စမ်းချောင်းပင်မသပိတ်စစ်ကြောင်း

  • Home
  • Myanmar
  • Sanchaung
  • စမ်းချောင်းပင်မသပိတ်စစ်ကြောင်း

စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဘာတွေလဲ ရန်ကုန်သားတွေ 🔥
“We aim to share verified information 🌈🌻 ”

"We are committed to the establishment of a genuine Federal Democratic Union, ensuring the universal fulfillment of human rights for every citizen. We strive for a society where all forms of discrimination are eradicated and equal opportunity is guaranteed for all. The victory for our revolution is inevitable." စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ။ လူသားတိုင်း လူခွင့်အရေး အပြည့်အဝရရှိရေး ။ ခွဲခြားမှုမရှိစေရ၊ တန်းတူညီမျှအခွင့်အရေးရရှိရမည် ။ အရေးတော်ပုံ မုချအောင်မည်။ ���

၈၈၈၈၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံ (၃၈)နှစ်ပြည့် မြောက် အထိမ်းအမှတ်နေ့အတွက် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ လှုပ်ရှားပါဝင်...
08/08/2026

၈၈၈၈

၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံ (၃၈)နှစ်ပြည့် မြောက် အထိမ်းအမှတ်နေ့အတွက် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ လှုပ်ရှားပါဝင်ခဲ့ပါသည်။

“အကြောက်တရားမှ လွတ်မြောက်ရာဆီသို့”

“မပြီးဆုံးသေးတဲ့ ၈လေးလုံး
လူထုလွတ်မြောက်ရေး ဒို့အတူရုန်း”

#၃၈နှစ်မြောက်၈လေးလုံးလှုပ်ရှားမှု
#၈လေးလုံးထီးသပ်တ်လှုပ်ရှားမှု


#ရန်ကုန်လူထုသပိတ်
#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း

၈၈၈၈ စစ်အာဏာရှင် လူထုကို မတရား ဥပဒေမဲ့ဖမ်းစီးခြင်း၊ သ - တ်-ဖြတ်ခြင်း၊ မတရားထောင်ချခြင်း ကျူးလွန်မှု့များကို  ပြညိသူလူထုက...
08/08/2026

၈၈၈၈ စစ်အာဏာရှင် လူထုကို မတရား ဥပဒေမဲ့
ဖမ်းစီးခြင်း၊ သ - တ်-ဖြတ်ခြင်း၊ မတရားထောင်ချခြင်း ကျူးလွန်မှု့များကို ပြညိသူလူထုက အမြဲ သတိတရ ရှိနေတယ်ဆိုတာ သိဖို့အတွက် ...

ယနေ့ ၈.၈.၂၀၂၆ ..
၈၈၈၈ အထိန်းအမှတ် ကန်ပိန်း ဆန္ဒထုတ်ဖော်မှု့ကို
မလေးရှားနိုင်ငံ ကွာလာလန်ပူ မြန်မာသံရုံးရှေ့မှာ ကျနော်တို့ မလေးရှားရောက် ညီအကိုယ်တွေ မြန်မာတနိုင်ငံလုံးကိုယ်စား ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

မတရားမှု့တွေ ချက်ခြင်းရပ်ပါ
မတရားဖမ်းစီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းထားတဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အားလုံးကို ချက်ခြင်းလွှတ်ပေးပါ။

ကျနော်နဲ့ အတူ ဆန္ဒထုတ်ဖော်တဲ့ ပါဝင်သူ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။

မြန်မာနိုင်ငံမှာ ရှိတံ့ လူထု အားလုံး ၊ ပြည်ပမှာ ရှိတဲ့ ကျနော်တို့ နိုင်ငံသူ နိူင်ငံသာူအားလုံး ၊ ပြည်တွင်း ပြည်ပ သပိတ်စစ်ကြောင်းအားလုံး တောထဲမှာ တိုက်ပွဲဝင်နေကြသော တော်လှန်ရေး ညီအကိုယ်တွေ အားလုံးကို ကိုယ်စားပြုသော ဆန္ဒထုတ်ဖော်ခြင်းပါ။

နေရိုင်း-မရှိခဏမုဆိုး
#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း

‼️“Myanmar is bleeding. No handshakes with a brutal dictator” လုံခြုံရေးတင်းကြပ်ထားသော ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စ...
07/08/2026

