သတင်းအထူးတပ်ဖွဲ့ - ပုသိမ်

  • Home
  • Myanmar
  • Pathein
  • သတင်းအထူးတပ်ဖွဲ့ - ပုသိမ်

သတင်းအထူးတပ်ဖွဲ့ - ပုသိမ် ပြည်သူနှင့်အတူ ရပ်တည်နေမည့် သတင်းအထူးတပ်ဖွဲ့ - ပုသိမ် Official Page (2)

အမှတ်(၃)ရပ်ကွက်တွင် အုပ်မှူးနှင့် ရာအိမ်မှူး ၊ဆယ်အိမ်မှူးတို့ ပူးပေါင်း၍ စစ်မှုထမ်းကြေး ငွေညှစ်ခြင်းနှင့် တရားမဝင် လောင်...
31/08/2026

အမှတ်(၃)ရပ်ကွက်တွင် အုပ်မှူးနှင့် ရာအိမ်မှူး ၊ဆယ်အိမ်မှူးတို့ ပူးပေါင်း၍ စစ်မှုထမ်းကြေး ငွေညှစ်ခြင်းနှင့် တရားမဝင် လောင်ကစားဝိုင်းများပြုလုပ်နေ

ဩဂုတ် ၃၁ ရက်၊၂၀၂၆

​ဧရာဝတီတိုင်း၊ပုသိမ်မြို့၊ အမှတ် (၃) ရပ်ကွက်၊ သရက်ပင်မောင်နှမဝင်းအတွင်း၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်ခေါင်းတို့က ပြည်သူများထံမှ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေသည့်အပြင် တရားမဝင် လောင်းကစားဖဲဝိုင်းများ ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

​အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး တင်လှိုင်သည် လူငယ်ရှိသည့် အိမ်ထောင်စုများထံမှ စစ်မှုထမ်းကြေးဟူ၍ တစ်အိမ်လျှင် ကျပ် ၂၀,၀၀၀ (နှစ်သောင်း) စီ မဖြစ်မနေ ကောက်ခံနေပြီး စစ်ဘေးရှောင် လာရောက်နေထိုင်သည့် အိမ်များကိုလည်း အကြောင်းအမျိုးမျိုးပြကာ ငွေကြေးအတင်းအဓမ္မ တောင်းခံလျက်ရှိသည်။

​ထို့ပြင် အမှတ် (၃) ရပ်ကွက်၊ တောရကျောင်းလမ်းအတွင်းရှိ ဆယ်အိမ်ခေါင်း မင်းမင်းထွဋ် (ခ) ဂေါင်းကြီး၏ နေအိမ်၌ နေ့စဉ် တရားမဝင် ဖဲဝိုင်းများ ဖွင့်လှစ်ထားပြီး တစ်ရက်လျှင် အကောက်ကြေး ကျပ် ၁ သိန်းမှ ၁ သိန်းခွဲအထိ ရရှိနေကြောင်း သိရသည်။

​၎င်းလောင်းကစားဝိုင်းများကြောင့် မိသားစုအဆင်မပြေမှုများ ဖြစ်ပေါ်ကာ အမျိုးသမီးများနှင့် ဒေသခံအချို့ ဘဝပျက်သည်အထိ ဒုက္ခရောက်နေကြရပြီး သက်ဆိုင်ရာက လာရောက်ဖမ်းဆီးခြင်းမရှိဘဲ လစ်လျူရှုထားကြောင်း ရပ်ကွက်နေပြည်သူများက ပြောကြားသည်။

အမှတ် (၃) ရပ်ကွက်တွင် ရာအိမ်မှူး တင်တင်ခိုင် အပါအဝင် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်အချို့က ရပ်ကွက်အတွင်း လာရောက်တည်းခိုသည့် အခြားဒေသမှ ပြည်သူများထံမှ ဧည့်စာရင်းတိုင်ကြားရာ၌ ငွေကြေး မတရားတောင်းခံမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

​ရာအိမ်မှူး တင်တင်ခိုင် သည့် ရပ်ကွက်အတွင်း အခြားအရပ်ဒေသမှ လာရောက်တည်းခိုသူများထံမှ ဧည့်စာရင်းတစ်ကြိမ် တိုင်ကြားလျှင် ငွေကျပ် ၅,၀၀၀ မှ ၁၀,၀၀၀ အထိ ပုံမှန်တောင်းခံလျက်ရှိကြောင်း သိရသည်။

​ထို့ပြင် ဧည့်စာရင်း မတိုင်မိသည့် ပြည်သူများကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူကာ "တရားရုံးသို့ တရားစွဲဆို အမှုဖွင့်လှစ်ပါက ကျပ် ၁၃၀,၀၀၀ (တစ်သိန်းသုံးသောင်း) မက ပေးဆောင်ရမည်" ဟု ခြိမ်းခြောက်ပြောဆိုပြီး ရပ်ကွက်ရုံးတွင်ပင် ဒဏ်ငွေအဖြစ် လက်မှတ်ထိုးခိုင်းကာ ငွေကျပ် ၁၀ဝ,၀ဝ၀ (တစ်သိန်း) အထိ ပေးဆောင်ခိုင်းနေကြောင်း ဒေသခံများက ပြောဆိုသည်။

