ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

  • Home
  • Myanmar
  • Sagaing
  • ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အရေးတော်ပုံအောင်ရမည်

ရက်စွဲ ။ ၂၀၂၆ခုနှစ် ဩဂုတ်လ ၂ ရက်နေ့    #မြိုင်မြို့နယ်စစ်ဘေးရှောင်များသွားရောက်ကူ        ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေ...
02/08/2026

ရက်စွဲ ။ ၂၀၂၆ခုနှစ် ဩဂုတ်လ ၂ ရက်နေ့

#မြိုင်မြို့နယ်စစ်ဘေးရှောင်များသွားရောက်ကူ
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်၊ အမျိုးသမီးတာဝန်ခံ၊ လူစာနာတာဝန်ခံ နှင့် တိုက်နယ် ၇ ပကဖ တာဝန်ခံတို့သည် မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးပြီး ရွာများမီးရှို့ခြင်း ၊ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲများဖြစ်ပွါးနေခြင်း ၊ စကစဘက်မှလေယာဉ်များဖြင့် ဗုံးကျဲနေခြင်းတို့ကြောင့် စစ်ကြောင်းအနီးမှကျေးရွာများရှိပြည်သူများ ပုလဲမြို့နယ် နှင့်အနီးတဝိုက်ကျေးရွာများသို့စစ်ဘေးရှောင်ရောက်နေသောနေရာများသို့ သွားရောက် တွေ့ဆုံပြီး ရိက္ခာများထောက်ပံ့ပေးခဲ့ကြပါသည်။

ပအဖခေါင်းဆောင်နှင့်အဖွဲ့တို့သည် စစ်ဘေးရှောင်လက်ခံထားသော ကျေးရွာများမှ တာဝန်ရှိသူများ မှ စစ်ရှောင်ပြည်သူများအား ချက်ပြုတ်ကျွေးနေသော အခြေအနေများအားကြည့်ရှု့ခြင်း ၊ စစ်ဘေးရှောင်ပြည်သူများ နေရာများအား သွားရောက်ပြီး အားပေးစကားများပြောကြားခြင်း ၊ လေကြောင်းရန်ကာကွယ်ရေးနှင့် လက်နက်ကြီးအန္တရာယ်တို့ အကြောင်းများ ဆွေးနွေးခြင်း၊ ကျန်းမာရေးနှင့် လုံခြုံရေး ဂရုစိုက်ကြရန် ပြောကြား‌ပေးခဲ့ကြပါသည်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ပုလဲမြို့နယ်

#မြိုင်မြို့နယ်စစ်ဘေးရှောင်များသွားရောက်ကူ
#ပုလဲမြို့နယ်ပအဖခေါင်းဆောင်နှင့်အဖွဲ့
#ရိက္ခာထောက်ပံ့
#လေကြောင်းရန်

ရက်စွဲ၊ ၂၀၂၆ရက် ဇူလိုင်လ၊ ၂၉ ရက်နေ့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူစာနာတာဝန်ခံနှင့်အဖွဲ့တို့သည် မြိုင်မြို့နယ်အ...
29/07/2026

ရက်စွဲ၊ ၂၀၂၆ရက် ဇူလိုင်လ၊ ၂၉ ရက်နေ့

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူစာနာတာဝန်ခံနှင့်အဖွဲ့တို့သည် မြိုင်မြို့နယ်အတွင်း စကစစစ်ကြောင်းများစစ်ကြောင်းထိုးနေသောကြောင့် စစ်ဘေးရှောင်ပြည်သူများနှင့် စကစစစ်ကြောင်းအား ရွတ်ရွတ်ချွံချွံ ခုခံတွန်းလှန် တိုက်ပွဲဝင်နေကြသော ရဲဘော်များအတွက် လိုအပ်နေသော စားနပ်ရိက္ခာများအတွက် ဟင်းသီး၊ဟင်းရွက်များ ပို့ဆောင်ပေးခဲ့ကြပါသည်။

သယ်ယူပိုဆောင်ရာတွင် မြိုင်မြို့နယ်မှ တာဝန်ရှိသူများ နှင့်ပုလဲမြို့နယ် တိုက်နယ် ၇ ပအဖ အဖွဲ့တို့နှင့်အတူ ဆောင်ရွက်ပေးခဲ့ကြပါသည်။

မြိုင်မြို့နယ်အား စကစများဘက်မှ နေ့ရောညပါလေကြောင်းတိုက်ခိုက်မှုများ အလွန်အကျွံ အသုံးပြုဗုံးကျဲနေခြင်း ၊ စကစစစ်ကြောင်းမှ လက်နက်ကြီးများနှင့်ရမ်းသမ်းပစ်ခတ်နေခြင်းတို့ကြောင့် အရပ်သားများလည်းထိခိုက်ခြင်းတို့ကြောင့် စစ်ဘေးရှောင်ပြည်သူများ နီးစပ်ရာ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ဘေးရှောင်ရန်ရောက်ရှိနေသည်ဟု ကြားသိရပါသည်။

