Yangon Region Public Transport Committee -YRTC

Yangon Region Public Transport Committee -YRTC ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူ?

ယှဉ်ပြိုင်ကျော်တက်၊ ဘေးတံခါးဖွင့်မောင်းနှင်ခြင်း (၃) ကြိမ်အထက် စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား အသိပညာပေးဆွေး...
31/08/2026

ယှဉ်ပြိုင်ကျော်တက်၊ ဘေးတံခါးဖွင့်မောင်းနှင်ခြင်း (၃) ကြိမ်အထက် စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား အသိပညာပေးဆွေးနွေးပွဲ (၇/၂၀၂၆)
၂၇/၈/၂၀၂၆ မှ ၂၈/၈/၂၀၂၆

ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ် ကင်းရှင်းရေးကောင်စီ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး ဘက်စုံအထောက်အကူပြုအဖွဲ့ (MORS) ၏ ယာဉ...
23/08/2026

ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ် ကင်းရှင်းရေးကောင်စီ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး ဘက်စုံအထောက်အကူပြုအဖွဲ့ (MORS) ၏ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဟောပြောပွဲအား ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ ၁၉-၈-၂၀၂၆ ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် အ.ထ.က (၃) တာမွေ ၏ သိပ္ပံအဆောင်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (ရန်ကုန်အရှေ့ပိုင်းခရိုင်) ဦးစီးအရာရှိ ဦးဇင်ဘိုဘိုဟိန်းနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ရွာသာကြီး) စစ်ဆေးရေးမှူး(၃) ဦးတက်နေထွန်းတို့က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပို့ချခဲ့ပြီး အ.ထ.က (၃) တာမွေ၏ ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

ကြေညာချက် ၁၆-၈-၂၀၂၆
16/08/2026

ကြေညာချက်
၁၆-၈-၂၀၂၆

16/08/2026
ယာဉ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီး   ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်...
07/08/2026

ယာဉ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (YRSC) ၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ ဟောပြောပွဲအား ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) မှ ၄-၈-၂၀၂၆ ရက်နေ့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) ၏ သရဖီအဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ခရိုင်ရုံး (ရန်ကုန်အရှေ့ပိုင်း) ခရိုင်ဦးစီးမှူး ဒေါ်နှင်းမာလာမိုးနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး (ရန်ကုန်အရှေ့ပိုင်း) ဦးစီးအရာရှိ ဦးကျော်သီဟတို့က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပို့ချခဲ့ပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ၏ ဒုတိယပါမောက္ခချုပ်၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်ကထိကများနှင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

ယာဉ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီး   ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်...
07/08/2026

ယာဉ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (YRSC) ၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ ဟောပြောပွဲအား ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) မှ ၅-၈-၂၀၂၆ ရက်နေ့ နေ့လည် (၁၃:၃၀) နာရီအချိန်တွင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ၏ တုနှိုင်မမှီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်လွင်ဦးတို့က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပို့ချခဲ့ပြီး သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် ၏ ဒုတိယပါမောက္ခချုပ်၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်ကထိကများနှင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

06/08/2026

၄-၈-၂၀၂၆
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်

ယာဉ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီး   ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်...
30/07/2026

ယာဉ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (YRSC) ၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ ဟောပြောပွဲအား ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) မှ ၃၀-၇-၂၀၂၆ ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် (YUFL) ၏ COC Hall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်လွင်ဦးတို့က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပို့ချခဲ့ပြီး ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) ၏ ပါမောက္ခ (ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်ကထိကများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၂၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

ယာဉ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီး   ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်...
21/07/2026

ယာဉ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (YRSC) ၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ ဟောပြောပွဲအား ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) မှ ၂၀-၇-၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ကညန (တောင်ပိုင်းခရိုင်) ခရိုင်ဦးစီးမှူး ဒေါ်တင်တင်အေးနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ကညန (တောင်ပိုင်းခရိုင်) စစ်ဆေးရေးမှူး(၃) ဦးရဲဝင်းအောင်တို့က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပို့ချခဲ့ပြီး ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ၏ ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်ကထိကများနှင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း (၆၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

17/07/2026

Road Safety ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆွေးနွေးပွဲ
ရန်ကုန်တက္ကသိုလ်
၁၆-၇-၂၀၂၆

Address

Yangon
Tamwe

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30
Saturday 09:00 - 16:30
Sunday 09:00 - 16:30

Telephone

+959448147149

Website

Alerts

Be the first to know and let us send you an email when Yangon Region Public Transport Committee -YRTC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Yangon Region Public Transport Committee -YRTC:

Shortcuts

Share

Category