Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကွပ်ကဲမှုစခန်း တောင်ငူမြို့

  • Home
  • Myanmar
  • Taungoo
  • Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကွပ်ကဲမှုစခန်း တောင်ငူမြို့

Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကွပ်ကဲမှုစခန်း တောင်ငူမြို့ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကွပ်ကဲမှုစခန်း တောင်ငူမြို့, Public & Government Service, သံတောင်လမ်း၊ တောင်ငူမြို့, Taungoo.

08/09/2022

ခု မြန်မာပြည်မှာ စဖြစ်နေပြီဖြစ်တဲ့
ကိုဗစ်B5 ရဲ့ လက္ခဏာတွေ လေ့လာမိသလောက်..
လူနာဟာ....
ရင်ခေါင်းရောင် ခြင်း
အပူနာဖြစ်၍
ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားပါ့မယ်
သိုင်းရွိုက်ရောင်မယ်..
လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊ အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့ လက္ခဏာတွေ စပြလာမယ်၊ SpO2 တိုင်းပြီး အောက်စီဂျင် သွေးတွင်းပမာဏကို စောင့်ကြည့်နေရမယ်၊
ထိုင်းမှိုင်းနေမယ်၊ အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့ဘူး၊ လည်ပင်းထဲ နေလို့မကောင်းတော့ဘူးတွေ စဖြစ်လာပါမယ်
ငယ်ထိပ်ခဲ လာပြီး ဦးဏှောက်အမြှေးပါးရောင်ခြင်း
- နှာခေါင်းထဲ အနံ့အာရုံ၊ ပါးစပ်ထဲက အရသာတွေ ပျောက်သွားမယ်၊ ခါးသက်သက်နဲ့ အစပ်အရသာတွေလောက်ပဲ အီလည်လည်ရမယ်၊ အစာလုံးဝမစားချင်ဘူး၊ မစားရင်လည်း အားပြတ်မယ်၊ ကြိတ်မှိတ်ပြီးစားရသလို အအေးမမိအောင်လည်း နေရတယ်၊ ညပိုင်းမှာ နှာခေါင်းထဲ မီးခိုး‌နံ့ကြီးပဲ ကျန်ခဲ့မယ်၊ ဆား‌ရည်နဲ့ နှာခေါင်းတွင်းကို ဆေးပေးရမယ်
တင်ပါး ခဲမယ်
ဦး​​ေခါင်း နာဗ်ကြောများ ရောင်ခြင်း
ချမ်းစိမ့်ပြီး ကိုယ်လက်တွေ မအီမသာစဖြစ်မယ်၊ ခေါင်းတွေ အုံလာမယ်၊ သိသိသာသာကြီးအားနည်းလာမယ်
တစ်ဝက်လောက်က စဖျားမယ်၊ ချမ်းတုန်နေမယ်၊ အများစုက မခံနိုင်လောက်အောင် ခေါင်းစကိုက်မယ်၊ ကိုယ်တွေလက်တွေ ရိုက်ထားသလိုနာမယ်၊
ဂုတ်ဆက် ခဲခြင်း
- နှာစစီးလာမယ်၊ နှာရည်ယိုမယ်၊ နှာခေါင်းပိတ်မယ်၊ ခေါင်းပြင်းထန်စွာကိုက်တာနဲ့ ရင်ဘတ်ထဲ နေမသိထိုင်မသာဖြစ်တာနဲ့ တွဲမယ်၊
လက်ပြင်ရောင်ခြင်း
တချို့လူတွေမှာ chest painလို့ ခေါ်တဲ့ ရင်ဘတ်အောင့်တာပါဖြစ်မယ်၊ ချွဲတွေ ပိုပျစ်ပြီး အရောင်ပြောင်းလာမယ်၊ ညဖက်တွေမှာ ချွေးတွေနစ်နေအောင် ထွက်တတ်တယ်၊ အဆုတ်ကို အအေးထပ်မမိအောင် သတိထားပါ
