Pakokku Helping Hands

Pakokku Helping Hands Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pakokku Helping Hands, Pakokkugyun.

23/07/2021

မင်္ဂလာပါ ပခုက္ကူ
Covid-19 ကူးစက်ရောဂါနဲ့ပက်သက်ပြီး ပခုက္ကူမြို့တွင်းနေထိုင်သော မိဘပြည်သူများအတွက် အထောက်အကူဖြစ်မယ့် Android app လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ App နာမည်က covid Info Pakokku ပါ။ အဓိကပါဝင်တဲ့အချက်အလက်အလက်တွေကတော့

၁) လူမှုကူညီ‌ရေးအသင်းများ
၂) နေ့စဉ်အောက်စီဂျင်ရရှိနိုင်‌သောနေရာများ
၃) Covid -19 volunteerများ

စသည့်နေရာတို့ကို အလွယ်တကူဆက်သွယ်နိုင်ရန် ဖုန်းနံပတ်များ၊ လိပ်စာများ၊ အောက်စီဂျင်ရရှိနိုင်ခြင်း မရရှိနိုင်သေးခြင်းတို့ကို အချိန်နဲ့တပြေးညီသိရှိနိုင်ရန်နှင့်ဆက်သွယ်နိုင်ရန် covid Info Pakokku app တွင်ရှာဖွေနိုင်ပါတယ်။ ဒါတင်မကသေးပဲ မိဘပြည်သူများအတွက် covid-19 သတင်းအချက်အလက်တွေကိုလည်း app မှာ ဖတ်ရှုနိုင်မှာဖြစ်လို့ တကယ်အသုံးဝင်တဲ့ App လေးဖြစ်မယ်လို့ယုံကြည်ပါတယ်။ App လေးကို download လုပ်ဖို့ အောက်ပါလင်ခ့်ကိုနှိပ်ပြီး ရယူနိုင်ပါတယ်နော်။

Website- https://covid.pakokkuinfo.com

App - https://covid.pakokkuinfo.com/download

12-7-2021Pakokku covid-19ပခုက္ကူမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါပိုးတွေ့သူများနှင့်ထိစပ်သူများ၊နှင့်သံသယလူနာ(၁၁၁)ဦးအားRDT test...
12/07/2021

12-7-2021Pakokku covid-19
ပခုက္ကူမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါပိုးတွေ့သူများနှင့်ထိစပ်သူများ၊နှင့်သံသယလူနာ(၁၁၁)ဦးအားRDT test kit
ဖြင့်ဇူလိုင်၁၂ရက်နံနက်ပိုင်းကစစ်ဆေးခဲ့ရာ(၃၉)ဦးပိုးတွေ့ရှိကြောင်းသိရသည်။
နေရပ်လိပ်စာများမှာပိုးတွေ့သူ
များကစာရင်းပေးသည့်အတိုင်း
တင်ပြထားခြင်းဖြစ်ပါသည်။

# We Love Pakokku news

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၈-၃-၂၀၂၀) ရက်နေ့၊ နံနက် (၀၀:၁၅) နာရီ၁။ အမျိုးသားကျန...
27/03/2020

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၈-၃-၂၀၂၀) ရက်နေ့၊ နံနက် (၀၀:၁၅) နာရီ

