Ayeyawady Region Religious Affairs Office

Ayeyawady Region Religious Affairs Office Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ayeyawady Region Religious Affairs Office, Government Organization, ဧရာဝတီတိုင်းဒေသကြီး, Pathein.

တိုင်းဒေသကြီးသာသနာရေးမှူးရုံးကြီးကြပ်မှုအောက်ရှိ မြို့နယ်သာသနာရေးမှူးရုံးဌာန ၄ ခုသို့ ဦးစီးအရာရှိအဖြစ်ပြောင်းရွေ့တာဝန်ထ...
03/09/2026

တိုင်းဒေသကြီးသာသနာရေးမှူးရုံးကြီးကြပ်မှုအောက်ရှိ မြို့နယ်သာသနာရေးမှူးရုံးဌာန ၄ ခုသို့ ဦးစီးအရာရှိအဖြစ်ပြောင်းရွေ့တာဝန်ထမ်းဆောင်​သည့် အရာထမ်းများနှင့် တိုင်း​ဒေသကြီးသာသနာရေးမှူးရုံး၊ ညွှန်ကြားရေးမှူးတို့ တွေ့ဆုံမိတ်ဆက်သည့် အခမ်းအနား ဆောင်ရွက်ခြင်းမှတ်တမ်း

၃.၈.၂၀၂၆ ရက်၊ ကြာသပတေးနေ့

30/08/2026
🔷🔹 #မကြာခင်ရောက်ရှိလာတော့မည့်မေတ္တာအခါတော်နေ့ကို ဗုဒ္ဓဘာသာဝင်များသိရှိစေရန် အသိပေးနှိုးဆော်ပေးခြင်းဖြစ်ပါသည်၊အားလုံးမေတ္...
27/08/2026

🔷🔹 #မကြာခင်ရောက်ရှိလာတော့မည့်
မေတ္တာအခါတော်နေ့ကို ဗုဒ္ဓဘာသာဝင်များသိရှိစေရန်
အသိပေးနှိုးဆော်ပေးခြင်းဖြစ်ပါသည်၊
အားလုံးမေတ္တာတရားတွေပွားများနိုင်ကြပါစေ။🔹🔷

🔷🔹" #ဝါခေါင်လပြည့်_မေတ္တာအခါတော်နေ့
#အကြောင်း #သိကောင်းစရာ"🔹🔷
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

♦️ #ဗုဒ္ဓဒေသနာသွားအရ_ဝါခေါင်လပြည့်နေ့ကို
“ #မေတ္တာအခါတော်နေ့”ဟု ရှေးဆရာများ
သတ်မှတ်ခဲ့ကြသည် ။

♦️ #ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ရဟန်းငါးရာသည်
သာဝတ္ထိမြို့တော်နှင့် ယုဇနာတစ်ရာဝေးကွာသော
တောအုပ်တစ်ခု၌ ဝါကပ်ကာ ရဟန်းတရား
အားထုတ်ကြ၏ ။ ထိုတောအုပ်၌နေသော ရုက္ခစိုးနတ်
တို့သည် ရဟန်းတော်တို့၏ သီလတန်ခိုးကြောင့်
သစ်ပင်ထက်၌ မနေနိုင်ဘဲ ကလေးတွေလက်ဆွဲကာ
မြေအောက်သို့ ဆင်းကြရ၏ ။

♦️ #ရုက္ခစိုးနတ်တွေလည်း ကြာလာတော့
သည်းမခံနိုင်တော့သဖြင့် ရဟန်းများ ထွက်သွားအောင်
ခြောက်လှန့်ထုတ်ကြသောကြောင့် ရဟန်းတော်များ
ဆယ့်ငါးရက်ခန့်နေကာ ဘုရားရှင်ထံ ပြန်ကြရ၏ ။
ဘုရားရှင်ကို အကျိုးအကြောင်း လျှောက်ထားကြသည်။
ထိုအခါ ဘုရားရှင်က
“ချစ်သားတို့က လက်နက်မှ ယူမသွားကြပဲကိုး
ငါလက်နက်တပ်ဆင်ပေးလိုက်မယ် ဒီလက်နက်ဟာ
ချစ်သားတို့အတွက် ပရိတ်(အရံအတား) လည်း
ဖြစ်လိမ့်မယ်။ကမ္မဋ္ဌာန်းလည်း ဖြစ်လိမ့်မယ်။”
ဟု မိန့်ကာ မေတ္တာပွားနည်းမေတ္တသုတ်ကို
သင်ပြဟောကြားပေးလိုက်၏။

♦️ #ထိုမေတ္တာသုတ် ဟောကြားပေးသောနေ့သည်
ဝါခေါင်လပြည့်နေ့ဖြစ်၍ ဝါခေါင်လပြည့်နေ့ကို “ မေတ္တာအခါတော်နေ့”ဟု သတ်မှတ်ထားကြ၏။
ရဟန်းတော်ငါးရာလည်း ထိုတောအုပ်သို့
ပြန်သွားကာ မေတ္တသုတ်ကို ရွတ်ဖတ်ပွားများ၍ အားလုံးအဆင်ပြေသွားကြသည်။
နောက်ဆုံးတော့ ရဟန္တာ ဖြစ်သွားကြ၏။

♦️ #မေတ္တာဟူသည် သူတစ်ပါးတို့၏ ကောင်းကျိုးစီးပွားကို
လိုလားသော သဘောရှိ၏၊ သူတစ်ပါးတို့၏ ကောင်းကျိုး
စီးပွားကို လိုလိုလားလား ဆောင်ရွက်ပေး၏။
အငြှိုးအာဃာတကို ပယ်ဖျောက်တတ်၏။
သူတစ်ပါးတို့ ပြည့်စုံချမ်းသာမှုကို ဦးတည်၏။
မေတ္တာသဘောကို အဘိဓမ္မာက ဤသို့ဆို၏။
သူတစ်ပါးကောင်းကျိုးကို လိုလားတာ မေတ္တာ။
သူတစ်ပါးကောင်းကျိုးရှိအောင် ဆောင်ရွက်ပေးတာ
မေတ္တာဖြစ်သည်။

♦️✤ #မေတ္တာဟူသည် အစိုဓာတ်၊ အစေးဓာတ်၊
အအေးဓာတ်ရှိ၏။
ထိုအစိုဓာတ်၊ အအေးဓာတ်ဖြင့်
တစ်ပါးသူအပေါ် မြှေးယှက်လွှမ်းခြုံထားမှုကို “မေတ္တာ”
ခေါ်၏ ။
မေတ္တာသည် စူပါဂလူးနှင့်တူသည်ဟု
ပဏ္ဍိတာရာမဆရာတော်ဘုရားက မိန့်ဖူးသည်။
မေတ္တာအစေးဓာတ်သည် စူပါဂလူးကဲ့သို့ သိပ်ပြီး
ကပ်အားကောင်း၏။

