U Zaw Zaw Htoo

U Zaw Zaw Htoo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from U Zaw Zaw Htoo, Paung.

12/01/2024

ခင်ဗျာတို့သားသမီးတွေ ကျောင်းမှာ ဆုယူနေတဲ့ပုံတွေ အမှတ်တရ facebook တင်ကြတော့ အိမ်တွေမီးရှိုးခံရပြီး စစ်ဘေးရှောင်နေရတဲ့မိဘတွေ ရင်ထဲ ခဏလောက်ဝင်ကြည့်ပေးပါလား

11/01/2024
 #မြန်မာတွေဟာ_ပိုက်ဆံလေးရှိလာရင် ဘုရားတည်ကြတယ်ဘုရားတည်တာကို သာဓုဝိုင်းခေါ်ကြတယ်တို့နိုင်ငံတို့လူမျိုးအတွက်လိုအပ်နေတဲ့ကျေ...
20/08/2023

#မြန်မာတွေဟာ_

ပိုက်ဆံလေးရှိလာရင် ဘုရားတည်ကြတယ်
ဘုရားတည်တာကို သာဓုဝိုင်းခေါ်ကြတယ်
တို့နိုင်ငံတို့လူမျိုးအတွက်လိုအပ်နေတဲ့
ကျောင်းတို့ ဆေးရုံတို့ လူအိုရုံတို့ ဂေဟာတို့ဆောက်လှူဖို့ စိတ်မကူးကြဘူး

ဘာလို့လဲဆိုတော့ ဘုရားတည်မှကုသိုလ်ရမယ်လို့ထင်နေလို့ပဲ
ဘုန်းကြီးတော်တော်များများကလည်း
ဘုရားတည်မယ့်အစား စာသင်ကျောင်းဆောက်ပါလား ဆေးရုံလှူပါလားလို့ မဟောဘူး
"သူ့သဒ်ဓါနဲ့သူ သူကြိုက်တာလှူပါစေ" တဲ့

မြန်မာတွေဟာ ဘုန်းကြီးကိုပဲလှူမယ်
လူတွေကိုမလှူဘူး ဆိုတဲ့အတွေးတွေရှိကြတယ်
ဘုန်းကြီးကမြင့်မြတ်တယ် လူတွေကသူ့ဘဝနဲ့သူ
မရှိရင်တောင်းစားကြ/ ရှာစားကြဆိုတဲ့အတွေးတွေများတယ်
ဆွမ်းဟင်းတွေပုံနေတဲ့ကျောင်းတိုက်တွေကို
ဆွမ်းတွေလောင်းကြတယ်
သင်္ကန်းတွေပုံနေတဲ့ကျောင်းတွေကို သင်္ကန်းတွေကပ်ကြတယ်
ဒါပေမယ့် နေ့စဉ်နဲ့အမျှတွေ့နေမြင်နေရတဲ့
ငတ်ပြတ်နေတဲ့လူတွေ အကူအညီလိုအပ်နေတဲ့လူတွေကို
( လျှာအရိုးမရှိတိုင်း ) ဘာအားစိုက်မှုမှမပါတဲ့
မေတ္တာပို့ကိုပဲ လူကြားကောင်းအောင်ထိုင်ပို့နေကြတယ်

တချို့ကျောင်းတွေကတော့ ပိုတဲ့ဆွမ်းတွေဆွမ်းဟင်းတွေကို
မရှိဆင်းရဲသားတွေကိုဝေမျှလှူနေကြပေမယ့်
တချို့ကျောင်းတွေကတော့
ပိုလျှံတဲ့ဆွမ်းတွေဟင်းတွေကို ကျောင်းကခွေးတွေသာစားရတယ်

မြန်မာတွေဟာ
လူတွေကို ကူညီဖို့သိပ်ကိုခဲယဉ်းကြတယ်
ဘုရားကိုပဲလှူမယ် ဘုန်းကြီးကိုပဲလှူမယ်ဆိုတဲ့အစွဲတွေ
သိပ်ကိုအားကြီးကြတယ်
အဲလိုလှူရတာကိုပဲမှန်ကန်တယ်လို့ယူဆနေကြသူတွေ
လည်းများတယ်
ငါတို့ကိုမလှူဘဲလိုအပ်တဲ့နေရာကိုလှူကြပါလို့ပြောတဲ့/ဟောတဲ့
ဘုန်းကြီးလည်းသိပ်ကိုရှားတယ်

