01/04/2025
#ပြည်သူ တွေမှာဘေးဒဏ်သင့်ပါတယ်ဆိုမှ စစ်ကောင်စီရဲ့ လုပ်ရပ်တွေက
ငလျင်ဒဏ် ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေ...
ချောင်းဦးမှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနှင့် ဗုံးသီးကြဲချတိုက်ခိုက်နေ...
ဧပြီ ၁ ၊ ၂၀၂၅
စစ်ကိုင်းတိုင်းရှိ မြင်းမူ၊ ချောင်းဦး ၊ မုံရွာ စတဲ့မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတယ်လို့ မြင်းမူမြိုနယ်သတင်းမှန်ပြန်ကြားရေးက မနေ့က ထုတ်ပြန်ပါတယ်။
မတ် ၃၁ ရက် မနေ့က ညပိုင်းမှာ မြင်းမူမြို့နယ် မြောင်လမ်းခွဲရှိ စစ်ကောင်စီတပ်စခန်းက စစ်သားတွေဟာ အနီးပတ်ဝန်းကျင်မှာ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာ အရှေ့ဘက်မှာရှိတဲ့ ဒို့မြန်မာကျော်ဆီဆိုင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကလည်း လက်နက်ငယ်တွေ ပစ်ခတ်ပြီး ကင်းပုန်းဝပ်နေတယ်လို့ ဆိုပါတယ်။
မြောင်လမ်းခွဲမှာရှိတဲ့ အကြမ်းဖက်စစ်တပ်က မနေ့က ညပိုင်းမှာပဲ အလ္လကပ္ပကျေးရွာထဲကို ဝင်ရောက်လာပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပြီး ကင်းပုန်းဝပ်နေပြီး စစ်ကောင်စီတပ်က မြင်းမူ၊ ချောင်းဦး ၊ မုံရွာ လမ်းမကြီး တလျှောက် စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ မြင်းမူမြိုနယ်သတင်းမှန်ပြန်ကြားရေးက ဆိုပါတယ်။
ဒါအပြင် မတ် ၃၁ ရက် ညပိုင်းမှာ ချောင်းဦးမြို့နယ် အရှေ့မြောက်ခြမ်း တနေရာကို စစ်ကောင်စီရဲ့ မုံရွာ နမခ က တက်လာတဲ့ စက်တပ်လေထီးနဲ့ ၅ ကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။