♦️ #ဘယ်သူနှင့် ဘယ်သူတော့ အစေးမကူးကြဘူး၊
အစေးမကပ်ကြဘူးဟု ပြောသံကြားဖူးလိမ့်မည်။
အစေးမကူးခြင်း၊ အစေးမကပ်ခြင်းဟူသည်
“မေတ္တာပျက်ပြယ်နေခြင်း” ကြောင့်ဖြစ်၏။
တစ်ဦးနှင့်တစ်ဦး မေတ္တာမထားနိုင်တာကို
အစေးမကူးခြင်း၊ အစေးမကပ်ခြင်းဟု ခေါ်၏။

♦️ #မိသားစုတွေ စည်းလုံးမှု ရှိရမည်။
ညီအကိုမောင်နှမတွေ စည်းလုံးမှု ရှိရမည်။
ရပ်ရွာ မြို့နယ်၊ တိုင်းပြည်၊ နိုင်ငံ၊ အားလုံး အားလုံး
စည်းလုံးမှု ရှိရမည်။စည်းလုံးဖို့၊ စည်းစည်းလုံးလုံးရှိဖို့
မေတ္တာအစိုဓာတ် မေတ္တာအစေးဓာတ်လိုသည်။
မုန့်လုံးရေပေါ်များ လုံးသောအခါ ဆန်မှုန့်ကို
အစိုဓာတ်ရှိသော ရေနှင့် ဆွတ်ဖြန်းပြီးမှ လုံး၍
ရသည်။ အစိုဓာတ် အစေးဓာတ်မရလျှင် ဘယ်လိုမှ
လုံး၍ မရနိုင်ပါ။ ထို့အတူ အချင်းချင်းစည်းလုံးဖို့၊
ညီညွတ်ဖို့ အသီးသီးမှာ မေတ္တာအစိုဓာတ်
မေတ္တာအစေးဓာတ် ရှိနရမည်။ ပါးစပ်နှင့် စည်းလုံး၍မရ။
မေတ္တာနှင့် စည်းလုံးမှသာ ရမည်။

♦️ #စည်းလုံးခြင်းသည် အင်အားဆိုသည့်အတိုင်း
စည်းစည်းလုံးလုံး ရှိမှသာ အင်အားဖြစ်မည်။
ထိုအင်အားသည်သာ အားကိုးရာ အစစ်ဖြစ်သည်။
အားကိုးဟူသည် အားရှိမှသာ ကိုး၍ရသည်။
အားမရှိလျှင် ကိုး၍မရ။ တကယ်ကိုးထိုက်၊
ကိုးစားထိုက်သော အားသည် မိမိ၏ “ကိုယ်ပိုင်အား”သာ
ဖြစ်သည်။ အပြင်အပမှ အားမဟုတ်။
ဤအဓိပ္ပါယ်ကို ဘုရားက “အတ္တာဟိ အတ္တနော နာထော”
ဟု မိန့်သည်။ မိမိကိုယ်သာ အားကိုးရမည်။
မိမိမလိုတာတွေ ကွယ်ပျောက်သွားအောင်
ဖယ်ရှားနိုင်တာက မိမိအားသာ ဖြစ်သည်။
မိမိအားကို ကိုးမှသာ မိမိမလိုလားတာတွေ
ကွယ်သွားနိုင်သည်။ ထို့ကြောင့် “မိမိသည်သာ
မိမိ၏ကိုးကွယ်ရာ” ဖြစ်သည်။

♦️ #အားဖြစ်ဖို့၊ အားရှိဖို့ စည်းလုံးရမည်။စည်းလုံးဖို့
အစေးကူးရမည်။ အစေးကူးဖို့ အချင်းချင်း
မေတ္တာထားကြရမည်။

♦️ #ရှေးအခါက ပိုက်ကွန်မိသော ခိုငှက်တို့သည်
အားလုံးပြိုင်တူ တပြိုင်နက်ထပျံကြ၍ ပိုက်ကွန်မှလွတ်ကာ
လိုရာခရီးသို့ ရောက်ရှိသွားကြသည်။
စည်းလုံးမှုအင်အား၏ ပြယုဂ်သက်သေဖြစ်သည်။

♦️ #ဘုရားရှင်က မေတ္တသုတ်နိဒါန်းမှာ မေတ္တာဘာဝနာ
ပွားများသူသည် လိုက်နာပြုကျင့်ထိုက်သောတရား
(ဆယ့်လေးပါး) ရှိသည်ဟု မိန့်သည်။
မေတ္တာစွမ်းအား ရှိရမည်။

✦ #ကာယကံစိတ် ဖြောင့်မတ်ရမည်။
✦ #မှန်တာလုပ်၊ ဟုတ်တာပြောရမည်။
✦ #စိတ်သဘောထား အထူးဖြောင့်မတ်ရမည်။
✦ #ပညာရှိသူတော်ကောင်းစကား နားထောင်ရမည်။
✦ #လိုက်နာရမည်။
✦ #နူးညံ့ရမည်။
✦ #မာန်မာန ကင်းရမည်။
✦ #ရောင့်ရဲနိုင်ရမည်။
✦ #လွယ်ကူစွာ အသက်မွေးရမည်။
✦ #အပိုကိစ္စ နည်းပါးရမည်။
✦ #ပေါ့ပါးစွာ အသက်မွေးရမည်။
✦ #ငြိမ်သက်သော ဣနြေ္ဒ ရှိရမည်။
✦ #ရင့်ကျက်မှု ရှိရမည်။
✦ကိုယ်နှုတ်နှလုံး ကြမ်းတမ်းမှု ကင်းရမည်။
✦ငါ့ဆွေမျိုး ငါ့မိသားစုဟူသော အစွဲကင်းရမည်။
✦ချုပ်လိုက်လျှင် ပညာရှိများ ကဲ့ရဲ့နိုင်ပါက
မကောင်းမှု သေးသေးဖွဲဖွဲကိုပင် ရှောင်ကြဉ်ရမည်။

♦️ #ဘုရားရှင်က ထိုသို့ မေတ္တာသမားထားရှိရမည့်
သဘောထားများကို မိန့်ကြားပြီးနောက် မေတ္တာပွားနည်း
များကို ဆက်လက်မိန့်ကြားတော်မူသည်။

♦️ #ကြောက်တတ်၊ မကြောက်တတ် နှစ်ရပ်များစွာ
သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
မြင်ဖူးမမြင်ဖူး နှစ်ဦးများစွာ သတ္တဝါ
ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဝေးနေ နီးနေ နှစ်ထွေများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဘဝဇာတ်ဆုံး၊ မဆုံးများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ကြီးငယ်အလတ် သုံးရပ်ခန္ဓာ သတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဆူကြုံအလတ် သုံးရပ်ခန္ဓာ သတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ထိုသို့ နှစ်စုသုံးစု ခွဲ၍ မေတ္တာပို့ရမည်။

