/05/2026

Meditation and Yoga with Tr. Yuko 🧘🏻‍♀️🧘🏻‍♂️
May 14th, 2026

မင်္ဂလာပါရှင့် 🙏🏻✨

ကျွန်မတို့ Bamboo Delight Summer Youth Camp ရဲ့ Weekly Thursday Activity အဖြစ် အပတ်စဉ် ကြာသပတေးနေ့တိုင်း မနက် ၉ နာရီမှ ၁၀ နာရီအတွင်း Tr. Yuko နှင့်အတူ Meditation နှင့် Yoga လေ့ကျင့်ခန်းများကို ပြုလုပ်လေ့ရှိပါတယ်။ ဒီတစ်ပတ်မှာတော့ Meditation ကို "Gratitude & Metta" (ကျေးဇူးတင်ခြင်းနှင့် မေတ္တာပို့ခြင်း) ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ပြီး သူငယ်ချင်းများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရတဲ့ Acro Yoga (Partner Yoga) ကိုလည်း ပျော်ပျော်ပါးပါး လေ့ကျင့်ခဲ့ကြပါတယ်။

🧘🏻‍♂️ Meditation & Metta

ကိုယ့်ရဲ့စိတ်ကို ငြိမ်းချမ်းတည်ငြိမ်စေဖို့အတွက် မိမိကိုယ်ကိုယ် ကျေးဇူးတင်ခြင်းမှစတင်ကာ မိသားစု၊ သူငယ်ချင်းများနှင့် ကမ္ဘာမြေကြီးအထိ ကျေးဇူးတင်စကားများ ဆိုရင်း မေတ္တာပို့သခဲ့ကြပါတယ်။ ဒီလိုကျင့်စဉ်ဟာ စိတ်နှလုံးကို ကြည်နူးအေးချမ်းစေရုံတင်မကဘဲ နေ့စဉ်ဘဝမှာ အကောင်းမြင်စိတ် (Positive Thinking) တွေ တိုးတက်လာစေဖို့လည်း များစွာအထောက်အကူပြုပါတယ်။

🧘🏻‍♀️ Acro Yoga ပြုလုပ်ခြင်းနှင့် ရည်ရွယ်ချက်

ငြိမ်းချမ်းတဲ့ Meditation အစီအစဉ်အပြီးမှာတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ Acro Yoga (Partner Yoga) ကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ Acro Yoga ဆိုတာက တစ်ယောက်တည်းပြုလုပ်ရတဲ့ ပုံမှန် Yoga မျိုးနဲ့မတူဘဲ အဖော်တစ်ယောက် (သို့မဟုတ်) သူငယ်ချင်းတစ်ယောက်နဲ့အတူ ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်ရတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ယခုလို လေ့ကျင့်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ လေ့ကျင့်သူနှစ်ဦးကြားမှာ အပြန်အလှန် ယုံကြည်မှု (Trust)၊ ဆက်သွယ်မှု (Communication) နှင့် ရင်းနှီးမှု (Connection) တို့ကို ခိုင်မာစွာ တည်ဆောက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

✨ အကျိုးကျေးဇူးများ

Acro Yoga ပြုလုပ်ခြင်းက ခန္ဓာကိုယ်ရဲ့ ဟန်ချက်ထိန်းနိုင်စွမ်း (Balance) နှင့် ကြွက်သားခိုင်မာမှုကို တိုးတက်စေပါတယ်။ ကိုယ့်ရဲ့အဖော်နဲ့ အပြန်အလှန် ယုံကြည်မှုကို လက်တွေ့သင်ယူနိုင်ပြီး စကားလုံးတွေ မလိုဘဲ ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ ဆက်သွယ်နိုင်တဲ့အတွက်ကြောင့် တစ်ယောက်တည်းကျင့်တာထက် ပိုပြီးပျော်စရာကောင်းကာ စာသင်ခန်းလေးထဲမှာ ရယ်မောသံတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ နှစ်ယောက်လုံး ဟန်ချက်ညီအောင် အားစိုက်ရတဲ့အတွက်လည်း ရင်ခုန်စိတ်လှုပ်ရှားစရာ အတွေ့အကြုံကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