‼️“Myanmar is bleeding.
No handshakes with a brutal dictator”

လုံခြုံရေးတင်းကြပ်ထား
သော ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စိန့်လူးဝစ် (Saint Louis) BTS မှတ်တိုင်အနီး၊ မြန်မာသံရုံးရှေ့ လူကူးကုန်းတံတားပေါ်တွင် “Myanmar is bleeding. No handshakes with a brutal dictator” ဟူသော စာတန်းပါ ဘန်နာကို ရန်ကုန်လူထုသပိတ်နှင့် Burmese Exile Movement (BEM)တို့မှ ပူးပေါင်း ချိတ်ဆွဲ၍ အကြမ်းဖက် စစ်အာဏာရှင် မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

ဩဂုတ်လ၊ ၇ရက်၊ ၂၀၂၆ခုနှစ်။

▫️အာဏာသိမ်းစစ်ခေါင်းဆောင် အတုအယောင်သမ္မတ မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ လာရောက်မည့်ခရီးစဉ်နှင့်ပတ်သက်၍ မြန်မာပြည်သူလူထုကိုယ်စား ကျွန်ုပ်တို့ တော်လှန်ရေး သပိတ်အင်အားစုများဖြစ်သော ရန်ကုန်လူထုသပိတ်၊ စမ်းချောင်းပင်မသပိတ်၊ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန် အင်အားစုများမှ အောက်ပါအတိုင်း ဆန့်ကျင်ကန့်ကွက်ပါကြောင်း ကြေညာချက် အချက်(၅)ချက်အား ထုတ်ပြန်ထားခဲ့ပြီးဖြစ်သည်။

(၁) အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲ၊ အတုအယောင်သမ္မတကို သံတမန်ရေးရာအရ တရာဝင်မှုပေးခြင်း၊ လူရာသွင်းဆက်ဆံခြင်း လုံးဝမပြုလုပ်ရန်

(၂) မြန်မာပြည်သူများအပေါ် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းအကြမ်းဖက်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ အပေါ် ထိုင်းနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများက တင်းတင်းကျပ်ကျပ် ရပ်တန့်ဖို့ဖိအားပေးရန်

(၃) နယ်စပ်မျဉ်းတစ်လျှောက် တရားမဝင် ဒုစရိုက်လုပ်ငန်းများ၊ လူကုန်ကူးမှုများနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များသည် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ တပ်ဖွဲ့များကအကာအကွယ်ပေးလုပ်ကိုင်နေကြခြင်းဖြစ်သောကြောင့် နယ်စပ်ဒေသလုံခြုံအေးချမ်းတည်ငြိမ်မှု ပျက်ပြားစေသည့်အတွက် အကြမ်းဖက်စစ်တပ်နှင့် ဆက်ဆံရေး လုံးဝဖြတ်တောက်ရန်

(၄) မြန်မာပြည်သူများ အမှန်တကယ် လိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) နှင့် တော်လှန်ရေး အင်အားစုများ၏ အသံကိုသာ ထိုင်းအစိုးရနှင့် အာဆီယံအဖွဲ့တို့က တရားဝင်အသိအမှတ်ပြုပေးရန်

(၅) ထိုင်းနိုင်ငံတာဝန်ရှိသူများအနေဖြင့် အကြမ်းဖက်စစ်တပ်နှင့် ဆက်သွယ်မှုတစ်စုံတစ်ရာပြုလုပ်ပြီးတိုင်း နယ်စပ်မျဉ်းတစ်လျှောက်နှင့် ထိုင်းရောက် မြန်မာစစ်ဘေးရှောင်များ၊ ရွှေ့ပြောင်းအလုပ်သမားများအပေါ် ဖိနှိပ်
ချုပ်ချယ်မှုများ မပြုလုပ်ရန်နှင့် လူ့အခွင့်အရေးနှုန်းစံများကို လေးစားလိုက်နာပါရန်

စသည့် အချက်တို့ကို မြန်မာပြည်သူလူထုတစ်ရပ်လုံး ကိုယ်စား ကျွန်ုပ်တို့ တော်လှန်ရေးသပိတ်အင်အားစုများက တောင်းဆိုသည်။

