11/09/2025
(၅၀)ကြိမ်မြောက် ပအိုဝ်းအမျိုးသားအာဇာနည်နေ့ကို
ပအိုဝ်ႏအမျိုးသားအာဇာနီကုန်း ပင်တွန် တွင် အခမ်းအနားပြုလုပ်
======================
အထူးဒေသ(၆)၊ စက်တင်ဘာလ(၁၁) ရက်၊ ၂၀၂၅
သက္ကရာဇ် ၁၃၈၇ခုနှစ်၊ တော်တလင်းလပြည့်ကျော် (၅)ရက်နေ့၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ပင်တွန်းကျေးရွာအနီးရှိ ပအိုဝ်းအမျိုးသားအာဇာနည်ကုန်းတွင် နှစ်(၅၀)ကြိမ်မြောက် ပအိုဝ်းအမျိုးသားအာဇာနည်နေ့ အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
# #မွူးနီꩻအာႏဇာႏနီႏ