🌟 Conclusion

နိဂုံးချုပ်အနေနဲ့ ဒီနေ့ရဲ့ Activity ဟာ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့တင်မကဘဲ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုနဲ့ အချင်းချင်းအကြား နွေးထွေးတဲ့ ဆက်ဆံရေးတွေကိုပါ တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့အတူ မေတ္တာတရားတွေကို မျှဝေရင်း၊ တစ်ဦးကိုတစ်ဦး ယုံကြည်မှုတွေနဲ့ ပံ့ပိုးပေးရင်း ကုန်ဆုံးခဲ့တဲ့ ဒီမနက်ခင်းလေးဟာ ကျွန်မတို့ လူငယ်တွေအတွက် တကယ့်ကို အဓိပ္ပာယ်ရှိတဲ့ အချိန်လေးတစ်ခုပါပဲရှင်။ ❤️🍀

Content by Alaina

15/05/2026

International Day of Families

မိသားစုဆိုတာ သွေးသားတော်စပ်ခြင်းတစ်ခုတည်းမဟုတ်ဘဲ တစ်ယောက်နဲ့ တစ်ယောက် အချိန်ပေးနိုင်ခြင်း၊ နားထောင်ပေးနိုင်ခြင်းနဲ့ နွေးထွေးမှုတွေကို မျှဝေနိုင်ခြင်းဆိုတဲ့ မမြင်ရတဲ့ ကြိုးတွေနဲ့ နှောင်ဖွဲ့ထားတဲ့ အသိုက်အမြုံလေးလည်း ဖြစ်ပါတယ်။

အရှိန်အဟုန်နဲ့ ပြေးနေတဲ့ ခေတ်ကြီးထဲမှာ လူတွေဟာ အလုပ်တွေ၊ ဖုန်းတွေ၊ social media တွေကြားမှာ အချိန်ကုန်နေရင်း တစ်အိမ်တည်းနေကြပေမယ့် စကားပြောဖြစ်တာ နည်းလာကြပါတယ်။ အရင်တုန်းကလို ထမင်းဝိုင်းမှာ တစ်နေ့တာအကြောင်းတွေ ပြောရင်း ရယ်မောတတ်ကြတဲ့ ဓလေ့ဟာလည်း တဖြည်းဖြည်း မှုန်ဝါးလာခဲ့ပါပြီ။ တကယ်တော့ ထမင်းလက်ဆုံစားတယ်ဆိုတာ အစာစားခြင်းတစ်ခုတည်းမဟုတ်ဘဲ မေတ္တာတွေ၊ ဂရုစိုက်မှုတွေ၊ နားလည်မှုတွေကို အပြန်အလှန် မျှဝေနေတာလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ Summer Youth Camp မှာတော့ သောကြာနေ့တိုင်း ထမင်းချိုင့်လေးတွေ ယူလာကြပြီး အချင်းချင်း ယူလာတဲ့ဟင်းတွေကို မျှဝေစားသောက်ကြပါတယ်။ ရိုးရှင်းတဲ့ ထမင်းဝိုင်းလေးတစ်ဝိုင်းဖြစ်ပေမယ့် နွေးထွေးမှုတွေ၊ ရင်းနှီးမှုတွေ၊ “မိသားစု” ဆိုတဲ့ ခံစားချက်တွေ ရှိနေပါတယ်။ တချို့က အိမ်ကချက်ပေးလိုက်တဲ့ ဟင်းလေးတွေ ယူလာကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ဟင်းခွက်လေးတွေ လှမ်းပေးကြရင်း ကိုယ်တိုင် ပြင်ဆင်လာတဲ့ အစားအစာလေးတွေကို မျှဝေကြတယ်။ အဲ့ဒီအချိန်လေးတွေမှာ ဖုန်းတွေကို ခဏချထားပြီး စကားတွေပြောကြရင်း ရယ်မောကြရင်း တစ်ပတ်တာ ကြုံခဲ့ရတဲ့အကြောင်းလေးတွေကို မျှဝေကြတယ်။ ဒီလို ထမင်းလက်ဆုံစားတဲ့ အလေ့အကျင့်လေးတွေက ကျွန်တော်တို့ကို “မိသားစု” ဆိုတဲ့ အဓိပ္ပာယ်ကို ပြန်သတိရစေပါတယ်။