​အဆိုပါ မတရားတောင်းခံရရှိသည့် ငွေကြေးများကို မည်သို့ခွဲဝေကြောင်း အုပ်ချုပ်ရေးမှူးတင်လှိုင်က ပြောဆိုရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) အတွက် ကျပ် ၅၀,၀၀၀၊ ရုံးစာရေးအတွက် ကျပ် ၁၀,၀၀၀ နှင့် အုပ်ချုပ်ရေးမှူးကိုယ်တိုင် ကျပ် ၄၀,၀၀၀ ခွဲဝေယူကြကြောင်း ပြောဆိုကာ ငွေတောင်းခံခဲ့ခြင်း ဖြစ်သည်။

​စစ်ကောင်စီက ၂၀၂၁ ခုနှစ်တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် "ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ "အရ ဧည့်စာရင်း တိုင်ကြားခြင်း မပြုပါက ပုဒ်မ ၁၇(ဃ)ဧည့်စာရင်း တိုင်ကြားရန် ပျက်ကွက်ပါက သက်ဆိုင်ရာ ပြစ်ဒဏ် သတ်မှတ်ချက်များအရ ပြစ်ဒဏ်ကျခံရမည် ဖြစ်သည်။

ပုဒ်မ၂၇ ဧည့်စာရင်းမတိုင်မိပါက ငွေဒဏ် ၁၀၀၀၀ကျပ် သို့မဟုတ် ထောင်ဒဏ် (၇)ရက် အထိသာ သတ်မှတ်ထားခြင်း ဖြစ်သည်။ ​သို့သော်လည်း အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့သည် ဥပဒေပါ သတ်မှတ်ချက်များထက် အဆပေါင်းများစွာ ပိုမိုကာ တရားမဝင် ဒဏ်ငွေအမည်တပ်၍ ကျပ်တစ်သိန်းအထိ မတရားကောက်ခံနေသည့်အတွက် လာရောက်တည်းခိုသူများနှင့် ရပ်ကွက်နေ ပြည်သူများမှာ ငွေကြေး အခက်အခဲနှင့် စိုးရိမ်ထိတ်လန့်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။

🌸ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံ‌သော ဩဂုတ် ၃၁ရက်၊၂၀၂၆  တနင်္လာနေ့  နေ့ထူးနေ့မြတ်ဖြစ်ပါစေ 🌸📅  တစ်နေ့တာ အချိန်များကို ...
30/08/2026

🌸ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံ‌သော ဩဂုတ် ၃၁ရက်၊၂၀၂၆ တနင်္လာနေ့ နေ့ထူးနေ့မြတ်ဖြစ်ပါစေ 🌸

📅 တစ်နေ့တာ အချိန်များကို ပြည်သူများ ကိုယ်စိတ်နှလုံး သုံးပါးချမ်းမြေ့ကာ စိတ္တသုခ ကာယသုခ နှစ်ဖြာသုခနှင့်ပြည့်စုံကြပါစေကြောင်း မေတ္တာဖြင့် ဆုတောင်းပတ္ထနာပြုအပ်ပါသည်။

💐 ပြည်သူအားလုံး ဘေးရန်ခပ်သိမ်း ကင်းကွာ၍ အာဏာရှင်စနစ်ဆိုး၏လက်အောက်မှ အမြန်ဆုံးလွတ်မြောက်ကာ ခေတ်မီ၍စည်းကမ်းပြည့်ဝသော ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် အမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ PSTF သတင်းအထူးတပ်ဖွဲ့ -ပုသိမ်မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် 🙏🙏🙏

# သတင်းအထူးတပ်ဖွဲ့-ပုသိမ်

ကျိုတ်လတ်မြို့နယ် ရုံးဒေါင့် အထက ကျောင်း၌ အိမ်သာ မလုံလောက်မှုနှင့် သန့်ရှင်းမှုမရှိခြင်းကြောင့် ကျောင်းသူ/သားများ ကျန်းမ...
29/08/2026

ကျိုတ်လတ်မြို့နယ် ရုံးဒေါင့် အထက ကျောင်း၌ အိမ်သာ မလုံလောက်မှုနှင့် သန့်ရှင်းမှုမရှိခြင်းကြောင့် ကျောင်းသူ/သားများ ကျန်းမာရေးအတွက် စိုးရိမ်နေရ

ဩဂုတ်၂၉ရက် ၊ ၂၀၂၆

​ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ရုံးဒေါင့်တိုက်နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က - ရုံးဒေါင့်) တွင် Grade-12 အထိ ပညာသင်ကြားပေးလျက်ရှိသော်လည်း ကျောင်းအတွင်း သန့်ရှင်းရေးအားနည်းခြင်းနှင့် မိလ္လာစနစ် ချို့ယွင်းနေခြင်းတို့ကြောင့် ကျောင်းသူ/ကျောင်းသားများ ကျန်းမာရေးနှင့် သွားလာရေးအတွက် ကြီးမားသော အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

​အဆိုပါကျောင်းတွင် ကျောင်းသူ/ကျောင်းသား ဦးရေ များပြားသော်လည်း သုံးစွဲရန် အိမ်သာအလုံအလောက် မရှိသည့်အတွက် ကျောင်းသားများအနေဖြင့် အဆင်ပြေသည့်နေရာများတွင် အပေါ့စွန့်နေကြရပြီး ကျောင်းသူများအတွက် ပိုမိုအခက်တွေ့နေကြရသည်။

