10/06/2025
ဒီစာ နှစ်စောင်ကို ယှဥ်ကြည့်ရအောင်
ပထမစာစောင်က PNLA ဖက်ကနေထုတ်ပြန်ခဲ့တဲ့စာစောင်ဖြစ်ပါတယ် ပြည်သူတွေကို အနုနည်းနဲ့မောင်းထုတ်ပြီး ပစ္စည်းခိုးယူဖို့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ပြည်သူတွေ ဘယ်နေရာမှာနေဖို့ ဘယ်လိုခိုလုံဖို့ စာသားမပါပါဘူး
ဒုတိယစာစောင်က PNA ဖက်ကနေ ပြည်သူတွေကို အသိပေးတဲ့စာစောင်ဖြစ်ပါတယ် ဖော်ပြထားတဲ့ ကျေးရွာအနီးမှာ အကြမ်းဖက်သောင်းကျန်းသူများက တပ်စွဲထားပြီး ပြည်သူတွေကို ဒုက္ခပေးနေတာကြောင့် ဒီအကြမ်းဖက်သောင်းကျန်းသူတွေကို ဖယ်ထုတ်ဖို့အတွက် ပြည်သူတွေကို နေရာပေးပြီး ရှောင်ခိုင်းထားတာဖြစ်ပါတယ်
အကြမ်းဖက်သောင်းကျန်းသူတွေဟာ ကိုယ့်နယ်မြေအတွင်းမှာ မနေကြပဲ ပအိုဝ်းနယ်မြေထဲကျူးကျော်နေထိုင်တပ်စွဲခြင်းကြောင့် ဒေသခံပြည်သူများက ကျောင်းပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး အကုန်လုံးကို ဆုံးရှုံးနေကြရတာဖြစ်ပါတယ်
ဒါကြောင့် အကြမ်းဖက်သောင်းကျန်းသူတွေ ကင်းစင်ရေး စစ်ရေးဖြင့် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်
ပြည်သူများဘေးကင်းကြပါစေ