တကယ်တော့ လူတွေကို ပိုနီးကပ်လာစေတာက ကြီးမားတဲ့အရာတွေ မဟုတ်ပါဘူး။ အတူတူ ထိုင်စားတဲ့ ထမင်းတစ်နပ်၊ အချင်းချင်း ဂရုစိုက်ပေးတဲ့ အသေးစိတ်အပြုအမူလေးတွေကပဲ လူတွေရဲ့ နှလုံးသားကို နီးကပ်စေပါတယ်။ ခေတ်ကြီး ဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ…
လူတိုင်းလိုအပ်နေဆဲအရာကတော့ နွေးထွေးတဲ့ မိသားစုအချိန်လေးတွေပဲ ဖြစ်ပါတယ်။

May 15 မှာ ကျရောက်တဲ့ International Day of Families ( မိသားစုနေ့ ) ကို ဂုဏ်ပြုတဲ့အနေနဲ့ အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ ဒီခေတ်ကြီးထဲမှာ ဖုန်းတွေကို ခဏချထားပြီး မိသားစုနဲ့အတူ ထမင်းတစ်နပ် လက်ဆုံစားဖို့ကိုလည်း ပြန်လည်သတိရစေချင်ပါတယ်။

- Charm

"Senior to Junior: ဘဝစွမ်းရည်များ လက်ဆင့်ကမ်းခြင်း အစီအစဉ်"  🌟✨၂၁ ရာစုရဲ့ အပြိုင်အဆိုင်များတဲ့ လောကထဲမှာ ဘာသာစကား ကျွမ်း...
14/05/2026

"Senior to Junior: ဘဝစွမ်းရည်များ လက်ဆင့်ကမ်းခြင်း အစီအစဉ်" 🌟✨

၂၁ ရာစုရဲ့ အပြိုင်အဆိုင်များတဲ့ လောကထဲမှာ ဘာသာစကား ကျွမ်းကျင်မှုနဲ့အတူ တွေးခေါ်မြော်မြင်နိုင်စွမ်းရှိတဲ့ "Life Skills" တွေဟာ လူငယ်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ လက်နက်ကောင်းတွေပဲ ဖြစ်ပါတယ်။ ကျွန်မတို့ Summer Youth Camp မှ Juniors လေးများကို အနာဂတ်အတွက် အမှန်တကယ် အကျိုးရှိစေမယ့် ပညာရပ်တွေကို Senior Jade မှ ကိုယ်တိုင်ကိုယ်ကျ ပြန်လည် မျှဝေပေးခဲ့ပါတယ်။
Senior Jade ဆီကနေ Juniors ​လေးတွေ သင်ယူခဲ့ရတဲ့ ဘာသာရပ်တွေကတော့ တကယ့်ကို စုံလင်လှပါတယ် ။

📖 Academic & Language Skills
တက္ကသိုလ်ပညာရေးအတွက် အရေးကြီးတဲ့ Academic Writing အပြင်၊ British Council နဲ့ Cambridge ရဲ့ သင်ခန်းစာတွေကို အခြေခံတဲ့ Reading Skill တွေကိုပါ စနစ်တကျ လေ့လာခဲ့ကြရပါတယ်။

🧠 Life Skills
ဒါ့အပြင် စာသင်ခန်းထဲမှာတင် မကဘဲ လက်တွေ့ဘဝမှာ ရင်ဆိုင်ကြုံတွေ့ရမယ့် ကိစ္စတွေအတွက်
Critical Thinking (ဝေဖန်ပိုင်းခြား တွေးခေါ်ခြင်း)
Decision Making (မှန်ကန်သော ဆုံးဖြတ်ချက်ချခြင်း)
Dealing with Conflicts (ပဋိပက္ခများကို ဖြေရှင်းခြင်း) စတဲ့ စွမ်းရည်တွေကိုပါ အသေးစိတ် သင်ကြားပေးခဲ့ပါတယ်။