#ရန်ကုန်လူထုသပိတ်

▪️နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါဖြစ်သည့် မြန်မာစစ်အုပ်စုကို တရားဝင်မှုဖန်တီးရန် လူရာသွင်းဆက်ဆံခြင်းအား ဆန့်ကျင်ကန့်...
06/08/2026

▪️နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါဖြစ်သည့် မြန်မာစစ်အုပ်စုကို တရားဝင်မှုဖန်တီးရန် လူရာသွင်းဆက်ဆံခြင်းအား ဆန့်ကျင်ကန့်ကွက်ကြောင်း သဘောထားကြေညာချက်

▫️အာဏာသိမ်းစစ်ခေါင်းဆောင် အတုအယောင်သမ္မတ မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ လာရောက်မည့်ခရီးစဉ်နှင့်ပတ်သက်၍ မြန်မာပြည်သူလူထုကိုယ်စား ကျွန်ုပ်တို့ တော်လှန်ရေး သပိတ်အင်အားစုများက အောက်ပါအတိုင်း ဆန့်ကျင်ကန့်ကွက်ပါကြောင်း ကြေညာချက် ထုတ်ပြန်အပ်သည်။

(၁) အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲ၊ အတုအယောင်သမ္မတကို သံတမန်ရေးရာအရ တရာဝင်မှုပေးခြင်း၊ လူရာသွင်းဆက်ဆံခြင်း လုံးဝမပြုလုပ်ရန်

(၂) မြန်မာပြည်သူများအပေါ် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းအကြမ်းဖက်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ အပေါ် ထိုင်းနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများက တင်းတင်းကျပ်ကျပ် ရပ်တန့်ဖို့ဖိအားပေးရန်

(၃) နယ်စပ်မျဉ်းတစ်လျှောက် တရားမဝင် ဒုစရိုက်လုပ်ငန်းများ၊ လူကုန်ကူးမှုများနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များသည် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ တပ်ဖွဲ့များကအကာအကွယ်ပေးလုပ်ကိုင်နေကြခြင်းဖြစ်သောကြောင့် နယ်စပ်ဒေသလုံခြုံအေးချမ်းတည်ငြိမ်မှု ပျက်ပြားစေသည့်အတွက် အကြမ်းဖက်စစ်တပ်နှင့် ဆက်ဆံရေး လုံးဝဖြတ်တောက်ရန်

(၄) မြန်မာပြည်သူများ အမှန်တကယ် လိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) နှင့် တော်လှန်ရေး အင်အားစုများ၏ အသံကိုသာ ထိုင်းအစိုးရနှင့် အာဆီယံအဖွဲ့တို့က တရားဝင်အသိအမှတ်ပြုပေးရန်

(၅) ထိုင်းနိုင်ငံတာဝန်ရှိသူများအနေဖြင့် အကြမ်းဖက်စစ်တပ်နှင့် ဆက်သွယ်မှုတစ်စုံတစ်ရာပြုလုပ်ပြီးတိုင်း နယ်စပ်မျဉ်းတစ်လျှောက်နှင့် ထိုင်းရောက် မြန်မာစစ်ဘေးရှောင်များ၊ ရွှေ့ပြောင်းအလုပ်သမားများအပေါ် ဖိနှိပ်
ချုပ်ချယ်မှုများ မပြုလုပ်ရန်နှင့် လူ့အခွင့်အရေးနှုန်းစံများကို လေးစားလိုက်နာပါရန်

စသည့် အချက်တို့ကို မြန်မာပြည်သူလူထုတစ်ရပ်လုံး ကိုယ်စား ကျွန်ုပ်တို့ တော်လှန်ရေးသပိတ်အင်အားစုများက တောင်းဆိုလိုက်သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု ( AJAY )
ရန်ကုန်လူထုသပိတ် ( Yangon People’s Strike)
စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ( SC Strike)


လူထုအားနဲ့ ✊🏽
05/08/2026

လူထုအားနဲ့ ✊🏽

‎ကျွန်တော်တို့ယောဒေသ၏ ယောဧရာရော့ခ်ကက်ထုတ်လုပ်ရေးတပ်ဖွဲ့ မှ ပြုလုပ်မည်ဖြစ်သော
"အရှိန်နဲ့ကြုံး Rocket ဒုံး ကမ်ပိန်း" လေးနဲ့မိတ်ဆက်ပေးပါရစေ။

