Ayeyarwaddy ECD, 2022

Ayeyarwaddy ECD, 2022 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ayeyarwaddy ECD, 2022, Government Organization, ပုသိမ်-ဝါးယားချောင်းလမ်း၊ ရွှေမြင်တင်ကျေးရွာအုပ်စု, Pathein.

(၂၇-၈-၂၀၂၆) ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် "အယ်လ်နီညိုရာသီဥတုဖြစ်စဥ်များအကြောင်း...
27/08/2026

(၂၇-၈-၂၀၂၆) ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် "အယ်လ်နီညိုရာသီဥတုဖြစ်စဥ်များအကြောင်း" ခေါင်းစဥ်ဖြင့်အသိပညာပေး လက်ကမ်းစာစောင်အား အများပြည်သူများ သိရှိစေရန် မျှဝေခြင်း ဖြစ်ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ      ဦးဇေယျာဖြိုး (ဒုတိယဦးစီးမှူး) သည် (၂၁.၈.၂၀၂၆)...
21/08/2026

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဇေယျာဖြိုး (ဒုတိယဦးစီးမှူး) သည် (၂၁.၈.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်ပန်းတ‌နော်မြို့နယ်၊ ကဇင်းငူကျေးရွာရှိ "မြင့်မြတ်" အရက်ချက်စက်ရုံတွင် ပုံမှန်ကွင်းဆင်းစစ်ဆေးခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဗဟုသုတများတိုးပွါးစေရန် ရည်ရွယ်၍ "မြစ်ချောင်းဂေဟစနစ်များအကြောင်း" ခေါင်းစဉ်ဖြင့် ၀န်ထမ်း စုစုပေါင်း(၂၀)ဦးအားအသိပညာပေးဟောပြောခြင်းနှင့် "မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်း" ခေါင်းစဉ်ဖြင့် အသိပညာ‌ပေးလက်ကမ်းစာ‌စောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဦး‌ဇင်ကိုကိုမင်း (ဒုတိယဦးစီးမှူး)သည်(၂၁.၈.၂၀၂၆) ရက်န...
21/08/2026

ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဦး‌ဇင်ကိုကိုမင်း (ဒုတိယဦးစီးမှူး)သည်(၂၁.၈.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ပြည်သူများ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ "အယ်လ်နီညိုဖြစ်စဉ်အကြောင်းသိကောင်းစရာ"ခေါင်းစဉ်ဖြင့် အသိပညာပေးစကားဝိုင်း (Talk Show)ကျင်းပ ပြုလုပ်ခဲ့ပါသည်။

19/08/2026

ဧရာဝတီတိုင်းဒေသကြီးအတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ (၁၃-၈-၂၀၂၆) ရက်နေ့မှ (၁၄-၈-၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ
သင်တန်း (Training of Trainer - TOT) သင်တန်းကျင်းပပြုလုပ်ခဲ့သည့် ဗီဒီယိုအား မျှဝေခြင်း

၁၇-၀၈-၂၀၂၆ ရက်နေ့၊ ညနေ (၃း၃၀) အချိန်တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒေါ်သဉ္ဇ...
17/08/2026

၁၇-၀၈-၂၀၂၆ ရက်နေ့၊ ညနေ (၃း၃၀) အချိန်တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒေါ်သဉ္ဇာဝင်းပြည့် (ဦးစီးအရာရှိ) က "​‌Biological Oxygen Demand (BOD) and Chemical Oxygen Demand (COD)" ​ခေါင်းစဥ်ဖြင့် BOD နှင့် COD ၏အဓိပ္ပါယ်၊ Dissolved Oxygen ၏ အရေးပါပုံ၊ Dissolved Oxygen နှင့် Microorganisms ၏ ဆက်စပ်ပုံ၊ BOD အား မြင့်မား‌လာစေသည့်အကြောင်းအရာများ၊ BOD နှင့် COD ဓာတ်ခွဲတိုင်းတာ ခြင်းနှင့် ရရှိသည့်အကျိုးကျေးဇူးများ၊ BOD နှင့် COD တို့ကြားခြားနားချက်စသည့်အကြောင်းအရာများကို ဌာနတွင်းရှိဝန်ထမ်း (၉)ဦးတို့အား အသိပညာမျှဝေခြင်းနှင့် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

(၁၇.၈.၂၀၂၆)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေ...
17/08/2026

(၁၇.၈.၂၀၂၆)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သဇင်ညွန့်သည် ညွှန်ကြားရေးမှူးရုံးတွင်" ပလတ်စတစ်အန္တရာယ်"ခေါင်းစဥ်ဖြင့် ဌာနတွင်းအသိပညာပေးခြင်း(Knowledge sharing) ဆောင်ရွက်ခဲ့ပါသည်။အဆိုပါ Knowledge sharing သို့ အရာထမ်း/ အမှုထမ်း (၁၁) ဦး တက်ရောက်ခဲ့ပါသည်။