ကျောင်းတွေလှူကြတယ် ကားတွေလှူကြတယ်
ဘုရားတွေတည်ကြတယ် ဒါဆိုကုသိုလ်တွေအများကြီးရပြီး
နောင်ဘဝကျရင် အဲဒီအကျိုးကိုမုချခံစားရမယ်လို့ယူဆကြတယ်
(ငါ့ပိုက်ဆံနဲ့ငါလှူတာ ငါပြန်ရမယ့်ကိစ္စပဲလုပ်မယ်ဆိုတဲ့
မိမိပိုင်ငွေကြေးကို အသွင်ပြောင်းပြီးနောက်ဘဝထိ
သယ်ချင်ကြတဲ့ အတ္တစွဲတွေနဲ့ လှူကြတာများတယ် )

ဒါပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာမြင်နေတွေ့နေရတဲ့
အကူအညီလိုအပ်နေတဲ့လူတွေကိုကူညီဖို့ကိုတွန့်ဆုတ်နေကြတယ်
တကယ်ဆို တို့မြန်မာပြည်မှာ
နေရာပေါင်းစုံမှာအကူအညီမျိုးစုံလိုအပ်နေတဲ့လူတွေ
သိန်းပေါင်းများစွာရှိနေတယ် ဘယ်မှာလှူရမှန်းမသိလို့
ဘယ်လိုလှူရမယ်မသိလို့ စတဲ့အကြောင်းပြချက်ပေါင်းစုံနဲ့
လူတွေကိုကူညီဖို့ မသိချင်ဟန်ဆောင်နေကြတယ်
ရှောင်လွှဲနေကြတယ်

ပိုက်ဆံရှိရင် မိသားစုဘုန်းကြီးဆွမ်းကပ်လိုက်မယ်
ပိုက်ဆံရှိရင် ဘယ်နှစ်တောင်ဘုရားတည်လိုက်မယ်
ပိုက်ဆံရှိရင် ဘုန်းကြီးကျောင်းဆောက်လှူမယ်
ပိုက်ဆံရှိရင် ရှင်ဘယ်နှစ်ရာပြုပေးမယ်
ဒါပဲတွေးတယ်

ပိုက်ဆံရှိရင်
ဒုက္ခရောက်နေတဲ့လူသားတွေကိုကူညီမယ်/
လှူဒါန်းမယ်ဆိုတဲ့အတွေးမျိုး
များများတွေးစေချင်တယ်

ကိုယ်ချင်းစာပါတယ် စိတ်မကောင်းဘူးလို့
တရားရှိသလိုလိုနဲ့ လူကြားကောင်းအောင် မပြောဘဲနဲ့
မိမိငွေထဲက နိုင်သလောက်သာ လှူပါ/ကူပါ

၇အိမျကွား၈အိမျကွား အော်ဟစ်ပြီး
တပြားမှမကုန်တဲ့လေထဲကနေမေတ္တာပို့နေမယ့်အစား
မိမိနိုင်သလောက် လိုအပ်တဲ့နေရာကိုသွားလှူပါ

ရှိပြီးသားဘုရားတွေကိုထပ်ထပ်တည်နေမယ့်အစား
မရှိသေးတဲ့ လူတွေအတွက်လိုအပ်တဲ့အဆောက်အဦးတွေလှူပါ

ဟင်းခွက်တွေပြည့်နှက်နေတဲ့ကျောင်းတွေမှာ
ဆွမ်းကပ်ပြီး ပီတိဖြစ်မယ့်အစား
ထမင်းမစားရသေးတဲ့သူတွေကို ထမင်းတနှပ်ကုသိုလ်ပြုပါ

ကိုယ်ချင်းစာစိတ်မပါတဲ့ဘာသာတရားဟာ
ဆားမပါတဲ့ဟင်းလိုပါပဲ
ကူညီမှုမပါတဲ့ မေတ္တာပို့တွေဟာ
သာမန်သီချင်းအော်ဆိုနေတာနဲ့ အတူတူပါပဲ.....