ပုလဲမြို့နယ်အတွင်းရောက်ရှိနေသောစစ်ဘေးရှောင်များကိုလည်း သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာများမှ ကူညီစောင့်ရှောက်ပေးနေကြပြီး မိမိတို့ကျေးရွာအတွင်းရောက်ရှိနေသော စစ်ဘေးရှောင်ပြည်သူ စာရင်းများအား သက်ဆိုင်ရာ ရပ်ကျေးတာဝန်ရှိသူများမှ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သို့ အမြန်ဆုံး သတင်းပေးပို့ကြရန်နှင့် အရေးပေါ်အကူအညီများရယူနိုင်ကြဖို့ရာ ဆက်သွယ်ဆောင်ရွက်ပေးကြပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ပုလဲမြို့နယ်

ပုလဲမြို့နယ် အတွင်း၌‎Space Xဖက်မှ ပိတ်သိမ်းခံရသောStarlinkစက်များပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ထံစာရင်းပေးပို့နိုင်ရန်...‎၁။စက...
06/07/2026

ပုလဲမြို့နယ် အတွင်း၌
‎Space Xဖက်မှ ပိတ်သိမ်းခံရသောStarlinkစက်များပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ထံစာရင်းပေးပို့နိုင်ရန်...
‎၁။စက်ပိုင်ရှင်အမည်
‎၂။နိုင်ငံသားစီစစ်ရေးအမှတ်
‎၃။နေရပ်(အုပ်စု၊ကျေးရွာအမည်)
‎၄။အသုံးပြုသည့်စက်အမျိုးအစား(Starlink Gen-2/3/Mini/Starlink Fiber)
‎၅။တပ်ဆင်အသုံးပြုထားသည့်နေရာ(အုပ်စု/ ကျေးရွာအမည်)
‎၆။Dish SN(စက်နံပါတ်)
‎၇။စတင်အသုံးပြုသည့်ရက်စွဲ
‎၈။Bill ဆောင်နေသည့် Regoin
‎၉။အသုံးပြုပုံ(ရုံးသုံး/အိမ်သုံး/လုပ်ငန်းသုံး/ဆိုင်သုံး/Mobile)
‎၁၀။Point ခွဲရှိမရှိ/Outdoor Ap သုံးစွဲထားမှုရှိမရှိ
‎၁၁။စက်ရပ်ဆိုင်းခံရသည့်ရက်စွဲ
‎၁၂။ရပ်ဆိုင်ခံရသည့်အကြောင်းအရာ(ဥပမာ-Restricted Location)


‎ #ပုလဲမြို့နယ် ၌ အင်တာနက် စက်များ Registeredတင်ခြင်း၊ လစဥ်အခွန်ကောက်ခံခြင်း ၁လုံးမျှမရှိ‌သေးပါ။
‎ #ကြိုးစား ချိတ်ဆက် ဆောင်ရွက်ပေးပါမည်။

၁၉.၆.၂၀၂၆ ရက်နေ့တွင် ကျရောက်သော လူထုခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁နှစ်ပြည့် မွေးနေ...
19/06/2026

၁၉.၆.၂၀၂၆ ရက်နေ့တွင် ကျရောက်သော လူထုခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်များကို ပုလဲမြို့နယ်အတွင်းရှိ ပြည်သူများ ၊ အုပ်ချုပ်ရေး ကာကွယ်ရေးအဖွဲ့အစည်းများ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များ၊ ပြည်သူ့အခြေပြု စာသင်ကျောင်းများ ၊ စစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင်ပြည်သူများ မှ နေရာအနှံ့အပြား ကျင်းပပြုလုပ်ခဲ့ကြပါသည်။

မွေးနေ့ပွဲပြုလုပ်လုပ်ကြရာတွင် ဒေါ်အောင်ဆန်းစုကြည် နှစ်သက်မြတ်နိုးသော နှင်းဆီပန်းနီများ ပန်ဆင်ခြင်း၊ ကိုင်ဆောင်ခြင်းများပြုလုပ်ကာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ မတရားအကျဉ်းကျခံဘဝမှ အမြန်ဆုံးလွတ်မြောက်ပါစေ၊ မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများအမြန်ဆုံးလွတ်မြောက်ကြပါစေ စသည်ဖြင့် ဆုတောင်းမှုများပြုလုပ်ကြပြီး ပြည်သူများ ကျောင်းသားများအတွက် ကုသိုလ်ပြု အဟာရတိုက်ကျွေးခြင်း၊စစ်ဘေးရှောင်ပြည်သူများအတွက် အစားသောက်များကုသိုလ်ပြုခြင်း၊ ရိက္ခာများထောက်ပံ့ပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများလည်း ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

လူထုခေါင်းဆောင်ကျန်းမာပြီးအမြန်ဆုံးလွတ်မြောက်ပါစေ။
မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများအမြန်ဆုံးလွတ်မြောက်ပါစေ။
အရေးတော်ပုံ အမြန်ဆုံး အောင်မြင်ပါစေ။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ပုလဲမြို့နယ်

Address

Palè
Sagaing

Website

Alerts

Be the first to know and let us send you an email when ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share