Paungde Library

Paungde Library Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Paungde Library, Library, Paungde.

08/05/2025

တိုင်းရင်းဆေးဝါးဝယ်ယူသုံးစွဲသူများ သိကောင်းစရာ Talk Show

ပန်းပွင့်နဲ့ပျားကလေးပုံပြင် တစ်ခါတုန်းက တောအုပ်ထဲမှာ သာယာလှပတဲ့ ဥယျာဉ်ကြီးတစ်ခု ရှိသတဲ့။ အဲဒီဥယျာဉ်ကြီးထဲမှာ ထူးထူး ဆန်း...
17/03/2025

ပန်းပွင့်နဲ့ပျားကလေးပုံပြင်


တစ်ခါတုန်းက တောအုပ်ထဲမှာ သာယာလှပတဲ့ ဥယျာဉ်ကြီးတစ်ခု ရှိသတဲ့။ အဲဒီဥယျာဉ်ကြီးထဲမှာ ထူးထူး ဆန်းဆန်းပွင့်နေတဲ့ ပန်းပွင့်ကြီးတစ်ပွင့် ရှိတာပေါ့ ။ တစ်နေ့မှာတော့ ပန်းပွင့်ကြီးဟာ နေပူဆာလှုံနေတယ်။ အဲဒီအချိန်မှာ ပျားကလေးတစ်ကောင်ဟာ ပန်းဝတ်ရည် တွေ စုပ်ယူဖို့ ရောက်လာသတဲ့။ ပျားကလေးဟာ ပထမဆုံး ပန်းပွင့်ကြီးဆီမှာ ဝတ်ရည်စုပ်ဖို့ လာပြီးကြည့်တာပေါ့။ ဒါပေမဲ့ ပန်းပွင့်ကြီးထဲမှာ ဝတ်ရည်တွေ ခန်းခြောက် နေတာကို တွေ့ တော့ စိုးရိမ်သွားတယ်။ အဲဒါကြောင့် ပန်းပွင့်ကြီးကို မေးလိုက်သတဲ့ -

ပန်းပွင့်ကြီး ဘာ့ကြောင့် သင့်ထံမှာရှိတဲ့ ဝတ်ရည် တွေ ခန်းခြောက်နေတာလဲ၊ ပြောစမ်းပါဦး ဒီတော့ နေပူဆာလှုံနေတဲ့ ပန်းပွင့်ကြီးက ပျားကလေးကို -

ပျားကလေး ငါ အခုတစ်လော နေထိုင် မကောင်းဖြစ်နေလို့ မင်းတို့အတွက် ဝတ်ရည်တွေ မစုဆောင်းနိုင်ဘူး။ ကြာလာရင် ငါတို့ ပန်းပွင့်တွေ ပွင့်နိုင် မှာ မဟုတ်တော့ဘူး လို့ ပြောလိုက်သတဲ့။ ဒီတော့ ပျားကလေးလည်း ပန်းပွင့်ကြီးနဲ့ ပန်းတွေ မပွင့်နိုင်ရင် သူတို့ စုပ်ယူမယ့် ဝတ်ရည်တွေ ရမှာမဟုတ်တော့ဘူး ဆိုတာ သိသွားတဲ့အခါ -

ပန်းပွင့်ကြီး ဘာကြောင့်ပန်းတွေ မပွင့်နိုင်တော့မှာလဲ။ ကျုပ်ကို ပြောစမ်းပါဦး၊ ကျုပ်ကူညီနိုင်ရင် ကူညီပါ့မယ် အဲဒီတော့ ပန်းပွင့်ကြီးက ပျားကလေးကို ပြောလိုက်သတဲ့။

ပျားကလေး ငါ့ခြေထောက်တွေကို ကြည့်စမ်းပါဦး။ ယခင်ကလို ဖြောင့်စင်းပြီး လှပမနေဘဲ ဒဏ်ရာတွေ ရှိနေ တယ်အဲဒါနဲ့ ပျားကလေးက ပန်းပွင့်ကြီးရဲ့ ရှည်လျားပြီး ခြေထောက်လို ဖြစ်နေတဲ့ အပင်အောက်ကို ကြည့်တာပေါ့။ ပန်းပွင့်ကြီးရဲ့ အပင်အောက်မှာ မြေစာတွေကို တူးဆွနေတဲ့ ကြွက်ဖြူလေးတစ်ကောင်ကို ထူးခြားစွာ တွေ့လိုက်ရတာ ပေါ့။ အဲဒါကြောင့် ပျားကလေးဟာ ပန်းပွင့်ကြီးကိုနှုတ်ဆက် ပြီး ပန်းပွင့်ကြီးရဲ့အပင်အောက်မှာ မြေစာတွေ တူးနေတဲ့ ကြွက်ဖြူလေးဆီကို သွားပြီး မေးလိုက်တယ်။

အသင် ကြွက်ဖြူလေး ဘာ့ကြောင့် ကြှနျုပျအမွဲ ဝတ်ရည်ရနေတဲ့ ပန်းပွင့်ကြီးကို နှိပ်စက်နေရတာလဲ ဒီတော့ ကြွက်ဖြူလေးက-

အသင်ပျားကလေး ကြှနျုပျ အစာရှာဖွေနေခြင်း ဖြစ်ပါ တယ်။ ပန်းပွင့်ကြီးရဲ့ အပင်အောက်မှာ စားစရာတွေ ရှိနေ လို့ ကြှနျုပျ တူးဆွနေခြင်း ဖြစ်ပါတယ် လို့ ပြောလိုက် သတဲ့။ ပျားကလေးလည်း ကြွက်ဖြူလေးပြောတဲ့ စကားကို မယုံလို့ မြေစာတွင်းထဲကို ဝင်ကြည့်တာပေါ့။ ပျားကလေး သွားကြည့်တော့ မြေတွင်းထဲမှာ ကြွက်ဖြူလေးစားဖို့ အစာမရှိဘဲ ပန်းပွင့်ကြီးရှင်သန်ဖို့အတွက် အမြဲတမ်းအားပေးနေတဲ့ အမြစ်တွေကို ကိုက်ဖြတ်နေတာကို တွေ့လိုက်ရတယ်။ ဒီတော့ ပျားကလေးက ကြွက်ဖြူလေး ကို မေးလိုက်တယ်။

အသင် ကြွက်ဖြူလေး အသင့်စကားက မမှန်ကန် ပါလား။ ပန်းပွင့်ကြီးရဲ့ အပင်အောက်မှာ အသင် စားဖို့ စားစရာတွေ မရှိတာ အမှန်ပဲ၊ ဘာကြောင့် ပန်းပင်ကြီးေ.သ အောင် အမြစ်တွေကို ဖျက်ဆီးရတာလဲ ဒီတော့ ကြွက်ဖြူလေးက -

ပျားကလေး ကြှနျုပျ စားသောက်တာကို မကန့် ကွက်ပါနဲ့။ အသင်လည်း တခြားပန်းပွင့်တွေဆီကို သွားပြီး ဝတ်ရည်ရှာဖွေသင့်တယ် လို့ ပြောကာ ထွက်သွားသတဲ့။ ပျားကလေးလည်း ကြွက်ဖြူလေးရဲ့ စကားကို ကြားပြီး ပန်းပွင့်ကြီးကို သနားသွားတာပေါ့။

ပန်းပွင့်ကြီး စိတ်မပူပါနဲ့။ အသင်က ကြှနျုပျရဲ့ ကျေးဇူးရှင်ဖြစ်တယ် လို့ပြောပြီး ပျားအုံဆီကို ပြန်သွား တာပေါ့။ ပျားကလေး ပျားအုံဆီကို ပြန်ရောက်တော့ ပျားဘုရင်မက -

အသင်ပျားကလေး ဘာကြောင့် ဒီနေ့ ဝတ်ရည် သယ်မလာတာလဲ အဲဒီတော့ ပျားကလေးက -

ပျားဘုရင်မ ကြှနျုပျတို့အတှကျ အမြဲတမ်း ဝတ်ရည်ပေးနေတဲ့ ပန်းပွင့်ကြီးဟာ ကြွက်ဖြူလေးကြောင့် ဝတ်ရည်တွေ မရနိုင်တော့ပါ။ အဲဒါကြောင့် ကြှနျုပျ ကြွက်ဖြူလေးရန်ကို ဖယ်ရှားဖို့ တာဝန်ခံခဲ့ပါတယ် လို့ ပျားဘုရင်မကို ပြောလိုက်တယ်။ ပျားဘုရင်မလည်း ပျား ကလေးစကားကို ကြားတော့ မကြံနိုင်အောင် ဖြစ်သွား တာပေါ့။ အဲဒါကြောင့် ပျားကလေးဟာ ပန်းပွင့်ကြီးကို သနားလို့ ဘယ်လိုကူညီရမလဲဆိုတာကို တွေးပြီး ပျံဝဲ နေတာပေါ့။ အဲဒီအချိန်မှာ ငှက်ကလေးတစ်ကောင်ဟာ အစာရှာဖွေရင်း ပန်းပွင့်ကြီးဆီက ဝတ်ရည်မစုပ်ဘဲ ပျံဝဲနေတဲ့ ပျားကလေးကို တွေ့ပြီး မေးလိုက်တယ်။