ပါချုပ်ဆရာတော်ဘုရားကြီး

🙏🙏🙏

credit

"ကျွန်" လိုနေရတာ ပျော်ရဲ့လား ?************************ငါ၏နှမ .... လှချင်လှပါ လှနိုင်ပါတယ်"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့ရယ်ချ...
04/06/2023

"ကျွန်" လိုနေရတာ ပျော်ရဲ့လား ?
************************

ငါ၏နှမ ....
လှချင်လှပါ လှနိုင်ပါတယ်
"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့

ရယ်ချင်ရယ်ပါ ရယ်နိုင်ပါတယ်
"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့

ပျော်ချင်ပျော်ပါ ပျော်နိုင်ပါတယ်
"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့

ပိုက်ဆံရှာတာ ရှာနိုင်ပါတယ်
"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့

အချင်းချင်းတွေ ရန်ဖြစ်နေတာ ဖြစ်နိုင်ပါတယ်
"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့

နေရစားရ ဝဋ်ဒုက္ခနှင့်
နေ့တဓူဝ ရှာရဖွေရ
ကြောက်ရလန့်ရ ရုန်းကန်ကြရင်း
"ထမင်း" တလုပ် "တုတ်" တချက်နှင့်
"အသက်တချောင်း" မက်၍ကောင်းတုန်း တရုန်းရုန်းနှင့် ကုန်းရုန်း၍သာ
"ကျွန်" ဖြစ်နေတာ မမေ့ပါနဲ့

"ကျွန်" မဟုတ်ပဲ "ကျွန်" လုပ်ခံရ
"လက်နက်" ပြ၍ အဓမ္မအတင်း
ကျွန်ပြုခြင်းအား မငြင်းမဆန်
အညံ့ခံကာ နေသာသလို
နေမည်ဆိုက - - -

ငါတို့ဘဝ ....
"ကျွန်မ" "ကျွန်ထီး" "ကျွန်ကြီး" ကျွန်လေး"
ငါတို့မွေးသည့် ငါတို့ "ရင်သွေး"
ငါတို့ "ကလေး" တွေလည်း
"ကျွန်လေး" တွေပဲ ဖြစ်လိမ့်မယ်။

#နိုင်မြန်မာ

Credit.
3.6.2023

22/10/2022
'' CDM သူရဲကောင်းများကိုယ်ကလစ်ကိုယ်ယူပါ ''နွေဦးတော်လှန်ရေးမှာ အာဏာရှင်ကို တော်လှန်သူအသီးသီးဟာ အရေးကြီး အရေးပါကြပါတယ်။ ဒ...
14/07/2022

'' CDM သူရဲကောင်းများကိုယ်ကလစ်ကိုယ်ယူပါ ''

နွေဦးတော်လှန်ရေးမှာ အာဏာရှင်ကို တော်လှန်သူအသီးသီးဟာ အရေးကြီး အရေးပါကြပါတယ်။ ဒီအထဲမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်မှု ယန္တရားတွေ ရပ်တန့်သွားအောင် ယိုယွင်းချိနဲ့သွားအောင် CDM လုပ်ပြီး ပြည်သူနဲ့တစ်သားတည်း ရပ်တည်ခဲ့ကြတဲ့ နယ်ပယ်အသီးသီးက CDM တွေရဲ့ အခန်းကဏ္ဍဟာလဲ မေ့ထားလို့မရတဲ့အရာပါ။

တော်လှန်ရေးအစမှာ ပြည်သူတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြပေမယ့် စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် လက်နက်ကိုင်တော်လှန်ဖို့ ရွေးချယ်ခဲ့ကြတယ်။ တော်လှန်ရေးမှာ စစ်ရေးအရ ဖိအားပေးနိုင်ဖို့ဆိုတာလဲ အရမ်းအရေးကြီးပါတယ်။ တိုက်ခိုက်ရေးအပိုင်းဖြစ်တဲ့အတွက် လိုအပ်ချက်တွေလဲ ပိုမိုများပြားပါတယ်။ တော်လှန်ရေး ရှည်ကြာလာတာနဲ့အမျှ တိုက်ခိုက်ရေး အရှိန်မြင့်လာတာရယ် ထောက်ပံ့ကူညီကြတဲ့ ပြည်သူတွေ ခက်ခဲလာတာရယ်ကြောင့် CDM တွေဟာ မိမိဘာသာမိမိ တောင့်ခံရပ်တည်ရပါတယ်။