ဒီ Skill တွေကို သီးသန့်ဘာသာရပ်တစ်ခုအနေနဲ့ မဟုတ်ဘဲ အင်္ဂလိပ်စာ လေ့ကျင့်မှုတွေနဲ့အတူ တပါတည်း ပေါင်းစပ်သင်ယူခဲ့ရတာ ဖြစ်ပါတယ်။ စာတွေ့သဘောတရားတင် မကဘဲ အဖွဲ့လိုက် ဆွေးနွေးမှုတွေ၊ Presentation တွေကို သူငယ်ချင်းတွေနဲ့အတူ တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ရလို့ သင်ခန်းစာတွေက ပိုပြီးမှတ်မိလွယ်စေပါတယ်။

အထူးသဖြင့် အမြဲတမ်း အတန်းချိန်မစခင်မှာဆိုရင်လည်း သီချင်းလေးတွေနဲ့အတူ လှုပ်လှုပ်ရှားရှား လုပ်ရတဲ့ Ice-breaking Activity တွေက ကျွန်မတို့ရဲ့ စွမ်းအင်တွေကို နိုးကြားလာစေပါတယ်။ သူငယ်ချင်းတွေနဲ့အတူတူ ကရ ခုန်ရတဲ့ ဒီအစီအစဉ်လေးတွေဟာ ပျော်ရွှင်စရာကောင်းရုံတင်မကဘဲ စာသင်ကြားဖို့အတွက် စိတ်ရောကိုယ်ပါ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးလိုက်သလိုပါပဲ။

အခုလို အဖိုးတန်တဲ့ အချိန်တွေကို ပေးပြီးတော့ ကျွန်မတို့ လူငယ်တွေရဲ့ အနာဂတ်အတွက် စေတနာအပြည့်နဲ့ လာရောက်မျှဝေပေးခဲ့တဲ့ Senior Jade ကို ကျေးဇူးအများကြီး တင်ပါတယ်။ နောင်မှာလည်း ကျွန်မတို့ Summer Youth Camp က Juniors လေးတွေအတွက် အသစ်သစ်သော ဗဟုသုတတွေကို ထပ်မံမျှဝေပေးဖို့ ချစ်ခင်လေးစားစွာဖြင့် အမြဲတမ်း ကြိုဆိုဖိတ်ခေါ်နေပါတယ်ရှင်။ ❤️🌱

Content by Alaina

Healing Session with Tr. Aye Aye Than: Survival and Fear Releasing 🧘‍♀️May 9th 2026အားလုံးပဲ မင်္ဂလာပါရှင် 🙏🏻ပြီးခဲ့တဲ့ ...
14/05/2026

Healing Session with Tr. Aye Aye Than: Survival and Fear Releasing 🧘‍♀️
May 9th 2026

အားလုံးပဲ မင်္ဂလာပါရှင် 🙏🏻

ပြီးခဲ့တဲ့ စနေနေ့ (မေလ ၉ ရက်) တုန်းက ကျွန်မတို့ Senior Youth Leaders တွေဟာ Tr. Aye Aye Than နဲ့အတူ "Survival and Fear Releasing" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ Kidney Breathwork Healing Session တစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။

