13/03/2023
ငတတ်အိုင်ကျေးရွာနှင့်ချောင်းသလဲကျေးရွာသို့ စစ်ကြောင်းထိုးလာသော စခများအား မိုင်း(၅၄)လုံးဖြင့် ကျွေးမွေးဧည့်ခံခြင်း ဖြစ်စဉ်မှာ (၁၁-၃-၂၀၂၃)ရက်နေ့ ညနေငါးနာရီခန့်အချိန်တွင် ငတတ်အိုင်ကျေးရွာမှ ချောင်းသလဲရွာဘက်သို့ စစ်ကြောင်းထိုးရန် ထွက်လာသော အင်အား၆၀ခန့်ပါ စစ်ကြောင်းအား ငတတ်အိုင်ကျေးရွာ အထွက်ရှိ ဇရပ်နားအရောက်တွင် ရှေ့ထွက်မိုင်း(၇)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်။ သို့ရာတွင် စခများဘက်မှ jammer တပ်ဆင်ထားမှုကြောင့် ရှေ့ထွက်မိုင်းများမှာ အချိန်မှီ မပေါက်ကွဲဘဲ နောက်ကျ ၍ ပေါက်ကွဲခဲ့ပါသည်။မိုင်းကွဲမှုကြောင့် စခများမှာ အနီးဝန်းကျင်ရှိ တောများထဲသို့ပြေးဝင်သွားခဲ့ရာ ၎င်းနေရာများသို့ M9နှစ်လုံး၊ 79နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ (၁၁-၃-၂၀၂၃)ရက်နေ့ ညနေပိုင်းတွင် လေးတန်ကူးမှ စခအင်အား(၄၀)ခန့်, လိပ်ပုတ်ရွာမှအင်အား(၂၀)ခန့် ငတတ်အိုင်ဘက်သို့ စစ်ကြောင်းထပ်မံ ထိုးလာခဲ့ပါသည်။ (၁၂-၃-၂၀၂၃)နေ့ နံနက်(၉)နာရီချိန်တွင် ရေကြောင်းမှသံခွန်ဖြင့် စခ(၅၀)ခန့် ပုဏ္ဏားကြီးရွာ မြစ်ကမ်းစပ်မှ ငတတ်အိုင်သို့စစ်ကြောင်းထိုးလာခဲ့ပါသည်။ နေ့လည် ၁၁:၁၄ မိနစ် အချိန်တွင် တောင်ခါးပြတ်သို့ရောက်ရှိလာသော စခများအား မိုင်းအ လုံး(၃၀)ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စခများဘက်မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ပါသည်။ထို့နောက်နေ့လည်(၁:၀၃)မိနစ်အချိန်တွင် ရွှေ ကျင်ရွာနှင့် ချောင်းသလဲရွာကြားမှ ဖြတ်ထွက်လာသော စခစစ်ကြောင်းကိုလည်း ရှေ့ထွက်မိုင်း(၅)လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပါသည်။ အထိနာသွားသော စခများအား ၇၉ဗုံးသီးနှစ်လုံးဖြင့် ထပ်မံတိုက်ခိုက်ရာ စခလက်နက်ကြီးအဖွဲ့ထံသို့ တိုက်ရိုက်ကျ၍ စခခုနှစ်ကောင်ကို ဒရွတ်တိုက်ဆွဲထုတ်သွားကာ၊တချို့အား ထမ်းထုတ် နေသည်ကို မိမိတို့ပူးပေါင်းရဲဘော်များမှ မြင်တွေ့ခဲ့ပါသည်။ထို့နောက် ဒဏ်ရာရစခများမှညနေ(၄:၃၀) မိနစ်ခန့်တွင် ချောင်းသလဲရွာကိုမီးရှို့ခဲ့ပါသည်။မီးရှို့နေသောစခများအား ပဒေသာ မိုင်း(၁၂)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထွက်ပြေးကြသော စခများအား(၆၀)သီးသုံးလုံးဖြင့် ထပ်မံ ကျွေးမွေးခဲ့ပါသည်။၎င်းစာအုပ်ရောင်း ဒဏ်ရာရ စခများအား ချောင်းကြီးမှချောဆွဲလာသော ဖောကားနှစ်စီးဖြင့် (၁၃-၃-၂၀၂၃)ရက်နေ့(ယနေ့) တွင် သယ်ယူနေကြောင်း သိရပါသည်။
၎င်းဖြစ်စဉ်တွင် စခများဘက်မှ ခုနှစ်ကောင်ငရဲရောက်၍ သုံးဆယ်ခန့်ပြင်းထန်ဒဏ်ရာရရှိကာ မိမိတို့ဘက်မှ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါသည်။
ဤဖြစ်စဉ်အား-မိမိတို့NINE PDF၊ဗိုလ်လင်းယုန်အဖွဲ့(ပြင်ဦးလွင်ခရိုင်ပ.က.ဖ)နှင့် စဥ့်ကူမြို့နယ်(ပ.က.ဖ)တို့မှပူးပေါင်းလုပ်ဆောင်ခဲ့သည်။