လေးစားအပ်ပါသော တော်လှန်ပြည်သူ
ညီအစ်ကို မောင်နှမများအားလုံးကို မင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ် ခင်ဗျာ ။

‎တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့်စစ်ရေးအရှိိန်မြင့်မားလာသည်နှင့်အမျှ ယောဒေသတွင် ရော့ခ်ကက်စစ်ဆင်ရေးများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ကျွန်တော်တို့ ယောဧရာရော့ခ်ကက်ထုတ်လုပ်ရေးတပ်ဖွဲ့ မှာကားတစီးအရေးတကြီးလိုအပ်လျက်ရှိိပါသည်။

‎၎င်းလိုအပ်ချက်အား

ဖြည့်ဆည်းနိုင်ရန်အတွက် ယခု လို " အရှိန်နဲ့ကြုံး Rocket ဒုံ ကမ်ပိန်း " ကိုပြုလုပ်ရခြင်းပဲဖြစ်ပါတယ် ။

‎ယခုပြုလုပ်မဲ့ Campaignရဲ့ ရည်ရွယ်ချက်ကတော့

၁။ ရေစိုမခံသော ယမ်းနှင့် ထုတ်လုပ်ရေးစစ်သုံးဆက်စပ်ပစ္စည်းသယ်ယူရန်။

၂။ မစ်ရှင်ဖော်ဆောင်ရာတွင် Rockets များနှင့် ပစ်စင်များ သယ်ယူနိုင်ရန်။

၃။ ကားပေါ်တွင် ဒုံးပစ်စင်တည်ဆောက်ပြီး မစ်ရှင်များဖော်ဆောင်နိုင်ရန်။

‎၄ ။ တိုက်ပွဲအတွင်း အများပြည်သူ စစ်ရှောင်များ ၊ဒဏ်ရာရ ပြည်သူများနှင့် ရဲဘော်များအား ဘေးလွတ်ရာသို့ အလျင်အမြန် ပို့ဆောင်ပေးနိုင်ရန် အတွက်ဖြစ်ပါတယ်။

‎လေးစားအပ်ပါသော တော်လှန်ပြည်သူ ညီအစ်ကို မောင် နှမ များမှ မိမိတို့၏ မစ်ရှင်ဖော်ဆောင်ရာ နှင့် အရေးပေါ်အခြေအနေများတွင် လူထုကယ်ဆယ်ရေးလုပ်ငန်းများ အတွက် " အရှိန်နဲ့ကြုံး Rocket ဒုံ ကမ်ပိန်း " ကိုပါဝင်ကူညီပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ ....

‎ 👉 ယောဧရာရော့ခ်ကက်ထုတ်လုပ်ရေးတပ်ဖွဲ့
‎ မစ်ရှင်ဖော်ဆောင်ရန် ၊ အသက်ကယ်ရန် ၊ လိုအပ်ချက်ဖြစ်တဲ့
‎ ကားတစ်စီးဝယ်ယူရန်
‎ ⏳၈/၈/၂၀၂၆ မှ ၈/၉/၂၀၂၆ အထိ
‎ 🎯 ကျပ်သိန်း (၈၀၀)
‎ 🧾 Certificate


#ယောဧရာ
#ယောဒေသ
#‎ အရှိန်နဲ့ကြုံး


03/08/2026

❤️‍🩹 She is still remembered…

There are moments that shape a nation.
And there are people who become part of its story.
She is one of them.
Through uncertainty…
Through sacrifice…
Through years that tested the strength of an entire generation…
She became a name that millions came to know.
Time has moved forward.
The world has changed.
New generations have grown.
Yet for many people…
The memories remain.
Her voice…
Her image…
The hope that many associated with her…
Still lives in conversations.
She became a name that millions came to know.
Time has moved forward.
The world has changed.
Still appears in old photographs.
Still echoes in the hearts of those who remember those years.
History is never seen through only one lens.
It is remembered through different experiences, different perspectives, and different beliefs.
But few would deny that she became one of the defining figures of Myanmar’s modern history.
Years may pass.
The world will continue to change.
Yet for many people…
She is still remembered…

“အကြောက်တရားမှလွတ်မြောက်ရာဆီသို့”

