PWINT THIT WAI

PWINT THIT WAI ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်

( 26.4.2023ရက်နေ့...)ပွင့်သစ်ဝေစာကြည့်တိုက်သို့ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းမှ စာအုပ်များ လှူတန်းခဲ့ပါသည်...
26/04/2023

( 26.4.2023ရက်နေ့...)
ပွင့်သစ်ဝေစာကြည့်တိုက်သို့ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းမှ စာအုပ်များ လှူတန်းခဲ့ပါသည်။
စာအုပ်များလှူတန်းပေးပါသော
မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့်
တကူးတကလာရောက်လှူတန်းပေးပါသော ဆရာသန်းခိုင်အောင်၊ ဆရာခိုင်လူမှန်(ရဲကျွန်း)ကိုလည်း ကျေးဇူးအထူးတင်ပါသည်။

ပွင့်သစ်ဝေစာကြည့်တိုက်သို့...ဆရာမ "ခေတ်ရှေးညို"မှ ပေးပို့လိုက်သည့် စာအုပ်များကို လက်ခံရရှိပါသည်။ တကူးတက စေတနာအတွက်အထူးပင...
29/03/2023

ပွင့်သစ်ဝေစာကြည့်တိုက်သို့...
ဆရာမ "ခေတ်ရှေးညို"မှ ပေးပို့လိုက်သည့် စာအုပ်များကို လက်ခံရရှိပါသည်။

တကူးတက စေတနာအတွက်
အထူးပင်ကျေးဇူးတင်ရပါသည် ဆရာမ ။

စာအုပ်ကောင်းများစွာကိုလည်း သည်ထက်မက ရေးသားနိုင်ပါစေ...

မတ်လ၊ ပွင့်သစ်ဝေစာကြည့်တိုက်သို့ စာအုပ်အလှူရှင်များ_                            ၁။ ဒေါ်မြသဉ္ဇာအောင်-✍️ စိတ်ချမ်းသာမှုရလိုလျ...
18/03/2023

မတ်လ၊ ပွင့်သစ်ဝေစာကြည့်တိုက်သို့ စာအုပ်အလှူရှင်များ_


၁။ ဒေါ်မြသဉ္ဇာအောင်-✍️ စိတ်ချမ်းသာမှုရလိုလျှင်
✍️လူငယ်တွေဖတ်ဖို့
✍️ကိုယ်ထူးကိုချွန်သမားအတွက်

၂။ ဆရာခိုင်လူမှန်(ရဲကျွန်း)- ✍️ရိုးမရင်ခွင် မဂ္ဂဇင်း

၃။ ဒေါ်မော်မော်နိုင်- ✍️ ရသ

ကျေးဇူးတင်ပါသည်ခင်ဗျာ၊ စိတ်အေးငြိမ်းရာ ဘဝဘက်ခြမ်းမှာ ပစ္စုပ္ပန်ကံကိုဖန်တီးရင်း လောကအလှဆင်နိုင်ကြပါစေ။

စာတတ်အောင်သင်တာ စာဖတ်ဖို့။                     #အောင်သင်း
17/03/2023

စာတတ်အောင်သင်တာ စာဖတ်ဖို့။
#အောင်သင်း

08/03/2023

ကမ္ဘာ့အအောင်မြင်ဆုံး စီးပွားရေးခေါင်းဆောင်များထံမှ လေ့လာသင့်သောအသိပညာများ (စာဖတ်ချိန် ၄ မိနစ်)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

By Naing Win Aung (CEO Coach & NLP Master Trainer)

အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ဆောက်လိုသူတိုင်းအတွက် ခေါင်းဆောင်မှုဆိုတာဟာ မဖြစ်မနေလိုအပ်တဲ့အရည်အချင်းတစ်ခုဖြစ်ပါတယ်။ အသင်းအဖွဲ့ (Team) တစ်ခုကို စိတ်အားတက်ကြွလာအောင်လှုံ့ဆော်နိုင်ဖို့၊ ထိထိရောက်ရောက် ဆက်သွယ်ပြောဆိုနိုင်ဖို့နဲ့ ပညာသားပါတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်စွမ်းတွေဟာ ထိရောက်တဲ့ ခေါင်းဆောင်မှုရဲ့ အဓိကကျတဲ့အရာတွေဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးစီးပွားရေးခေါင်းဆောင်တွေရဲ့ အသိပညာတွေကို လေ့လာခြင်းအားဖြင့် တိုးတက်လိုစိတ်မြင့်မားတဲ့ စီးပွားရေးခေါင်းဆောင်တွေဟာ အားကောင်းပြီး အောင်မြင်တဲ့လုပ်ငန်းအဖွဲ့အစည်းတွေကို တည်ဆောက်ဖို့အတွက် ဗဟုသုတနဲ့ စိတ်အားတက်ကြွမှုတွေကို ရရှိလာနိုင်ပါတယ်။

တိုးတက်အောင်မြင်တဲ့စီးပွားရေးဦးဆောင်သူတွေဆီက အဓိကကျတဲ့ သင်ခန်းစာတစ်ခုဟာ အနာဂတ်အမြင် (Vision) ရဲ့အရေးပါပုံဖြစ်ပါတယ်။ ခေါင်းဆောင်မှုဆိုတာဟာ အနာဂတ်အမြင်နဲ့ တာဝန်ယူမှု (Responsibility) ဖြစ်တယ်၊ လုပ်ပိုင်ခွင့်အာဏာ (Power) မဟုတ်ဘူးလို့ Bill Gate က ပြောပါတယ်။ ကြီးကျယ်ခမ်းနားတဲ့စီးပွားခေါင်းဆောင်တွေဟာ သူတို့လုပ်ငန်းအဖွဲ့အစည်းတွေအတွက် ရှင်းလင်းတဲ့ရည်မှန်းချက်ကို ထားရှိကြပြီး အဲဒီရည်မှန်းချက်ကို သူတို့ရဲ့အသင်းအဖွဲ့တွေနဲ့ဖောက်သည်တွေကို မမောနိုင်၊ မပန်းနိုင်ပြောပြတတ်ကြပါတယ်။ ရှင်းလင်းပြီးဆွဲဆောင်မှုရှိတဲ့ရည်မှန်းချက်ပန်းတိုင်ကို ဖန်တီးခြင်းအားဖြင့် လုပ်ငန်းဦးဆောင်သူတွေဟာ သူတို့ရဲ့အသင်းအဖွဲ့တွေကို မျှဝေထားတဲ့ပန်းတိုင် (Shared Goal) တွေကို ဦးတည်ပြီး ကြိုးစားလုပ်ကိုင်ဖို့ လှုံ့ဆော်နိုင်ပြီး သူတို့ရဲ့အလုပ်တွေမှာ အဓိပ္ပာယ်ရှိမှုနဲ့ ရည်ရွယ်ချက်ရှိမှုတွေကိုပါ ဖန်တီးလာနိုင်ပါလိမ့်မယ်။

ကျွန်တော်တို့လေ့လာသင့်တဲ့နောက်ထပ်သင်ခန်းစာတစ်ခုကတော့ ခံနိုင်ရည်မြင့်မှု (Resilience) ဖြစ်ပါတယ်။ ကျွန်တော်ကျရှုံးခဲ့ရင် ကျွန်တော်နောင်တရမှာ မဟုတ်တာကို ကျွန်တော်သိတယ်၊ ဒါပေမယ့် ကျွန်တော်နောင်တရမယ့်တစ်ခုကတော့ မလုပ်ကြည့်တာဘဲဖြစ်တယ် လို့ Jeff Bezos က ပြောပါတယ်။ နှောင့်နှေးမှုတွေ၊ ကျရှုံးမှုတွေဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်ခရီးစဉ် (Entrepreneurial Journey) မှာ သဘာ၀အစိတ်အပိုင်းတွေဖြစ်တယ်ဆိုတာကို ကြီးမြတ်တဲ့စီးပွားရေးလုပ်ငန်းဦးဆောင်သူတွေဟာ နားလည်တတ်ကြပြီး အဲဒီအတွေ့အကြုံတွေကို သင်ယူဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခွင့်အလမ်းတွေအဖြစ် အသုံးချတတ်ကြပါတယ်။ ခံနိုင်ရည်မြင့်မားတဲ့စိတ်နေစိတ်ထားကို ပျိုးထောင်ခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းရှင်တွေဟာ အခက်အခဲတွေကနေ ပြန်လည်ရုန်းထလာနိုင်ပြီး သူတို့ရဲ့ပန်းတိုင်တွေဆီကို ဆက်လက်ဦးတည်လုပ်ဆောင်နိုင်ကြပါတယ်။