​ထို့အပြင် လက်ရှိရှိနေသော အိမ်သာများနှင့် မိလ္လာကန်များမှာလည်း ပြည့်လျှံနေပြီး ပုံမှန်ရှင်းလင်း ထိန်းသိမ်းမှု မရှိသည့်အတွက် အနံ့ဆိုးများ ထွက်ပေါ်နေကာ ဝမ်းပျက်ဝမ်းလျှောနှင့် အခြားကူးစက်ရောဂါများ ကူးစက်ဖြစ်ပွားလာမည်ကို ကျောင်းသားမိဘများက စိုးရိမ်လျက်ရှိကြသည်။

​"ကျောင်းအုပ်ဆရာမကြီး ဒေါ်မြဝင်း နဲ့ ကျောင်းသားမိဘဆရာအသင်း (PTA) တာဝန်ရှိသူတွေဘက်က ကျောင်းရဲ့ သန့်ရှင်းရေးနဲ့ မိလ္လာကိစ္စတွေကို စနစ်တကျ မကိုင်တွယ်နိုင်တာကြောင့် ကလေးတွေ တကယ် ဒုက္ခရောက်နေကြရပါတယ်။ မိလ္လာကန်တွေ ပြည့်နေတာကြောင့် ထွက်လာတဲ့ အနံ့အသက်တွေက ကလေးတွေရဲ့ ကျန်းမာရေးကို တကယ်ပဲ ခြိမ်းခြောက်နေပါတယ်" ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

​သို့ဖြစ်ပါ၍ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးနှင့် တာဝန်ရှိသူများအနေဖြင့် အဆိုပါ ရုံးဒေါင့် အ.ထ.က ကျောင်း၏ မိလ္လာကိစ္စများနှင့် သန့်ရှင်းရေးအခြေအနေများကို ကွင်းဆင်းစစ်ဆေးကာ ကျောင်းသူ/ကျောင်းသားများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သော အိမ်သာများနှင့် သန့်ရှင်းရေးလုပ်ငန်းများကို အမြန်ဆုံး တည်ဆောက်/ပြုပြင်ပေးစေလိုကြောင်း ကျောင်းသားမိဘများက တောင်းဆိုထားကြသည်။

နယ်ထိန်းခေါင်းဆောင်နှင့်အဖွဲ့  တာဝန်ကို အလွဲသုံးစားပြု၍ ငွေညှစ်မှုများနှင့် တရားမဝင်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေဩဂုတ်၂...
29/08/2026

နယ်ထိန်းခေါင်းဆောင်နှင့်အဖွဲ့ တာဝန်ကို အလွဲသုံးစားပြု၍ ငွေညှစ်မှုများနှင့် တရားမဝင်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေ

ဩဂုတ်၂၉ ရက်၊၂၀၂၆

​ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊ ရေကြည်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ရန်အောင်ဖြိုး အပါအဝင် နယ်ထိန်း လင်းနိုင်၊ ရန်နိုင်စိုးနှင့် အောင်စည်သူတို့အဖွဲ့သည် မြို့ပေါ်ရပ်ကွက်များအတွင်း တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ လာဘ်ပေးလာဘ်ယူမှုများ၊ ခြိမ်းခြောက်ငွေညှစ်မှုများနှင့် တရားမဝင်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။

​အဆိုပါ နယ်ထိန်းအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူ လူငယ်များကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်ခြင်း၊ ပြုပြင်ဆုံးမခြင်းများ မပြုလုပ်ဘဲ ထောင်ကျမည်ဟု ခြိမ်းခြောက်ကာ ငွေကျပ် သိန်း ၁၀၀ ကျော် တောင်းယူခဲ့ကြောင်း သိရသည်။ မိဘများမှာ သားသမီးများ ထောင်ကျမည်ကို စိုးရိမ်သဖြင့် ငြိမ်ခံနေခဲ့ကြရသော်လည်း မြို့ခံအချို့က မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့ထံ တိုင်ကြားခဲ့ကြသည်။ သို့သော်လည်း နယ်ထိန်းအဖွဲ့က အထက်လူကြီးများကို ငွေကြေး သွားရောက်လာဘ်ထိုး ကန်တော့ခဲ့သဖြင့် ယနေ့အထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ကာကွယ်ပေးထားကြောင်း မြို့ခံများက ပြောဆိုသည်။

​ထို့အပြင် ရေကြည်မြို့နယ်အတွင်း နှစ်ပေါင်းများစွာ အမြစ်တွဲနေသည့် လောင်းကစားဒိုင်ကြီးများ၊ သစ်မှောင်ခိုနှင့် ကျွဲနွားမှောင်ခိုလုပ်ငန်းများကို ဖမ်းဆီးခြင်းမရှိဘဲ လက်သိပ်ထိုး ပူးပေါင်းဆောင်ရွက်နေကြသည်။ လောင်းကစားပွဲများတွင် ကော်မရှင်စား ရောင်းချရသည့် ငွေကြေးချို့တဲ့သူ အောက်ခြေသမားများကိုသာ ရွေးချယ်ဖမ်းဆီးပြပြီး ချဲဒိုင်ကြီးများကိုမူ ရဲတပ်ဖွဲ့နေ့ကဲ့သို့ ပွဲလမ်းသဘင်များတွင်ပင် ဖိတ်ခေါ်ကျွေးမွေးဧည့်ခံလေ့ရှိကြောင်း သိရသည်။

