24/06/2026
သတင်းထုတ်ပြန်ခြင်း
၂၀၂၆ ခုနှစ် ၊ ဇွန်လ ၊ ၂၄ရက်
ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ _ပေါက်ပကဖသည် ဒေသတွင်းမဟာမိတ်ညီအစ်ကိုများနှင့် ပူးပေါင်းကာ ပခုက္ကူ တပ်မ (၁၀၁) မှ ထွက်လာသော အင်အား ၄၀၀ ကျော် စကစစစ်ကြောင်းအား ပခုက္ကူမြို့နယ်တွင်းမှနေ မြိုင်မြို့နယ်တွင်းထိ လိုက်လံချေမှုန်းတိုက်ခဲ့ပါသည် ။ ၎င်းတို့သည် မြိုင်မြို့နယ် ၊ ကိုင်းတောမကျေးရွာအရောက်တွင် အထိနာ၍ တွင်းမပျူစခန်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပါသည် ။
မိမိတို့ ပူးပေါင်းအဖွဲ့များ တိုက်ခိုက်မှုကြောင့် ရန်သူ့ တပ်မှူးများအပါအဝင် (၅၀) ထက်မနည်း သေဆုံးပြုန်းတီးနိုင်ပြီး အများအပြားထိခိုက်ဒဏ်ရာများရရှိသွားပါသည် ။ ထို့ပြင် ရန်သူ့ဘက်မှ ခဲယမ်းအများအပြားနှင့် စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ၊ယာဉ်ယန္တယားများကို သိမ်းဆည်းရရှိခဲ့ပါသည် ။
ထို့ပြင် ၎င်းတို့၏ ဒဏ်ရာရသူများကို သယ်ဆောင်ရန် တွင်းမပျူစခန်းသို့ဆင်းသက်လာသော Mi 17 လေယာဉ်တစီးကိုလည်း မိမိတို့ ပူးပေါင်းအင်အားစုများက အောင်မြင်စွာ တိုက်ခိုက်ပစ်ချဖျက်ဆီးနိုင်ခဲ့ပါသည် ။
ပူးပေါင်းတိုက်ခိုက်မှုများကို ပေါက်မြို့နယ် ပကဖ ၊ ပခုက္ကူခရိုင်ပကဖ ၊မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းများ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ KG တပ်ဖွဲ့၊ မြိုင် ပကဖ ၊ ပခုက္ကူ ပကဖ၊ ရေစကြို ပကဖ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ပခုက္ကူခရိုင် (၂/၆/၇/၁၂ /၁၄/၁၅/၁၇/၁၈ ) တပ်ရင်းများ၊ တိုင်းပကဖစစ်ကြောင်း(၄) ၊ ကမ္မတပ်ပေါင်းစု+ပြည်သူ့လုံခြုံရေးအင်အားစု(ကမ္မ) ၊ PLC တပ်ပေါင်းစု၊ အညာမြေတပ်ပေါင်းစု ၊ 8 + အင်အားစု နှင့် ဒေသတွင်းညီအစ်ကိုများက ညီညီညွတ်ညွတ် ပူးပေါင်းဖော်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။
စစ်ကောင်စီသည် ၎င်းတို့ချီတက်ရာ လမ်းကြောင်းတလျှောက်ရှိ ကျေးရွာများကို မီးရှို့ခြင်း ၊ အပြစ်မဲ့ အရပ်သားပြည်သူများကို လည် -ှီး သ-တ -်ဖြတ်ခြင်းများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေပါသည် ။ ထို့ကြောင့် စုစုပေါင်း အိမ်ခြေ (၄၀) ကျော် မီးရှို့ခံရပြီး ၊ မသန်စွမ်းအမျိုးသား ၁ဦးအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ( ၅ )ဦး ရက်စက်စွာ သတ်ဖြတ်ခြင်းခံခဲ့ရပါသည် ။
စစ်ကောင်စီတပ်သည် ယခုထက်ပိုမိုရက်စက်နိုင်သဖြင့် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိ၊ စစ်ရေးအသိဖြင့် နေထိုင်ကြပါရန်နှင့် မည်သည့်နည်းနှင့်မျှ အဖမ်းမခံရရေး ကြိုတင်သတိထားရှောင်ရှားကြရန် အထူးတိုက်တွန်းအပ်ပါသည် ။
#အမျိူးသားညီညွတ်ရေးအစိုးရ
#ကာကွယ်ရေးဝန်ကြီးဌာန
#ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့