♦️ #တစ်ဖက်သားကို ချမ်းသာစေချင်တာ မေတ္တာဖြစ်သကဲ့သို့
တစ်ဖက်သားကို ဒုက္ခ မရောက်စေချင်တာလည်း
မေတ္တာပင် ဖြစ်၏။ ထို့ကြောင့် ဘုရားရှင်က
“လူအချင်းချင်း လှည့်စားခြင်း၊ ကင်းရှင်းကြပါစေ။
လူအချင်းချင်း အထင်သေးခြင်း ကင်းရှင်းကြပါစေ။
လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ”
ဟု မေတ္တာပို့ရန် ဆက်လက် မိန့်ကြားတော်မူသည်။

♦️ #လိမ်ညာခြင်း၊ လှည့်စားခြင်း၊ ကောက်ကျစ်
စဉ်းလဲခြင်းသည် သစ္စာတရားကို ဆန့်ကျင်ခြင်းဖြစ်၏။
သစ္စာတရားကို ဆန့်ကျင်ခြင်းသည် ဆင်းရဲကြောင်းဖြစ်၏။
လူသားထုကို ချမ်းသာစေချင်လျှင် ထိုအပြုအမူတွေ
ကင်းရှင်းမှဖြစ်မည်။ လူသားအချင်းချင်း ညှဉ်းပန်း
နှိပ်စက်ခြင်း၏ ဆင်းရဲပုံကတော့ ရှင်းပါ၏။
လူတွေ စားဝတ်နေရေး ကျပ်တည်း၍ ဆင်းရဲ
နေကြရခြင်းသည် လူလိမ်၊လူညာတွေကြောင့်ဖြစ်၏။
မာန်ထောင်သူတွေ၊ လူကိုမထီမဲ့မြင်ဆက်ဆံသူတွေ၊
လူကိုလူလို မမြင်သူတွေ၊ ညှဉ်းပန်းသူတွေကြောင့် ဖြစ်၏။
ထို့ကြောင့် ဘုရားရှင်က လူသားအချင်းချင်း
လိမ်ညာခြင်း လှည့်စားခြင်းကင်းဖို့၊ မထီမဲ့မြင်ပြုမှု
အထင်သေးမှုတွေ ကင်းဖို့၊ သီးသန့် မေတ္တာပို့ရန်
အထူးမိန့်ကြားခဲ့လေသည်။

♦️ #မေတ္တာသည်သာ အောင်နိုင်ရာ၏ ။
ဘုရားရှင်ကိုယ်တော်မြတ်သည် သူ့ကိုဆန့်ကျင်သော
မာရ်နတ်၊ အာဠဝကဘီးလူး၊ နာဠာဂီရိဆင်၊
အဂုင်္လိမာလ၊ စိဉ္ဇမာဏ၊ သစ္စကပရဗိုဇ်၊ နန္ဒောပနန္ဒနဂါး၊
ဗကဗြဟ္မာတို့ကို အနိုင်ယူအောင်မြင်တော်မူခဲ့၏။
အောင်ခြင်းရှစ်ပါးဟု ခေါ်၏။
ထိုအောင်ခြင်းရှစ်ပါးကို အနိုင်ယူရာ၊ အောင်မြင်ရာတွင်
အကြမ်းမဖက် မေတ္တာသက်သက်ဖြင့် အောင်မြင်တော်
မူခဲ့ခြင်း ဖြစ်၏ ။
ထို့ကြောင့် မိမိတို့ ရည်မှန်းချက်တစ်ခုခု
အောင်မြင်ချင်လျှင် မေတ္တာသာထားပါ။
မေတ္တာသာ ပွားပါ။ မေတ္တာနှင့်သာ ဆောင်ရွက်ပါ။
ထိုသို့ မေတ္တာနှင့် ပြောဆိုလုပ်ကိုင်ဆောင်ရွက်မှသာ
တကယ်စစ်မှန်သော အောင်မြင်မှုကို ရရှိနိုင်မည်ဖြစ်သည် …

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်
===========


17/08/2026

လေးမျက်နှာမြို့ ရေဘေးအလှူသို့🙏🙏🙏

ဧရာဝတီတိုင်း.ငပုတောမြို့နယ်သာသနာရေးမှူးရုံး အဆောက်အဦ (၃၆×၃၀×၂၄)ပေရှိ RC ၂ ထပ် ဆောက်လုပ်ရန်အတွက် ဆောက်လုပ်​ရေးကုမ္ပဏီမျာ...
17/08/2026

ဧရာဝတီတိုင်း.ငပုတောမြို့နယ်သာသနာရေးမှူးရုံး အဆောက်အဦ (၃၆×၃၀×၂၄)ပေရှိ RC ၂ ထပ် ဆောက်လုပ်ရန်အတွက် ဆောက်လုပ်​ရေးကုမ္ပဏီများမှ တင်ဒါအဆိုပြုလွှာများအား ၁၆.၈.၂၀၂၆ ရက်နေ့တွင်
ပုသိမ်မြို့၊ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂)၌ ဧရာဝတီတိုင်းဒေသ​ကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဆောင်၍ တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်

အဆိုပါအစည်းအဝေးတွင် ဦးစားပေးအဆင့်အလိုက် တင်ဒါအောင်မြင်သည့်ကုမ္ပဏီ ၃ခု( Emerald Delta, ပြည့်စံလင်း,အောင်မြေဦး)အားရွေးချယ်ခဲ့ပါသည်.

ငပုတောမြို့နယ်သာသနာရေးမှူးရုံး အဆောက်အဦဆောက်လုပ်နိုင်ရေးအတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ၁ခုအား ရွေးချယ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်.