CDM ဝန်ထမ်းတွေဟာလည်း အချိန်ကာလ ကြာမြင့်လာတဲ့အချိန်မှာ ပိုပိုပြီး ခက်ခဲလာကြပါတယ်။ တစ်ချို့ CDM ဝန်ထမ်းတွေဟာ ရှိတာမှန်သမျှ ထုခွဲရောင်းချလို့ ကုန်သလောက် ဖြစ်နေကြပါပြီ။ ရှေ့ဆက်ရပ်တည်ဖို့ အသိအကျွမ်း မိတ်ဆွေတွေဆီမှာ မျက်နှာအငယ်ခံပြီး လိုက်လံအကူအညီတောင်းကြရတယ်။ အဆင်ပြေတာရှိပေမအဆင်မပြေတာ ပိုများကြပါတယ်။

ဓမ္မဘက်တော်သားတွေဟာ ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းမှန်ကန်တယ်ဆိုတာကို ပြစေချင်လို့၊
Career တခုကိုစွန့်လွှတ်ပြီး နောက်အလုပ်တခုမရခင်စပ်ကြားအချိန်ကာလတွေမှာ အဆင်ပြေစေရန် နှင့် နောက်ဆုံးတခုက​တော့ အမှန်တရားဘက်ရပ်တည်သူတွေအတွက် ဂုဏ်ပြုတာဖြစ်ပါတယ်။

Watermelon Application ဆိုတာဟာ App ကနေ ရရှိလာတဲ့ ငွေကြေးကို လက်လှမ်းမီသမျှ တပ်မတော်သား
CDM တွေနဲ့ အခြား ဌာနဆိုင်ရာ CDM ဝန်ထမ်းများ
ကို ကူညီပေးမဲ့ App တခုပါ။

App ကိုအသုံးပြုတဲ့အခါ CDM ဝန်ထမ်းများအတွက် သီးသန့်စီစဥ်ထားတာရှိပါတယ်။ အဲ့ဒါကတော့ CDM
ဝန်ထမ်းတွေဟာ ပထမဆုံး

(1) Watermelon Application ကို Playstore မှာ Download ဆွဲပြီး Install လုပ်ပါ။
(လောလောဆယ်က အောက်ပါ Link မှာ Download ဆွဲပေးပါ)
https://play.google.com/store/apps/details?id=com.support.watermelon

(2) Register ဖြည့်ပါ။

(3) နေ့စဥ် ပုံမှန်ကလစ်ပါ။
- အသုံးပြုသူ၏ကလစ်အား Point ဖြင့် ပြသနေမှာဖြစ်ပါတယ်။

နေ့စဥ် Click သမျှကို တစ်လပြည့်တဲ့အခါ စုစုပေါင်း ရရှိငွေရဲ့ 85%ကို Clickသူ CDM ဝန်ထမ်းများက ရရှိမှာ ဖြစ်ပါတယ်။ ဆိုလိုတာက CDM များအနေနဲ့ ကိုယ် Click နိုင်ရင် Click နိုင်သလောက် ရရှိမှာ ဖြစ်ပါတယ်။

လစဥ်ရရှိငွေစုစုပေါင်းရဲ့ 15% ရဲ့ပမာဏကိုတော်လှန်ရေးအတွက် လိုအပ်သော နေရာများမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

🌸 စစ်ဘေးရှောင်ပြည်သူများ
🌸 CDM ပြုလုပ်သည့် ကုန်ကျစရိတ်များ
🌸 မြေပြင်လိုအပ်သော အဖွဲ့များ စသဖြင့် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုသွားပါမယ်။

ပြည်သူတွေအနေနဲ့လဲ တတ်နိုင်သလောက် နေ့စဥ်ပုံမှန် Click ပေးခြင်းဖြင့် လိုအပ်သောသူများ ခက်ခဲသောသူများကို ကူညီပေးရာရောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်နေရာဖြစ်ဖြစ် အဓိကကျနေတဲ့ ပြည်သူရဲ့အကူအညီကိုလဲ တောင်းခံချင်ပါတယ်။

⛔ သတိပြုစရာ

App မှာကလစ်တဲ့အခါ မိမိတက်နိုင်သလောက် အကြိမ်ရေသာ Click ပေးပါ။ များလိုက်နည်းလိုက် Click မိရင် ကြော်ငြာ (Ads) အတက်အကျ ပြသနာ ရှိနိုင်တာကြောင့် ဖြစ်ပါတယ်။

📍 VPN ကို US ပြောင်းဖို့ အထူးသတိပြုပါ 📍

ဝင်ငွေများအား နေ့စဥ် သို့မဟုတ် တပါတ်တခါ ပွင့်လင်းမြင်သာစွာ ပြသသွားမည်ဖြစ်ပါတယ်။

ယခုလို Application များဟာ Google ရဲ့ Policy များကြောင့် အခက်အခဲတစုံတရာရှိလာပါက Watermelon Application Management ၏ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါတယ်။