​မြို့တွင်း၌ ဆိုင်ကယ်ခိုးမှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍လည်း နယ်ထိန်းအဖွဲ့သည် ဆိုင်ကယ်ဝယ်ရောင်းလုပ်သူများနှင့် ပူးပေါင်းကာ ပါဝင်ပတ်သက်နေသည်ဟု သင်္ကာမကင်းဖြစ်ဖွယ် တွေ့ရသည်။ ပျောက်ဆုံးဆိုင်ကယ်များအား တိုင်ကြားသော်လည်း စုံစမ်းစစ်ဆေးပေးခြင်း မရှိဘဲ အခြားမြို့နယ်များမှ ရဲတပ်ဖွဲ့က သူခိုးမိ၍ အကြောင်းကြားမှသာ အချို့ဆိုင်ကယ်များ ပြန်လည်ရရှိကြသည်။

​ရေကြည်မြို့မရဲစခန်းမှ နယ်ထိန်းများသည် မြို့နယ်အတွင်း အေးချမ်းသာယာရေးနှင့် လုံခြုံရေးအတွက် ဆောင်ရွက်ပေးခြင်းမရှိဘဲ မယားငယ်ထားခြင်း၊ KTV သွားခြင်းနှင့် စလော့ကစားခြင်းများဖြင့်သာ အချိန်ဖြုန်းနေကြရာ မြို့နေပြည်သူအများစုမှာ မိမိတို့အပိုင် နယ်ထိန်းမှာ မည်သူမည်ဝါဖြစ်သည်ကိုပင် မသိရှိကြရပေ။ ယင်းသို့ ဒေသတွင်း တာဝန်မဲ့မှုများနှင့် တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေသည့် နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့၏ လုပ်ရပ်များကို ပြည်သူများက မလိုလားကြကြောင်းသိရသည်။

# (သတင်းပေးရန် Link)
# https://t.me/newsspecialforces (telegram channel)
# https://www.facebook.com/share/1EquCQBcXf/ (Page (2) Link )
# https://www.facebook.com/share/18ivceo2AR/ (Page Link)
# https://www.youtube.com/ (YouTube Link)
# https://www.tiktok.com/?_r=1&_t=ZS-9666MqAgw7h
(TikTok link)

အောက်ထုံကျေးရွာအုပ်စု၌ စစ်မှုထမ်းကြေး ခေါင်းစဉ်ဖြင့် တစ်အိမ်လျှင် ငွေကျပ်(၂၀၀၀၀)စီ ဆက်တိုက်ကောက်ခံနေပြီး စာရင်းရှင်းလင်း...
29/08/2026

အောက်ထုံကျေးရွာအုပ်စု၌ စစ်မှုထမ်းကြေး ခေါင်းစဉ်ဖြင့် တစ်အိမ်လျှင် ငွေကျပ်(၂၀၀၀၀)စီ ဆက်တိုက်ကောက်ခံနေပြီး စာရင်းရှင်းလင်းခြင်းမရှိဖြစ်နေ

ဩဂုတ်၂၉ရက်၊၂၀၂၆

​ဧရာဝတီတိုင်း၊မအူပင်မြို့နယ်၊ အောက်ထုံကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူး အေးလှိုင်နှင့် အဖွဲ့သည် စစ်မှုထမ်းအပတ်စဉ် (၁) မှ လက်ရှိ အပတ်စဉ် (၂၈) အထိ ကျေးရွာအုပ်စုအတွင်းရှိ အိမ်ခြေ (၁,၆၀၄) လုံးထံမှ တစ်အိမ်လျှင် ငွေကျပ် (၂၀,၀၀၀) စီ ပုံမှန်ကောက်ခံနေပြီး ယခုအချိန်ထိ စာရင်းဇယား ရှင်းလင်းပေးခြင်း မရှိကြောင်း ဒေသခံများထံမှ သိရသည်။

​ပြည်သူများက စစ်မှုထမ်းငွေကြေး ရှင်းလင်းပေးရန် တောင်းဆိုသည့်အခါတွင်လည်း အုပ်ချုပ်ရေးမှူး အေးလှိုင်က စာရင်းမရှင်းဘဲ "မဲစနစ်ဖြင့်သာ မဲနှိုက်ခေါ်ယူမည်" ဟုဆိုကာ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်လျက်ရှိသည်။

​၎င်းအပြင် စစ်မှုထမ်းရန် လိုက်ပါသွားသည့် လူငယ်များကိုလည်း ပြည်သူများထံမှ ကောက်ခံထားသည့် ငွေကြေးများထဲမှ သိန်း (၅၀) မှ (၇၀) ခန့်သာ ပေးအပ်ပြီး ကျန်ငွေများကို ယနေ့အချိန်အထိ မပေးဘဲ ကြွေးကျန်ထားရှိကြောင်း သိရသည်။ ထို့ပြင် မိမိကျေးရွာအုပ်စုအတွင်းမှ စစ်မှုထမ်းမည့် လူငယ်များကို အခြားကျေးရွာများသို့ တစ်ဦးလျှင် ငွေကျပ် သိန်း (၁၃၅) သိန်းဖြင့် ရောင်းစားမှုများပင် ပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

​စစ်မှုထမ်းကြေး ကိစ္စများအပြင် အုပ်ချုပ်ရေးမှူး အေးလှိုင်သည် အသစ်ထွက်ပေါ်လာသည့် မြေနုကျွန်းနေရာများအနက် (၅) ဧကအား အပိုင်သိမ်းပိုက်ထားသည့်အပြင် ကျေးရွာအတွင်း အတိုးပေးစားသည့် တရားမဝင် စီးပွားရေးလုပ်ငန်းများကိုပါ လုပ်ကိုင်လျက်ရှိသည်။