လေးမျက်နှာမြို့ နယ်အတွင်းရှိ ရေဘေးသင့် ဘုန်းတော်ကြီးကျောင်းများသို့ အလှူငွေများသွားရောက်လှူဒါန်းခဲ့🙏🙏🙏ဧရာဝတီတိုင်းဒေသကြီ...
17/08/2026

လေးမျက်နှာမြို့ နယ်အတွင်းရှိ ရေဘေးသင့် ဘုန်းတော်ကြီးကျောင်းများသို့ အလှူငွေများသွားရောက်လှူဒါန်းခဲ့
🙏🙏🙏

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိဆရာတော်သံဃာတော်များနှင့် ဒါယကာ၊ ဒါယိကာများစုပေါင်း၍ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများသို့ အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ဩဂုတ်လ ၁၅ ရက်နေ့က ဟင်္သာတမြို့နယ်၊ လဟာပကျေးရွာ၊ လဟာပကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်

တိုင်းဒေသကြီးသံဃနာယကအဖွဲ့(သုဓမ္မာ) ဥက္ကဋ္ဌဆရာတော်နှင့် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ကျောင်းအုပ်ဆရာတော် ဦးဆောင်သော သံဃာတော်များ၊ တိုင်းဒေ သကြီးသာသနာရေးမှူးနှင့်အလှူရှင်
များက လေးမျက်နှာမြို့နယ်ရှိ ရေဝင်/ရေနစ်မြုပ်သည့် ဘုန်းတော်ကြီးကျောင်းများ၊ ရေရှောင်စခန်းဖွင့်လှစ်ထားသည့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း(၁) ကျောင်း စုစုပေါင်း(၁၀၂)ကျောင်းသို့ အလှူငွေ (၈၁၈)သိန်းကျပ်တိတိလှူဒါန်းခဲ့ပါသည်

အဆိုပါ အလှူငွေများအား ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများသို့ ဆက်လက်လှူဒါန်းမှုပြုနိုင်ရေးအတွက် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ထံ တိုင်းဒေသကြီးသာသနာရေးမှူးနှင့်အလှူရှင်များမှ ဆက် ကပ်လှူဒါန်းခဲ့ပါသည်

🎆▪️  #ဥပုသ်ရခြင်း_အနှစ်သာရ_▪️🎆 #တစ်နေ့တာ_လောကီအလုပ်များကို_ခဏရပ်နားပြီးးး  မိမိ၏ ကိုယ်၊ နှုတ်၊ စိတ်ကို ပြန်လည်စောင့်ကြည့...
15/08/2026

🎆▪️ #ဥပုသ်ရခြင်း_အနှစ်သာရ_▪️🎆
#တစ်နေ့တာ_လောကီအလုပ်များကို_ခဏရပ်နားပြီးးး
မိမိ၏ ကိုယ်၊ နှုတ်၊ စိတ်ကို ပြန်လည်စောင့်ကြည့်ကာ
အရိယာသူတော်ကောင်းတို့၏ အကျင့်ကို အတုယူ၍
သီလ၊ သမာဓိ၊ ပညာတို့ တိုးပွားအောင်
လေ့ကျင့်အားထုတ်နိုင်သော ..နေ့
ထိုနေ့သည် ဥပုသ်နေ့ ဖြစ်ပါတယ်။

#ဥပုသ်သည်_အစဉ်အလာတစ်ခုကို
လိုက်နာရုံမျှ မဟုတ်ပါ။

ကိုယ်ကို ထိန်းခြင်း၊
နှုတ်ကို ထိန်းခြင်း၊
စိတ်ကို ထိန်းခြင်း၊
ကိလေသာကို ပြန်လည်ကြည့်ရှုခြင်း၊

မိမိစိတ်ကို မြတ်သောအာရုံ၌ တည်စေခြင်း၊
တရားကို နားထောင်ခြင်း၊
တရားကို ဆင်ခြင်ခြင်း၊
ဘာဝနာပွားခြင်း—

တို့ဖြင့် ....မိမိကိုယ်ကို မိမိ ပိုမိုကောင်းမွန်လာအောင်
လေ့ကျင့်ပေးခြင်း ဖြစ်ပါတယ်။

#ထို့ကြောင့်
ဥပုသ်တစ်နေ့၏ တန်ဖိုးကို

“ #ဒီနေ့_ဘာတွေရှောင်ခဲ့သလဲ” ဆိုတာထက်....

“ #ဒီနေ့_ငါ့စိတ်_ဘယ်လောက်သန့်ရှင်းလာသလဲ”

“ #ငါ့ကိလေသာ_ဘယ်လောက်လျော့လာသလဲ”

“ #ငါ့သတိ_သမာဓိ_ပညာ_ဘယ်လောက်တိုးလာသလဲ”

ဆိုတာနဲ့ ပိုမိုတိုင်းတာသင့်ပါတယ်။

“ #ဥပုသ်” ဆိုတာ ဘာလဲ ❓❓

“ #ဥပုသ်” ဟူသော စကားသည်
ပါဠိ ဥပေါသထ ... မှ ...
ဆင်းသက်လာပါတယ်။

#ဗုဒ္ဓဘာသာအတွင်း_ဥပုသ်နေ့ဆိုသည်မှာ
မိမိ၏ သီလကို ပိုမိုတင်းကျပ်စွာ ဆောက်တည်ပြီး
အရိယာသူတော်ကောင်းတို့၏ အကျင့်ကို အတုယူကာ
စိတ်ကို ကောင်းမြတ်သောအာရုံများ၌ တည်စေ၍
ကိလေသာများ လျော့ပါးအောင် ကျင့်ကြံသည့်နေ့
ဖြစ်ပါတယ်။

#အဓိက_ရည်ရွယ်ချက်_မှာ_

လောဘ လျော့ရန်၊
ဒေါသ လျော့ရန်၊
မောဟ လျော့ရန်၊
ရာဂ လျော့ရန်၊
မာန လျော့ရန်၊
ကိလေသာ လျော့ရန်၊
ကုသိုလ်တရား တိုးပွားရန်၊
သတိ၊ သမာဓိ၊ ပညာ တိုးပွားရန်

ဖြစ်ပါတယ်။

#ထို့ကြောင့်
ဥပုသ်သည် သီလသက်သက်...သာမက
စိတ်လေ့ကျင့်ခြင်း၊
ဘာဝနာနှင့်ပါ ဆက်စပ်နေသော အကျင့် ဖြစ်ပါတယ်။

🔖 #ဥပုသ်_၃_မျိုး_🔖
---------------

#မြတ်စွာဘုရား_က_
ဥပုသ်ကို သုံးမျိုးခွဲ၍ ဟောတော်မူပါတယ်။

1️⃣။ #ဂေါပါလ_ဥပုသ်
------------------

#နွားကျောင်းသားက_နွားများကို_စောင့်သကဲ့သို့
ဥပုသ်စောင့်သူကလည်း တစ်နေ့တာအတွင်းးးး

“ဒီနေ့ ဘာစားခဲ့တယ်၊ ဘာမစားခဲ့ဘူး၊
မနက်ဖြန် ဘာစားရမလဲ”❓❓

ဟူသော အစားအသောက်အကြောင်းကိုသာ
ပြန်လည်တွေးတော...နေပါက

ထိုဥပုသ်သည် ဂေါပါလဥပုသ် ဖြစ်ပါတယ်။
အပြင်ပန်းစည်းကမ်းကို လိုက်နာသော်လည်း
စိတ်ကို မလေ့ကျင့်နိုင်သေးပါ။