19/04/2022

တစ်ချို့ကျတော့ __ထဲမှာ
ပြန်လာချင်တယ် ပြန်လာခွင့်မရ--

Fail stateနောက်ထပ် ၃လ ကနေ ၆ လ အကြားအရေးတော်ပုံ မအောင်မြင်ရင် fail state ဖြစ်တော့မယ်ဆိုတာ သိလား.fail stateဆိုတာ ဘာလဲFail ...
29/03/2022

Fail state

နောက်ထပ် ၃လ ကနေ ၆ လ အကြား
အရေးတော်ပုံ မအောင်မြင်ရင် fail state
ဖြစ်တော့မယ်ဆိုတာ သိလား.fail stateဆိုတာ ဘာလဲ

Fail state ဆိုတာ သိပ်ကြောက်စရာ
ကောင်းတယ်..

၁) ဥပဒေမရှိတော့ဘူး..
၂) နိုင်တဲ့သူက သတ်..
၃) အားနည်းသူကသေ..
၄) ပြေးနိုင်သူကပြေး..

သည်အတိုင်းဆက်သွားရင် သည်အဖြစ်
ကြုံရမှာကိုသီအိုရီတွေကအဖြေထွက်နေပြီ..

ဒါကြောင့် ကမ္ဘာကကြည့်မနေနိုင်တော့တာ..

မအလဘက်သား စောက်ပိန်းတွေကို
သတိပေးချင်တာက အထူအပါး နားလည်တော့..

သည်ခေတ်မှာ တိရစ္ဆာန်ဝါဒကို
ဘယ်လူသားမှ လက်မခံဘူး..

(မဟာမိုင်း)
Credit

ပြောင်းလဲကုန်ပြီ •••••ဖုန်းရှိပေမယ့်ဘေလ်ဖိုး မတတ်နိုင်ကြတော့ဘူး။ကားရှိပေမယ့်သွားဖို့ မတတ်နိုင်ကြတော့ဘူး။မီးစက်ရှိပေမယ့်န...
03/03/2022

ပြောင်းလဲကုန်ပြီ •••••

ဖုန်းရှိပေမယ့်
ဘေလ်ဖိုး မတတ်နိုင်ကြတော့ဘူး။

ကားရှိပေမယ့်
သွားဖို့ မတတ်နိုင်ကြတော့ဘူး။

မီးစက်ရှိပေမယ့်
နှိုးဖို့ မတတ်နိုင်ကြတော့ဘူး။

ပြောချင်တာတွေရှိပေမယ့်
ပြောဖို့ မတတ်နိုင်ကြတော့ဘူး။

အမှန်တွေသိပေမယ့်
ပြဖို့ မတတ်နိုင်ကြတော့ဘူး။

အမှားတွေမြင်ပေမယ့်
ထောက်ပြဖို့ မတတ်နိုင်ကြတော့ဘူး။

အသက်တွေရှိမယ့်
အဓိပ္ပါယ်ရှိရှိ ရှင်သန်ဖို့ မတတ်နိုင်ကြတော့ဘူး။

ဘဝတွေဟာ ရှင်လျှက်နဲ့ သေနေကြပြီ။

#သာသနာနွယ်ဆရာတော်

ပြီးခဲ့သည့် ငါးနှစ်လုံးလုံး စစ်ရေး၊ လုံခြုံရေးကိစ္စများအပေါ် မည်သည့်ညွှန်ကြားချက်မှ ပေးခွင့်မရသည့် NLD အစိုးရကို တိုင်းရ...
19/01/2022

ပြီးခဲ့သည့် ငါးနှစ်လုံးလုံး
စစ်ရေး၊ လုံခြုံရေးကိစ္စများအပေါ်
မည်သည့်ညွှန်ကြားချက်မှ ပေးခွင့်မရသည့် NLD အစိုးရကို
တိုင်းရင်းသားများ အထင်မှားခဲ့ကြသည်ကို
ဒေါ်အောင်ဆန်းစုကြည် ကြိတ်မှိတ်ခံခဲ့ရသည်။

မန်းဝင်းခိုင်သန်း

19-1-2022

Address

Paung

Telephone

+959967679999

Website

Alerts

Be the first to know and let us send you an email when U Zaw Zaw Htoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share