ပျားကလေး.. ဘာကြောင့် ဝတ်ရည်မစုပ်ဘဲ ပျံဝဲ နေတာလဲ ငှက်ကလေးစကားကိုကြားတဲ့အခါ ပျားကလေးလည်း အကြံရသွားတာပေါ့။ အဲဒါကြောင့် ပျားကလေးက ငှက်ကလေးကို အကြောင်းစုံပြောပြပြီး အကူအညီတောင်းလိုက်တယ်။

ငှက်ကလေးလည်း ပျားကလေးကို အကူအညီပေး တာပေါ့။ အဲဒါကြောင့် ငှက်ကလေးဟာ ပန်းပွင့်ကြီး ရဲ့ အပင်အောက်မှာ မြေစာတူးနေတဲ့ ကြွက်ဖြူလေးကို သူ့နှုတ်သီးနဲ့ ဟိုးဆိတ်လိုက်တော့ ကြွက်ဖြူလေးလည်း နာကျင်သွားတာပေါ့။ ပြီးတော့ ကြွက်ဖြူလေးက ငှက်ကလေးကို မေးလိုက်တယ်။

အသင် ကြှနျုပျ ရှာဖွေစားသောက်တာကို ဘာကြောင့်နှောင့်ယှက်ရတာလဲ ဒီတော့ ငှက်ကလေး က-

အသင် ရှာဖွေစားသောက်တာကို ကျွနု်ပ် မနှောင့်ယှက်ပါ။ အသင်ကသာ ပျားကလေးတွေ စားသုံးဖို့ ဝတ်ရည်အမြဲပေးနေတဲ့ ပန်းပွင့်ကြီးကို နှောင့်ယှက် ဖျက်ဆီးနေတာ မဟုတ်လား။ တစ်ကယ်ဆို ပျားကလေး တွေက အသင့်ထက် ခွန်အားနည်းသူဖြစ်လို့ သနား ညှာတာသင့်ပါတယ် လို့ ပြောလိုက်သတဲ့။ ဒီတော့ ကြွက်ဖြူလေးလည်း သဘောပေါက်သွားတာပေါ့။ ပြီးတော့ ငှက်ကလေးကို ပြောလိုက်တယ်။

အသင်ဟာ တစ်ဖက်သားအပေါ် မေတ္တာနဲ့ ကူညီတဲ့အတွက် ကြှနျုပျ ဝမ်းသာပါတယ်။ ကြှနျုပျလညျး အသင်ငှက်ကလေးလို မေတ္တာထားပြီး ကူညီပါတော့မယ် လို့ ပြောပြီး ပန်းပွင့်ကြီးရဲ့ အပင်အောက်က မြေစာတွေကိ ဆက်မတူးတော့ဘဲ မြေကြီးတွေကို ပြန်ဖို့ပေးလိုက်တော့ တာပေါ့။

ပန်းပွင့်ကြီးလည်း ကြွက်ဖြူလေးရန်က ကင်းလွတ် သွားပြီး လှပတဲ့ ပန်းတွေအများကြီး ဖူးပွင့်နိုင်သလို ပျား ကလေးကိုလည်း ကျေးဇူးတင်နေသတဲ့။ အဲဒါကြောင့် နေ့စဉ်ပန်းပွင့်ကြီးနဲ့ ပန်းကလေးတွေဆီကို ပျားကလေးတွေ အများကြီးလာပြီး ဝတ်ရည်စုပ်ယူနိုင်ကြတာပေါ့ ။

ငှက်ကလေးကလည်း ပျားကလေးတွေကို အားကျပြီး အခြားငှက်ကလေးတွေကို ခေါ်လာပြီး တေးသီနေသတဲ့။ သာယာလှပတဲ့ ဥယျာဉ်ကြီးကို မြင်ရသူတိုင်းက စိတ်ထဲမှာ အမြဲတမ်းကြည်နူးနေကြတာပေါ့ကွယ်။

#ရွှေသွေးဂျာနယ်

ထူးဆန်းသောလူစွမ်းကောင်းများပုံပြင်======================တစ်ခါက အရှေ့တိုင်းပြည်နဲ့ အနောက်တိုင်းပြည် ဆိုပြီး တိုင်းပြည်နှစ...
17/03/2025

ထူးဆန်းသောလူစွမ်းကောင်းများပုံပြင်
======================

တစ်ခါက အရှေ့တိုင်းပြည်နဲ့ အနောက်တိုင်းပြည် ဆိုပြီး တိုင်းပြည်နှစ်ပြည် ရှိသတဲ့။ အဲဒီတိုင်းနှစ်ပြည်ဟာ အမြဲတမ်းယှဉ်ပြိုင်နေကြတာပေါ့ကွယ်။ တစ်နေ့မှာတော့ အနောက်တိုင်းပြည်က ဘုရင်ကြီးဟာ အရှေ့တိုင်းပြည် ကို သံတမန်စေလွှတ်ပြီး လူထူးဆန်းတွေ၊လူစွမ်းကောင်း တွေရှိရင် ယှဉ်ပြိုင်ကြဖို့ ဖိတ်ခေါ်လိုက်သတဲ့။

အဲဒါနဲ့ အရှေ့တိုင်းပြည်က ဘုရင်ကြီးကလည်း အားကျမခံ သူရဲ့ အားအထားရဆုံး စစ်သူကြီးကိုခေါ်ပြီး လူထူးဆန်းတွေကို ရှာဖွေခိုင်းသတဲ့ကွယ်။

စစ်သူကြီးကလည်းဘုရင်ကြီးရဲ့ အမိန့်တော်မြတ် အတိုင်း လူထူးဆန်းတွေ ရှာဖွေဖို့ ခရီးထွက်လာခဲ့တယ်။ ထိုသို့ဖြင့် တောင်ကုန်းတစ်ခုကို တွေ့တော့ တောင်ကုန်း ပေါ်တက်ပြီးဘေးပတ်ဝန်းကျင်ကိုမျှော်ကြည့်တုန်းမှာပဲ တောင်ကုန်းကြီးဟာ လှုပ်စိ လှုပ်စိ ဖြစ်လာသတဲ့။ စစ်သူ ကြီးဟာရုတ်တရက်လန့်သွားပြီး တောင်ကုန်းပေါ်ကနေ ခုန်ဆင်းလိုက်တာပေါ့။

စစ်သူကြီး ခုန်ဆင်းသွားတဲ့ တောင်ကုန်းလေးက လှုပ်နေရာကနေ ငုတ်တုတ်ထထိုင်တော့တယ်။ သေချာ ကြည့်လိုက်တော့ တောင်ကုန်းလို့ထင်ထားတဲ့ဟာက လူ ထွားကြီးတစ်ယောက် အိပ်နေတာဖြစ်တယ်။ လူထွားကြီး ကတစ်ချက်သမ်းဝေလိုက်ပြီး အနားမှာရှိတဲ့ စမ်းချောင်း ထဲကရေတွေကို တဝကြီးသောက်လိုက်တယ်။စမ်းချောင်း ထဲက ရေတွေ ကုန်လုနီးပါး ဖြစ်သွားတယ်။

အဲဒါကိုတွေ့လိုက်တဲ့ စစ်သူကြီးက “ခင်ဗျားက လူကောင်ကလည်း ထွား၊ အစားအသောက်ကလည်း တယ်ကြီးတာကိုး" လို့ ပြောလိုက်တယ်။ လူထွားကြီးက “ဒါ တောင်မှ ရေငတ်ပြေရုံပဲ ရှိသေးတယ်" လို့ ပြန်ပြော တော့ စစ်သူကြီးက သဘောကျသွားပြီး လူထူးဆန်း တစ်ယောက်အဖြစ် ခေါ်လာခဲ့တယ်။

တစ်နေရာကိုရောက်တော့ ပိန်ပိန်ရှည်ရှည်နဲ့ လူ တစ်ယောက်က ခြေထောက်တစ်ဖက်ကိုခေါက်ပြီး ခြေ တစ်ပေါင်ကျိုးရပ်နေတာ တွေ့ရတယ်။ စစ်သူကြီးလည်း စိတ်ဝင်စားသွားပြီး အဲဒီလူကို မေးမြန်းကြည့်တာပေါ့။ "ခင်ဗျားက ဘာဖြစ်လို့ ခြေတစ်ဖက်တည်းရပ်နေ
ရတာတုံး"

အဲဒီလိုမေးတော့ ပိန်ပိန်ရှည်ရှည်လူကခြေတစ်ဖက် ရပ်နဲ့ ခပ်မြန်မြန် ပြေးပြတယ်။ ပြီးတော့ခြေနှစ်ဖက်စလုံး စုံချပြီးနှစ်မိုင်လောက်ခရီးကိုခဏလေးနဲ့ အသွားအပြန် ပြေးပြတယ်။