​အဆိုပါ လုပ်ရပ်များတွင် အုပ်ချုပ်ရေးမှူး အေးလှိုင်၊ အုပ်ချုပ်ရေးအဖွဲ့ဝင် အုပ်မှူးအသစ် မြင့်နိုင်၊ ရာအိမ်မှူး ဌေးမြင့်၊ ဖိုးဆိက်နှင့် ကိုဝင်းစိုးတို့ ပါဝင်သည့် အဖွဲ့မှ ပူးပေါင်းကာ ပြည်သူများအပေါ် အမျိုးမျိုး ဒုက္ခရောက်အောင် မတရားပြုလုပ်နေကြကြောင်း "အုပ်မှူးအသစ်မြင့်နိုင်ကလည်း ယခင်က အုပ်မှူးအေးလှိုင်တို့နဲ့တစ်ဖွဲ့ထဲပါ ဒါကြောင့်ယခုပိုဆိုးလာပါတယ်ဗျာ "ဟု ဒေသခံများက ပြောကြားသည်။

# (သတင်းပေးရန် Link)
# https://t.me/newsspecialforces (telegram channel)
# https://www.facebook.com/share/1EquCQBcXf/ (Page (2) Link )
# https://www.facebook.com/share/18ivceo2AR/ (Page Link)
# https://www.youtube.com/ (YouTube Link)
# https://www.tiktok.com/?_r=1&_t=ZS-9666MqAgw7h
(TikTok link)

🌸ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံ‌သော ဩဂုတ် ၂၉ရက်၊၂၀၂၆  စနေနေ့  နေ့ထူးနေ့မြတ်ဖြစ်ပါစေ 🌸📅  တစ်နေ့တာ အချိန်များကို ပြည်...
29/08/2026

🌸ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံ‌သော ဩဂုတ် ၂၉ရက်၊၂၀၂၆ စနေနေ့ နေ့ထူးနေ့မြတ်ဖြစ်ပါစေ 🌸

📅 တစ်နေ့တာ အချိန်များကို ပြည်သူများ ကိုယ်စိတ်နှလုံး သုံးပါးချမ်းမြေ့ကာ စိတ္တသုခ ကာယသုခ နှစ်ဖြာသုခနှင့်ပြည့်စုံကြပါစေကြောင်း မေတ္တာဖြင့် ဆုတောင်းပတ္ထနာပြုအပ်ပါသည်။

💐 ပြည်သူအားလုံး ဘေးရန်ခပ်သိမ်း ကင်းကွာ၍ အာဏာရှင်စနစ်ဆိုး၏လက်အောက်မှ အမြန်ဆုံးလွတ်မြောက်ကာ ခေတ်မီ၍စည်းကမ်းပြည့်ဝသော ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် အမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ PSTF သတင်းအထူးတပ်ဖွဲ့ -ပုသိမ်မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် 🙏🙏🙏

# သတင်းအထူးတပ်ဖွဲ့-ပုသိမ်

ဧရာဝတီတိုင်းတွင် အေးကျော်၏ ကိုယ်ကျိုးစီးပွားရှာမှုနှင့် စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ဒေသခံများ ဒုက္ခရောက်နေ​သြဂုတ်၂...
28/08/2026

ဧရာဝတီတိုင်းတွင် အေးကျော်၏ ကိုယ်ကျိုးစီးပွားရှာမှုနှင့် စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ဒေသခံများ ဒုက္ခရောက်နေ

​သြဂုတ်၂၈ရက်၊၂၀၂၆

​ဧရာဝတီတိုင်း၊ ရွေးတုအစိုးရခန့် ဝန်ကြီးချုပ် အေးကျော်သည် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးထက် မိမိကိုယ်ပိုင် မသမာသောနည်းလမ်းဖြင့် ရယူထားသည့် မြေယာများ ပိုင်ဆိုင်မှု ခိုင်မာရေးကိုသာ ဦးစားပေး ဆောင်ရွက်နေသည့်အတွက် လေးမျက်နှာ ငဝန်မြစ်တာကျိုးပေါက်မှု အပါအဝင် တိုင်းအတွင်း သဘာဝဘေးအန္တရာယ်နှင့် စီမံခန့်ခွဲမှု ပျက်ယွင်းမှုများ ဆိုးရွားစွာ ကြုံတွေ့နေရကြောင်း ဒေသခံများနှင့် အုပ်ချုပ်ရေး အသိုင်းအဝိုင်းထံမှ သိရသည်။

​ဝန်ကြီးချုပ် အေးကျော်သည် ၂၀၁၁ ခုနှစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက် တိုင်းဝန်ကြီးချုပ်သိန်းအောင်၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူစဉ်ကတည်းက ပုသိမ်၊ ငွေဆောင်၊ ချောင်းသာ၊ ငရုတ်ကောင်း၊ ဂေါ်ယံဂျီနှင့် မီးလောင်ချိုင် စသည့် ပင်လယ်ကမ်းခြေနှင့် မြို့နယ်များ၌ လယ်ယာမြေ၊ ရွာမြေနှင့် မြေလွတ်မြေရိုင်များကို မသမာသောနည်းမျိုးစုံဖြင့် ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။

၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်တွင် တိုင်းဝန်ကြီးချုပ် ဖြစ်လာပြီးနောက် ရက် (၁၀၀) စီမံကိန်း အကြောင်းပြကာ ပုသိမ်မြို့အထွက် အပင် (၂၀) ကျေးရွာရှိ ၎င်း၏ သားဖြစ်သူ နာမည်ဖြင့် ရယူထားသော မြေများအပါအဝင် မသမာသော မြေများကို ဂရန်များနှင့် အခြားနည်းသုံးစွဲခွင့်များ ထုတ်ပေးလျက်ရှိသည်။