“The only real prison is fear and the real freedom is Freedom From Fear”
Aung San Suu Kyi

Video Download Link
https://drive.google.com/drive/folders/1IE1CwYvTm9MSo8F3cbXPbMuhYIl6iqu2?usp=share_link

#၃၈နှစ်မြောက်၈လေးလုံးလှုပ်ရှားမှု
#၈လေးလုံးထီးသပ်တ်လှုပ်ရှားမှု


#ရန်ကုန်လူထုသပိတ်

▪️ ၃၈ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ် ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု လှုံ့ဆော်ချက်Global Action – 88...
02/08/2026

▪️ ၃၈ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ် ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု လှုံ့ဆော်ချက်

Global Action – 8888 Umbrella Strike 2026

၂ ရက်၊ ၈ လ၊ ၂၀၂၆ ခုနှစ်
ရန်ကုန်လူထုသပိတ်

“တော်လှန်မီးတောက်တွေ
လောင်ကျွမ်းနေဆဲပဲ
မီးတောက်တွေ မငြိမ်းသရွေ့
မျှော်လင့်ချက်တွေ မသေဘူး။
ယုံကြည်ချက်တွေ ရှင်သန်နေသရွေ့
ပြည်သူ့တော်လှန်ရေးကြီး မရပ်တန့်ဘူး။ “

၁၉၈၈ ခုနှစ် ဩဂုတ်လ (၈) ရက်နေ့မှစပြီး ပြည်သူတွေရဲ့ အသက်သွေးနဲ့ စတင်ထွန်းညှိခဲ့တဲ့ ဒီမိုကရေစီမီးတောက်ဟာ (၃၈) နှစ်ကြာလာတဲ့ ဒီကနေ့အထိ မငြိမ်းသေးပါဘူး။ အဲဒီ ၈လေးလုံးမီးတောက်ကြီးဟာ နွေဦးတော်လှန်ရေးထိ ကူးဆက်လောင်ကျွမ်းလျက်ရှိပြီး၊ သွေးအလိမ့်လိမ့် စွန်းထင်းနေတဲ့ ကတ္တရာလမ်းမတွေပေါ် ကြမ်းတမ်းတဲ့ မိုင်တိုင်တွေဖြတ်ကျော်ရင်း ဒီမိုကရေစီနဲ့ လွတ်လပ်ရေးပန်းတိုင်ဆီ ကျွန်ုပ်တို့အားလုံး ရဲဝံ့စွာအတူတကွ ဆက်လက်လျှောက်လှမ်းနေကြဆဲ ဖြစ်ပါတယ်။ စစ်တပ်က ဘယ်လိုပင် လက်နက်မိုးပြီး အကြောက်တရားထည့် အကြမ်းဖက်ဖြိုခွင်းခဲ့ပေမယ့် ပြည်သူတွေရဲ့ လွတ်မြောက်လိုစိတ် နဲ့ ယုံကြည်ချက်ခံတပ်ကြီးဟာ ဖိနှိပ်လေလေ ခိုင်မာအားကောင်းလာလေ ဖြစ်ခဲ့ပါတယ်။

၈၈ မျိုးဆက်က စိုက်ပျိုးခဲ့တဲ့ ဒီမိုကရေစီအရေးကြိုးပမ်းမှုမျိုးစေ့ဟာ ယနေ့နွေဦးတော်လှန်ရေးတွင် ဆက်လက်ရှင်သန်နေဆဲ ဖြစ်သလို၊ မျိုးဆက်တစ်ဆက်ကနေ နောက်မျိုးဆက်တစ်ဆက်ဆီသို့ “ပြည်သူသာ အချုပ်အခြာအာဏာ၏ ပိုင်ရှင်” ဆိုတဲ့ ယုံကြည်ချက်ကို လက်ဆင့်ကမ်းပေးနေဆဲ ဖြစ်ပါတယ်။