တကယ်တော့ သူဟာ ခြေတံရှည်ရှည်တွေနဲ့မို့ အပြေးအလွန်သန်တဲ့လူတစ်ယောက်ပဲဖြစ်တယ်။စစ်သူ ကြီးလည်း နောက်ထပ်လူစွမ်းကောင်း တစ်ယောက်အဖြစ် ပိန်ပိန်ရှည်ရှည် လူကို ခေါ်ခဲ့ပြန်တာပေါ့ကွယ်။ အဲဒီလိုနဲ့ ခရီးဆက်လာကြရင်း တောအုပ်တစ်ခုထဲရောက်လာတော့ တခြားနေရာတွေထက် အအေးဓာတ် ကိုပိုခံစားလာရတယ်။အဲဒီနေရာမှာ လူတစ်ယောက်ဟာ ဦးထုပ်ဝိုင်းဝိုင်းကြီးကို ခေါင်းပေါ်မှာ တစ်ခြမ်းပဲ ဆောင်း ထားတာကိုတွေ့ရပြန်သတဲ့။ ဒါပေမဲ့ သူ့အနားဝန်းကျင်က ပိုပြီးအေးစိမ့်နေတာလည်း ခံစားရတာနဲ့ စစ်သူကြီးက-

“ခင်ဗျားက ဘာလို့ ဦးထုပ်ကို အတည့်မဆောင်း ထားတာလဲ" လို့ မေးလိုက်ရာ အဲဒီလူက ဦးထုပ်ကို အတည့်ဆောင်းပြလိုက်တာနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး ဆီးနှင်းတွေကျပြီး အရမ်းအေးလာတယ်။ အဲဒါနဲ့ ဦးထုပ်ကို တစ်ခြမ်းပဲ ပြန်ဆောင်းလိုက်တော့မှ ဆီးနှင်းတွေကျတာ ရပ်သွားပြီး အေးစိမ့်စိမ့်လေး ပြန်ဖြစ်နေတော့တယ်။ စစ်သူကြီးလည်း သဘောကျသွားပြီး သုံးယောက်မြောက် လူထူးဆန်းအဖြစ် ခေါ်ခဲ့လိုက်ပြန်တယ်။

စစ်သူကြီးနဲ့ လူထူးဆန်းသုံးယောက်ဟာ ခရီးဆက် ထွက်လာကြတယ်။ တစ်နေရာမှာတော့ လူတစ်ဦးဟာ မျက်စိတစ်ဖက်ပိတ်ပြီး မြားပစ်နေတာကို တွေ့ရတယ်။ မျက်စိတစ်ဖက်ပိတ်ပြီး မြားပစ်ပေမဲ့ ပစ်မှတ်တွေက လွဲမသွားဘူး။ အဲဒါကိုကြည့်ပြီး စစ်သူကြီးက အဲဒီလူကို-

“ဘာလို့ မျက်စိတစ်ဖက်ပိတ်ပြီး မြားပစ်နေတာလဲ"

"ကျုပ် မျက်စိတစ်ဖက်ပိတ်ပြီး ပစ်တာတောင် ပစ်မှတ်တွေက မလွဲဘူးလေ၊ ကဲ ဒီမှာကြည့်" လို့ပြောပြီး မျက်စိနှစ်ဖက်ကို ဖွင့်ကာ ခပ်ဝေးဝေးကသစ်ရွက်ပေါ်မှာ နားနေတဲ့ယင်ကောင်ရဲ့ ဘယ်ဘက်မျက်လုံးကိုထိအောင် ပစ်ပြလိုက်တယ်။ သူဟာပစ်မှတ်ဘယ်လောက်သေ ဘယ်လောက်ဝေးဝေး မျက်စိနှစ်ဖက်ကိုဖွင့်ပြီး ပစ်ရင် မလွဲတမ်းထိတဲ့ မြားပစ်တော်တဲ့ လူစွမ်းကောင်းတစ် ယောက် ဖြစ်နေတယ်။ စစ်သူကြီးကလည်း မြားပစ် သမားကို လေးယောက်မြောက် လူထူးဆန်းအဖြစ်ခေါ်ဆောင်သွားတာပေါ့ကွယ်။

တစ်နေရာအရောက်မှာနှာခေါင်းတစ်ဖက်ပိတ်ပြီး အိပ်နေတဲ့ လူတစ်ယောက်ကို ထပ်တွေ့ကြပြန်တယ်။သူ အသက်ရှူရာမှာ သူ့အနားမှာရှိတဲ့ သစ်ရွက်တွေက လှုပ်ယမ်းနေကြတယ်။ စစ်သူကြီးလည်း စိတ်ဝင်စားပြီး-

"ဘာလို့ နှာခေါင်းတစ်ဖက်ကို ပိတ်ပြီး အိပ်နေရ တာလဲ" လို့ မေးလိုက်တော့ နှာခေါင်းတစ်ဖက်ပိတ်ပြီး အိပ်နေတဲ့သူက နှာခေါင်းနှစ်ဖက်ကိုဖွင့်ပြီး အသက်ရှူပြ လိုက်တယ်လေ။ အနားမှာရှိတဲ့ သစ်ပင်တွေ အကုန်လုံး လေမုန်တိုင်းတိုက်သလို လှုပ်ယမ်းကုန်တာပေါ့။ သူရဲ့ အသက်ရှူနှုန်းဟာ လေမုန်တိုင်းတစ်ခုလို ပြင်းထန် ကြောင်းစစ်သူကြီး သိမြင်ရတော့တယ်။စစ်သူကြီးလည်း သဘောကျသွားပြီး ငါးယောက်မြောက် လူထူးဆန်းအဖြစ် ခေါ်လိုက်ပါတော့တယ်။

စစ်သူကြီးလည်း လူထူးဆန်းတွေ ကို ခေါ်ပြီး အနောက်တိုင်းပြည်နဲ့ ယှဉ်ပြိုင်စေတယ်။

ပထမဆုံး အနောက်တိုင်းပြည်က လူဝကြီးတစ် ဦးနဲ့ အစားအသောက်ပြိုင်ပွဲ ကျင်းပကြတယ်။သူတို့လူဝ ကြီးကဆန်တစ်တင်း၊ ကြက်၊ဝက် ၁၀ ပိဿာလောက်ကို စားပြတယ်။ အဲဒါကိုတွေ့တော့ အရှေ့တိုင်းပြည်က စစ်သူကြီး ပထမဆုံးခေါ်လာတဲ့ လူထွားကြီးက "မြည်း တာလား" လို့ မေးလိုက်ပြီး တိုင်းပြည်မှာရှိတဲ့ အစား အသောက်တွေ အကုန်ချခိုင်းပြီး စားပြလိုက်တော့ အရှေ့တိုင်းပြည်က အနိုင်ရသွားတာပေါ့။

ဒုတိယအကြိမ်ပြိုင်ပွဲက အပြေးပြိုင်မှာဖြစ်ပြီး
အနောက်တိုင်းပြည်က ဘုရင့်သမီးတော်က ဗျိုင်းတစ် ကောင်လို ခြေတံရှည်တဲ့ အပြေးချန်ပီယံတစ်ယောက် ဖြစ်သတဲ့။ အဲဒီတော့ အရှေ့တိုင်းပြည်က စစ်သူကြီး ခေါ်လာတဲ့ ပိန်ပိန်ရှည်ရှည်နဲ့ ခြေတစ်ဖက်ရပ်တဲ့ အပြေး သမားနဲ့ ပြိုင်ကြတာပေါ့။ သူတို့ပြိုင်ပွဲစည်းမျဉ်းကရေအိုး တစ်အိုးထဲမှာ ရေအပြည့်ထည့်ပြီး ပြေးရတယ်၊ပန်းဝင်ရင် ရေအိုးထဲမှာရေပါလာတဲ့သူကအနိုင်ရမယ်။ပြိုင်ပွဲစစချင်း ခြေတစ်ဖက်ရပ်တဲ့သူက ခြေတစ်ဖက်တည်းနဲ့ပဲ ရှေ့က ဦးဆောင်နေသတဲ့။အဲဒါနဲ့ သူဟာလမ်းမှာတစ်ရေးအိပ်ပြီး ဘုရင့်သမီးတော်ကို စောင့်နေတာပေါ့။ ဘုရင့်သမီးတော် လည်း သူ့ကို မီလာကာ သူရဲ့ရေအိုးကို သွန်ပစ်လိုက်ပြီး ဆက်ပြေးသွားတာပေါ့။ ဘုရင့်သမီးတော် ပန်းဝင်ခါနီးမှာ ခြေတစ်ဖက်ရပ်အပြေးသမားလည်း နိုးလာပြီး ရေအိုးကို ရေထပ်ဖြည့်ပြီးတော့ ခြေနှစ်ဖက်စလုံး အသုံးပြုပြီး ပန်းတိုင်ကိုအရင်ဆုံးရောက်အောင် ပြေးတာပေါ့။ နောက် ဆုံးတော့ ခြေတစ်ဖက်ရပ်နဲ့လူက အနိုင်ရသွားတာပေါ့။