ထိရောက်တဲ့ဆက်သွယ်ပြောဆိုမှုဟာ ထိရောက်တဲ့ခေါင်းဆောင်မှုရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ဆက်သွယ်ပြောဆိုမှုဟာ ဘယ်ခေါင်းဆောင်မဆို ပိုင်ဆိုင်သင့်တဲ့ အရေးအကြီးဆုံး အရည်အချင်းဖြစ်တယ်လို့ Richard Branson က ပြောပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ လုပ်ငန်းဦးဆောင်သူတွေဟာ သူတို့ရဲ့ အနာဂတ်အမြင် (Vision) နဲ့ ပန်းတိုင် (Goal) တွေကို ရှင်းရှင်းလင်းလင်း ထိထိရောက်ရောက် ပြောဆိုနိုင်စွမ်းရှိကြပြီး သူတို့ရဲ့ အဖွဲ့သားတွေအနေနဲ့ အဲဒီပန်းတိုင်တွေဆီကို ရည်ရွယ်ပြီး ကြိုးစားလုပ်ဆောင်လာအောင် စိတ်အားမြှင့်တင်နိုင်စွမ်း၊ လှုံ့ဆော်နိုင်စွမ်းတွေ ရှိကြပါတယ်။ သူတို့ဟာ သူတို့ရဲ့ အဖွဲ့သားတွေ၊ ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေနဲ့ စိုးရိမ်ပူပန်မုတွေကိုပါ ဂရုတစိုက်နဲ့ နားထောင်နိုင်စွမ်းရှိကြပါတယ်။

အခုဆောင်းပါးမှာ နောက်ဆုံးအနေနဲ့ ဖော်ပြချင်တာကတော့ ကြီးမြတ်တဲ့ လုပ်ငန်းဦးဆောင်သူတွေဟာ အားကောင်းပြီး ထိရောက်တဲ့ အသင်းအဖွဲ့တွေကို ဖန်တီးနိုင်စွမ်းရှိကြပါတယ်။ စီးပွားရေးလုပ်ငန်းထဲက ကြီးကျယ်ခန်းနားတဲ့ကိစ္စရပ်တွေကို လူတစ်ယောက်တည်းက ဘယ်တော့မှ လုပ်ဆောင်တာမဟုတ်ဘူး၊ အဲဒါတွေကို အသင်းအဖွဲ့လိုက်သာ လုပ်ဆောင်ကြတာဖြစ်တယ်လို့ Steve Jobs က ပြောပါတယ်။ ထိရောက်တဲ့ ဦးဆောင်သူတွေဟာ မတူကွဲပြားမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုအားကောင်းတဲ့ အသင်းအဖွဲ့တွေကို တည်ဆောက်နိုင်ခြင်းရဲ့ အရေးပါပုံကို နားလည်ကြပြီး အဖွဲ့သားတွေ အောင်မြင်တိုးတက်နိုင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးနိုင်အောင် ကြိုးပမ်းတတ်ကြပါတယ်။ သူတို့ရဲ့ အဖွဲ့သားတွေကို လုပ်ပိုင်ခွင့်ပေးပြီး မြှင့်တင်ပေးခြင်းအားဖြင့် ကြီးကျယ်ခမ်းနားတဲ့ လုပ်ငန်းဦးဆောင်သူတွေဟာ သူတို့ဘာသူတို့ လုပ်ဆောင်နိုင်တာထက် များစွာ ပိုမိုအောင်မြင်အောင် လုပ်ဆောင်နိုင်စွမ်းရှိလာကြပါတယ်။