(၁၇.၈.၂၀၂၆) ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး...
17/08/2026

(၁၇.၈.၂၀၂၆) ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများသည် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ပုသိမ်မြို့၊ ကမ်းနားစျေးရှိ အများပြည်သူ အမျိုးသား (၃၀) ဦး နှင့် အမျိုးသမီး (၄၀) ဦးတို့အား "ပလတ်စတစ်ညစ်ညမ်းမှု ထိန်းချုပ်ကာကွယ်ရေး" ခေါင်းစဥ်ဖြင့် အသိပညာပေး လက်ကမ်းစာစောင်နှင့် recycle bags (၇၀) ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါသည်။

(၁၄-၈-၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၄: ၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွ...
14/08/2026

(၁၄-၈-၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၄: ၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပုသိမ်ခရိုင်ရုံး၌ ( ၁၃-၈-၂၀၂၆) ရက်နေ့မှ (၁၄-၈-၂၀၂၆)ရက်နေ့အထိ ဖွင့်လှစ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသင်တန်း ( Training of Trainer -TOT ) သင်တန်းဆင်းပွဲအားကျင်းပပြုလုပ်ခဲ့ရာ ပတ်ဝန်းကျင်ထိန်းထိမ်းရေးဦးစီးဌာနမှ လ/ ထ ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ဝေမှ အမျိုးသားအဆင့်နှင့်တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်‌သော ကျောင်းဆု ဝင်ရောက်ယှဉ်ပြိုင်သည့် Primary Level - ၄ ကျောင်း၊ Secondary Level-၈ ကျောင်း နှင့် စဉ်ဆက်မပြတ်သန့်ရှင်း၍စိမ်းလန်းစိုပြည်‌‌သော‌ကျောင်းဆု ဝင်ရောက်ယှဉ်ပြိုင်သည့် Primary Level - ၃ ကျောင်း၊ Secondary Level- ၁ ကျောင်း၊ စုစုပေါင်း ကျောင်း (၁၆) ကျောင်းမှ ဆရာ/ဆရာမများအား ​သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်းနှင့် မိမိတို့၏ကျောင်းများ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများ ထပ်ဆင့်ပြန့်ပွားနိုင်စေရန် အခြေခံပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်ဆရာများလက်စွဲစာအုပ် Level (I,II,III,IV,V & Summary) ၊ ကမ္ဘာမြေထိန်းသိမ်းခြင်းရုပ်ပြကာတွန်းစာအုပ်များနှင့် လက်ကမ်းစာစောင် (၅)မျိုးဖြန့်ဝေ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန...
14/08/2026

ဧရာဝတီတိုင်းဒေသကြီးအတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပုသိမ်ခရိုင်ရုံး၌ ( ၁၃-၈-၂၀၂၆) ရက်နေ့မှ (၁၄-၈-၂၀၂၆)ရက်နေ့အထိ ဖွင့်လှစ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသင်တန်း ( Training of Trainer -TOT )အား ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ၁၄ - ၈- ၂၀၂၆ ရက်နေ့၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်စန္ဒာညွန့် ၊ ဦးစီးအရာရှိက "အစားအသောက်တွင်ထည့်သွင်းအသုံးပြုသည့် ဆိုးဆေးများနှင့် ဖော်မလင်အကြောင်းသိကောင်းစရာများ"ခေါင်းစဥ်ဖြင့်လည်းကောင်း ၊ စည်ပင်သာယာရေးအဖွဲ့မှ ဦးသန်းဝင်းဌေး၊ လက်ထောက်အင်ဂျင်နီယာက "သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများပေါ်ထွန်းလာစေရေးအတွက် အခြေခံသဘောတရားများနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း" ခေါင်းစဥ်ဖြင့်လည်းကောင်း သင်ကြားပို့ချခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒေါ်​ကြည်ကြည်ဝေ ၊ လ/ထ ညွှန်ကြားရေးမှူးက "ဆုရကျောင်းများ၏ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း အကောင်အထည်ဖော်ခြင်းဆိုင်ရာ Video မှတ်တမ်းများအား ပြသခြင်း၊ သင်တန်းသား /သူ များနှင့်အပြန်အလှန်ဆွေးနွေးခဲ့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန...
13/08/2026

ဧရာဝတီတိုင်းဒေသကြီးအတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပုသိမ်ခရိုင်ရုံး၌ ( ၁၃-၈-၂၀၂၆) ရက်နေ့မှ (၁၄-၈-၂၀၂၆)ရက်နေ့အထိ ဖွင့်လှစ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသင်တန်း ( Training of Trainer -TOT )အား ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ၁၃ - ၈- ၂၀၂၆ ရက်နေ့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လ/ ထညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ဝေမှ "အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများ၊ အခြေခံပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်လက်စွဲ (Level I, II,III,IV,V, Summary)" ခေါင်းစဥ်တို့ဖြင့်လည်းကောင်း၊ တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးလွင်မှ "သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ ပေါ်ထွန်းလာစေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တိုင်းကျန်းမာရေးဦးစီးဌာနမှ လ/ ထ ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်မှ "သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်း"
ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးသင်ကြားပို့ချခဲ့ပါသည်။

Address

ပုသိမ်-ဝါးယားချောင်းလမ်း၊ ရွှေမြင်တင်ကျေးရွာအုပ်စု
Pathein
10011

Telephone

+959799798741

Website

Alerts

Be the first to know and let us send you an email when Ayeyarwaddy ECD, 2022 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Ayeyarwaddy ECD, 2022:

Shortcuts

Share