ကျွန်မတို့ဟာ နေ့စဉ်ဘဝမှာ အသက်ရှင်ရပ်တည်ဖို့ အမြဲရုန်းကန်နေရတဲ့အခါ "ရှင်သန်ရတာဟာ ပျော်ရွှင်စရာမဟုတ်ဘဲ တိုက်ပွဲဝင်နေရသလိုမျိုး" ပင်ပန်းနွမ်းနယ်စေတဲ့ Survival Mode ထဲကို ရောက်ရှိသွားတတ်ပါတယ်။ ဒီလို ရှင်သန်ရခြင်းရဲ့ ပင်ပန်းမှုတွေနဲ့ စိုးရိမ်ကြောက်ရွံ့မှု (Fear) တွေဟာ ကျွန်မတို့ရဲ့ ကျောက်ကပ် (Kidney) ထဲမှာ အမြစ်တွယ် ကိန်းအောင်းနေတတ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့လို့ ကျွန်မတို့ဟာ ခန္ဓာကိုယ်ရဲ့ စွမ်းအင်ဗဟိုချက်တစ်ခုဖြစ်တဲ့ ကျောက်ကပ်ကို အာရုံပြုပြီး အသက်ရှူကုထုံးလေးကို လုပ်ဆောင်ခဲ့ကြတာပါ။ ၁၀ မိနစ်တာ အချိန်ယူပြီး ကိုယ့်ရဲ့အာရုံကို ကျောက်ကပ်ရှိရာနေရာမှာ စိုက်ထားပြီး အသက်ရှူသွင်း၊ ရှူထုတ် ပြုလုပ်ခဲ့ကြပါတယ်။ ရင်ထဲမှာရှိနေတဲ့ ကြောက်ရွံ့မှုတွေ၊ မလုံခြုံတဲ့ ခံစားချက်တွေနဲ့ စိုးရိမ်ပူပန်မှုတွေကို လေနဲ့အတူ အပြင်ကို လွှတ်ထုတ်ပစ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်မှာ လွယ်ကူတဲ့ Yoga Pose တချို့ကိုပါ ပေါင်းစပ်ပြုလုပ်ခဲ့ပြီး နောက်ဆုံးမှာတော့ Meditation ထိုင်ကာ Rhythmic Breathing နဲ့ အဆုံးသတ်ခဲ့ပါတယ်။

ဒီလေ့ကျင့်ခန်းလေးကို လုပ်ဆောင်ပြီးတဲ့အခါမှာတော့ ကျောက်ကပ်ထဲက ကြောက်ရွံ့မှုတွေ လွင့်စင်သွားပြီး "ငါ အန္တရာယ်ကင်းပါတယ်၊ ငါ့ဘဝဟာ လုံခြုံမှုရှိပြီး တည်ငြိမ်နေပြီ" ဆိုတဲ့ စိတ်ဓာတ်ခွန်အားတွေကို ကိုယ်စီရရှိခဲ့ကြပါတယ်။

Senior Youth Leader တစ်ယောက်အနေနဲ့ အခြားသူတွေကို ကောင်းမွန်စွာ လမ်းပြပေးနိုင်ဖို့ဆိုရင် ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာဟာ အမြဲတမ်း ကြည်လင်တက်ကြွနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီ Healing Session လေးဟာ ကျွန်မတို့အတွက် တကယ့်ကို တန်ဖိုးရှိတဲ့ အတွေ့အကြုံသစ်လေး တစ်ခုပါပဲရှင်။

Content By Alaina

ယနေ့ခေတ် လူငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Presentation Skills 👨🏻‍💻👩🏻‍💻🎙May 6th, 2026ဒီနေ့မှာတော့ ကျွန်မတို့ Junior Youth...
07/05/2026

ယနေ့ခေတ် လူငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Presentation Skills 👨🏻‍💻👩🏻‍💻🎙
May 6th, 2026

ဒီနေ့မှာတော့ ကျွန်မတို့ Junior Youth Leader လေးတွေ အားလုံး စိတ်ပါဝင်စားစွာနဲ့ သင်ယူခဲ့ရတဲ့ "Presentation Skills" အကြောင်းကို ပြန်လည်မျှဝေပေးချင်ပါတယ်။ ဒီနေ့ခေတ် လူငယ်တွေအတွက် Presentation Skill ဆိုတာ အရေးအပါဆုံးသော စွမ်းရည်တစ်ခုဆိုရင်လည်း မမှားပါဘူး။

Presentation ဆိုတာ မိမိတင်ပြချင်တဲ့ အကြောင်းအရာတစ်ခုကို အချက်အလက်ကျကျနဲ့ သူတစ်ပါး နားလည်သဘောပေါက်အောင် စနစ်တကျ ရှင်းပြရတဲ့ အတတ်ပညာတစ်ခုပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျွန်မတို့ရဲ့ Summer Youth Camp က လူငယ်တွေအတွက် ဒီလို အရေးပါတဲ့ Skill ကို ဆရာ Kyaw Win Ning ကနေပြီးတော့ သေချာလေး သင်ကြားပြသပေးခဲ့ပါတယ်။

သင်တန်းမှာ ဘာတွေသင်ယူခဲ့ရသလဲ?