ပြန်လည်အနှစ်ချုပ်ရမယ်ဆိုရင် ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး စီးပွားရေးခေါင်းဆောင်တွေရဲ့ မျှဝေမှုနဲ့ အဆုံးအမတွေကို လေ့လာခြင်းဟာ တန်ဖိုးရှိတဲ့ လမ်းညွှန်ချက်နဲ့ စိတ်အားတက်ကြွမှုတွေကို ရရှိစေနိုင်ပါတယ်။ သူတို့ရဲ့ ဆွေးနွေးမှုတွေကို လေ့လာပြီး သူတို့ရဲ့ ခေါင်းဆောင်မှုပုံစံတွေကို ဆီလျော်သလို လိုက်နာကျင့်သုံးမယ်ဆိုရင် စွန့်ဦးတီထွင်လုပ်ငန်းရှင် (Entrepreneur) တွေဟာ သူတို့ရည်ရွယ်တဲ့လူ့အဖွဲ့အစည်းမှာ ကောင်းမွန်တဲ့ သက်ရောက်မှုတွေကို ဖန်တီးနိုင်တဲ့ အားကောင်းပြီး အောင်မြင်တဲ့ လုပ်ငန်းအဖွဲ့အစည်းတွေကို တည်ဆောက်လာနိုင်ပါလိမ့်မယ်။ ရှင်းလင်းတဲ့ အနာဂတ်အမြင် (Vision)၊ ထိရောက်တဲ့ ပြောဆိုဆက်ဆံမှု (Communication)၊ အားကောင်းတဲ့ အသင်းအဖွဲ့တည်ဆောက်မှုအရည်အချင်းတွေကိုသာ လေ့လာသင်ယူပြီး လက်တွေ့ကျင့်ကြံမယ်ဆိုရင် တိုးတက်လိုစိတ်ရှိပြီး အမှန်တကယ်ကြိုးစားတဲ့ ဘယ်သူမဆို အောင်မြင်တဲ့စီးပွားရေးခေါင်းဆောင်တစ်ဦးဖြစ်လာနိုင်ပါတယ်။

Naing Win Aung (MBA, UK)
CEO Coach & NLP Master Trainer
Professional Certified Coach (PCC, ICF)
Certified Canfield Success Principles Trainer
Certified Professional Master Business Coach
Certified Maxwell Leadership Team Coach, Trainer & Speaker



တကူးတက လာရောက်ဟောပြောဆွေးနွေးပေးကြပါသော စာရေးဆရာ/စာပေဝါသနာရှင်များ နဲ့ တလေးတစား တက်ရောက်အားပေးကြပါသော မိတ်ဆွေများကို ကျွ...
05/03/2023

တကူးတက လာရောက်ဟောပြောဆွေးနွေးပေးကြပါသော စာရေးဆရာ/စာပေဝါသနာရှင်များ နဲ့ တလေးတစား တက်ရောက်အားပေးကြပါသော မိတ်ဆွေများကို ကျွန်တော်တို့ပွင့်သစ်ဝေမှ ကျေးဇူးအထူးတင်ပါကြောင်း...။

ကျွန်တော်တို့ သာယာကုန်းရွာ ပွင့်သစ်ဝေစာကြည့်တိုက်တွင် စာပေဟောပြောဆွေးနွေုးပွဲ  တစ်ခု စီစဉ်ကျင်းပမည်ဖြစ်သည်။ စာပေဝါသနာရှင...
04/03/2023

ကျွန်တော်တို့ သာယာကုန်းရွာ ပွင့်သစ်ဝေစာကြည့်တိုက်တွင် စာပေဟောပြောဆွေးနွေုးပွဲ တစ်ခု စီစဉ်ကျင်းပမည်ဖြစ်သည်။ စာပေဝါသနာရှင် မည်သူမဆို တက်ရောက်အားပေး ဆွေးနွေုးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည် ။

