DOELC Ayeyarwaddy

DOELC Ayeyarwaddy To inform about DOELC's activities

ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော်ပန်းတနော်မြို့နယ်လုံးဆိုင်ရာ ကရင်တိုင်းရင်းသားရိုးရာဝါခေါင်လချည်ဖြူဖွ...
31/08/2026

ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော်
ပန်းတနော်မြို့နယ်လုံးဆိုင်ရာ ကရင်တိုင်းရင်းသားရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ)အခမ်းအနား တက်ရောက်

ပုသိမ် ဩဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော် သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့တွင် ပန်းတနော်မြို့နယ် ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကြီးမှူး၍
ပန်းတနော်မြို့နယ်၊ နှဲ့ဟထုံးတောင်ကျေးရွာ၌ ကျင်းပသည့် မြို့နယ်လုံးဆိုင်ရာကရင်တိုင်းရင်းသားရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ) အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင်
မန်းငြိမ်းမောင် တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော်မအူပင်မြို့နယ် ကရင်တိုင်းရင်းသားရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ(လက်ခ...
31/08/2026

ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော်
မအူပင်မြို့နယ် ကရင်တိုင်းရင်းသားရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ
(လက်ချည်ပွဲ)အခမ်းအနား တက်ရောက်

ပုသိမ် ဩဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော် သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ရက်နေ့တွင် မအူပင်မြို့နယ် ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကြီးမှူး၍ မအူပင်မြို့နယ်၊ တိုးရွှေဝါခန်းမ၌ ကျင်းပသည့် မြို့နယ်အဆင့် ကရင်တိုင်းရင်းသားရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ) အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင်
မန်းငြိမ်းမောင် တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော်မအူပင်မြို့နယ် လေးအိမ်စုဆရာတော်အား ဂါရဝပြုတွေ့ဆုံဖူးမြော်ပုသိမ်    ဩဂ...
31/08/2026

ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော်
မအူပင်မြို့နယ် လေးအိမ်စုဆရာတော်အား ဂါရဝပြုတွေ့ဆုံဖူးမြော်

ပုသိမ် ဩဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော် သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် မအူပင်မြို့နယ် လေးအိမ်စုဆရာတော်အား ဂါရဝပြုတွေ့ဆုံဖူးမြော်ခဲ့ပြီး လေးအိမ်စုကျေးရွာ ၊ အထကကျောင်းရှိ ကျောင်းသား/သူများအား တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းရေးဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာများ သွားရောက်လှူဒါန်း  (ဩဂု...
25/08/2026

တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း
ရေးဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာများ သွားရောက်လှူဒါန်း
(ဩဂုတ် ၁၈)

ဧရာဝတီတိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့က ပုသိမ်မြို့၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ အားကစားပြိုင်ပွဲရုံ(၂)၌ ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေး ပစ္စည်းလက်ခံသည့်နေရာသို့ သွားရောက်၍ ရေးဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာများ လှူဒါန်းခဲ့ကြောင်းသိရှိရသည်။

24/08/2026

ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးညွန့်
ရေကြည်မြို့နယ်အတွင်းရှိ ရေးဘေးသင့်ပြည်သူများကို ဆန်ရိက္ခာများထောက်ပံ့ ပေးအပ် (ဩဂုတ် ၂၂)

24/08/2026

ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော်
ကျောင်းကုန်းမြို့ရှိ ရေဘေးရှောင်စခန်းများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးအားပေး

24/08/2026

ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးညွန့်
ကျုံပျော်မြို့နယ် ရေးဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်

ကျုံပျော် ဩဂုတ် ၂၀

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့၊ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးသည် ကျုံပျော်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ ပြည်သူ့အားကစားခန်းမတွင် ရေးဘေးကြောင့် ပြောင်းရွှေ့နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ အားပေးနှစ်သိမ့်စကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့နောက် ဝန်ကြီးသည် ကျုံပျော်မြို့နယ်၊ ရပ်ကွက်များအတွင်း ဒါးကချောင်းရေ ဝင်ရောက်မှုအခြေအနေအား ကြည့်ရှုပြီး တာဝန်ရှိသူများနှင့် ရေဘေး ကာကွယ်ရေးအစီအမံများအား ဆွေးနွေးခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များ လာရောက်လှူဒါန်းသည့်အခြေအနေများ နှင့် ကျေးရွာများသို့ ဆက်လက်ပို့ဆောင်လှူဒါန်းပေးနေမှုအခြေအနေများအား မေးမြန်းကာ ရေဝင်ရောက်နိုင်သည့် လမ်းကြောင်းများအား ကြည့်ရှု၍ ရေဘေးကာကွယ်ရေးလုပ်ငန်းများ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

Ref; ကျုံပျော်မြို့နယ်ပြန်/ဆက်

ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော်ကျောင်းကုန်းမြို့ရှိ ရေဘေးရှောင်စခန်းများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးအ...
24/08/2026

ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော်
ကျောင်းကုန်းမြို့ရှိ ရေဘေးရှောင်စခန်းများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးအားပေး

ပုသိမ် ဩဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော် သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့က ကျောင်းကုန်းမြို့နယ်ရှိ ရေဘေးရှောင်စခန်းများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော်ပုသိမ်ဆရာအတတ်သင်သိပ္ပံ ကျောင်းသားဟောင်းများ၏ အငြိမ်းစားအာစရိယ ပူဇော်ပ...
24/08/2026

ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော်
ပုသိမ်ဆရာအတတ်သင်သိပ္ပံ ကျောင်းသားဟောင်းများ၏ အငြိမ်းစားအာစရိယ ပူဇော်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပုသိမ် ဩဂုတ် ၂၂

ပုသိမ်ဆရာအတတ်သင်သိပ္ပံ ကျောင်းသားဟောင်းဖြစ်သော ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော် သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် ပုသိမ်ပညာရေးဒီဂရီ ကောလိပ်၌ ကျင်းပပြုလုပ်သည့် ပုသိမ်ဆရာအတတ်သင်သိပ္ပံ ကျောင်းသားဟောင်းများ၏ အငြိမ်းစားအာစရိယ ပူဇော်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အလှူငွေများပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော်ကန်ကြီးထောင့်မြို့နယ် ကရင်တိုင်းရင်းသားရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂ...
24/08/2026

ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော်
ကန်ကြီးထောင့်မြို့နယ် ကရင်တိုင်းရင်းသားရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ
(လက်ချည်ပွဲ)အခမ်းအနား တက်ရောက်

ပုသိမ် ဩဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော် သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့တွင် ကန်ကြီးထောင့်မြို့နယ် ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကြီးမှူး၍ ကန်ကြီးထောင့်မြို့နယ်၊ အနောက်စုကြီးကျေးရွာ၊ ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ခန်းမ၌ ကျင်းပသည့် မြို့နယ်အဆင့် ကရင်တိုင်းရင်းသားရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ) အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

Address

Pathein, Ayeyarwaddy Region
Pathein

Website

Alerts

Be the first to know and let us send you an email when DOELC Ayeyarwaddy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share