17/06/2026
မိဘပြည်သူများသို့အသိပေးပန်ကြားချက်
ပုသိမ်
ဇွန် ၁၇/၂၆
အမှတ်(၇၉)ယာဥ်ထိန်းရဲတပ်ဖွဲ့စု(ပုသိမ်)မှ ၂၀၂၆-၂၇ ခုနှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းကြို/ပို့သည့် မိဘပြည်သူများl ကျောင်းသား/သူ များ ယာဥ်/လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ဆိုင်ကယ်မောင်းနှင်စီးနင်းရာတွင် လုံခြုံစိတ်ချရသော ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုးသေချာစွာတပ်၍ မောင်းနှင်စေရန်အတွက် ဇွန်လ(ပlဒုlတ)ပတ်တို့အား ပညာပေးကာလသတ်မှတ်ဆောင်ရွက်ပြီး အသိပညာပေးခြင်းများဆောင်ရွက်လျှက်ရှိပါသည်။
ဇွန်လ နောက်ဆုံးအပတ်မှစ၍ ဆိုင်ကယ်မောင်းနှင်စီးနင်းရာတွင် ဆိုင်ကယ်စီးဦးထုပ်မဆောင်းသည့် ကျောင်းကြို/ပို့သည့် မိဘပြည်သူများနှင့် ကျောင်းသား/သူ များအား ၂၀၂၀ပြည့်နှစ်l ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဥ်စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများသိရှိနိုင်ပါရန် အသိပေးပန်ကြားအပ်ပါသည်။
#လမ်းအသုံးပြုသူများယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းကြပါစေ