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၂၇-၃-၂၀၂၀) ရက်နေ့၊ ည (၁၁:၀၀) နာရီ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ(၆၂)ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသော လူနာ (၃) ဦး၏ ဓာတ်ခွဲအဖြေ များတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၅၉) ဦး၏ ဓာတ်ခွဲအဖြေများ တွင် COVID-19 ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။
၂။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ အသက် (၂၉) နှစ်အရွယ် အမျိုးသား (၁) ဦး သည် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case -03) နှင့်အတူ ဘာဘေးဒိုးနိုင်ငံ၊ အင်္ဂလန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ (၂၁-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာကြောင်းသိရှိရသဖြင့် ၎င်းအား ဝေဘာဂီအထူးကုဆေးရုံကြီးတွင် (၂၆-၃-၂၀၂၀) ရက်နေ့မှ စ၍ အသွားအလာတားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခဲ့ပါသည်။ အဆိုပါလူနာထံမှ (၂၆-၃-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန် မြို့) သို့ပေးပို့စစ်ဆေးခဲ့ရာ (၂၇-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်သော ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။
၃။ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ အသက် (၆၀) နှစ်အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးတစ်ဦးသည် (၂၅-၃-၂၀၂၀) ရက်နေ့မှစတင်၍ ချောင်းဆိုးခြင်း၊ အန်ခြင်း လက္ခဏာ များဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့(၂၆-၃-၂၀၂၀)ရက်နေ့တွင် လာရောက်ပြသခဲ့ရာ ပြင်းထန် အဆုတ်ရောင်ရောဂါလက္ခဏာများတွေ့ရှိရသဖြင့် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြား ထားရှိပြီး အထူးကြပ်မတ်ကုသပေးလျက်ရှိပါသည်။ ၎င်းမှာ ပြည်ပနိုင်ငံများသို့ လွန်ခဲ့သော (၁၄) ရက်အတွင်း ခရီးသွားရာဇဝင်မရှိသော်လည်း ပြင်သစ်နိုင်ငံသား ခရီးသွားများနှင့်အတူ ဧည့်လမ်းညွှန်အဖြစ် ခရီးသွားခဲ့ကြောင်းသိရှိရပါသည်။ (၂၆-၃-၂၀၂၀) ရက်နေ့တွင် အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ရာ (၂၇-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။
၄။ နေပြည်တော်မှ အသက်(၅၈)နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးသည် (၁၇-၃-၂၀၂၀) ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှ ဘန်ကောက်မြို့မှတစ်ဆင့် (၁၈-၃-၂၀၂၀) ရက်နေ့တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပြီး ဟိုတယ်တစ်ခုတွင် သီးခြားနေထိုင်၍ Hotel Quarantine ဆောင်ရွက်စဉ် (၂၂-၃-၂၀၂၀) ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းသွားခြင်းလက္ခဏာများ ခံစားခဲ့ရသဖြင့် (၂၆-၃-၂၀၂၀) ရက်နေ့တွင် နေပြည်တော် ခုတင် (၁,၀၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ တက်ရောက် ဆေးကုသမှု ခံယူခဲ့ပါသည်။ အဆိုပါလူနာထံမှ (၂၆-၃-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူ၍ ပေးပို့ စစ်ဆေးခဲ့ရာ (၂၇-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်သောဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။ အဆိုပါလူနာသည် ဆွစ်ဇာလန်နိုင်ငံတွင် ရောက်ရှိစဉ် (၁၃-၃-၂၀၂၀) ရက်နေ့၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဖြစ်သော ၎င်း၏ ဖခင်နှင့် (၂) နာရီကြာ အနီးကပ် ထိတွေ့ခဲ့သည့်ရာဇဝင်ရှိကြောင်း သိရှိရပါသည်။
၅။ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာ (၃)ဦးအား သက်ဆိုင်ရာဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး လူနာများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။
၆။ ယခင်နေ့က ထုတ်ပြန်ခဲ့သော COVID-19 လူနာများထံမှ ဓာတ်ခွဲနမူနာများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်း ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေများ ကိုက်ညီမှုရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်း ဓာတ်ခွဲခန်းမှ အကြောင်းပြန်ကြားခဲ့ပါသည်။
၇။ ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာ သဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာတားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါ သည်။ ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။

Ref ; Ministry of Health and Sports, Myanmar

 #ထပ်တိုးလူနာတွေ့ရှိCOVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၅-၃-၂၀၂၀) ရက်နေ့၊ နံနက် (၀၁:၀၀)...
25/03/2020

#ထပ်တိုးလူနာတွေ့ရှိ

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၅-၃-၂၀၂၀) ရက်နေ့၊ နံနက် (၀၁:၀၀) နာရီ