တော်လှန်ရေးဆိုတာ အချိန်နဲ့ တိုင်းတာရတဲ့ ခရီးမဟုတ်ပါဘူး။ ယုံကြည်ချက်နဲ့ တိုင်းတာရတဲ့ ခရီးဖြစ်ပါတယ်။ ရှေ့ခရီးလမ်းဟာ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ၊ ပြည်သူအချင်းချင်းရဲ့ ဖေးမကူညီမှု၊ သွေးစည်းညီညွတ်မှုနဲ့ လွတ်လပ်မျှတတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်လိုတဲ့ စိတ်ဓာတ် ရှင်သန်နေသရွေ့ ဒီတော်လှန်ရေးခရီးဟာ ဆက်လက်ရှေ့ဆက်နေဦးမှာ ဖြစ်ပါတယ်။

တော်လှန်ရေးရဲ့ အထိမ်းအမှတ်နေ့တိုင်းဟာလည်း ပြက္ခဒိန်ပေါ်က ရက်စွဲတစ်ခုပဲမဟုတ်ပါဘူး။ အသက်သွေးနဲ့ ရေးထိုးထားတဲ့ သမိုင်းမှတ်တိုင်တွေ ဖြစ်ပါတယ်။ အဲဒီမှတ်တိုင်တိုင်းဟာ ဒီမိုကရေစီကို မစွန့်လွှတ်ခဲ့တဲ့ ပြည်သူတွေရဲ့ ယုံကြည်ချက်၊ အမှန်တရားအတွက်ရပ်တည်ရဲတဲ့ သတ္တိနဲ့ အကြောက်တရားကို လွန်မြောက်ခဲ့ခြင်း သက်သေတွေပဲ ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကစ၍ နွေဦးတော်လှန်ရေးအထိတိုင်အောင် ခေတ်အဆက်ဆက် မျိုးဆက်အဆက်ဆက် စစ်ကျွန်စနစ်ကို ရဲရဲတောက်တွန်းလှန်ခဲ့ကြသော တော်လှန်မျိုးဆက် ပြည်သူအပေါင်းအား ယခုမကြာခင် ရောက်လာတော့မည့် ၃၈နှစ်မြောက် ၈၈၈၈အထိမ်းအမှတ်အတွက် ရည်ရွယ်၍ ကမ္ဘာ့နိုင်ငံအသီးသီး၌ ဖြန့်ကျက်ရောင်းချပေးထားပြီးဖြစ်သော ၈သင်္ကေတရိုက်နှိပ်ထားသောထီးများဖြင့် ၈.၈.၂၀၂၆ ရက်နေ့တွင် ၈လေးလုံးထီးသပိတ်နှင့် ၈ သင်္ကေတပါဝင်သော သင်္ကေတပြ လှုပ်ရှားမှုများပြုလုပ်ကြရန် ရန်ကုန်လူထုသပိတ်မှ တိုက်တွန်းလှုံ့ဆော်မှုပြုအပ်ပါသည်။

“အကြောက်တရားမှလွတ်မြောက်ရာဆီသို့”

“မပြီးဆုံးသေးတဲ့ ၈လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း”

#၃၈နှစ်မြောက်၈လေးလုံးလှုပ်ရှားမှု
#၈လေးလုံးထီးသပ်တ်လှုပ်ရှားမှု


#ရန်ကုန်လူထုသပိတ်

28/07/2026

တော်လှန်ရေးမှာ အရေးကြီးတာက တော်လှန်ရေးကို ကိုယ့်တာဝန်လို့ ခံယူထားဖို့ပဲ လိုတာပါ။
တော်လှန်ရေးကို တင်းတင်းရင်းရင်း ဆုပ်ကိုင်ထားသူတွေ အရှေ့မှာ ရှိနေကြပါတယ်။
တော်လှန်ပြည်သူတွေက ကျွန်တော်တို့ရဲဘော်များ ရဲ့ နောက်ကျောမှာ တင်းတင်းရင်းရင်း ရပ်တည်ပေးရုံပါပဲ။

“တင်းတင်းရင်းရင်း” သိန်း(၈၀၀) ကမ်ပိန်းက
၂၁.၇.၂၀၂၆မှ ၂၀.၈.၂၀၂၆နေ့ အထိ ရှိနေမှာဖြစ်ပါတယ်
SCF Platform Spring CrowdFund - နွေဦးလူထုရန်ပုံငွေ မှာလည်း “တင်းတင်းရင်းရင်း” ကမ်ပိန်းက အတူတူ ရှိနေမှာမို့ SCF Platform မှာရော ၇၈၀၅တပ်ရင်း Page မှာပါ ကြိုက်တဲ့နေရာကနေ ကြိုက်သလောက် ပါဝင်ကူလို့ ရနေမှာဖြစ်ပါတယ်