မိတ်ဆွေ...ပျင်းနေရင် စာဖတ်ပါ...အလုပ်မရှိရင် စာဖတ်ပါ...အသည်းကွဲနေသလား၊ စာဖတ်ပါ...စိတ်သောကရှိနေလား၊ စာဖတ်ပါ...စာဖတ်လို့ အဲ...
12/02/2023

မိတ်ဆွေ...
ပျင်းနေရင် စာဖတ်ပါ...
အလုပ်မရှိရင် စာဖတ်ပါ...
အသည်းကွဲနေသလား၊ စာဖတ်ပါ...
စိတ်သောကရှိနေလား၊ စာဖတ်ပါ...
စာဖတ်လို့ အဲ့လို့ဟာတွေ ပြေလည်သွားမှာ မဟုတ်ပေမဲ့ ပြေလည်နိုင်အောင်တော့ စဉ်းစားစရာတွေ၊ ဆင်ခြင်စရာတွေ ရသွားပါလိမ့်မယ်။

၂၀၂၂ ခုနှစ် ပွင့်သစ်ဝေစာကြည့်တိုက်သို့ စာအုပ်အလှူရှင် များ✍️၁။ ဆရာဦးချမ်းအေးစာအုပ်အမည် = ကြံကြီးစည်ရာ(ဘာသာပြန်)၂။ မာန်ေ...
21/01/2023

၂၀၂၂ ခုနှစ် ပွင့်သစ်ဝေစာကြည့်တိုက်သို့ စာအုပ်အလှူရှင် များ✍️

၁။ ဆရာဦးချမ်းအေး
စာအုပ်အမည် = ကြံကြီးစည်ရာ(ဘာသာပြန်)

၂။ မာန်အောင်မြို့နယ်ဆရာဝန်ကြီး(ဒေါက်တာ ဦးစိုးမင်း)
စာအုပ်အမည် = မဖြူ(ရခိုင်အချစ်ဝတ္ထု) 2အုပ်

၃။ ဒေါ်နှင်းမိုးသူ
စာအုပ်အမည် = မသော်ဓရာ၏ အလွမ်းဒိုင်ယာရီ(ကဗျာရှည်)

၎။ ဒေါ်မေဦး
စာအုပ်အမည် = စိတ်ငြိမ်းချမ်းရေး

၅။ ဆရာစောငြိမ်း
စာအုပ်အမည် = ၁၂ရာသီပွဲတော်များ (အင်္ဂလိပ်-မြန်မာ)
စာအုပ်အမည် = ချစ်ခြင်းဖွဲ့အလင်္ကာ
စာအုပ်အမည် = ဝင်ရိုး

၇။ ဦးဘုန်းမြင့်အောင်
စာအုပ်အမည် = ငါ့အတွက်ငါရှိတယ်

၈။ အမက- တောင်အောက်ပြင်ကျောင်း
စာအုပ်အမည် = မာန်အောင်သားများနဲ့ကျနော်
စာအုပ်အမည် = ကြည်လေးပွင့်ခြေလှမ်း
စာအုပ်အမည် = သမိုင်းထဲကဘဝ

၉။ ဆရာမဒေါ်နှင်းနုနွယ်
စာအုပ်အမည် = မျှဝေလိုသော စိတ်ဓာတ်ခွန်အားများ

၁၀။ ဦးအောင်မျိုးလွင်
စာအုပ်အမည် = နိုင်ချင်လို့လားမုန်းလို့လား
စာအုပ်အမည် = ပန်းကလေးနဲ့တူသောစိတ်

#စာအုပ်အလှူရှင်အားလုံးနဲ့တကွ ၃၁ ဘုံရှိ သတ္တဝါများ ကျန်းမာကြပါစေ ။

Address

Man-Aung
Rakhine State

Website

Alerts

Be the first to know and let us send you an email when PWINT THIT WAI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category