Sinmizwe City

Sinmizwe City ဆင်​မြီးဆွဲမြို့သတင်း

သဲကုန်းမြို့နယ်အတွင်းရှိ အစိုးရဘဏ်များ၏ တည်နေရာနှင့်ဖုန်းနံပါက်များ"အစိုးရဘဏ်များ"===========မြန်မာ့စီးပွားရေးဘဏ်ဈေးချို...
11/03/2023

သဲကုန်းမြို့နယ်အတွင်းရှိ အစိုးရဘဏ်များ၏ တည်နေရာနှင့်ဖုန်းနံပါက်များ

"အစိုးရဘဏ်များ"
===========
မြန်မာ့စီးပွားရေးဘဏ်
ဈေးချိုလမ်း၊ (၁)ရပ်ကွက်၊
သဲကုန်း၊ပဲခူးတိုင်းဒေသကြီး
053-62248, 053-62005, 053-62006

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
ုးလမ်း၊ (၁)ရပ်ကွက်၊
သဲကုန်း၊ပဲခူးတိုင်းဒေသကြီး
053-62022

==============================
================================

ဆင်မြီးဆွဲမြို့အကြောင်း===================ဆင်မြီးဆွဲမြို့သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ရှိ မြို့တစ်...
29/09/2022

ဆင်မြီးဆွဲမြို့အကြောင်း
===================
ဆင်မြီးဆွဲမြို့သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ရှိ မြို့တစ်ခု ဖြစ်သည်။ ရုံးဂါတ်(ရဲဌာန) နှင့် ဈေးရှိသည်။ ပတ်ဝန်းကျင် ကျေးရွာပေါင်း (၆၀) ကျော်ရှိသည်။ လယ်ယာ လုပ်ကိုင်ကြသော လယ်သမားများ ဖြစ်သည်။ ပြည်မြို့ မှ မီးရထားနှင့် ထွက်လာလျှင် ရှေးဦးစွာ သရေခေတ္တရာမြို့ဟောင်းနေရာ မှော်ဇာမြို့ကို တွေ့ရမည်။ ထိုမှ တောင်ဘက်သို့ (၈) မိုင်ခန့်တွင် ဆင်မြီးဆွဲမြို့ ရှိပေသည်။

ဆင်မြီး ဆွဲမြို့တွင် ရှေးခေတ် ဒွတ္တဘောင်မင်းကြီး တည်ခဲ့သည့် အိုင်ဘုရားရှိသည့် အိုင်ကျောင်း၊ ဥသျှစ်ပင်ကျောင်း၊ ညောင်ပင်ကြီးကျောင်း၊ မြင်းနီကျောင်းတို့သည် ပရိယတ္တိစာသင်တိုက်ကြီးများဖြစ်၍ ထင်ရှားသည်။

တည်နေရာ/အကျယ်အဝန်း
ဆင်မြီးဆွဲမြို့သည် မြောက်လတ္တီတွဒ် (၁၈) ဒီဂရီ (၄၄) မိနစ် (၁၇) စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် (၉၅) ဒီဂရီ (၂၁)မိနစ် (၃၁) စက္ကန့် အကြားတွင် တည်ရှိပါသည်။ဆင်မြီးဆွဲမြို့သည် ဧရိယာစတုရန်းမိုင် (၃.၄၀)မိုင် ကျယ်ဝန်းပါသည်။

လူဦးရေ/ရပ်ကွက်
ဆင်မြီးဆွဲမြို့တွင် လူဦးရေစုစုပေါင်း (၅၄၇၅)ဦး၊ အမျိုးသား (၂၆၀၁)ဦး၊ အမျိုးသမီး (၂၈၇၄)ဦးရှိကာ ရပ်ကွက် (၃)ရပ်ကွက်ရှိပြီး ရပ်ကွက်များမှာ

၁။ ရပ်ကွက် (၁) အောင်ရတနာ
၂။ ရပ်ကွက် (၂) ဗဟို
၃။ ရပ်ကွက် (၃) ခေတ်သစ်ရတနာ တို့ဖြစ်ပါသည်။

သမိုင်းအကျဉ်း
သရေခေတ္တရာပြည်မြို့တွင် ဒွတ္တပေါင်မင်းကြီးလက်ထက် စစ်သူကြီး(၇)ဦးအားသရေခေတ္တရာနှင့်အရံမြို့နယ်များတည်ရန်မိန့်ဆိုခဲ့ရာတွင် အဆိုပါစစ်သူကြီး၇ဦးထဲမှ
စလင်္ကာစစ်သူကြီး(စလင်္ကာသူတိုက်)သည်ဆင်မြီးဆွဲ မြို့ကိုတည်ခဲ့ကြောင်းသိရသည်။

သရေခေတ္တရာ ပျူရှင်ဘုရင်များ ခေတ်က ဆင်အမှုထမ်းများ နေထိုင်ရာဖြစ်၍ ဆင်ခေါင်းရွာ၊ ဆင်မြီးဆွဲမြို့၊ ဆင်များလေ့ကျင့်ရာ ဆင်တိုက်ကုန်းနေရာတို့ကို အထင်အရှားတွေ့ရသည်။ ဆင်ခေါင်းရွာသည် ဆင်အမှုထမ်းအကြီးအကဲတို့ နေရာဖြစ်၍ ဆင်မြီးဆွဲမှာ ဆင်၏ နောက်ဆွယ်မှ ဝန်းရံလိုက်ပါရသော အမှုထမ်းများ နေထိုင်ရာ ဖြစ်သည်။