၁။ အင်္ဂလန်နိုင်ငံမှ (၂၁-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘုမိလေဆိပ်မှတစ်ဆင့် လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား အသက် (၂၆) နှစ်အရွယ် အမျိုးသားသည် ကိုယ်ပူဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းရောဂါလက္ခဏာများဖြင့် (၂၃-၃-၂၀၂၀) ရက်နေ့၌ အင်းစိန်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင်ထားရှိ၍ (isolation) စောင့်ကြပ်ကုသမှု ခံယူခဲ့ပါသည်။
အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာအား (၂၄-၃-၂၀၂၀) ရက်နေ့တွင် ရယူခဲ့ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ခဲ့ရာ (၂၄-၃-၂၀၂၀) ရက်နေ့တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။ (ဇယား - ၁)

အဆိုပါလူနာအား အင်းစိန်ပြည်သူ့ဆေးရုံတွင် သီးခြားထားရှိ (isolation) ၍ စနစ်တကျစောင့်ကြပ်ကုသလျက်ရှိပြီး (၂၄-၃-၂၀၂၀) ရက်နေ့ညတွင် စစ်ဆေးချက်အရ ၎င်း၏ ကျန်းမာရေးအခြေအနေမှာ သက်သာလျက်ရှိပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအရ အဆိုပါ အမျိုးသားထံမှ ဓာတ်ခွဲနမူနာအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ဆက်လက်ပေးပို့၍ အတည်ပြုချက် ရယူသွားမည်ဖြစ်ပါသည်။

အဆိုပါ အမျိုးသားနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ပါသည်။

၂။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ ဇယား (၂) တွင် ပါဝင်သော စောင့်ကြည့်လူနာ (၂) ဦး ၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။ (ဇယား - ၂)

၃။ ထို့အပြင် ဝေဘာဂီအထူးကုဆေးရုံတွင် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ခံယူနေသူ (၁၂) ဦး၊ မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ခံယူနေသူ (၆၀) ဦး၊ တာမွေမြို့နယ်ရှိ AYA Bank သင်တန်းကျောင်းတွင် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ခံယူနေသူ (၃၇) ဦးနှင့် ညောင်ရွှေမြို့နယ်ပြည်သူ့ဆေးရုံ တွင် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ခံယူနေသူ (၁) ဦး တို့၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။

Credit - MOHS


 #နိုင်ငံတော်မှCovid19အားတွန်းလှန်ရန်သင့်အားအလိုရှိသည်။မြန်မာနိုင်ငံ ဆရာဝန်အသင်းရဲ့ Volunteer စာရင်း ပေးနိုင်တဲ့ Link ပါ...
24/03/2020

#နိုင်ငံတော်မှCovid19အားတွန်းလှန်ရန်သင့်အားအလိုရှိသည်။

မြန်မာနိုင်ငံ ဆရာဝန်အသင်းရဲ့ Volunteer စာရင်း ပေးနိုင်တဲ့ Link ပါ။

ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးပညာရှင်တွေသာမက သာမန်ပြည်သူတွေထဲကလဲ လုပ်ချင်တဲ့သူရှိရင် စာရင်းပေးလို့ရပါတယ်တဲ့။

စိတ်ပါဝင်စားပီး အတူတူ တိုက်ပွဲဝင်ချင်တယ်ဆို အောက်က Link မှာ Join ပေးကြပါ။
Credit - Zar Chi Thel

https://forms.office.com/Pages/ResponsePage.aspx?id=7LiczSHmKkeXmlSatbokcOHBikApoLpDtoLh78THJEhUQ0NESzVUMDNMMFc1OVdLWTRUQlhCVkc1QS4u&fbclid=IwAR2pJ8KE5wUZ76kP5kC9Vdd_pgnTVbWZytGyi3mo7fLloEC8JWDDO3LdzVI

ဒီနေ့အကြိုက်ဆုံးပုံCleanYangon Page မှ ကူးယူဖော်ပြသည်။
11/03/2020

ဒီနေ့အကြိုက်ဆုံးပုံ

CleanYangon Page မှ
ကူးယူဖော်ပြသည်။

ဇီးကုန်းမြို့နယ်တွင် နေအိမ်ပေါင်း ၂၀၀၀ နီးပါး ရေဝင်နစ်မြုပ်စက်တင်ဘာ ၂၊ ၂၀၁၉သြဂုတ်လ ၃၁ ရက်နှင့် စက်တင်ဘာလ ၁ ရက်နေ့တို့တွင...
03/09/2019