ပထမဆုံး Presentation အကြောင်းကို မသင်ယူခင်မှာ အားလုံး ပျော်ရွှင်တက်ကြွသွားအောင် ပျော်စရာဂိမ်းလေးတွေကို အရင်ဆုံး ကစားခဲ့ကြပါတယ်။ ဒီလို ဂိမ်းလေးတွေကတစ်ဆင့် အဖွဲ့ဝင်တွေအချင်းချင်း ပိုမိုရင်းနှီးသွားစေပြီး သင်ယူမှုအပိုင်းမှာလည်း ပိုမိုအားကောင်းလာစေပါတယ်။ အဲဒီနောက်မှာတော့ အဖွဲ့လိုက် (Group Work) အလုပ်လုပ်တဲ့အခါ အောင်မြင်ဖို့အတွက် အဓိကထား လုပ်ဆောင်ရမယ့် အချက်တွေကို စနစ်တကျ သင်ယူခဲ့ရသလို၊ Presentation လုပ်တဲ့အချိန်မှာ ပရိသတ်ရှေ့ ဘယ်လိုယုံကြည်မှုရှိရှိ ပြောဆိုပြုမူရမလဲဆိုတာတွေကိုပါ လေ့လာခဲ့ကြရပါတယ်။ အထူးသဖြင့် အရည်အသွေးရှိတဲ့ Presentation တစ်ခု ဖြစ်လာစေဖို့အတွက် ကြိုတင်ပြင်ဆင်မှု (Preparation) အပိုင်းမှာ ဘာတွေလိုအပ်လဲဆိုတာကိုပါ သေချာစွာ သိရှိနားလည်ခဲ့ရပါတယ်ရှင်။

သင်ယူခဲ့ရတဲ့ အသိပညာတွေကို လက်တွေ့အသုံးချဖို့အတွက် အဖွဲ့တွေခွဲပြီး Group Presentation လုပ်ဖို့ တက်တက်ကြွကြွ ပြင်ဆင်ခဲ့ကြပါတယ်။ နောက်တစ်ရက်မှာ တင်ဆက်ကြမယ့် ကျွန်မတို့ Junior Youth Leader လေးတွေရဲ့ Presentation လေးတွေကိုလည်း စောင့်ကြည့်ပေးပါဦးရှင်။

ဒီနေ့ သင်ခန်းစာကတော့ အားလုံးအတွက် ပျော်ရွှင်စရာကောင်းသလို အသိပညာတွေလည်း အများကြီးရရှိခဲ့တဲ့ နေ့လေးတစ်နေ့ ဖြစ်ခဲ့ပါတယ်။ အခုလို သင်ကြားပြသပေးတဲ့ ဆရာ့ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီမှာတင် အဆုံးသတ်လိုက်ပါတယ်ရှင်။ ❤️🍀🍀

-Content by Paola (Junior Youth Leader)

" Decision Making Skill For Youths "(May 6,2026)Hello!!!ဒီနေ့မှာတော့ အားလုံးအတွက် အကျိုးရှိစေမယ့် အကြောင်းအရာတစ်ခုကို မျ...
07/05/2026

" Decision Making Skill For Youths "(May 6,2026)

Hello!!!

