Ayeyarwady Region Government

Ayeyarwady Region Government ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

02/09/2026

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၌ မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်‌ရေး ဆောင်ရွက်နေမှုများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

စက်တင်ဘာ ၂

02/09/2026

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေး‌ကျော် လေးမျက်နှာမြို့နယ်ရှိ ရေကြီးနစ်မြုပ်စိုက်ဧကများ ပြန်လည်စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ဆွေးနွေး

ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုးညွှန့်သည် ရေကြည်မြို့နယ်အတွင်းရေကျဆင်းမှုအခြေအနေများနှင့်  ရုံး ၊ စာသင်ကျောင်းမျာ...
02/09/2026

ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုးညွှန့်သည် ရေကြည်မြို့နယ်အတွင်းရေကျဆင်းမှုအခြေအနေများနှင့် ရုံး ၊ စာသင်ကျောင်းများဖွင့်လှစ်နိုင်ရန်သန့်ရှင်းရေးဆောင်‌ရွက်နေမှုအားကြည့်ရှုစစ်ဆေး

ရေကြည် စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်၊ ငဝန်တာ၏အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်ကာ ရေဖြတ်သန်းစီးဆင်း၍ တာတမံနိမ့်ကျမှုဖြစ် ပွားခဲ့ပြီးရပ်ကွက်၊‌ ကျေးရွာများသို့ ရေဝင်ရောက်ခြင်းများဖြစ်ပွားခဲ့သည့်အတွက် ရေကြည်မြို့နယ်အတွင်း ရေကျဆင်းမှုအခြေအနေများနှင့် ရုံး ၊ စာသင် ကျောင်းများဖွင့်လှစ်နိုင်ရေး သန့်ရှင်းရေးဆောင်‌ရွက်နေမှုအခြေအနေအား ယနေ့ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုးညွှန့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရေဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်(၂၄) ပြည်ပါဆန်အိတ်စုစုပေါင်း (၁၄၈၀) အိတ်အား စိမ်းလဲရေကြည်ခန်းမသို့ ရေကြည်မြို့နယ် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နိမ်နင်းရေးအဖွဲ့ဝင်များ ပူးပေါင်းကူညီဆောင်ရွက်နေမှုအားကြည့်ရှုခြင်း၊ ငါးသိုင်းချောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း ရေပြန်လည်ကျဆင်းမှုနှင့်ရုံးပြန်လည်ဖွင့်လှစ်နိုင်‌ရေးအတွက် ညွှန်ကြားဆောင်ရွက်ခြင်း၊ အ.လ.က ခွဲ ငါးသိုင်းချောင်းကျောင်းအတွင်း ရေပြန်လည်ကျဆင်းမှုနေမှုအခြေအနေများနှင့် ကျောင်းဖွင့်လှစ်နိုင်ရေး သန့်ရှင်းရေးဆောင်‌ရွက်နေမှုများအား လည်းကောင်း၊ ငါးသိုင်းချောင်းမြို့ ၊ စိန္တာမုဒိစေတီတော်မြတ်ကြီးအတွင်း (SML Bussiness Group Co.,ltd) မိသားစု ရန်ကုန်မှ ရေဘေးသင့်ပြည်သူများ ရေသန့်ရရှိစေရေးအတွက် ရေသန့်စက်များဖြင့် ရေသန့်ဆောင်ရွက်နေမှုများအားလည်းကောင်း၊ အ.ထ.က ငါးသိုင်းချောင်းကျောင်းဝန်းအတွင်း ရေပြန်လည်ကျဆင်း၍ ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ပရဟိတအဖွဲ့များ၊ မြို့ခံပြည်သူများ၊ ဆရာ/ဆရာမများမှ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအားလည်းကောင်း၊ ရွှေငဝန်ဆီဆိုင်ရှေ့တွင် လမ်းရေကျော်စီးဆင်းမှုကြောင့် ပျက်စီးခဲ့ရသော လမ်းပခုံးပြိုကျမှုအား ဆက်လက်နိမ့်ကျမှုမရှိစေရေး သစ်သားများဖြင့် ပိုင်ရိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များက အလှူငွေများလာရောက်လှူဒါန်းပုသိမ်      စက်တင်ဘာ      ...
02/09/2026

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များက အလှူငွေများလာရောက်လှူဒါန်း

ပုသိမ် စက်တင်ဘာ ၂

(၂-၉-၂၀၂၆)ရက်နေ့ ယ‌နေ့နံနက်ပိုင်းက ဟင်္သာတမြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ရိပ်သာတွင် တိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ရုံးဝန်ထမ်းမိသားစုများကိုယ်စား တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များကလည်းကောင်း၊ မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့်သစ်လုပ်ငန်းရှင်များအသင်းနှင့် ရွှေမိုးကုမ္ပဏီလီမိတက်တို့က လည်းကောင်း၊ အလှူငွေများကို လာရောက်လှူဒါန်းမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦး‌အေးကျော် လေးမျက်နှာမြို့နယ်ရှိ ငဝန်တာနိမ့်ကျမှုနှင့် ရေကျော်စီးဝင်မှုများကြောင့် ရေက...
02/09/2026

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦး‌အေးကျော် လေးမျက်နှာမြို့နယ်ရှိ ငဝန်တာနိမ့်ကျမှုနှင့် ရေကျော်စီးဝင်မှုများကြောင့် ရေကြီးနစ်မြုပ်စိုက်ဧကများ ပြန်လည်စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ဆွေးနွေး