အောက်ကပေးထားတဲ့ link လေးမှာလည်း တိုက်ရိုက်ထိနှိပ်ပြီး ပါဝင်ကူပေးလို့ရပါတယ်ခင်ဗျာ
https://app.springcrowdfund.org//c/MVY1w0

#တင်းတင်းရင်းရင်း
်ရင်း
#အထူးတိုင်းဗျူဟာအမှတ်၂၇
#မွန်ပြည်နယ်ကျိုက်ထိုဘီးလင်းနယ်မြေ

26/07/2026

"တရားတဲ့သူသာ နိုင်ကြေးဟေ့"
ဇူလိုင်လ ၂၃ရက်နေ့ ဟာ ကိုဂျင်မီ
ကိုဖြိုးဇေယျာသော်
ကိုလှမျိုးအောင်
ကိုအောင်သူရဇော်တို
မတရားဖမ်းဆီးကြိုးမိန့်ပေးခံရတာ၄နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်။

မတရားမှုမှန်သမျှကို တရားမျှတမှုရသည်အထိ
ဆက်လက်ဆောင်ရွက်သွားပါမည်....

24/07/2026

ဂျင်မီ (သို့မဟုတ်) လရောင်
သူ့အကြောင်း တွေးမိရင်ကို ပေါ်လာတဲ့ ဝိသေသတွေက ထင်းခနဲပဲ။
သူက နိုင်ငံရေးမှာ ပါတီကို အာရုံမကျဘူး။
မတရားမှုမှန်သမျှကို ခါးခါးသီးသီးမုန်းတယ်၊ တွန်းလှန်တယ်၊တရားတာကို မြတ်နိုးတယ်။
တရားတဲ့သူသာ နိုင်ကြေးဟေ့ဆိုတာ သူ့အဘိဓမ္မာဘဲ။
သူက ဘယ်တုန်းကမှ တစ်ကိုယ်ကောင်း မဆန်ခဲ့ဘူး။
ရဲဘော်ရဲဘက်စိတ် အပြည့်နဲ့လူ။
လိုအပ်နေတဲ့သူတွေကို ကူညီပေးရမယ်ဆိုတာ သူ့နိုင်ငံရေးပဲ။
သူ နိုင်သလောက် ကူတယ်၊
ကူနိုင်တဲ့သူတွေကိုလည်း ကူကြဖို့ တွန်းအားပေးတယ်။
အဲ့ဒါ သူ့ဗီဇ။
ကျွန်တော်အရမ်းကြိုက်ပြီး ခုထိ ကိုယ်တိုင်ကျင့်သုံးနေတဲ့ အချက်က စည်းကမ်းနဲ့ စနစ်တကျ နေထိုင်မှုပဲ။
သူ ထောင်ထဲ နှစ်ရှည် နေခဲ့ရတုန်းက သူ့မှာ စိတ်ဓာတ်ကျစရာ အချိန်ကို မရှိဘူး။
မနက်ဆိုရင် ဘုရားရှိခိုး တရားမှတ်မယ်၊
စားဖို့သောက်ဖို့ စီစဉ်မယ်၊ပြီးရင် လေ့လာရေးတွေ ဆက်တိုက် လုပ်တော့တာပဲ။စာဖတ်မယ်၊အဂ်လိပ်စာ လေ့လာတယ်၊Dictionary ထဲက Meaning တွေက်ုတောင် အလွတ်ကျက်တဲ့သူ။ ညနေဆိုရင် အားကစားလုပ်မယ်၊ ကဗျာစပ်တယ်၊ သီချင်းဆိုမယ်၊ လက်လုပ်ဂီတာနဲ့ ခံစားချက်တွေ ဖွင့်ထုတ်မယ်။
ထောင်ထဲမှာတောင် အဲ့ဒီလို စည်းနဲ့ကမ်းနဲ့ စနစ်တကျ နေထိုင်ကျင့်ကြံခဲ့တဲ့သူ။
ထောင်အပြင်ရောက်တော့လည်း ကျွန်တော်လုပ်ပေးနေတဲ့ လူငယ်တွေအတွက် ပညာရေးမှာလည်း သူက အပြည့်အဝ ကျွန်တော်နဲ့ထပ်တူ။
၂၀၂၁ အာဏာသိမ်းတဲ့မနက် ၃ နာရီလောက်မှာ သူ ကျွန်တော့်ကို ဖုန်းခေါ်လာတယ်။ “ ယောက်ဖရေ အိမ်ကထွက်တော့။ငါတို့ ထောင်ထပ်ကျလို့ မဖြစ်ဘူးကွ။ရတဲ့နည်းနဲ့ ပြန်တွန်းလှန်ရမယ်”တဲ့။