တတိယအကြိမ်ပြိုင်ပွဲကတော့ မြားပစ်ပြိုင်ပွဲပဲ ဖြစ်သတဲ့ကွယ်။အနောက်တိုင်းပြည်ကမြားပစ်သမားက တစ်မိုင်လောက်အဝေးက ပစ်မှတ်ကို တည့်တည့်ပစ်နိုင် သတဲ့။ ဒါနဲ့ အရှေ့ဘက်တိုင်းပြည်က စစ်သူကြီးခေါ်လာ တဲ့ ကဲ့ မျက်စိတစ်ဖက်ပိတ်ပြီး မြားပစ်သမားနဲ့ ယှဉ်ပြိုင်ကြ တာပေါ့။ အနောက်တိုင်းပြည်က မြားပစ်သမားက တစ် မိုင်အကွာအဝေးက ယင်ကောင်ကို ထိအောင်ပစ်ပြလိုက် တယ်။ အရှေ့တိုင်းပြည်က မျက်စိတစ်ဖက်ပိတ် မြားပစ် သမားကတော့ တစ်မိုင်အကွာအဝေးက ယင်ကောင်ရဲ့ ဘယ်ဘက်မျက်စိကို ထိအောင်ပစ်ပြလိုက်တယ်လေ။ မြားပစ်ပြိုင်ပွဲမှာလည်း အရှေ့တိုင်းပြည်က အနိုင်ရသွား ပြန်တာပေါ့။

ပြိုင်ပွဲတိုင်းမှာအရှေ့တိုင်းပြည်က လူစွမ်းကောင်း တွေပဲအနိုင်ရနေတော့ အနောက်တိုင်းပြည်က ဘုရင်ကြီး လည်း မကျေနပ်တော့ဘဲ စစ်သူကြီးနဲ့အတူ သူရဲ့လူစွမ်း ကောင်းတွေကိုဖမ်းဖို့ အမိန့်ပေးလိုက်တယ်။ အနောက် တိုင်းပြည်ကရဲမက်တွေလည်းဘုရင်ကြီးရဲ့ အမိန့်အတိုင်း ဖမ်းဖို့ပိုင်းကြတယ်။ အဲဒီအချိန်မှာ စစ်သူကြီးခေါ်လာတဲ့ လူစွမ်းကောင်းတွေထဲက နှာခေါင်းတစ်ဖက်ပိတ်ထားတဲ့ လူစွမ်းကောင်းက သူရဲ့ နှာခေါင်း နှစ်ဖက်စလုံးကိုဖွင့်ပြီး ရဲမက်တွေဘက်ကို အသက်ရှူထုတ်လိုက်တယ်။ ရဲမက် တွေလည်း လေမုန်တိုင်းကျသလို အဝေးကို လွင့်စဉ်ကုန် တယ်။ ရဲမက်တွေဟာ မကျေနပ်ကြဘဲ စစ်သူကြီးနဲ့ လူစွမ်းကောင်းတွေကို မီးကွင်းတွေ၊ မီးတုတ်တွေနဲ့ ပစ်ပေါက်ကြပြန်တယ်။

အဲဒီအခါ ဦးထုပ်တစ်ခြမ်းဆောင်းထားတဲ့ လူ စွမ်းကောင်းကြီးက သူ့ရဲ့ ဦးထုပ်ကို အတည့်ဆောင်းပြီး အစွမ်းပြလိုက်ပါတော့တယ်။ ပတ်ဝန်းကျင်တစ်ခုလုံး ဆီးနှင်းတွေ အုံ့မှိုင်းပြီး အေးခဲသွားတော့ မီးကွင်းတွေ၊မီးတုတ်တွေလည်း မီးငြိမ်းကုန်တော့ပေါ့ကွယ်။ နောက်ဆုံးမှာတော့အနောက်တိုင်းပြည်ကဘုရင် ကြီးလည်းအရှေ့တိုင်းပြည်ကစစ်သူကြီးနဲ့ လူစွမ်းကောင်း တွေကို ဘယ်လိုမှ မယှဉ်ပြိုင်နိုင်တော့မှန်းသိပြီးအရှုံးပေး လိုက်ပါတော့သတဲ့ကွယ်။

#ရွှေသွေးဂျာနယ်
#ပုံပြင်များ

ရပ်ရွာအတွက်စွန့်စားသူပုံပြင်ဟိုးရှေးရှေးတုန်းက ကျောက်တောင်ကြီးများ ထူထပ်သည့်နေရာ၌ ရွာကလေးတစ်ရွာ တည်ရှိသည်။ ထိုရွာမှရွာသူ...
17/03/2025

ရပ်ရွာအတွက်စွန့်စားသူပုံပြင်

ဟိုးရှေးရှေးတုန်းက ကျောက်တောင်ကြီးများ ထူထပ်သည့်နေရာ၌ ရွာကလေးတစ်ရွာ တည်ရှိသည်။ ထိုရွာမှရွာသူရွာသားများသည် ကျောက်တောင်အောက် ဘက်ရှိ မြေသားရှိသောနေရာများ၌ထွန် ယက်စိုက်ပျိုးကာ စားသောက်ကြရလေသည်။

ထိုရွာတွင်ရှိသောအဘွားအိုတစ်ဦးတွင် အလွန် ချောမောလှပသောမဥသြဆိုသည့်မြေးမလေးတစ်ယောက် ရှိလေသည်။ မဥဩ၏မိဘနှစ်ပါးမှာမဥသြငယ်စဉ်ကတည်း က သေဆုံးသွားကြသည်။ အဘွားအိုသည် သူပိုင်ဆိုင် သော မြေယာကွက်၌ သီးနှံများ စိုက်ပျိုးကာ မြေးမလေး ကို ကျွေးမွေးစောင့်ရှောက်ခဲ့သည်။ မဥသြအရွယ်ရောက် လာသောအခါ အဘွားအို၏ မြေယာတွင် သီးနှံများ စိုက် ပျိုးကာ အဘွားဖြစ်သူကို လုပ်ကိုင်ကျွေးမွေးလေသည်။

မဥသြတို့ရွာသည် ကျောက်တောင်ထူထပ်သဖြင့် အသုံးပြုရန် ရေကို ရွာနှင့် အလွန်ဝေးသော စမ်းချောင်းထဲ သို့ သွား၍ ခပ်ကြရသည်။ မဥသြတို့၏ ကျောက်တောင်ခြေ တွင် ရေကန်ကဲ့သို့သော ကျောက်ခွက်နေရာကြီးတစ်ခု ရှိလေ၏။ မိုးတွင်းအခါ၌ မိုးရေတို့သည် ကျောက်တောင် ပေါ်မှ စီးဆင်းလာကာ ကျောက်ခွက်ထဲသို့ ကျလေသည်။ ကျောက်ခွက်ကြီးသည် ရေကန်ကြီးတစ်ခုပမာ ဖြစ်နေ သည်။ ရွာသူရွာသားများသည် ကျောက်ခွက်ထဲမှ ရေကို ခပ်ကာ အသုံးပြုကြလေသည်။ မိုးရာသီနှင့် ဆောင်း ရာသီ၌ ရေသုံးရန်အတွက် စိတ်မပူရပေ။ နွေရာသီရောက် လျှင် ကျောက်ကန်ထဲမှ ရေမှာ ကုန်ခန်းသွားသည်။ ထို့ ကြောင့် ရွာသူရွာသားတို့သည် ရွာနှင့် အလှမ်းဝေးသော

စမ်းချောင်းထဲသို့ ရေသွားခပ်ကြရသည်။ တစ်ညတွင်မဥဩ နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ် အိပ်မက်တစ်ခုကို မြင်မက်လေသည်။ အိပ်မက်ထဲ၌ အဘိုးအိုတစ်ဦးက-

"ငါ့မြေးတို့ ရွာသားတွေ ရေအသုံးပြုဖို့ နေ့တိုင်း သွားခပ်နေရတာပင်ပန်းလွန်းလှတယ်။ ငါ့မြေးတို့ပင်ပန်း တာကိုအဘိုးမကြည့်ရက်ဘူး။ ငါ့မြေးတို့ ရွာရဲ့အရှေ့ဘက် က ကျောက်တောင်ကြီးရဲ့ထိပ်မှာ ကျောက်ရေကန်ကြီး ရှိတယ်။ အဲဒီကျောက်ရေကန်ရဲ့ ကတော့အစွန်းပိုင်းနေရာ မှာ ရေထွက်ပေါက်ရှိတယ်။ အဲဒီရေထွက်ပေါက်ကို ကျောက်တုံးကြီးတစ်ခုနဲ့ ပိတ်ဆို့နေတယ်။ အဲဒီကျောက် တုံးကို ဖယ်ရှားပစ်နိုင်ရင် ရေတွေ ထွက်လာလိမ့်မယ်။ အဲဒီရေတွေက ကျောက်တောင်အောက်ကို စီးဆင်း သွားပြီး ငါ့မြေးတို့ ကျောက်တောင်ခြေက ကျောက်ခွက် ကြီးထဲကို ရောက်လိမ့်မယ်။ လူတွေအားလုံးရဲ့ အကျိုး အတွက် ငါ့မြေးကို ကြိုးစားကြည့်စေချင်လို့ အဘိုးက
လာပြောတာ”