ပုသိမ် စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာနိမ့်ကျမှုနှင့် ရေကျော် စီးဝင်မှုများကြောင့် သီးနှံများရေကြီးနစ်မှုများအပေါ် ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် ယနေ့ နေ့လယ်ပိုင်းက ဟင်္သာတမြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဧည့်ရိပ်သာ၌ မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) တို့မှ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများနှင့် တွေ့ဆုံဆွေးနွေးမှာကြားခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ငဝန်တာနိမ့်ကျခဲ့ပြီး ရေစီးဝင်လမ်းကြောင်းပိတ်ဆို့ကာကွယ် နိုင်ရေးလုပ်ငန်းများပြီးစီးရန် နီးကပ်လာပြီဖြစ်ပြီး ရေများပြန်လည်ကျဆင်းလာပြီဖြစ်သဖြင့် သီးနှံများ အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် လိုအပ်သော စက်ယန္တရားများ၊ မျိုးစေ့များနှင့် သွင်းအားစုများအား ကြိုတင်၍အသင့်စုဖွဲ့ထားရှိပြီးဖြစ်ပါကြောင်း၊ ရေပြန်လည်ကျဆင်းလာသည်နှင့် တစ်ပြိုင်နက် စပါးစိုက်ပျိုး၍ရသည့်နေရာများကို ဦးစားပေးထွန်ယက်စိုက်ပျိုးနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်အစရှိသည့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက်လည်း လိုအပ်သည်များကို ကြိုတင်စီမံဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း၊ ရေကြီး နစ်မြုပ်မှုများမှ ကွင်းအလိုက်ရေပြန်ပေါ်သည့် ဧရိယာ၊ ဧက၊ တောင်သူတစ်ဦးချင်း၏ ပျက်စီးခဲ့သည့် စိုက်ဧက၊ ပြန်လည်စိုက်ပျိုးမည့်သီးနှံ၊ မျိုးစေ့နှင့်သွင်းအားစုလိုအပ်ချက်၊ ထွန်ယက် စိုက်ပျိုးမည့် အခြေအနေ၊ စိုက်ပျိုးရေရရှိမှုအခြေအနေများနှင့်ပတ်သက်သည့် စာရင်းဇယားများ ကိန်းဂဏန်း အချက်အလက်များကို ကွင်းအလိုက် သက်ဆိုင်ရာဌာနများပါဝင်သည့်အဖွဲ့များစုဖွဲ့၍ မြန်မြန် ဆန်ဆန်မှန်မှန်ကန်ကန် ကွင်းဆင်းကောက်ယူကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ လိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းဆောင်ရွက် ပေးထားပြီးဖြစ်သဖြင့် ပြည်သူများအတွက်ထိရောက်မှုရှိပြီး လေလွင့်ဆုံးရှုံးမှုမရှိစေရေး တာဝန်ရှိသူများ အနေဖြင့် အနီးကပ်ကြီးကြပ်၍ တွန်းအားပေးကြပ်မတ် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း” ပြောကြားသည်။

ယင်းနောက် လေးမျက်နှာမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က လေးမျက်နှာမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုအခြေများ၊ ရေကြီးနစ်မြုပ်စိုက်ဧကများတွင် ပြန်လည်စိုက်ပျိုး နိုင်ရေးနှင့် မျိုးစေ့၊ သွင်းအားစုများနှင့် စက်သုံးဆီများ ပံ့ပိုးပေးနိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း၊ မြေစာရင်းဦးစီးဌာန တိုင်းဦးစီးမှူးက ရေကြီးနစ်မြုပ်စိုက်ဧကများအား စာရင်းများကောက်ယူ ဆောင်ရွက်နေမှုများကို လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက မျိုးစေ့များရရှိရေး ဆောင်ရွက်ထားရှိမှုနှင့် ပြန်လည်စိုက်ပျိုးဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာန တိုင်းဦးစီးမှူးက စက်ယန္တရားများအသင့်စုဖွဲ့ထားရှိမှု အခြေအနေများကို လည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) တိုင်းဦးစီးမှူးက စိုက်ပျိုးရေရရှိရေးအတွက် ရေတင်စက်များ၊ ဆိုလာရေတင်စနစ်များဖြင့် စိုက်ပျိုးရေရှိရေး ဆောင်ရွက်သွားမည့်အခြေအနေများနှင့် တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

02/09/2026

အင်္ဂပူမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့မှ ဆန်ရိက္ခာ၊ ပဲနှင့် ဆီများ ပံ့ပိုးပေးအပ်

02/09/2026

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့လှူဒါန်းသော ဆန်နှင့် ဆီများ ပြည်သူများလက်ဝယ်သို့ ထပ်ဆင့်ပေးအပ်

02/09/2026

ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှု တားဆီးကာကွယ်ရေး လုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက် ဆောင်ရွက်ပေးလျက်ရှိ

02/09/2026

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအား ဆန်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့၊ အမှတ် (၃)ရပ်ကွက် ရေဘေးသင့် ပြည်သူများကို ဆန်ရိက္ခာပစ္စည်းမျာ...
02/09/2026

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့၊ အမှတ် (၃)ရပ်ကွက် ရေဘေးသင့် ပြည်သူများကို ဆန်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်

ပုသိမ် စက်တင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့၊ အမှတ်(၃) ရပ်ကွက်သို့ သွားရောက်၍ ဒက္ခိဏာရုံတိုက်သစ်ကျောင်းတိုက် ဆရာတော်အား ဖူး‌မြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

Address

Pathein

Alerts

Be the first to know and let us send you an email when Ayeyarwady Region Government posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Ayeyarwady Region Government:

Shortcuts

Share