2️⃣။ #နိဂဏ္ဌ_ဥပုသ်
---------------

ကျမ်းတော်တွင် နိဂဏ္ဌတို့၏ ဥပုသ် ကိုလည်း
သီးခြားခွဲ၍ ဟောထားပါတယ်။

ထိုဥပုသ်သည် နိဂဏ္ဌတို့၏ သတ်မှတ်ချက်များနှင့်
အညီ ကျင့်သုံးခြင်းဖြစ်ပြီးးးးး
အရိယာဥပုသ်နှင့် မတူညီပါ။

#ထို့ကြောင့်
ဥပုသ်၏ အမြင့်ဆုံးအဆင့်ကို သိရှိရန်
အရိယာဥပုသ်၏ သဘောကို နားလည်ရန်
လိုအပ်ပါတယ်။

(၃)။ #အရိယာ_ဥပုသ်
----------------

အရိယာသူတော်ကောင်းတို့၏ အကျင့်ကို အတုယူ၍
မိမိ၏ ကိုယ်၊ နှုတ်၊ စိတ်ကို သန့်ရှင်းအောင်
လေ့ကျင့်ခြင်း ဖြစ်ပါတယ်။

#ရှစ်ပါးသီလကို_စောင့်ထိန်းရုံသာမက

ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊
သီလာနုဿတိ၊ ဒေဝတာနုဿတိ

တို့ကို အောက်မေ့ဆင်ခြင်၍ စိတ်ကို မြတ်သောအာရုံ၌
တည်စေပါတယ်။

#ထို့ကြောင့်_
ဥပုသ်၏ အပြင်ပန်းမှာ သီလ၊
အတွင်းပိုင်းမှာ စိတ်လေ့ကျင့်မှု၊
အနှစ်သာရမှာ ကိလေသာလျော့ပါး၍
စိတ်သန့်ရှင်းလာခြင်း ဖြစ်ပါတယ်။

🔖 #အရိယာဥပုသ်ရဲ့_အနုဿတိ_၅_မျိုး🔖
----------------------------------

1️⃣။ #ဗုဒ္ဓါ_နုဿတိ
----------------

မြတ်စွာဘုရား၏—
အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏသမ္ပန္နော၊
သုဂတော…

စသော ဂုဏ်တော်များကို
အဖန်ဖန် အောက်မေ့ဆင်ခြင်ခြင်း။
စိတ်ကို မြတ်သောအာရုံ၌ ထားခြင်းဖြင့်
လောဘ၊ ဒေါသ၊ မောဟတို့ လွှမ်းမိုးမှု
လျော့ပါးစေပါတယ်။

2️⃣။ #ဓမ္မာ_နုဿတိ
----------------

မြတ်စွာဘုရား ဟောကြားတော်မူသော
ဓမ္မ၏ ဂုဏ်တော်များကို အောက်မေ့ဆင်ခြင်ခြင်း။
တရား၏ သဘောကို ဆင်ခြင်ရင်း
စိတ်ကို ငြိမ်းအေးစေခြင်း ဖြစ်ပါတယ်။

3️⃣။ #သံဃာ_နုဿတိ
------------------

အရိယာသံဃာတော်တို့၏—
သုပ္ပဋိပန္နော၊ ဥဇုပ္ပဋိပန္နော၊
ဉာယပ္ပဋိပန္နော၊ သာမီစိပ္ပဋိပန္နော…

စသော ဂုဏ်တော်များကို အောက်မေ့ဆင်ခြင်ခြင်း။

4️⃣။ #သီလာ_နုဿတိ
-----------------

မိမိစောင့်ထိန်းထားသော သီလသည်

မကျိုး၊မပေါက်၊မပြောက်၊မကျား စေဘဲ....
စင်ကြယ်နေကြောင်း ပြန်လည်ဆင်ခြင်၍
ဝမ်းမြောက်ခြင်း ဖြစ်ပါတယ်။

5️⃣။ #ဒေဝတာ_နုဿတိ
--------------------

နတ်ကောင်း၊ ဗြဟ္မာကောင်းတို့၌ ဖြစ်ပေါ်သော
သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ

စသော ကောင်းမြတ်သည့် ဂုဏ်တရားများကို
ဆင်ခြင်ခြင်း ဖြစ်ပါတယ်။

ဤသို့ စိတ်ကို ကောင်းမြတ်သောအာရုံများ၌
တည်စေခြင်းသည်

ဥပုသ်၏ အတွင်းပိုင်းလေ့ကျင့်မှု ဖြစ်ပါတယ်။

🔖 #ရှစ်ပါးသီလရဲ့_အဓိပ္ပါယ်🔖
-------------------------

အရိယာဥပုသ်ကို စောင့်ရာတွင် ရှစ်ပါးသီလသည်
အခြေခံ ဖြစ်ပါတယ်။

1️⃣။ ပါဏာတိပါတာ ဝေရမဏိ

သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။
သတ္တဝါတို့အပေါ် မေတ္တာ၊ ကရုဏာထားခြင်း။

2️⃣။ အဒိန္နာဒါနာ ဝေရမဏိ

မပေးသောပစ္စည်းကို မယူခြင်း။
သူတစ်ပါးပစ္စည်းအပေါ် လောဘဖြင့်
မတပ်မက်ရန်လည်း
စိတ်ကို လေ့ကျင့်ခြင်း ဖြစ်ပါတယ်။

3️⃣။ အဗြဟ္မစရိယာ ဝေရမဏိ

မေထုန်အကျင့်မှ (လုံးဝ)ရှောင်ကြဉ်ခြင်း။
ကာမရာဂကို ထိန်းသိမ်း၍ အရိယာတို့၏
ဗြဟ္မစရိယအကျင့်ကို အတုယူခြင်း ဖြစ်ပါတယ်။

4️⃣။ မုသာဝါဒါ ဝေရမဏိ

မုသာဝါဒမှ ရှောင်ကြဉ်ခြင်း။
ထို့အပြင် ကုန်းတိုက်စကား၊ ကြမ်းတမ်းစကား၊
အနှစ်မရှိသော စကားတို့ကိုလည်း ထိန်းသိမ်းခြင်းသည်
အကျိုးရှိပါတယ်။

5️⃣။ သူရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ

အရက်စသော
မူးယစ်စေသော အရာများကို ရှောင်ကြဉ်ခြင်း။
သတိမလွတ်စေရန်၊ ပမာဒမဖြစ်စေရန်
မိမိစိတ်ကို စောင့်ထိန်းခြင်း ဖြစ်ပါတယ်။