အဘိုးအိုမှာမြင်ကွင်းမှ ရုတ်ခြည်းပျောက်ကွယ်သွားသည်။

"အဘိုး.. အဘိုး" မဉ္ဇူသသည် အိပ်မက်မှ လန့်နိုးသွားသည်။

"ဟဲ့ .. မြေးလေး၊ ဘာဖြစ်တာလဲ” “အဘွားသမီးအိပ်ပျော်နေတုန်း အိပ်မက်ထဲမှာ " မဥသြက သူ့အိပ်မက်ထဲမှ အဘိုးအိုပြောသည့်စကားများကို အဘွားဖြစ်သူအား ပြောပြလေသည်။

“အင်း… ငါ့မြေးရဲ့အိပ်မက်က အတော်ထူးဆန်း ပါလား။ အဘွားတို့ရဲ့ အဘိုးအဘွားတွေ လက်ထက်က တော့ ဒီတောင်ပေါ်ကရေတွေဟာတောင်ခြေကကျောက် ခွက်ထဲကိုကျပြီး ရွာသူရွာသားတွေသုံးစွဲခဲ့ကြရတယ်တဲ့။ နောက်တော့ အဲဒီတောင်ပေါ်က ရေတွေ စီးဆင်းမလာ တော့ဘူး။

“ဘာကြောင့်လဲ အဘွား”

"မသိပါဘူး ငါ့မြေးရယ်။ ငါ့မြေးရဲ့ အိပ်မက်ထဲက လို ရေထွက်ပေါက်ကို ကျောက်တုံးက ပိတ်ဆို့နေတယ် ဆိုတာကို အဘွားမစဉ်းစားတတ်ဘူး။ ငါ့မြေးလေးလည်း စဉ်းစားမနေနဲ့။ အိပ်တော့.."

မဥဩက ပြန်အိပ်ပျော်ဖို့ ကြိုးစားသော်လည်း အိပ်မပျော်တော့ချေ။ မဥသြက သူ ညက အိပ်မက် မက် သည့်အကြောင်းကို သူငယ်ချင်းတွေနဲ့ ရေခပ်သွားရင်း ပြောပြတော့ -

“ဟာ … မဖြစ်နိုင်ပါဘူး" “ငါ ရွာက ရွာသားတွေကိုခေါ်ပြီး တောင်ပေါ်ကိုတက်"

"ဟင် .. ဘယ်ရွာသားက ဒီလောက်မြင့်တဲ့
တောင်ပေါ်ကို အပင်ပန်းခံပြီး တက်ကြည့်မှာလဲ” မဥသြသည် ကျောက်တောင်ပေါ်သို့တက်ကြည့်ချင်သည့်ဆန္ဒ ပြင်းပြနေသည်။ သူ့အဘွားကို သူ့ဆန္ဒအား ပြောပြလျှင် တားမြစ်မည်ကိုလည်း သိနေသည်။ နောက် ဆုံးတွင် မတွေ့ဩသည် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်၏။ “အင်း … အဲဒီအတိုင်း ငါ လုပ်မယ်”

တစ်နေ့တွင်မဉသြသည်သူ့အဘွားမသိအောင် ကျောက်တောင်ပေါ်သို့ တွယ်ကပ်ပြီး တက်လာခဲ့သည်။ တက်လိုက်၊ နားလိုက်နှင့်ကြိုးစားတက်ကြည့်ရာအိပ်မက် ထဲမှ အဘိုးအိုပြောသော ကျောက်ကတော့ကြီးနားသို့ ရောက်လျှင် ကျောက်တောင်အငူကြားတွင်ထိုင်ကာ အမောအပန်းဖြေရင်း အိပ်ပျော်သွားလေ၏။ ကျေးငှက်တို့ ၏ အော်မြည်ပျံသန်းသံကိုကြားမှ မဥသြနိုးလာလေ၏။

"ဟင်း … အိပ်မက်ထဲက အဘိုးအိုပြောတဲ့ ရေ ထွက်ပေါက်ပိတ်နေတဲ့ ကျောက်တုံးကို ရှာရမယ်” မဥဩသည် ကျောက်ကတော့ အောက်ကို
သေချာစွာ ကြည့်ရှုလေ၏။ "ဒီကျောက်ကတော့ကြီးရဲ့ တစ်ဖက်မှာတော့ မဟုတ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟိုဘက်မှာ ရေ ထွက်ပေါက်ရှိခဲ့ရင် ဟိုဘက်ကိုပဲ ရေတွေက စီးဆင်းမှာ ပေါ့။ ငါမျက်နှာမူရာရဲ့ ညာဘက်၊ ဝဲဘက်မှာလည်း မဖြစ် နိုင်ဘူး။ ငါမျက်နှာမူထားတဲ့ဘက်မှာ ရေထွက်ပေါက်ရှိမှ ရေတွေကကျောက်ခွက်ထဲကိုရောက်မှာ"ဟု စဉ်းစားကာ တဖြည်းဖြည်းချင်း ရှာဖွေကြည့်ရှုလေသည်။

ထိုသို့ကြည့်နေစဉ် ကျောက်ကတော့၏ တစ် နေရာတွင် သစ်ပင်လေးတစ်ပင် ပေါက်နေသည်ကို တွေ့သွားလေ၏။မဥသြက သစ်ပင်ကိုအားတင်းပြီး နုတ် ကြည့်ရာ သစ်ပင်အမြစ်မှာ ပြတ်ထွက်သွားလေ၏။

"ဟုတ်ပြီ။ သစ်ပင်ရဲ့အမြစ်ကရေရှိတဲ့နေရာအထိ တိုးသွားတာဖြစ်မယ်။ ဒီသစ်ပင်ပေါက်တဲ့နေရာကိုတူးဆွကြည့်ရင် ..."

မဥဩက သူယူလာသော သံချွန်ဖြင့် သစ်ပင် နေရာအားထိုးသွင်းကြည့်၏။ထိုအခါသံချွန်မှာရေစိုသွား ၏။ သံချွန်အား အထဲသို့ ရိုက်ထည့်ပြီး သံချွန်ကို နဲ့၏။ သံချွန်ကိုရိုက်ထည့်လိုက်၊နဲ့လိုက်လုပ်နေရာမှကျောက်သား များကြေပြီးသံချွန်မှာကျောက်သားထဲသို့ဝင်သည်ထက် ဝင်သွားလေ၏။

“ငါတစ်ယောက်တည်း ကြိုးစားနေလို့မရနိုင်ဘူး၊ ရွာက လူတွေကို ပြန်ပြောရမယ်"

မဥဩသည် တောင်အောက်သို့ ခဲရာခဲဆစ် ပြန် ဆင်းလာခဲ့လေ၏။ရွာသားများအားပြောပြရာမယုံကြည် ကြပေ။ မဥသြသည်သူ၏သူငယ်ချင်းခွေးပုနှင့် မောင်လှ တို့အားခေါ်ကာ သံတူးရွင်း၊ တူ၊ ဆောက်တို့ကိုယူ၍ ကျောက်တောင်ပေါ်သို့ တက်ခဲ့ကြ၏။ ကျောက်တောင် ပေါ်သို့ရောက်လျှင် ယခင်နေ့က မဥဩ ထိုးစိုက်ခဲ့သည့် သံချွန်ကိုပြ၏။ သံချွန်မှာ သံချေးတက်နေ၏။ "ဟုတ်ပြီ။ ဒါ ရေကြောင့်သံချေးတက်တာ။

ငါတို့ရွာက လူတွေအတွက် ငါတို့ ကြိုးစားကြည့်ကြမယ်" ခွေးပုနှင့် မောင်လှတို့က သံတူးရွင်းဖြင့်သစ်ပင် နေရာကို တွင်းပေါက်ဖြစ်စေရန် ရိုက်နှက်တူးဆွကြရာ လက်သန်းလုံးခန့်ရှိသောရေလုံးမှာပန်းထွက်လာလေ၏။ "ဟေး … ရေတွေ ထွက်လာပြီ"

ထိုရေတို့သည်ကျောက်တောင်ပေါ်မှအောက်သို့ စီးဆင်းသွားလေ၏။ မဥသြတို့ရွာမှ ရွာသူရွာသားများ သည် ကျောက်ခွက်ထဲသို့ ကျလာသော ရေကို ဝမ်းပန်း တသာကြည့်ကာ ပျော်ရွှင်နေကြလေ၏။