အာရုံကြောတော်တော်များများ အကုန်နီးပါးကို ဖျက်ဆီး ပစ်လိုက်တာပါပဲ... Omicron အစနဲ့ BA.2ထက် သုံးလေးဆပိုထိတယ်၊ အဓိကအ‌နေနဲ့ တစ်ယောက်ကနေ တစ်ယောက်ကူးစက်တာ အရမ်းမြန်တယ်၊ အခုစကားလေးငါးခွန်းပြောလိုက်၊ ချက်ချင်းကူးသွားနိုင်ပြီး နောက်ရက် လက္ခဏာ စပြတော့တာပဲ၊ ပြဿနာက ကလေးတွေကိုပါ ကူးစက်ပြီး ကိုဗစ်လက္ခဏာတွေ ခံစားရတာပဲ
ုပ်ပြီးအိမ်မှာပဲနေမည့်လူအများစု
လိုအပ်မည့်ဆေးတွေကတော့
Paracetamol လိုမျိုးအဖျားကျဆေး၊
Ibuprofenလိုမျိုး အကိုက်အခဲပျောက်ဆေး၊
Acetylcysteine - ACCလိုမျိုး ချွဲပျော်ဆေး၊
ဝမ်းလျောဝမ်းပျက်တာနဲ့ စသောက်ဖို့ Probiotics၊
တို့ဆောင်ထားသင့်ပါသည်..
Crd/Naing Nyi
@@ #@ #@@@@@ #&-+(/)
အခုအချိန်အထိ မြင်ဖူးသမျှထဲမှာ ကိုဗစ် ၁၉ မျိုးကွဲသစ် ဘီအေ ၅ က အဆိုးဆုံးမျိုးကွဲအဖြစ် အမေရိကန်ဆေးပညာရှင် သတ်မှတ်
အမေရိကန်ဆေးပညာရှင် ဒေါက်တာ အဲရစ် တိုပေါလ်က ကိုဗစ် ၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး ဘီအေ ၅ ဟာ အရင်မျိုးကွဲတွေထက် လူတွေကို ပိုမိုကြာရှည်စွာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဖျားနာစေနိုင်တယ်လို့ ယူဆထားပါတယ်။ အဲဒီမျိုးကွဲသစ်ကို အခုအချိန်အထိတွေ့မြင်ခဲ့သမျှထဲမှာ အဆိုးရွားဆုံးမျိုးကွဲအဖြစ် ဒေါက်တာ အဲရစ်က အမည်တပ်ထားပါတယ်။
သူ့ကို ဒီမျိုးကွဲသစ်ရဲ့ပြင်းထန်တဲ့ ခုခံအားနဲ့ ကူးစက်နိုင်မှုတွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။ ဘီအေ ၅ မျိုးကွဲက ဆဲလ်အတွင်းထဲ ပိုမိုကောင်းမွန်စွာ ဝင်ရောက်နိုင်စွမ်းရှိပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်စေတဲ့၊ ဆေးရုံတက်ရောက်မှုနှုန်းများစေတဲ့ ကိုဗစ် ၁၉ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတယ်လို့ ဒေါက်တာအဲရစ်ရဲ့သုတေသနပြုချက်တွေက ဆိုပါတယ်။
ဒေါက်တာ အဲရစ်က ဘီအေ ၅ မျိုးကွဲဟာ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတဲ့အပေါ် စိုးရိမ်နေပေမဲ့ ဘီအေ ၅ မျိုးကွဲက ပိုမိုပြင်းထန်စေတဲ့ ရောဂါမျိုးကို ဖြစ်စေနိုင်မလားဆိုတာ ပြောပြဖို့ စောလွန်းသေးတယ်လို့ ဆိုပါတယ်။
သေသေချာချာရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ ဒယ်တာလို ဆဲလ်ကူးစက်မှုလက္ခဏာရပ်တွေတော့ သေချာပေါက်ဖြစ်လိမ့်မယ်လို့ ဒေါက်တာ အဲရစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်အတွင်း နိုင်ငံတကာမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၀ ရာခိုင်နှုန်း ခုန်တက်သွားခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ သိရပါတယ်။
Ref: Ladbible "Doctor Says Latest Covid-19 Strain BA.5 Is The 'Worst Variant We Have Seen So Far' "