6️⃣။ ဝိကာလဘောဇနာ ဝေရမဏိ

နေ့လွဲ ညစာ
အချိန်မတော် အစာစားခြင်းမှ ရှောင်ကြဉ်ခြင်း။
ဤအချက်သည် ရှစ်ပါးသီလထဲမှ တစ်ပါးဖြစ်ပြီး
ဥပုသ်စောင့်သူသည် သတ်မှတ်ထားသော
အချိန်အတွင်းသာ အာဟာရကို သုံးဆောင်၍
မွန်းလွဲနောက်ပိုင်း အစာစားခြင်းကို
ရှောင်ကြဉ်ပါတယ်။

#သို့သော်
ဤတစ်ပါးသည် ဥပုသ်၏ အစိတ်အပိုင်းတစ်ခုသာ
ဖြစ်ပြီး ဥပုသ်၏ အနှစ်သာရတစ်ခုလုံး မဟုတ်ပါ။

7️⃣။ နစ္စ၊ဂီတ၊ဝါဒိတ၊ဝိသူက၊ဒဿန၊ မာလာဂန္ဓ၊
ဝိလေပန၊ဓာရဏ ၊ မဏ္ဍန ဝိဘူသနဋ္ဌာနာ
ဝေရမဏိ

ကခုန်ခြင်း၊ သီချင်းဆိုခြင်း၊ တီးမှုတ်ခြင်း၊
တူရိယာ၊ ဖျော်ဖြေရေးတို့၌ ပျော်မွေ့ခြင်းနှင့်
ပန်း၊ အမွှေးနံ့သာ၊ အလှဆင်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း။

8️⃣။ ဥစ္စာသယနမဟာသယနာ ဝေရမဏိ

မြင့်မြတ်ခမ်းနားသော ဇိမ်ခံအိပ်ရာနေရာများကို
ရှောင်၍ ရိုးရှင်းစွာ နေထိုင်ခြင်း။

ှစ်ပါးသည်—
အရိယာသူတော်ကောင်းတို့၏ အကျင့်ကို
တစ်နေ့တာအတွက် အတုယူကျင့်သုံးခြင်း ဖြစ်ပါတယ်။

🔖 #သီလစောင့်ခြင်းနှင့်_စိတ်လေ့ကျင့်ခြင်း🔖
------------------------------------

သီလကို စောင့်ထိန်းခြင်းသည်
ဥပုသ်၏ အခြေခံဖြစ်ပါတယ်။

သို့သော် သီလကို စောင့်ထိန်းရုံဖြင့် မပြီးသေးပါ။

သီလက ကိုယ်နှင့်နှုတ်ကို စောင့်ပေးပြီး
ဘာဝနာက စိတ်ကို စောင့်ပေးပါတယ်။

ထို့ကြောင့် ဥပုသ်နေ့တွင်...

တရားနာခြင်း၊
တရားစာဖတ်ခြင်း၊
ဘုရားဂုဏ်တော် အောက်မေ့ခြင်း၊
ဓမ္မဂုဏ်တော် အောက်မေ့ခြင်း၊
သံဃာဂုဏ်တော် အောက်မေ့ခြင်း၊
မေတ္တာဘာဝနာပွားခြင်း၊
သတိပဋ္ဌာန်အားထုတ်ခြင်း၊
မိမိစိတ်ကို ပြန်ကြည့်ခြင်း

တို့ကိုလည်း အားထုတ်သင့်ပါတယ်။

ဥပုသ်နေ့၏ အကောင်းဆုံး....အသုံးချမှုမှာ

ကိလေသာကို အပြင်မှာ မရှာဘဲ
မိမိစိတ်ထဲမှာ ရှာဖွေကြည့်ခြင်း ဖြစ်ပါတယ်။

ဒေါသပေါ်လာရင် သိပါ။
လောဘပေါ်လာရင် သိပါ။
မာနပေါ်လာရင် သိပါ။
ဣဿာပေါ်လာရင် သိပါ။
မစ္ဆရိယပေါ်လာရင် သိပါ။

တပ်မက်မှု ပေါ်လာရင် သိပါ။

သိပြီးနောက်....

မလိုက်ပါနဲ့။( သတိနဲ့ ထိန်းချုပ်ကာ ပညာဦးစီးပါ)

ထိုသို့ မိမိစိတ်ကို မိမိပြန်လည်လေ့ကျင့်ခြင်းက
ဥပုသ်၏ အတွင်းအနှစ်သာရ ဖြစ်ပါတယ်။

ပန်း၊ အလှဆင်ခြင်းတို့ကို ဘာကြောင့် ရှောင်ရသလဲ❓
-----------------------------------------------

ပန်းပန်ခြင်း၊ အမွှေးနံ့သာလိမ်းခြင်း၊
အလှဆင်ခြင်းတို့ကို ရှောင်ရခြင်းသည်
ပန်းကို မုန်း၍...မဟုတ်ပါ။
အာရုံအလှအပ၌
သာယာတပ်မက်မှု လျော့ပါးစေရန် ဖြစ်ပါတယ်။

ဥပုသ်နေ့မှာ....

“ငါလှချင်တယ်”

“သူများက ငါ့ကိုလှတယ်လို့... မြင်စေချင်တယ်”

“ဒီအလှကို မပျက်စေချင်ဘူး”

ဆိုသော စိတ်များကိုပင် ပြန်ကြည့်ရမှာ ဖြစ်ပါတယ်။

ထို့ကြောင့်....
ဥပုသ်သည် အပြင်ပန်းအလှကို ဖျက်ခြင်းထက်
အတွင်းစိတ်က တပ်မက်မှုကို လျော့စေခြင်း
ဖြစ်ပါတယ်။

🔖 #သီလရဲ့_အပြင်ပန်းနှင့်_အတွင်းအနှစ်သာရ🔖
--------------------------------------

တချို့က ညနေစာ ရှောင်လိုက်တာနဲ့
ဥပုသ်အဆင်ပြေနေပြီ လို့ ထင်ကြတယ်။
အမှန်တော့ ညနေစာရှောင်ခြင်းဟာ
ရှစ်ပါးသီလထဲက တစ်ပါးကို စောင့်ထိန်းခြင်း သာ
ဖြစ်ပါတယ်။

ဥပုသ်ရဲ့ အနှစ်သာရကတော့...