မီးလောင်ချိုင်၊ ငရုတ်ကောင်းနှင့် ငွေဆောင် စသည့် ကမ်းခြေမြေများ ဈေးကွက်တန်ဖိုး တက်လာစေရန် စီမံကိန်းအကြောင်းပြ၍ လုပ်ငန်းရှင်များနှင့် အစည်းအဝေးများ မကြာခဏ ပြုလုပ်ကာ သတင်းထုတ်ပြန်မှုများ ဖန်တီးနေသည်။ ၎င်း၏ သားနှင့် အပေါင်းအပါများက ဈေးနည်းသော အရက်လိုင်စင် အနိမ့်များကို ဝယ်ယူပြီး အဆင့်မြင့် လိုင်စင်များအဖြစ် အကျိုးအမြတ်အတွက် အဓိက ပြောင်းလဲပေးလျက်ရှိသည်။

​ယခင် ဝန်ကြီးချုပ် တင်မောင်ဝင်း လက်ထက်ကကဲ့သို့ ဌာနဆိုင်ရာများအပေါ် ကြပ်မတ်မှု မရှိဘဲ ဝန်ကြီးချုပ်ကိုယ်တိုင် ကိုယ်ကျိုးစီးပွား ရှာဖွေနေသည့်အတွက် ဌာနဆိုင်ရာ ဝန်ထမ်းများသည်လည်း ပြည်သူ့ဝန်ဆောင်မှုထက် ပြင်ပ အကျိုးစီးပွားရှာရေးကိုသာ လုပ်ဆောင်နေကြသည်။

မကြာသေးမီက လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်တာ ကျိုးပေါက်မှုသည် သဘာဝဘေးအန္တရာယ် သာမက စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ဖြစ်သည်။ သဘာဝအရ မြစ်ရေကြီးမှု ဖြစ်ပေါ်ချိန်တွင် ရေပေါက်ခြင်း၊ နှုန်းပြိုခြင်း စသည့် သတိပေးချက်များ ပေါ်ထွက်နေပြီး ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက်များကို အစိုးရအဖွဲ့မှ အာရုံမစိုက်ခဲ့ကြောင်း သိရသည်။

လေးမျက်နှာ တာကျိုးပေါက်မှုကြောင့် ရေများသည် မြို့နယ်(၇)မြို့နယ်ထက်မနည်း ကူးစက် ရောက်ရှိနေသည့်အပြင် လက်ရှိတွင် ညောင်တုန်းတာ အခြေအနေမှာလည်း စိုးရိမ်ရသည့် အနေအထားသို့ ရောက်ရှိနေသည်။
​စနစ်ကျသည့် ရေဘေးကာကွယ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုများကို အလေးမထားဘဲ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ညံ့ဖျင်းမှုကြောင့် ဧရာဝတီတိုင်းအတွင်းရှိ ပြည်သူများမှာ ရေဘေးအန္တရာယ်နှင့် လူမှုစီးပွားရေး ဒုက္ခများကို အလူးအလဲ ခံစားနေကြရကြောင်း သိရသည်။

နတခအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များ၌ တပ်တွင်းစိုးရိမ်ထိတ်လန့် မှုများ မြင့်တက် ၊ စစ်ဆေးဖိနှိပ်မှုများ ဆက်တိုက်လုပ်နေဩဂုတ်၂၈ရ...
28/08/2026

နတခအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များ၌ တပ်တွင်းစိုးရိမ်ထိတ်လန့် မှုများ မြင့်တက် ၊ စစ်ဆေးဖိနှိပ်မှုများ ဆက်တိုက်လုပ်နေ

ဩဂုတ်၂၈ရက်၊၂၀၂၆

​ဧရာဝတီတိုင်း၊ပုသိမ်မြို့၊အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) လက်အောက်ခံ တပ်ရင်း/တပ်ဖွဲ့များတွင် လက်ရှိစစ်ရေးအခြေအနေများနှင့် လုံခြုံရေးအရ တပ်တွင်းစိုးရိမ်ထိတ်လန့်မှုများ အလွန်အမင်း မြင့်တက်နေကြောင်း သိရသည်။

တိုက်စည်း (၇) ကျောင်းအုပ်ကြီးဇော်ဟိန်းနေရာအား အခြားဗိုလ်မှူးအဆင့်ရှိ ဗိုလ်မှူး စန်းမျိုးလတ်ကို အစားထိုးကာ ဇော်ဟိန်းအား ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်နေ့တွင် အရေးပေါ်နေရာပြောင်းရွှေ့ စေလွှတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ဗိုလ်မှူးကြီး ဇော်ဟိန်းသည် ရောက်ရှိခဲ့သည့် တပ်တိုင်းတွင် နာမည်ပျက်ဖြင့် ပြောင်းရွှေ့ခဲ့ရသူဖြစ်ပြီး လက်အောက်ခံအရာရှိများ၏ မကျေနပ်မှုနှင့် တပ်တွင်း ဖရိုဖရဲစစ်ဆေးခံရမှုများဖြစ်ပွားပြီးနောက် ခုကဲ့သို့ ရာထူးနေရာ အပြောင်းအလဲများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