09/06/2022
24/03/2022

၂၀၂၂ ခုနှစ် မတ်လ ၂၄ ရက်
တောင်ငူမြို့
..........တောင်ငူမြို့နယ် အတွင်း ညမထွက်ရ
အမိန့် ထုတ်ပြန်ထားခြင်းအား (၂၄.၃.၂၀၂၂)
ရက်နေ့မှ စတင်၍ ည (၁၂း၀၀)နာရီ မှ နံနက် (၀၄၀၀)နာရီအတွင်း ပြောင်းလဲ ထုတ်ပြန်
ထားပါကြောင်း အသိပေးအပ်ပါသည်။

21/03/2022
၂၀၂၂ ခုနှစ် ​​မတ် လ ၂ ရက် တောင်ငူမြို့။ ......တောင်ငူမြို့နယ် အနေဖြင့် ယနေ့ (၆၁)ဦးစစ်ဆေးခဲ့ရာCovid-19 P+ လူနာအသစ်(၁)ဦး...
02/03/2022

၂၀၂၂ ခုနှစ် ​​မတ် လ ၂ ရက်
တောင်ငူမြို့။
......တောင်ငူမြို့နယ် အနေဖြင့် ယနေ့ (၆၁)ဦး
စစ်ဆေးခဲ့ရာCovid-19 P+ လူနာအသစ်(၁)ဦး
ရှိပါကြောင်း နှင့် (၂-၃-၂၀၂၂) ရက်နေ့ အထိ Covid-19 Positiveလူနာ (၁၅၀၀)ဦးရှိပြီဖြစ်ပါ
သည်။ဆေးရုံဆင်းခွင့်ရရှိပြီးသူ(၁၃၆၇)ဦး​ရှိပြီ
ဖြစ်ပါသည်။ သေဆုံးသူပေါင်း (၁၂၃)ဦး ဖြစ်ပါသည်။..သို့ပါ၍ တောင်ငူမြို့နယ်အတွင်း အိုမီခရွန်
ရောဂါပိုး ကူးစက်မှု မရှိစေရေး Mask တပ်
ခြင်း၊လက်ဆေးခြင်း၊ ခပ်ခွာခွာ ပြောဆိုခြင်း၊
ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံခြင်း
တို့ဖြင့် သွားလာနေထိုင် ကြပါရန် အသိပေး
နိုးဆော်အပ်ပါသည်။

တောင်ငူမြို့..........အသက်(၁၈)နှစ်ပြည့် မည်သူမဆိုကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးပြီး(၆)လ ပြည့်ပြီးသ...
02/03/2022

တောင်ငူမြို့
..........အသက်(၁၈)နှစ်ပြည့် မည်သူမဆို
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေး
နှစ်ကြိမ် အပြည့်ထိုးပြီး(၆)လ ပြည့်ပြီးသူ
များ #တတိယအကြိမ် ထိုးနိုင်ပါကြောင်း
အသိပေးအပ်ပါသည်။ ..ကေလဇာတီ ဘုရားဝန်းမှာ ထိုးပေးမှာ
ဖြစ်ပြီး ယခင်ကို​ဗစ် ကာကွယ်ဆေး
နှစ်ကြိမ်ထိုးပြီးကြောင်းစာရွက်ပြရပါမည်။

25/02/2022

၂၀၂၂ ခုနှစ် ​​ဖေဖော်ဝါရီ လ ၂၅ ရက်
တောင်ငူမြို့။
....တောင်ငူမြို့နယ် အနေဖြင့် ယနေ့ (၁၇၃)ဦး
စစ်ဆေးခဲ့ရာCovid-19 P+ လူနာအသစ်(၆)ဦး
ရှိပါကြောင်း နှင့် (၂၅-၂-၂၀၂၂)ရက်နေ့ အထိ Covid-19 Positiveလူနာ (၁၄၉၄)ဦးရှိပြီဖြစ်ပါ
သည်။ဆေးရုံဆင်းခွင့်ရရှိပြီးသူ(၁၂၅၇)ဦး​ရှိပြီ
ဖြစ်ပါသည်။သေဆုံးသူပေါင်း (၁၂၁)ဦး ဖြစ်ပါသည်။..သို့ပါ၍ တောင်ငူမြို့နယ်အတွင်း အိုမီခရွန်
ရောဂါပိုး ကူးစက်မှု မရှိစေရေး Mask တပ်
ခြင်း၊လက်ဆေးခြင်း၊ ခပ်ခွာခွာ ပြောဆိုခြင်း၊
ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံခြင်း
တို့ဖြင့် သွားလာနေထိုင် ကြပါရန် အသိပေး
နိုးဆော်အပ်ပါသည်။