အစာတစ်မျိုးတည်းကို ထိန်းတာမဟုတ်ဘဲ....
လောဘကို ထိန်းနိုင်ဖို့၊
ဒေါသကို ထိန်းနိုင်ဖို့၊
မောဟကို လျော့နိုင်ဖို့၊
မိမိစိတ်ကို မိမိ ပြန်လည်စောင့်ကြည့်နိုင်ဖို့ ဖြစ်ပါတယ်။

ထို့ကြောင့်...
ကိုယ်က အစာကို ရှောင်နေချိန်မှာ
စိတ်က ကိလေသာကို မကျွေးမိဖို့ ပိုအရေးကြီးပါတယ်။

ဥပုသ်နေ့ကို ဘယ်နေ့တွေမှာ စောင့်ကြသလဲ❓
-----------------------------------------

ရှေးဗုဒ္ဓဘာသာ...အစဉ်အလာအရ

လဆန်း (၈) ရက်၊
လဆုတ် (၈) ရက်၊
လပြည့်နေ့၊
လကွယ်နေ့

တို့ကို အဓိက ဥပုသ်နေ့များအဖြစ်
စောင့်ထိန်းကြပါတယ်။

ဓမ္မိကသုတ်တွင်လည်း ဥပုသ်နေ့များ၌
အင်္ဂါရှစ်ပါးကို စောင့်ထိန်းရန် ဟောကြားထားပါတယ်။

သို့သော်....
ဥပုသ်၏ တန်ဖိုးသည် ရက်အရေအတွက်ထက်
ထိုနေ့တွင် မိမိ၏ ကိုယ်၊ နှုတ်၊ စိတ်ကို
အမှန်တကယ် ဘယ်လောက်ထိန်းသိမ်းနိုင်သလဲ
ဆိုတာမှာ ရှိပါတယ်။

🔖 ဥပုသ်ရဲ့ တကယ့်...ရည်ရွယ်ချက်🔖
-----------------------------

ဥပုသ် စောင့်တာ
နတ်ပြည်ရောက်ဖို့ သက်သက် မဟုတ်ပါ။
အကျိုးအမြတ်ရဖို့ သက်သက်လည်း မဟုတ်ပါ။

“ဒီနေ့ ဥပုသ်နေ့ဖြစ်လို့” ဆိုပြီး
အစဉ်အလာကိုသာ လိုက်နာဖို့လည်း မဟုတ်ပါ။

ရာဂ လျော့အောင်၊
ဒေါသ လျော့အောင်၊
လောဘ လျော့အောင်၊
မောဟ လျော့အောင်၊
မာန လျော့အောင်၊
ကိလေသာ လျော့အောင်၊
သတိ၊ သမာဓိ၊ ပညာ တိုးအောင်
ကျင့်ခြင်း ဖြစ်ပါတယ်။

တစ်နေ့တာ...အတွင်းးးးး
မိမိစိတ်ကို မိမိပြန်ကြည့်နိုင်လာရင်၊
အလိုဆန္ဒကို ထိန်းနိုင်လာရင်၊
ဒေါသ နောက်ကို မလိုက်နိုင်တော့ရင်၊
သူတစ်ပါးအပေါ် မေတ္တာပိုလာရင်၊
တရားအပေါ် စိတ်ပိုတည်လာရင်—

ထိုဥပုသ်သည် အတွင်းအနှစ်သာရ ရှိလာပြီ ဖြစ်ပါတယ်။

ဥပုသ်၏ တန်ဖိုးကို
ဘုရားရှင် မည်မျှမြှင့်တင်...ဟောတော်မူသလဲ❓🙏🏻
---------------------------------------------

အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊
ဝိသာခါဥပုသ်သုတ် တွင် မြတ်စွာဘုရားက
အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်သည်—
အကျိုးကြီး၊ အာနိသင်ကြီး၊
အလွန်တောက်ပ၍ အလွန်ပျံ့နှံ့သော
အကျိုးရှိသည်ဟု... ဟောတော်မူပါတယ်။🙏🏻🙏🏻🙏🏻

ထို့နောက် ....
အလွန်ထင်ရှားသော ဥပမာတစ်ခုဖြင့်
တန်ဖိုး ချိန်ပြတော်မူပါတယ်။

ရတနာခုနစ်ပါးနှင့် ပြည့်စုံသော
တိုင်းပြည်ကြီး ဆယ့်ခြောက်နိုင်ငံ ကို အုပ်ချုပ်ရသော
လူ့မင်း၏ အာဏာနှင့် စည်းစိမ်ပင် ဖြစ်စေကာမူ...

အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်၏
တစ်ဆယ့်ခြောက်စိတ် တစ်စိတ်မျှကိုပင် မမီနိုင်ပါ။

ထို့အပြင်... ဥပုသ်သုတ်၏ ဂါထာပိုင်းတွင်—

ပုလဲ၊ရတနာ၊ကျောက်မျက်၊ရွှေစင်နှင့်
လောက၌ရှိသမျှသော ရတနာစည်းစိမ်များသည်ပင်...
အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်၏
တစ်ဆယ့်ခြောက်စိတ် တစ်စိတ်မျှကို မမီနိုင်ကြောင်း
ဟောကြားထားပါတယ်။

ဒါကြောင့် ဥပုသ်၏ တန်ဖိုးကို
အပြင်ပန်းအခက်အခဲနဲ့ မတိုင်းသင့်ပါ။

ကိလေသာ ဘယ်လောက် လျော့သွားသလဲ၊❓
စိတ် ဘယ်လောက် စင်ကြယ်လာသလဲ၊❓
ကုသိုလ်တရား ဘယ်လောက်တိုးလာသလဲ၊❓
တရားအပေါ် သဒ္ဓါ ဘယ်လောက်တိုးလာသလဲ၊❓
သတိ၊ သမာဓိ၊ ပညာ ဘယ်လောက်တိုးလာသလဲ❓

ဆိုတာနဲ့ တိုင်းသင့်ပါတယ်။

🙏🏻 နိဂုံး🙏🏻
________

ဥပုသ်...ဆိုတာ

ကိုယ်ကို ထိန်းသိမ်းခြင်း၊
နှုတ်ကို ထိန်းသိမ်းခြင်း၊
စိတ်ကို ထိန်းသိမ်းခြင်း၊
ကိလေသာကို လျော့ပါးအောင် လေ့ကျင့်ခြင်း
ဖြစ်ပါတယ်။

ရှစ်ပါးသီလသည် ဥပုသ်၏ အခြေခံ ဖြစ်ပါတယ်။

အနုဿတိနှင့် ဘာဝနာသည်
စိတ်ကို မြတ်သောအာရုံ၌ တည်စေသော
လေ့ကျင့်မှု ဖြစ်ပါတယ်။

ကိလေသာ...လျော့ပါး၍
စိတ်ကြည်လင်...သန့်ရှင်းလာခြင်းသည်
ဥပုသ်၏ အတွင်းအနှစ်သာရ ဖြစ်ပါတယ်။

ထို့ကြောင့်...
ဥပုသ်နေ့တစ်နေ့ကို
အစဉ်အလာကို လိုက်နာသော နေ့အဖြစ်သာ မထားဘဲ၊
မိမိစိတ်ကို မိမိပြန်လည်ပြုပြင်သော နေ့
ဖြစ်အောင် အသုံးချသင့်ပါတယ်။

ဒီနေ့...
ဒေါသနည်းနည်း လျော့သွားရင်၊
လောဘနည်းနည်း လျော့သွားရင်၊
မာနနည်းနည်း လျော့သွားရင်၊
မေတ္တာနည်းနည်း ပိုလာရင်၊
သတိနည်းနည်း ပိုရှိလာရင်၊
တရားအပေါ် နည်းနည်းပိုနီးလာရင်....