“ ဟော...ဟိုမှာ မဥသြတို့ တောင်ပေါ်က ဆင်းလာကြပြီ"

မဥသြခွေးပုနှင့် မောင်လှတို့ကို အားလုံးက ကျေးဇူးတင်နေကြလေ၏။

"မဥဩကြောင့် ငါတို့ ရေဒုက္ခမရောက်တော့ ဘူး။ရေခပ်ရတဲ့အချိန်တွေအတွက်ငါတို့တောင်ယာအလုပ် ကိုပိုလုပ်နိုင်ပြီးတောင်ယာကရတဲ့သီးနှံရဲ့ ငါးပုံတစ်ပုံကို မဥသြတို့ မြေးအဘွားကို ကျေးဇူးဆပ်တဲ့အနေနဲ့ ပေးရ မယ်။ ဒီရေကန်ကိုလည်း မဥသြရဲ့ကျေးဇူးကို ဂုဏ်ပြုတဲ့ အနေနဲ့ ရွှေဥဩကန်လို့ အမည်ပေးရမယ်”

"ဟေး ဝမ်းသာစရာကြီးဟေ့" မဥသြ၏ စွန့်စားမှုကို တစ်ရွာလုံးရှိ လူများကချီးကျူးမကုန်နိုင်အောင် ရှိနေကြလေတော့သတည်း။ ။

#ရွှေသွေးဂျာနယ်

အပေါင်းအသင်းမှားသူပုံပြင်တစ်ခါတုန်းက နွားမတစ်ကောင်ဟာ တောကြီး တစ်တောထဲက စားကျက်မှာ မြက်စားရင်း တစ်ကောင် တည်း အဖော်ကွဲသွား...
17/03/2025

အပေါင်းအသင်းမှားသူပုံပြင်

တစ်ခါတုန်းက နွားမတစ်ကောင်ဟာ တောကြီး တစ်တောထဲက စားကျက်မှာ မြက်စားရင်း တစ်ကောင် တည်း အဖော်ကွဲသွားခဲ့တာပေါ့။ ဒီအချိန်မှာ ကျားမကြီး တစ်ကောင်လည်း အစာရှာဖွေရင်း နွားမ ရှိရာရောက်လာ ခဲ့တယ်။နွားမဟာ ကျားမကြီးကိုမြင်တော့ ကြောက်တာ ပေါ့။ ထွက်ပြေးမလို့ လုပ်တော့ ကျားမကြီးက-

"ထွက်မပြေးပါနဲ့ သူငယ်ချင်းရယ်။ .....ငါ့မှာ မိတ်ဆွေ အဖော် မရှိလို့ မင်းကို လာမိတ်ဖွဲ့တာ။ မင်းကို အန္တရာယ် မပြုပါဘူး" လို့ ကတိပေးလေတယ်။ နွားမကြီးက ကျားမ ကြီး ပြောတာကို မနှစ်သက်ပေမဲ့ သူ့အတွက်လောလော ဆယ် အန္တရာယ်ကင်းရအောင် ကျားမကြီး ပြောတဲ့..... အတိုင်း အတူနေဖို့ သဘောတူလိုက်ရတယ်။ ဒီလိုနဲ့ မိတ်ဆွေဖွဲ့ပြီးနေတဲ့အခါ နွားမကြီးဟာ ကျား....မကြီး အပေါ် အရာရာအကြိုက်ပေးပြီး တစ်ဖုံ၊ အနစ်နာခံပြီး တစ်သွယ်နဲ့ တည့်အောင် ပေါင်းသင်းနေခဲ့ရတယ်။ အဲဒီ လိုမှ ပေါင်းသင်းမနေရင် ကျားမကြီးက ကိုက်စားမှာ ကိုးကွဲ့။

ဒီလိုနဲ့ နေထိုင်လာရင်း နွားမကြီးဟာ သူ့မှာ ပါလာ တဲ့ ကိုယ်ဝန်ကနေ နွားလေးတစ်ကောင် မွေးဖွားလာ သလို ကျားမကြီးကလည်း ကျားလေးတစ်ကောင် မွေးဖွား လာတယ်။ မိခင်တွေ.....ဖြစ်တဲ့ ကျားမကြီးနဲ့ နွားမကြီးတို့ ချစ်ချစ်ခင်ခင် နေထိုင်ကြသလို တစ်နေ့တည်းမှာ မွေးဖွား လာတဲ့ကျားလေးနဲ့ နွားလေးတို့ဟာလည်း တစ်ကောင် နဲ့ တစ်....ကောင် ချစ်ခင်ကြတယ်။ ကစားအတူတူ၊ စား အတူတူ၊ အိပ်လည်း အတူတူပဲတဲ့။ အခုလို အတူတူနေကြပေမဲ့ စရိုက်ချင်း မတူညီတဲ့အပြင် ခွန်အားချင်း မတူညီ တာကြောင့် နွားမကြီးကတော့သူ့ကလေးအတွက်အမြဲ စိုးရိမ်.....ပူပန်နေရှာတာပေါ့။ ကျားလေးနဲ့ သူ့ကလေးတို့ ခုန်ပေါက်မြူးထူး ဆော့ကစားနေတာကို မြင်တဲ့အခါ ဝမ်းသာကြည်နူးမိပေမဲ့ စိတ်မချဘူးတဲ့။

ဒါကြောင့်မို့ နွားမကြီးက တစ်မျိုး စဉ်းစားတယ်။ စဉ်းစားမိတဲ့အတိုင်း သူ စားကျက်သွားခါနီးမှာ သား လေးကို နို့အဝတိုက်ပြီး ဖက်ရွက်တစ်ရွက်ပေါ်မှာ နို့အနည်းငယ် ညှစ်ပေးရင်း-

"သားလေး၊ အမေ သစ္စာဆိုပြီး နို့ညှစ်ထားခဲ့မယ်။ ဖြူဖွေးနေတဲ့ နို့ရည်ဟာ သွေးရောင်ပြောင်းသွားရင် အမေ တစ်စုံတစ်ခုကြောင့် ဒုက္ခဖြစ်ပြီလို့ မှတ်တော့နော်။ ဒီအခါမှာ သားလည်း ကျားသားအမိနဲ့ လွတ်ရာ အဝေးကို ပြေးပေတော့" လို့ မှာပြီး စားကျက်ကို သွားလေ့ရှိတယ် တဲ့။ တစ်နေ့မှာတော့ နွားမကြီးဟာ အချိန်တန်တဲ့အထိ စားကျက်က ပြန်မရော....က်လာတာကြောင့် နွားလေးဟာ သူ့အမေ ညှစ်ချပြီး... ထားရစ်ခဲ့တဲ့ ဖက်ရွက်ပေါ်က နို့ရည် ကို သွားကြည့်တယ်။ ဒီအခါမှာ နို့ရည်ဟာ သွေးအဖြစ် ပြောင်းလဲနေတာကို မြင်ရတာပေါ့။ နွားလေးဟာ သူ့ အမေတော့ .....ဒုက္ခရောက်ပြီဆိုပြီး ငိုကြွေးရင်း ဟိုဟိုဒီဒီ လျှောက်သွားလေတော့တာပေါ့ကွယ်။.

နွားလေး သူ့အနားက ထွက်သွားတာကြာတော့ ကျားလေးက သူ့သူငယ်ချင်း နွားလေး ဘယ်သွားပါလိမ့် ဆိုပြီး လိုက်ရှာတယ်။ အဲဒီအခါ ချုံတစ်ခုရဲ့ဘေးမှာ ငို နေတဲ့ နွားလေးကို တွေ့ရတယ်။

“ဘာဖြစ်လို့ ငိုနေရတာလဲ သူငယ်ချင်း" လို့ မေး မြန်းတာပေါ့။ နွားလေးက သူ့အမေ စားကျက်ထဲ သွား ခါနီးတိုင်း သစ္စာပြုပြီး ဖက်ရွက်ပေါ် နို့ညှစ်ချသွားပုံနဲ့ မှာခဲ့ပုံတို့ကို ပြောပြပြီး သူလည်း -

"ငါ ဒီမှာ မနေတော့ဘူး၊ မင်းတို့နဲ့ အတူနေရင် ငါ့ အတွက် အသက်အန္တရာယ် ရှိနေမှာပဲ။ မင်းအမေ ပြန် မလာခင် ပြေးမယ်"လို့ ပြောပြီး တောထဲကို ဝင်ပြေးသွား တော့တယ်။ ကျားလေးဟာ စိတ်မကောင်း ဖြစ်သွားပြီး နွားလေးကို တကြော်ကြော် အော်ခေါ်တော့တာပေါ့။ အော်လို့မရတဲ့အဆုံးမှာ သူ့အမေ ကျားမကြီးကို လိုက် ရှာတယ်။ ကျားမကြီးနဲ့တွေ့တော့ ကျားလေးက-