ဇီးကုန်းမြို့နယ်တွင် နေအိမ်ပေါင်း ၂၀၀၀ နီးပါး ရေဝင်နစ်မြုပ်

စက်တင်ဘာ ၂၊ ၂၀၁၉

သြဂုတ်လ ၃၁ ရက်နှင့် စက်တင်ဘာလ ၁ ရက်နေ့တို့တွင် ရွာသွန်းခဲ့
သော မိုးရေချိန်များကြောင့် ပဲခူးတိုင်းအနောက်ပိုင်း ဇီးကုန်းမြို့နယ်အတွင်းရှိ နေအိမ် ၂၀၀၀ နီးပါး ရေဝင်နစ်မြုပ်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါရက်များအတွင်း မိုးရေချိန် ၉ လက်မကျော်အထိရွာသွန်းခဲ့ကာ
မင်းဘူးချောင်းနှင့် ဘော်ဘင်ချောင်းရေများကျဆင်လာပြီး မြို့ပေါ်ရပ်
ကွက်အချို့နှင့် ကျေးရွားများရှိ လူနေအိမ်များအတွင်း ရေများဝင်ရောက် ခဲ့ခြင်းဖြစ်ကြောင်း အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာနရုံးမှတ်တမ်းများအရ သိရသည်။

ရေဝင်နစ်မြုပ်ခဲ့ရာတွင် ဇီးကုန်းမြို့ အမှတ် ၂ နှင့် ၃ ရပ်ကွက်များမှ နေ အိမ် ၉၂ လုံး၊ တောင်ပို့သာအုပ်စုတွင် ၂၁ လုံး၊ ချောင်းကမ်းအုပ်စု
တွင် ၁၉ လုံး၊ သရက်တစ်ပင်အုပ်စုတွင် ၂၁၆ လုံး၊ ကန္တလီအုပ်စုတွင်
၁၂၀ လုံးအပြင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် နေအိမ်ပေါင်း ၁၈၆၃ လုံးနှင့် စာသင်ကျောင်းပေါင်း ၁၇ ကျောင်းသို့ ရေများဝင်
ရောက်ခဲ့ခြင်း ဖြစ်သည်။

ယနေ့နံနက် ၉ နာရီခွဲကျော်အချိန်ထိ ရေအနည်းငယ်ပြန်ကျနေပြီဖြစ်
သော်လည်း နေအိမ်နှင့် ရပ်ကွက်ကျေးရွာလမ်းများတွင် ရေများတင်
ကျန်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

သတင်း - ကောင်းထက်/ဓာတ်ပုံ - Than Htike

#ရေကြီးနစ်မြုပ် #ပဲခူးတိုင်းဒေသကြီး #ဇီးကုန်း

Pakokku Helping Hands ညီအစ်ကိုမောင်နှမများမှ ပခုက္ကူမြို့တွင်းလေးရက်တာကောက်ခံရရှိသော အလှူငွေ ၆'၅၀၀'၀၀၀ ကျပ်ကို ရေးမြို့နယ်...
31/08/2019