20/02/2022

၂၀၂၂ ခုနှစ် ​​ဖေဖော်ဝါရီ လ ၂၀ ရက်
တောင်ငူမြို့။
.....တောင်ငူမြို့နယ် အနေဖြင့် ယနေ့ (၆၁၄)ဦး
စစ်ဆေးခဲ့ရာCovid-19P+လူနာအသစ်(၁၁၇)ဦး
ရှိပါကြောင်း နှင့် (၂၀-၂-၂၀၂၂)ရက်နေ့ အထိ Covid-19 Positiveလူနာ (၁၄၆၂)ဦးရှိပြီဖြစ်ပါ
သည်။ဆေးရုံဆင်းခွင့်ရရှိပြီးသူ(၁၁၆၆)ဦး​ရှိပြီ
ဖြစ်ပါသည်။သေဆုံးသူ(၁)ဦးရှိသဖြင့် သေဆုံး
သူပေါင်း (၁၂၁)ဦး ဖြစ်ပါသည်။..သို့ပါ၍ တောင်ငူမြို့နယ်အတွင်း အိုမီခရွန်
ရောဂါပိုး ကူးစက်မှု မရှိစေရေး Mask တပ်
ခြင်း၊လက်ဆေးခြင်း၊ ခပ်ခွာခွာ ပြောဆိုခြင်း၊
ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံခြင်း
တို့ဖြင့် သွားလာနေထိုင် ကြပါရန် အသိပေး
နိုးဆော်အပ်ပါသည်။

၂၀၂၂ ခုနှစ် ​​ဖေဖော်ဝါရီ လ ၁၇ ရက်တောင်ငူမြို့။ ....တောင်ငူမြို့နယ် အနေဖြင့် ယနေ့ (၁၂၅)ဦးစစ်ဆေးခဲ့ရာ Covid-19 P+လူနာ အသစ...
17/02/2022

၂၀၂၂ ခုနှစ် ​​ဖေဖော်ဝါရီ လ ၁၇ ရက်
တောင်ငူမြို့။
....တောင်ငူမြို့နယ် အနေဖြင့် ယနေ့ (၁၂၅)ဦး
စစ်ဆေးခဲ့ရာ Covid-19 P+လူနာ အသစ်(၉)ဦး
ရှိပါကြောင်း နှင့် (၁၇-၂-၂၀၂၂) ရက်နေ့ အထိ Covid-19 Positiveလူနာ (၁၂၉၇)ဦးရှိပြီဖြစ်ပါ
သည်။ဆေးရုံဆင်းခွင့်ရရှိပြီးသူ(၁၁၆၂)ဦး​ရှိပြီ
ဖြစ်ပါသည်။ သေဆုံးသူပေါင်း (၁၂၀)ဦး ဖြစ်ပါသည်။..သို့ပါ၍ တောင်ငူမြို့နယ်အတွင်း အိုမီခရွန်
ရောဂါပိုး ကူးစက်မှု မရှိစေရေး Mask တပ်
ခြင်း၊လက်ဆေးခြင်း၊ ခပ်ခွာခွာ ပြောဆိုခြင်း၊
ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံခြင်း
တို့ဖြင့် သွားလာနေထိုင် ကြပါရန် အသိပေး
နိုးဆော်အပ်ပါသည်။

Address

သံတောင်လမ်း၊ တောင်ငူမြို့
Taungoo

Opening Hours

Monday 09:30 - 16:30
Tuesday 09:30 - 16:30
Wednesday 09:30 - 16:30
Thursday 09:30 - 16:30
Friday 09:30 - 16:30

Telephone

+955424643

Website

Alerts

Be the first to know and let us send you an email when Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကွပ်ကဲမှုစခန်း တောင်ငူမြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share