"အမေ၊ နွားမကြီးကို အမေ ကိုက်စားလိုက်ပြီ
မဟုတ်လား"လို့ မေးတော့တာပဲ။ ဒီတော့ ကျားမကြီးက-

"အမေ သားကောင်မရလို့ အသား....မစားရတာ ကြာနေပြီ။ ဒီနေ့တော့ ငတ်ငတ်နဲ့ စားကျက်အသွားမှာ နွားမကြီးကို.... ကိုက်သတ်စားလိုက်တယ်" လို့ ဖြေတယ်။ ဒီလိုလည်း ပြောလိုက်ရော ကျားလေးက-

"အမေရယ်... သူငယ်ချင်းနွားလေး သနားပါတယ်။ သူ့ခမျာ မိဘမဲ့သွားပြီ။ ကျွန်တော် သူ့ကို မတွေ့တွေ့ အောင် သွားရှာမယ်" လို့ ပြောတယ်။ ကျားမကြီးက-

"မသွားနဲ့ သား၊ သား ရှာလည်း နွားလေးက ပုန်း နေမှာပဲ။ အမေတို့တွေဟာ စရိုက်ချင်း၊ သဘာဝချင်း မတူ ညီဘဲ မိတ်ဆွေအဖြစ် ပေါင်းသင်းနေခဲ့ကြတယ်။ ဘယ် လိုပဲပေါင်းသင်းပါစေ၊ ပင်ကိုစရိုက်ကို မ...ဖျောက်ဖျက်နိုင် ဘူး။ အမေလည်း အမေ့သူငယ်ချင်း....ကို ချစ်ခင်ပါတယ်။ ဒါပေမဲ့ ဆာလောင်မှုကို မတားဆီးနိုင်ခဲ့လို့ သူငယ်ချင်း နွားမကြီးကို သတ်ဖြတ်စားခဲ့ရတယ်။ မင်းလည်း သူငယ်ချင်းနွားလေးကို လိုက်ရှာပြီး ပေါင်းရင် နောက်ဆုံး မှာ ဒီနေ့လိုကိစ္စမျိုး ကြုံတွေ့ရလိမ့်မယ်။ မင်းသူငယ်ချင်း လည်း သူ့အမေလို သေရလိမ့်မယ်။ သူ သွားလိုရာ သွားပါစေ သားရယ်"

ကျားလေးဟာ သူငယ်ချင်း,,,နွားလေးကို သတိရ တာကြောင့် မျက်ရည်တွေ မဆည်နိုင်အောင် ကျဆင်း ရင်း သူငယ်ချင်းနွားလေးကို အော်ခေါ်နေသတဲ့ကွယ်။ ဒီပုံပြင်မှာ ပင်ကိုသဘာဝနဲ့ စရိုက်ချင်း မတူညီတဲ့ တိရစ္ဆာန်တွေဟာ ရေရှ,,,,,မှာ အတူမပေါင်းသင်းနိုင်ကြ ဘူးဆိုတာကို ကလေးတို့ သတိထားမိပါလိမ့်မယ်။ ထိုနည်းတူပဲ လူတွေမှာလည်း မိတ်ဆွေပေါင်းသင်းတဲ့ အခါ လူလိမ္မာနဲ့လူမိုက်တို့ ပေါင်းသင်းနေထိုင်.....ခြင်း မပြုကြဘူးဆိုတာ ကလေးတို့ မှတ်သားထားကြရမယ် နော်။
#ရွှေသွေးဂျာနယ်
#ပုံပြင်များ

မျောက်ကပေးတဲ့ သင်ခန်းစာ "တခါတုန်းကပေါ့....မျောက်လေးတစ်ကောင်နဲ့ ခြင်္သေ့တစ်ကောင်းတို့ဟာ ကျောက်ဂူးကြီးတခုထဲမှာ အတူနေထိုင်ခ...
12/03/2025

မျောက်ကပေးတဲ့ သင်ခန်းစာ

"တခါတုန်းကပေါ့....မျောက်လေးတစ်ကောင်နဲ့ ခြင်္သေ့တစ်ကောင်းတို့ဟာ ကျောက်ဂူးကြီးတခုထဲမှာ အတူနေထိုင်ခဲ့ကြတယ်။

သူတို့နှစ်ကောင်ဟာ အတူတကွနေထိုင်သော်လည်ခြင်္သေ့ကြီးက သေးငယ်တဲ့မျောက်ကလေးကို အထင်သေးပြီ သူ့ရဲ့ခွန်အားဗလနဲ့ အမြဲလိုလို ဗိုလ်ကျ အနိုင်ကျင့်လေ့ရှိတယ် သူရဲ့ ခွန်အားဗလတောင့်တင်းကြောင်းကိုအမြဲ ကြွားဝါးလေ့ရှိတာပေါ့

ဟိတ် မျောက်စုတ်လေး မင်းရဲခန္ဓာကိုယ်သေးသေးလေးနဲ့ ဟိုအပင်တက် ဒီအပင်တက် အငြိမ်မနေနိုင်တဲ့ကောင်
ငါကိုကြည့်စမ်း တိရစ္ဆာန်တွေအားလုံး လေးစားလောက်တဲ့ ဥပဓိရုပ်၊အဆင်းအင်္ဂါနဲ့ပြည့်စုံတယ် ၊ မင်းကတော့ တိရစ္ဆာန်ဖြစ်ရကြိုးမနပ်တဲ့ သတ္တဝါတစ်‌ ကောင်ပဲ ၊

မျောက်ကလေးကတော့ သူထက်အင်အားကြီးမားလှတဲ့ ခြင်္သေ့ကြီးကို ဘယ်လိုအနိုင်ယူရမလဲဆိုတာကို အချိန်ပြည့်တွေးတောစဉ်စားနေတာပေါ့

တနေ့မှာတော့ မျောက်ကလေးဟာ အစာလိုက်ရှာရင်း ရေတွင်းတစ်တွင်းကိုတွေ့လိုက်တော့ အကြံတခုရပြီးပြုံးလိုက်သတဲ့ ....အင်ဒီအတိုင်ဆိုရင်ကြွားဝါပြီး ဗလအားကိုးနဲ့ငါကိုအနိုင်ကျင့်တဲ့ ခြင်္သေ့ကြီး ဒီတခါတော့ အကောင်သေးပေမဲ့ ဉာဏ်စွမ်းဘယ်လောက်ထက်တယ်ဆိုတာ တွေ့ကြသေးတာပေါ့ကွာ.....အဲ့ဒီလိုတွေးရင်း မျောက်ကလေးကပျော်ရွှင်စွာ ပြန်လာခဲ့တာပေါ့

နောက်တနေ့တွင် မျောက်ကလေးဟာ သူရဲ့အကြံအတိုင် အစာရှာသွားခါနီး ခြင်္သေ့ကြီးကိုနှုတ်ဆက်လိုက်တယ်

အကိုခြင်္သေ့ကြီး မနေ့ကကျွန်တော်ဟိုတောနက်ထဲမှာ
ခင်များနဲ့တထည်ရာတည်းတူတဲ့သတ္တဝါတစ်ကောင်းကိုတွေ့ခဲ့တယ်။သူကဒီတောမှာ ငါနဲ့ ပြိုင်ဝံ့တဲ့သူရှိရဲ့လားလို့ ကျွန်တော်ကိုမေးတယ် အကိုကြီးရဲ့အစွမ်းကိုကျွန်တော်ကသိပြီသားမို့ရှိတာပေါ့လိုပြန်ပြောလိုက်တယ် ။

သူကဒေါသထွက်ပြီး ဟိတ်ကောင်မျောက်စုတ် ရှိရင်ငါဆီခေါ်ခဲ့စမ်း သူကငါနဲ့မပြိုင်ဝံ့ရင်တော့ မင်းငါ့ကိုတသက်လုံးပြုစုလုပ်ကိုင်ကျွေးမွေးပြီိးငါအမိန့်ကိုနာခံရမယ်လို့မှာလိုက်တယ်...
အင်းးးဟုတ်ပမလားကွာ...မျောက်စုတ်ရာ

အကိုခြင်္သေ့ကြီးရာ အဲ့ကောင်ကမထီမဲ့မြင်လုပ်ပြီး စကားပြောကြီးကျယ်လွန်းလို့ ခံပြင်းစရာပါဗျာ.....

ဒါနဲ့ မင်းကရောငါဘယ်လောက် ခွန်အားကြီးမာကြောင်း မပြောပြလိုက်ဘူးလား....

မျောက်ကလေးက တမင်မျက်နှာလွဲပြီး....
အကိုခြေင်္သေ့ကြီးရယ် ခများအကြောင်းကိုပြောပြတော့သူက ရယ်တောင်နေသေးတယ်ဗျ...