နောက်ရက်တွေမှာ သူနဲ့ ကျွန်တော် အတူ ပုန်းရှောင်နေရင်း တအိမ်ထဲ အတူနေတယ်၊အလုပ်တွေ အတူ လုပ်ကြတယ်။ ရန်ကုန်ထဲမှာပဲ ခြောက်လလောက် အတူနေရင်း တစ်မနက်ခင်းလေးမှာ မနက်စာ အတူစားနေရင်း သူ့ကို ကျွန်တော်က မင်း နိုင်ငံခြား ထွက်ဖို့လိုရင် ထွက်ပါလို့ ပြောတော့ သူ တစ်ချက် ငြိမ်သွားတယ်။
ပြီးတော့ ကျွန်တော့်မျက်လုံးကို သေချာစိုက်ကြည့်ပြီး “ ငါ့အနေနဲ့ ဘဝမှာ အဆိုးဆုံးတွေရော အကောင်းဆုံးတွေရော ကြုံခဲ့ရပြီးပြီ။ အများအတွက်လည်း အကောင်းဖြစ်မယ့် အရာတွေ ငါ လုပ်ခဲ့ပြီးပြီ။ သေမယ်ဆိုရင် သေပျော်ပါပြီ။
အခုလို မတရားမှုကို တွန်းလှန်ရင်း သေရမယ်ဆိုရင်တောင် ငါ ရဲရဲကြီး သေပျော်ပါတယ်ကွာ”တဲ့။ အဲ့ဒီ နှစ်ထောင့်နှစ်ဆယ့်တစ် စက်တင်ဘာ မနက်ခင်းလေးမှာ သူ ပြောခဲ့တဲ့စကား။ အခုထိ အသံရော သူ့မျက်ဝန်းရော ကြားရမြင်နေရပါသေးတယ်။ သူ ပြောတဲ့အချိန်မှာ ကျွန်တော်နဲ့ သူနဲ့အတူ လူနှစ်ယောက် ဘေးမှာထိုင်နေကြတယ်။ သူတို့နှစ်ယောက်လည်းပဲ သက်ရှိထင်ရှား ရှိနေစဉ်မို့ ကိုဂျင်မီရဲ့စကား အသံနဲ့ သူ့မျက်ဝန်းကို ကျွန်တော့်လိုပဲ မြင်ယောင်ကြားယောင်နေပါဦးမယ်။ လွမ်းထိုက်လွန်းတဲ့သူ၊ တန်ဖိုးကြီးလွန်းတဲ့သူ၊ သူ့ကို ကျွန်တော်က ဂျင်မီ (သို့မဟုတ်) လရောင်လို့ တင်စားမိတယ်။ ဂျင်မီဆိုတာ အမှောင်ထုကို ထွင်းဖောက်နေတဲ့ လရောင်။ တစ်သက်လုံး ထွန်းလင်းတောက်ပနေမယ့်သူ။
နေခြူး

Google Drive Link - https://drive.google.com/file/d/1GGKl2pJ6Am2uH9959OGM2zNjnU3v-1n4/view?usp=sharing

မည်သည့်မီဒီယာမဆို ယူငင်သုံးစွဲပါ။
မည်သူမဆို လွတ်လပ်စွာ မျှဝေပါ။
ကမ္ဘာကို သတင်းစကား ဆက်လက်ဖြန့်ဝေပေးပါ။

#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း

Address

Sanchaung Street
Sanchaung
11111

Alerts

Be the first to know and let us send you an email when စမ်းချောင်းပင်မသပိတ်စစ်ကြောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to စမ်းချောင်းပင်မသပိတ်စစ်ကြောင်း:

Shortcuts

Share

Category