နတခ စစ်တိုင်းမှူး၊ တပ်ရင်းမှူးများနှင့် ကျောင်းအုပ်ကြီးများသည် ခရီးစဉ်များနှင့် လှုပ်ရှားမှုများကို လျှို့ဝှက်စနစ်ဖြင့်သာ သွားလာနေကြရပြီး သတင်းပေါက်ကြားမည်ကို စိုးရိမ်လျက်ရှိသည်။ တပ်တွင်းသတင်းများနှင့် အရာရှိကြီးများ၏ အချက်အလက်များ ပြင်ပသို့ ပေါက်ကြားပါက တပ်ဖွဲ့ဝင်များသာမက လိုင်းခန်းများရှိ အိမ်ထောင်သည် မိသားစုဝင်များ၏ ဖုန်းများကိုပါမကျန် အသေးစိတ် သိမ်းဆည်းစစ်ဆေးသည့် မူများကို ကျင့်သုံးနေသည်။

တိုက်စည်း (၇) လက်အောက်ခံ တပ်သားတစ်ဦးသည် အစည်းအဝေးတစ်ခုအတွင်း ဗိုလ်မှူးကြီးအဆင့်ရှိ အရာရှိတစ်ဦး၏ အမည်အား စာရွက်ပေါ်တွင် မှတ်တမ်းတင်မိခြင်းနှင့် ဓာတ်ပုံရိုက်မိခြင်းတို့ကြောင့် သတင်းပေါက်ကြားမှု သံသယဖြင့် ရှေ့တန်းစစ်မျက်နှာပြင်သို့ ချက်ချင်းပြစ်ဒဏ်အဖြစ် ပို့ဆောင်ခံခဲ့ရသည်။ အဆိုပါ ရဲဘော်မှာ ရှေ့တန်းရောက်ရှိပြီး မကြာမီ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ကြောင်း သိရသည်။

​စစ်ကောင်စီသည် အရာရှိကြီးများ၏ လုံခြုံရေးအတွက် စစ်သည်များနှင့် မိသားစုဝင်များ၏ စကားပြောဆိုမှု၊ လှုပ်ရှားမှုများကို အမြဲမပြတ် စောင့်ကြည့်နေပြီး သတင်းပေါက်ကြားပါက ရှေ့တန်းပို့ခံရမည့် ခြိမ်းခြောက်မှုများကြောင့် တပ်တွင်း၌ စိုးရိမ်ဖိစီးမှုများ ပိုမိုကြီးထွားလာနေကြောင်း သိရသည်။

# (သတင်းပေးရန် Link)
# https://t.me/newsspecialforces (telegram channel)
# https://www.facebook.com/share/1EquCQBcXf/ (Page (2) Link )
# https://www.facebook.com/share/18ivceo2AR/ (Page Link)
# https://www.youtube.com/ (YouTube Link)
://www.tiktok.com/?_r=1&_t=ZS-9666MqAgw7h
(TikTok link)

အမှတ်(၄)ရပ်ကွက်၊ အုပ်မှူးသီဟဇော်၏ အဂတိလိုက်စားမှုနှင့် အာဏာအလွဲသုံးစားလုပ်ရပ်များအပေါ် ပြည်သူများ မကျေမနပ်ဖြစ်နေဩဂုတ်၂၈ရ...
28/08/2026

အမှတ်(၄)ရပ်ကွက်၊ အုပ်မှူးသီဟဇော်၏ အဂတိလိုက်စားမှုနှင့် အာဏာအလွဲသုံးစားလုပ်ရပ်များအပေါ် ပြည်သူများ မကျေမနပ်ဖြစ်နေ

ဩဂုတ်၂၈ရက်၊၂၀၂၆

​ဧရာဝတီတိုင်း၊ကျောင်းကုန်းမြို့နယ်၊ အမှတ် (၄) ရပ်ကွက်တွင် တာဝန်ယူထားသည့် အုပ်ချုပ်ရေးမှူး သီဟဇော်သည် အာဏာကို အလွဲသုံးစားပြုလုပ်၍ အဂတိလိုက်စားမှုများ ပြုလုပ်နေသည့်အတွက် ဒေသခံပြည်သူများ အခက်အခဲနှင့် ဒုက္ခမျိုးစုံ ကြုံတွေ့နေရကြောင်း သိရသည်။

​ဒေသခံများ၏ ပြောကြားချက်အရ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ အုပ်ချုပ်ရေးမှူး သီဟဇော်သည် ရေဘေးဒုက္ခကြုံတွေ့နေရသည့် ကာလအတွင်း၌ပင် ရပ်ကွက်အတွင်းရှိ ပြည်သူများထံမှ စစ်မှုထမ်းကြေးအဖြစ် တစ်အိမ်လျှင် ကျပ် (၅) သောင်းစီ အဓမ္မတောင်းခံနေကြောင်း သိရသည်။ ထို့အပြင် စစ်မှုထမ်းဆောင်ရန် လူစားထိုးပေးမည်ဟုဆိုကာ အခြားကျေးရွာများထံမှ ငွေကြေးကောက်ခံမှုများ ပြုလုပ်ခဲ့သော်လည်း ကတိအတိုင်း လူမပေးသည့်အပြင် တောင်းခံထားသည့် ငွေကြေးများကိုလည်း ပြန်လည်ပေးအပ်ခြင်း မရှိဘဲ ကိုယ်ကျိုးအတွက် ဖြတ်စားထားကြောင်း သိရသည်။