ထင်ရှားသည့် ပုဂ္ဂိုလ်များ
စာပေထူးချွန်သူများ
ကိုလိုနီ ခေတ်က ကျောင်းသုံး ရုံးသုံး ပြုခဲ့ရသည့် ကဝိမျက်မှန် သတ်ပုံကျမ်းကို ရေးသားခဲ့သူ ဦးကျော်ထွန်းမှာ မူလတန်းကျောင်း ဆရာဖြစ်၍ ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာတော်ကြီး၏ တပည့်ဖြစ်သည်။ ဆင်မြီးဆွဲရွာမှ ဖွားမြင်သူ ဖြစ်သည်။
ကိုလိုနီခေတ်မှလွတ်လပ်ရေး ခေတ်အထိ စာရေးဆရာ၊ သတင်းစာဆရာ၊ ရုပ်ရှင်ဒါရိုက်တာ ဖြစ်သူ ဆရာဦးဉာဏသည်လည်း ဆင်မြီးဆွဲဇာတိဖြစ်၍ မြို့သစ်တန်းနေ ကျောင်းဆရာကြီး ဦးလူမှန်နှင့် တူဝရီးတော်စပ်သည်။
စာရေးဆရာ၊ ကဗျာဆရာ၊ သုတေသနပညာရှင် ဖြစ်သူ နန်းညွန့်ဆွေသည်လည်း ဆင်မြီးဆွဲမြို့ အနောက်ဘက် ရပ်သာရွာ ဦးသက်၊ ဒေါ်ရွှေဆိုင်တို့မှ ဖွားမြင်၍ ငယ်မည် ဦးအောင်သိန်း ဖြစ်သည်။

နိုင်ငံရေး ပုဂ္ဂိုလ်များ
သခင်ဝတင်သည် ဆင်မြီးဆွဲဇာတိဖြစ်၍ ၁၉၃၃ ခုနှစ်၊ ပြည်ခရိုင် ဒို့ဗမာ အစည်းအရုံးဖွဲ့သောအခါ ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးခေတ် ဖဆပလ အဖွဲ့ချုပ်ကြီးတွင် အမှုဆောင်ဖြစ်လာ၍ ပင်လုံညီလာခံ ပြုလုပ်စဉ်က ဖဆပလအဖွဲ့ကြီးမှ စေလွှတ်သည့် မြန်မာအဖွဲ့၏ ခေါင်းဆောင် ဖြစ်သည်။ ဖဆပလ အစိုးရခေတ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် နောင်တွင် နိုင်ငံရေး မှ ထွက်၍ နားလိုက်သည်။ မော်ကွန်းဝင် ပထမ ဆင့်၊ နိုင်ငံ့ဂုဏ်ရည် ပထမဆင့် ရခဲ့သည်။ တို့ဗမာ အစည်းအရုံး သမိုင်းပြုစုရေး အဖွဲ့ဝင် ဖြစ်သည်။ သခင်ထွန်းခင် ( ဗိုလ်မြင့်ဆွေ ) သည် ပြည်ခရိုင် သဲကုန်းမြို့နယ် သရက်တပင်ရွာဇာတိ ဖြစ်၍ ပြည်ခရိုင် တို့ဗမာ အစည်းအရုံး ဖွဲ့သောအခါ အမှုဆောင်အဖြစ် ပါဝင်လာသည်။ ၁၉၄၀ ပြည့်နှစ်တွင် ပုတီးကုန်းမြို့ သခင်ထွန်းအုပ်တို့ အဖွဲ့နှင့် အတူ ဂျပန်ပြည်သို့ ထွက်သွားသည့် ရဲဘော်သုံးကျိပ်ဝင် တစ်ဦး ဖြစ်လာသည်။ တပ်မတော်တွင် ဆက်လက် အမှုထမ်းသည်။ တပ်မှ အငြိမ်းစားယူ၍ တော်လှန်ရေး အစိုးရခေတ်တွင် နားနေသည်။ မော်ကွန်းဝင် ပထမအဆင့်၊ နိုင်ငံ့ဂုဏ်ရည်ပထမ ဆင့် ရသည်။ ထို့နောက် ၁၉၇၃၊ ဇန်နဝါရီ (၂၃) တွင် နှလုံးရောဂါ ဖြင့် ကွယ်လွန် သွားလေသည်။ ဆင်မြီး ဆွဲမြို့၌ သခင်သန်းဦး၊ သခင်အိ၊ သခင်လှအုံး၊ သခင်ဥ၊ သခင်စိန်မောင်၊ သခင်စံနွဲ့တို့သည် နိုင်ငံရေးတွင် ထင်ရှားကြသည်။

Address

Sinmizwe

Website

Alerts

Be the first to know and let us send you an email when Sinmizwe City posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share