ဒီနေ့မှာတော့ အားလုံးအတွက် အကျိုးရှိစေမယ့် အကြောင်းအရာတစ်ခုကို မျှဝေပေးချင်ပါတယ်။ အဲ့တာကတော့ Teacher Jade ရဲ့ အတန်းမှာ သင်ကြားခဲ့ရတဲ့ Decision Making Skill အကြောင်း ဖြစ်ပါတယ်။ တကယ်ကတော့ ကျွန်မတို့က ဒီ Skill အကြောင်းကို သီးသန့်သင်တာမျိုး မဟုတ်ဘဲ Teacher Jade ဆီမှာ အင်္ဂလိပ်စာ လေ့ကျင့်ရင်းနဲ့ ဒီဗဟုသုတတွေကိုပါ တစ်ဆက်တည်း သင်ကြားပေးသွားတာပါ။

Decision Making Skill (ဆုံးဖြတ်ချက်ချနိုင်သော စွမ်းရည်) ဆိုတာ ဘာလဲ?

ဒါဟာ ကျွန်မတို့ရဲ့ ဘဝနေ့စဉ်တိုင်းအတွက် အသုံးလိုတဲ့ Skill တစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ဟာ မိုးလင်းကနေ ညမအိပ်ခင်အထိ ကိစ္စအကြီး၊ အငယ်တွေအတွက် ဆုံးဖြတ်ချက်တွေကို အမြဲတမ်း ချနေကြရပါတယ်။ မနက်နိုးလာကတည်းက "မနက်စာကို ဆိုင်မှာ သွားစားရင် ကောင်းမလား? အိမ်မှာပဲ ကိုယ်တိုင်လုပ်စားရင် ကောင်းမလား?" ဆိုတဲ့ ကိစ္စသေးသေးလေးတွေကအစ ပိုကောင်းတဲ့အရာကို ရွေးချယ်ဖို့ ဆုံးဖြတ်ချက်တွေ ချကြရပါတယ်။

ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အချို့ကိစ္စတွေက လွယ်ကူပေမဲ့၊ အချို့ကိစ္စတွေကျတော့ အရမ်းခက်ခဲပြီး ဘာလုပ်ရမှန်း မသိတော့တာမျိုးလည်း ရှိတတ်ပါတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်အောင် အထောက်အကူပေးတဲ့ နည်းလမ်းတွေ အများကြီးထဲကမှ အဓိက (၄) ခုကို သင်ကြားခဲ့ရပါတယ် -

၁။ စာအုပ်ထဲမှာ ကိုယ်ရွေးချယ်ရမယ့် Options တွေရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို သေချာချရေးပြီး ပိုကောင်းတဲ့အရာကို ရွေးချယ်နိုင်ပါတယ်။
၂။ ဆုံးဖြတ်ချက်မချခင် ကိုယ်ယုံကြည်ရတဲ့သူတွေ (ဥပမာ - မိဘ၊ သူငယ်ချင်း) ဆီမှာ အကြံဉာဏ်နဲ့ ထင်မြင်ချက်တွေ မေးမြန်းလို့ရပါတယ်။
၃။ စိတ်ကို တည်ငြိမ်အောင်ထားပြီး အကြောင်းအကျိုး ဆီလျော်တဲ့အရာ၊ ပိုကောင်းမယ့်အရာကို ရွေးချယ်နိုင်ပါတယ်။
၄။ နောက်ဆုံးတစ်ချက်ကတော့ ဆုံးဖြတ်ချက်ကို အလျင်စလိုမချဘဲ သေချာအချိန်ယူ နက်နက်နဲနဲ တွေးတောပြီးမှ ကိုယ့်အတွက် အဆင်ပြေဆုံးဖြစ်မယ့်အရာကို ရွေးချယ်တာမျိုးပါ။

ဒီအချက်တွေထဲက ကိုယ်နဲ့ကိုက်ညီတာတွေကို အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချရမယ့် နေရာတွေမှာ အသုံးချနိုင်ပါတယ်။ ဒါကတော့ "Sharing is Caring" ဆိုတဲ့အတိုင်း ကိုယ့်ဘဝမှာ လက်တွေ့အသုံးချနိုင်မယ့် အကြောင်းအရာတွေကို ပြန်လည်မျှဝေပေးခြင်းပဲ ဖြစ်ပါတယ်ရှင်။

-Content by Kesha (Junior Youth Leader)

Address

Nyaungshwe
06081

Alerts

Be the first to know and let us send you an email when Bamboo Delight Library and Summer School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Bamboo Delight Library and Summer School:

Share