ထိုနေ့သည် အဓိပ္ပါယ်ရှိသော ဥပုသ်နေ့ ဖြစ်လာပါပြီ။

ထို့ကြောင့် ဥပုသ်နေ့တစ်နေ့ကို
ကိလေသာလျော့သော...နေ့၊
စိတ်စင်ကြယ်သော...နေ့၊
မေတ္တာတိုးသော...နေ့၊
သတိတိုးသော...နေ့၊
တရားတိုးသော...နေ့

ဖြစ်အောင် အသုံးချနိုင်ကြပါစေ။ 🙏🏻🙏🏻🙏🏻

သာသနာတော်နှင့် ကြုံဆုံရခိုက်....
အရိယာသူတော်ကောင်းတို့၏ အကျင့်ကို အတုယူ၍
သီလ၊ သမာဓိ၊ ပညာ တိုးပွားအောင်
ကြိုးစားအားထုတ်နိုင်ကြပါစေ။ 🙏🏻🙏🏻🙏🏻

📚 ကျမ်းညွှန်း
-------------

အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ် —
မူလဥပုသ်သုတ်
ဥပုသ် ၃ မျိုးနှင့် အရိယာဥပုသ်၏ အနုဿတိအကျင့်။
အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ် ဥပုသ်သုတ်
အရိယာဥပုသ်နှင့် အင်္ဂါရှစ်ပါး။
အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ် ဝိသာခါဥပုသ်သုတ်
အရိယာတို့၏ အကျင့်ကို အတုယူ၍ ဥပုသ်ရှစ်ပါး စောင့်ထိန်းခြင်း၊ ဥပုသ်၏ အကျိုးအာနိသင်နှင့် တန်ဖိုး။
သုတ္တနဓမ္မိက
ဥပုသ်ရှစ်ပါးနှင့် ဥပုသ်နေ့များအကြောင်း။

ဓမ္မအနှစ်သာရကို အခြေခံ၍
စီစဉ်ရေးသားထားပါသည်။ 🙏🏻🙏🏻🙏🏻

--------------------------------------

🙏🏻"သဗ္ဗေ သတ္တာ သုခိတာ ဟောန္တု"🙏🏻
သတ္တဝါအားလုံး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ ချမ်းသာကြပါစေ။

🙏🏻 ကျေးဇူးတော်ရှင် ဆရာတော်ကြီးများ၏
ဓမ္မတရားတော်များကို ကိုးကားစုစည်းကာ
မျှဝေကုသိုလ်ပြု ပူဇော်ပါသည်။ 🙇🏻🙇🏻🙇🏻

✍🏻 သျှင်ဉာဏ

သာသနာရေးဦးစီးဌာနတွင် အငယ်တန်းစာရေးနှင့် အဆင့်တူရာထူးနေရာသို့ ဧရာဝတီတိုင်းအတွင်းမှ လျှောက်ထားသူများ ဧရာဝတီစာဖြေဌာနဖြစ်သေ...
08/08/2026

သာသနာရေးဦးစီးဌာနတွင် အငယ်တန်းစာရေးနှင့်
အဆင့်တူရာထူးနေရာသို့ ဧရာဝတီတိုင်းအတွင်းမှ လျှောက်ထားသူများ ဧရာဝတီစာဖြေဌာနဖြစ်သော တိုင်းသာသနာရေးမှူးရုံး၊ ပုသိမ်မြို့တွင် ယနေ့ ၈.၈.၂၀၂၆ရက်၊ စနေနေ့၊ နေ့လယ်ပိုင်း၌ ရေးဖြေစာမေးပွဲ(အထွေထွေဗဟုသုတ)အား ဖြေဆိုလျက်ရှိမှုအခြေအနေ

အပိုင်း (၂)

သာသနာရေးဦးစီးဌာနတွင် အငယ်တန်းစာရေးနှင့် အဆင့်တူရာထူးနေရာသို့ ဧရာဝတီတိုင်းအတွင်းမှ လျှောက်ထားသူများသည် ဧရာဝတီစာဖြေဌာနဖြစ...
08/08/2026

သာသနာရေးဦးစီးဌာနတွင် အငယ်တန်းစာရေးနှင့်
အဆင့်တူရာထူးနေရာသို့ ဧရာဝတီတိုင်းအတွင်းမှ လျှောက်ထားသူများသည် ဧရာဝတီစာဖြေဌာနဖြစ်သော တိုင်းသာသနာရေးမှူးရုံး၊ ပုသိမ်မြို့တွင် ယနေ့ ၈.၈.၂၀၂၆ရက်၊ စနေနေ့၊ နံနက်ပိုင်း၌ ရေးဖြေစာမေးပွဲ(မြန်မာစာ၊ အင်္ဂလိပ်)များအား ယဖြေဆိုလျက်ရှိမှုအခြေအနေ

အပိုင်း (၁)

ဧရာဝတီတိုင်းဒေသကြီးသံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ)ဆရာတော်ကြီးများမှ ဦးဆောင်၍ ပုသိမ်မြို့နယ်သံဃနာယကအဖွဲ့(ဂိုဏ်းပေါင်းစုံ)ဆ...
04/08/2026

ဧရာဝတီတိုင်းဒေသကြီးသံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ)ဆရာတော်ကြီးများမှ ဦးဆောင်၍ ပုသိမ်မြို့နယ်သံဃနာယကအဖွဲ့(ဂိုဏ်းပေါင်းစုံ)ဆရာတော်များက လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့် ဂိုဏ်းပေါင်းစုံကျောင်းတိုက်သံဃာတော်များအား ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ လှူဒါန်းနိုင်ရန် ညှိနှိုင်းအစည်းအဝေးပွဲကို ပုသိမ်မြို့၊ တိုက်ကြီးကျောင်းတိုက်၌ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့(၄.၈.၂၀၂၆)တွင် အလှူငွေပေါင်း သိန်း (၂၆၀)ကျော်ကို ဆရာတော်သံဃာတော်များနှင့် ဒါယကာဒါယိကာမ အပေါင်းတို့မှ စတင်ထည့်ဝင်လှူဒါန်းခဲ့ပါသည် 🙏🙏🙏

Address

ဧရာဝတီတိုင်းဒေသကြီး
Pathein

Website

Alerts

Be the first to know and let us send you an email when Ayeyawady Region Religious Affairs Office posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share