09/04/2023
အပယ်လေးပါး ကျသွားမှာစိုးလို့ ❤💛💚💙💜❤💛💚💙💜
ဒကာ ဒကာမများ လှုတဲ့ဥစ္စာ
ဦးဇင်းတို့က ဘုန်းပေးနေတာ။
ဒကာ ဒကာမများ စေတနာကို
တုန့်ပြန်ရမယ်။
ဦးဇင်း အတိတ်က လာခဲ့တုန်းက
ဘုန်းကြီးဘဝနဲ့ လာခဲ့တုန်းက
ဘုန်းကြီးဘဝနဲ့ ကျလာခဲ့တဲ့ ငရဲ
အားကြီးဘဲ။
ဘာကြောင့်လဲ။
ဘုန်းကြီးဘဝနဲ့ ဒကာ ဒကာမများတွေ
လှုတန်းတဲ့ဥစ္စာနဲ့ ဦးဇင်းစားလာခဲ့တာတွေ
ဒကာ ဒကာမများတွေက
ကျောင်းကြီးဆောက်ပေးတယ်။
ဒကာကြီးရယ် အတိတ် အတိတ်က
ဘယ်ဘုရား လက်ထက်ကလဲ ဆိုတော့
ဝေသာဘူဘုရားလက်ထက်က
ဘုန်းကြီးလေ ဘုန်းကြီးဘဝနဲ့
လုပ်လိုက်တဲ့ဥစ္စာ မပြောပါနဲ့တော့။
အဲ့ဒီဘဝက စာတတ်တယ်။
စာတတ်တော
စာနဲ့ချီပြီး နင်းကန်တီးပြီး
ကိုယ်က လွတ် နေတယ်။
ရုပ်နမ်မှ မမြင်ဘဲ ဒိဌိမှ မပြုတ်ပဲ
စာတတ်တော့
စာလိုသဘောနဲ့ သွယ်ဝိုက်ပြီး
မလှုချင် လှုချင်အောင် ဟောတာ။
ပရိဘောဂတွေ ပြည့်နေတာပဲ။
ပြည့်နေတော့ ဒကာကြီးရေ
ငွေတွေကလည်း အများကြီး ရတယ်။
ငွေတွေ အများကြီးရတော့
သေတော့ ဘာဖြစ်လဲတဲ့။
သေတော့ ကျောင်းစောင့်ပြိတ္တာကြီး
ဖြစ်တာဘဲနော။
ပြိတ္တာကြီးဖြစ်တာ
ဘယ်လောက် ဖြစ်နေလဲဆိုရင်
သိချင်လား။
တစ်ကမ္ဘာ တစ်ကမ္ဘာ ခံရတယ်။
မသိတော့ ဘယ်သူမှ မကြောက်ဖူး။
အဲဒီ တစ်ကမ္ဘာလွတ်ပြီးတော့
လွတ်သေးလား ဆိုတော့
ငရဲကျသွားတယ် ငရဲ ငရဲ။
အဲဒီ ငရဲ ကျသွားပြီးတော့
ကျောင်းဒကာ ဒကာမအိမ်မှာ
ဘာဖြစ်ပြန်သလဲဆိုတော့
နွား ဖြစ်ပြန်သေးတယ်။
တကယ်ပါ ကောင်းသေးလား။
ဦးဇင်းခံရတာ ပြောတာပါ။
ဘာကြောင့်လဲ။
ဒကာ ဒကာမတွေ
စေတနာနဲ့ လှုလိုက်တဲ့ဥစ္စာ
ဦးဇင်းက အလွဲသုံးစား လုပ်လိုက်တယ်။
အလွဲသုံးစား လုပ်တော့ ခံရတယ်။
ကိုယ်ကလဲ ရူပ် နာမ်မှမသိဘဲ။
မသိတော့ ခံရတယ်။
ငရဲလဲ ကျတယ်။
ပြိတ္တာလဲ ဖြစ်တယ်။
တိရိစ္ဆာန် ဖြစ်တာ တစ်ကမ္ဘာ။
အဲဒီတော့ ခံလိုက်ရတဲ့ဥစ္စာ
အောက်ကျသွားလိုက်တဲ့ဥစ္စာ
နည်းတာမဟုတ်ဘူး။
အပယ်လေးပါး ခံရတာ။
ဒကာ ဒကာမတွေ
စေတနာနဲ့ လှုတဲ့ဟာတွေက ကံတွေ။
ဒကာ ဒကာမတွေက
ရုပ် နာမ် သိပြီး
ဖြစ် ပျက် သဘာဝတရားတွေ
တဒင်္ဂ မဂ်စိတ်တွေ
ရ ထားတဲ့ ပုဂ္ဂိုလ်ကများ.
ရုပ် နာမ်တင် လှုလိုက်လို့ရှိရင်
ပုထုဇဉ်က စားလိုက်ရင
ကိုယ်ကျိုးနဲပါရော။
ခံလို့ကို မကုန်နိုင်တော့ဘူး။
အဲဒါတွေကို အခုမှ
တုန်လှုပ်ပြီး ကြောက်တ။
အဲဒိတော့
ဒကာ ဒကာမတွေ လှုတဲ့အစာကို
စားပြန်တော့လည်း အသိနဲ့စားတယ်။
ဘုရားက အသိနဲ့ စားခိုင်းတာ။
ဒကာ ဒကာမတွေ
သူတို့ ချွေးနည်းစာတွေနဲ့ လှုတာ။
စေတနာ ဒါနကံတွေ။
လူချမ်းသာ နတ်ချမ်းသာ ဖြစ်မဲ့ကံတွေ.။
ဒီကံတွေကို ကိုယ်က မိန့်မိန့်ကြီးနဲ့
စေတနာတွေကို တုန့်ပြန်အောင်
မလုပ်ဖူးဆိုရင် ကိုယ် ခံရမယ်နော်။
အဲ့ဒါကြောင့်
ဒကာ ဒကာမတွေ လှုတာကို
နင်လား ငါလား မစားဝံ့ဘူး။
တုန်လှုပ်ပြီး ကြောက်တယ်။
စေတနာကို တုန့်ပြန်ရမယ်။
ဒါကြောင့်မို့ အခုဟောတယ်။
အပယ်ဘုံ တခါကျသွားတဲ့ပုဂ္ဂိုလ်ဟာ
လူပြန်ဖြစ်မယ်, နတ်ပြန်ဖြစ်မယ်လို့
မဆင်ခြင်နဲ့တော့။
ဒါကြောင့်မို့
ဒကာ ဒကာမတို့ကို သိလို့မို့.
လုပ်ကြပါ လုပ်ကြပါ
ထိုင်ကြပါ ထိုင်ကြပါ
လွတ်မြောက်ကြပါစေ။
အပယ်လေးပါး ကျသွားမှာ
စိုးလို့အားပေးပြီး
သဒ်ဒါတင် ပေးနတော။
ကျေးဇူးတော်ရှင်
မူလပထမ သဲအင်းဂူဆရာတော်
ဘုရားကြီး အရှင်ဥက္ကဋ္ဌ
ဓမ္မဒါန မေတ္တာဖြင့်
သဲအင်းဂူဆရာတော်ဘုရားကြီး
အရှင်ဥက္ကဋ္ဌ၏ တရားတော်များ
Source Bo Nyo Gyi