ခြင်္သေ့ကြီးလည် စိတ်ဆိုးမာန်ဆိုးနဲ့ မျောက်ကလေးကိုအော်ဟစ်မေးပြန်ပါလေရော...
ဒီလောက်လူပါဝတဲ့အကောင်းဘယ်မှာနေတာလည်း
ငါ့ကိုလိုက်ပြစမ်း။

အကိုခြင်္သေ့ကြီး သတိတော့ထားနော် ဒီကောင်းကတော်ရုံအစွမ်းအစတော့မဖြစ်နိုင်ဘူး
ငါအဲ့လိုကောင်မျိုးနဲ့မှတွေ့ချင်တာအမြန်သာလိုက်ပြစမ်းပါမျောက်စုတ်ရယ်လို့ခြင်္သေ့က စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်တဲ့အခါ.....
ကောင်းပြီလေ လိုက်ခဲ့ပါ... မျောက်ကလေးဟာမောက်မာဝင့်ကြွားတဲ့ခြင်္သေ့ကို တောအုပ်ထဲကရေတွင်းဆီကိုခေါ်ဆောင်သွားသတဲ့.....

ရောက်ပါပြီဗျာ ...ကျွန်တော်မနေ့ကတွေ့ခဲ့တဲ့ အကောင်က ဒီတွင်းကြီးထဲမှာနေထိုင်ပါတယ်။
ခြင်္သေ့က ဘာမှမစဉ်စားတော့ပဲ ရေတွင်းနှုတ်ခမ်းပေါ်ကိုဒေါကြီးမာန်ကြီးတက်ပြီး ငုံ့ကြည့်လိုက်သတဲ့...

အဲ့ဒီအချိန်မှာ ကြည်လင်လှသောရေတွင်းပြင်မှာ
သူနဲ့တစ်ထေရာတည်းတူနေတဲ့ ခြင်္သေ့တစ်ကောင်ကို
တွေ့လိုက်သတဲ့....

ခြင်္သေ့ကြီးကမိုက်တိမိုက်ကန်းနဲ့ကြည့်လိုက်တော့ သူနဲ့တူသောအကောင်းကလည်း မိုက်တိမိုက်ကန်းပြန်ကြည့်သတဲ့...

မောက်မာတဲ့ခြင်္သေ့ကြီးက ဒေါကြီးမောကြီး ဟိန်းဟောက်လိုက်တော့ ရေတွင်းထဲကကောင်ကလည်း ပြန်ဟိန်းဟောက်တာပေါ့..

ဒီလိုနဲ့ ခြင်္သေ့ကြီးဟာ ဒေါသအိုးပေါက်ပြီး ဘာမှ မတွေးမိ မစဉ်းစားမဆင်ခြင် ရေတွင်းထဲကအကောင်းကိုခုန်အုပ်ဖို့ ရေတွင်းထဲ ခုန်ခြလိုက်လေသတဲ့ကွယ်...

တကယ်တော့ ရေတွင်းထဲမှာ ဘာရန်သူမှမရှိပါဘူး ကြည်လင်တဲ့ရေပြင်မှာ ပေါ်နေတဲ့သူအရိပ်ကို ရန်သူထင်ပြီး ခုန်အုပ်မိတဲ့ ခြင်္သေ့ကြီးကတော့ ရေနစ်သေဆုံးသွားတာပေါ့

မျောက်ကလေးကတော့ အဖြစ်အပျတ်ကိုကြည့်ပြီး သဘောကြ ရယ်မောပြီး သစ်ပင်တစ်ပင်မှတစ်ပင်သို့ကူးကာ အိမ်ပြန်သွားသတဲ့ကွယ် ။

ဒီပုံပြင်လေးကိုကြည့်မယ်ဆိုရင် သူတပါးကိုအထင်သေး အနိုင်ကျင့် နှိမ့်ချပြီးဒေါသထွက်နေတဲ့အချိန်
ဘာမှမစဉ်းစား မဆင်ခြင်နိုင်စွမ်းမရှိ ဉာဏ်ပညာနည်းတဲ့ ခြင်္သေကြီးကို
အင်အားနည်း သေးကွေးတဲ့မျောက်ကလေးက ပရိယာယ် ဉာဏ်ပညာနဲ့ အနိုင်ယူလိုက်နိုင်ပါတယ်။

ဒါကြောင့်လောကမှာ အင်အားကြီးမားဖို့ထက် ကိုယ့်မှာရှိတဲ့အင်အားအနည်းငယ်ကို ဉာဏ်ပညာနဲ့ယှဉ်တွဲပြီး စဉ်းစားဆင်ခြင်ဉာဏ်နဲ့ အသုံးချနိုင်ရင် မည်သည့် အခတ်အခဲကိုမဆိုအောင်မြင်နိုင်ပါတယ်"

အေးချမ်းသာယာလှပသော
ဘဝလေးများကိုပိုင်ဆိုင်နိုကြပါစေ...
#မေတ္တာဖြင့် #ပုံပြင်

crd.ပြန်လည်မျှဝေပါသည်။

@. Diary today . 🍁🍁🍁

ပေါင်းတည်မြို့နယ် ပြည်သူ့စာကြည့်တိုက် "ကဗျာအစီအစဉ်"စာရေးဆရာ မင်းသုဝဏ်ရေးသားသည့် "တူတူရေဝါး" ကဗျာ
07/03/2025

ပေါင်းတည်မြို့နယ် ပြည်သူ့စာကြည့်တိုက်
"ကဗျာအစီအစဉ်"
စာရေးဆရာ မင်းသုဝဏ်
ရေးသားသည့် "တူတူရေဝါး" ကဗျာ

ပေါင်းတည်မြို့နယ် ပြည်သူ့စာကြည့်တိုက် "ကဗျာအစီအစဉ်"စာရေးဆရာ မင်းသုဝဏ်ရေးသားသည့်"ရွှေဇယ်ပွဲ "ကဗျာ
07/03/2025

ပေါင်းတည်မြို့နယ် ပြည်သူ့စာကြည့်တိုက်
"ကဗျာအစီအစဉ်"
စာရေးဆရာ မင်းသုဝဏ်
ရေးသားသည့်"ရွှေဇယ်ပွဲ "ကဗျာ

ပေါင်းတည်မြို့နယ် ပြည်သူ့စာကြည့်တိုက် "ကဗျာအစီအစဉ်"စာရေးဆရာမင်းသုဝဏ် ရေးသားခဲ့သော " မောင်ခွေးဖို့ ကဗျာများ " စာအုပ်မှ သရ...
07/03/2025

ပေါင်းတည်မြို့နယ် ပြည်သူ့စာကြည့်တိုက်
"ကဗျာအစီအစဉ်"
စာရေးဆရာမင်းသုဝဏ် ရေးသားခဲ့သော " မောင်ခွေးဖို့ ကဗျာများ " စာအုပ်မှ
သရုပ်ဖေါ် - ပန်းချီ ဦးဘကြည်
➖➖➖➖➖➖➖➖➖➖➖➖
ရွှေခဲကြက်တူရွေး

ကြက်တူရွေး ကြက်တူရွေး
ရွှေခဲကြက်တူရွေး။
ညီပုလေးကို စာအံသင်
ရွှေခဲ စာအံသင်။
ညီလေးခင်က စာပြန်တုန်း
ရွှေခဲ စာပြန်တုန်း။
ဝ လုံးရေးဖို့ ညီလေးထိုင်
ရွှေခဲ မရေးနိုင်။
ငေးမှိုင်ရှာပေါ့ ကြက်တူရွေး
ရွှေခဲကြက်တူရွေး။

ပေါင်းတည်မြို့နယ် ပြည်သူ့စာကြည့်တိုက် "ကဗျာအစီအစဉ်"စာရေးဆရာ ဘုံသုဝဏ် ရေးသားခဲ့သော " မောင်ခွေးဖို့ ကဗျာများ " စာအုပ်မှ သရ...
07/03/2025

ပေါင်းတည်မြို့နယ် ပြည်သူ့စာကြည့်တိုက်
"ကဗျာအစီအစဉ်"
စာရေးဆရာ ဘုံသုဝဏ် ရေးသားခဲ့သော " မောင်ခွေးဖို့ ကဗျာများ " စာအုပ်မှ
သရုပ်ဖေါ် - ပန်းချီ ဦးဘကြည်

ကြာဆစ်ကြိုး

ကြာဖြူ ကြာနီ ကြာညိုနှောလို့
တို့လယ်တောမှာ ပွင့်ကြတယ်။
ကောက်စိုက်အပြန် ရေကန်ကြီး
ကြာတစ်စည်းလောက် ချိုးခဲ့ကွယ်။
ကြာပွင့်ကြာငုံ ထုံထုံမွှေးကို
မလေးဘယ်သို့ သုံးပါ့မယ်။
ကြာရိုးကြာနွယ် ဘယ်ညာဆစ်လို့
ရွှေကြာဆစ်ကြိုး ဆွဲပါ့မယ်။
ဆွဲပါ့မယ်။

Address

Paungde
08202

Website

Alerts

Be the first to know and let us send you an email when Paungde Library posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category