Pakokku Helping Hands ညီအစ်ကိုမောင်နှမများမှ ပခုက္ကူမြို့တွင်းလေးရက်တာကောက်ခံရရှိသော အလှူငွေ ၆'၅၀၀'၀၀၀ ကျပ်ကို ရေးမြို့နယ်ရေချောင်းဖျားဒေသဖလန်းကျေးရွာ၊ ဂနိကျေးရွာ၊ မရမ်းချောင်းတံတားတဖက် နယ်ပြားကျေးရွာ တို့မှ ကျောင်းသူကျောင်းသား ပေါင်း ၆၈၀ ဦးကို တစ်ဦးလျင် ဗလာစာအုပ်တစ်ဒါဇင်နှင့်ကျောင်းသုံးပစ္စည်းကိရိယာများ (ကာလတန်ဖိုး ၈၀၀၀ကျပ်နှုန်းဖြင့်) ၅'၄၄၀'၀၀၀ကျပ် ဖိုးလှူတန်းခဲ့ပြီး ကျန်ငွေများ (၁၀၆၀၀၀၀ကျပ်)ကို ထိုကျေးရွာများတွင်လိုအပ်သော ကဏ္ဍများအသုံးပြုနိုင်ရန်အတွက်အနယ်နယ်အရပ်ရပ်မှ အလှူရှင်အဖွဲ့များဖြင့်ပူးပေါင်းကာ လှူတန်းခဲ့ပါသည်။ ထည့်ဝင်လှူတန်းကြပါသော ပခုက္ကူမြို့မှစေသနာရှင်များကို သဘာဝဘေးဒဏ်ခံစားရသောကျေးရွာများကိုယ်စား Pakokku Helping Hands မောင်နှမများမှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဆုမွန်ကောင်းပို့သအပ်ပါတယ်ခင်ဗျာ။

Pakokku Helping Hands ညီအစ်ကိုမောင်နှမများ

မွန်ပြည်နယ် သဘာဝဘေးဒဏ်ခံနေရသော ပြည်သူများအတွက် Pakokku Helping Hands အဖွဲ့သားများ ပခုက္ကူမြို့နယ် စည်ပင်ရုံးရှေ့မှာ အလှူခ...
15/08/2019

မွန်ပြည်နယ် သဘာဝဘေးဒဏ်ခံနေရသော ပြည်သူများအတွက် Pakokku Helping Hands အဖွဲ့သားများ ပခုက္ကူမြို့နယ် စည်ပင်ရုံးရှေ့မှာ အလှူခံနေပြီဖြစ်ပါတယ်ခင်ဗျာ .. မိဘပြည်သူများ သဒ္ဒါတရားနည်းများမဆို ကုသိုလ်ပါဝင်လှူတန်းကြပါလို့ မွန်ပြည်နယ်အတွက်အကျိုးမျှော်ပြီး နှိုးဆော်ပန်ကြားလိုက်ပါတယ်ခင်ဗျာ ..

ရွှေချောင်းကွေ့ အလှူခံနေပါတယ်ခင်ဗျ 🙏🙏🙏
15/08/2019

ရွှေချောင်းကွေ့ အလှူခံနေပါတယ်ခင်ဗျ 🙏🙏🙏

ယနေ့ 14.8.2019 နေ့အလှူခံရရှိငွေ စုစုပေါင်းမှာ 1,880,550 ကျပ်ဖြစ်ပါတယ်။သုံးရက် အလှူခံရရှိငွေစုစုပေါင်းမှာ  5,887,200 ကျပ်...
14/08/2019

ယနေ့ 14.8.2019 နေ့အလှူခံရရှိငွေ စုစုပေါင်းမှာ 1,880,550 ကျပ်ဖြစ်ပါတယ်။

သုံးရက် အလှူခံရရှိငွေစုစုပေါင်းမှာ 5,887,200 ကျပ် ဖြစ်ပါတယ်။

မွန်ပြည်နယ် သဘာဝဘေးဒဏ်ခံရသော ညီအစ်ကိုမောင်နှများအတွက် ဓမ္မအောင်စည်ကျောင်းမှ ကျောင်းသား ကျောင်းသူ ခလေးငယ်များမှ အလှူငွေ ၄၂၀...
14/08/2019

မွန်ပြည်နယ် သဘာဝဘေးဒဏ်ခံရသော ညီအစ်ကိုမောင်နှများအတွက် ဓမ္မအောင်စည်ကျောင်းမှ ကျောင်းသား ကျောင်းသူ ခလေးငယ်များမှ အလှူငွေ ၄၂၀၀၀ တိတိကို ထည့်ဝင်လှူတန်းခဲ့ကြပါတယ်။ နတ်လူသာဓုခေါ်စေသောဝ် ..

Address

Pakokkugyun

Website

Alerts

Be the first to know and let us send you an email when Pakokku Helping Hands posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share