အုပ်မှူးသီဟဇော်သည် အရက်လိုင်စင်နှင့် စီးပွားရေးလိုင်စင်မှ မရှိဘဲ အဝစုကျေးရွာမှာ ရူ့ခင်းဧရာ KTV ဆိုင်အား တရားမဝင် ဖွင့်လှစ်ထားခြင်း၊ လိုင်စင်မဲ့ ကားများကို အသုံးပြုနေခြင်း။ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် နီးစပ်မှုကို အသုံးချကာ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး အခြား KTV ဆိုင်များကို ဒုက္ခပေးနှောင့်ယှက်ကာ မိမိဆိုင်၌သာ တရားမဝင် လုပ်ငန်းများကို စိတ်ကြိုက်လုပ်ဆောင်နေခြင်း။ ပျူစောထီးခေါင်းဆောင်အဖြစ် ခင်းကျင်းကာ လစာငွေများကို ဖြတ်စားခြင်း၊ အမျိုးသမီးကိစ္စ ရှုပ်ထွေးပြီး မသမာသော နည်းလမ်းများဖြင့် စီးပွားရှာဖွေနေခြင်းများပြုလုပ်နေကြောင်း သိရသည်။

​ယခင်က အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် တိုင်ကြားမှုများ ရှိခဲ့ပြီး တာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့သော်လည်း ငွေကြေးပေး၍ လာဘ်ထိုးရှင်းလင်းခဲ့သဖြင့် အရေးယူခံရခြင်းမရှိဘဲ ဆက်လက် သောင်းကျန်းနေခြင်းဖြစ်ကြောင်း သိရသည်။ ရပ်ကွက်အတွင်း အခြားသူများ တာဝန်ယူ အုပ်ချုပ်ရန် ကြိုးပမ်းပါကလည်း ပြဿနာလိုက်ရှာ နှောင့်ယှက်လေ့ရှိသည့်အတွက် အာဏာပိုင်များ၏ သိလျက်နှင့် မသိကျိုးကျွံ ပြုလုပ်ပေးထားမှုအပေါ် ဒေသခံများက လွန်စွာ မကျေမနပ်ဖြစ်လျက်ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်းတွင် ရိုးချောင်းအတွင်း လှေမှောက်၍ အသက်ရှင်သူ (၁)ဦး ကယ်ဆယ်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသူ (၁)ဦးအား ဆက်လက်ရှာဖ...
28/08/2026

ငါးသိုင်းချောင်းတွင် ရိုးချောင်းအတွင်း လှေမှောက်၍ အသက်ရှင်သူ (၁)ဦး ကယ်ဆယ်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသူ (၁)ဦးအား ဆက်လက်ရှာဖွေလျက်ရှိ

ဩဂုတ်၂၈ရက်၊ ၂၀၂၆

​ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်နှင့် ရွာသစ်ကုန်းကြား ရွာသစ်ကုန်းတံတားအနီးရှိ ရိုးချောင်းအတွင်း ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့ ည ၂၂:၄၀ နာရီအချိန်ခန့်က အမျိုးသား ၂ ဦး အပျော်တမ်း လှေလှော်ထွက်စဉ် လှေလူး၍ ရေထဲသို့ ပြုတ်ကျသည့် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။

​ဖြစ်စဉ်မှာ အဆိုပါနေ့ ညပိုင်းတွင် အမျိုးသား ၂ ဦးသည် ရိုးချောင်းအတွင်း အပျော်တမ်း လှေလှော်ထွက်ရာမှ လှေလူးပြီး ရေထဲသို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်။ သတင်းရရှိသည်နှင့်တစ်ပြိုင်နက် ငါးသိုင်းချောင်းမြို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်‌ရေးအဖွဲ့များသည် ရှာဖွေကယ်ဆယ်ရေး ယာဉ်၊ စက်လှေများနှင့်အတူ အခင်းဖြစ်ပွားရာနေရာသို့ အမြန်ဆုံး သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

​မီးသတ်တပ်ဖွဲ့ဝင်များ၏ အချိန်မီ ရှာဖွေကယ်ဆယ်မှုကြောင့် ရေထဲပြုတ်ကျသူ အမျိုးသား ၂ ဦးအနက် ကျား (၁) ဦးအား အသက်ရှင်လျက် အချိန်မီ ကယ်ထုတ်ရှာဖွေတွေ့ရှိခဲ့ပြီး ကောင်းထက်ဇော်(ခ)ဖိုးထောင် အသက်(၂၈)နှစ် ငါးသိုင်းချောင်းသား(၁)ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

​သို့သော် ရေစီးနှင့်အတူ ပျောက်ဆုံးနေဆဲဖြစ်သော ကောင်းထက်ဇော်အား တွေ့ရှိနိုင်ရေးအတွက် လူမှုကယ်ဆယ်ရေးအဖွဲ့၊မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများ ပူးပေါင်း၍ အဆိုပါ ရိုးချောင်းအတိုင်း ပိုက်စိပ်တိုက် ဆက်လက် ရှာဖွေရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

# (သတင်းပေးရန် Link)
# https://t.me/newsspecialforces (telegram channel)
# https://www.facebook.com/share/1EquCQBcXf/ (Page (2) Link )
# https://www.facebook.com/share/18ivceo2AR/ (Page Link)
# https://www.youtube.com/ (YouTube Link)
# https://www.tiktok.com/?_r=1&_t=ZS-9666MqAgw7h
(TikTok link)

Address

Pathein
NO.1288

Alerts

Be the first to know and let us send you an email when သတင်းအထူးတပ်ဖွဲ့ - ပုသိမ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category