Royal-Thunder-Column Fundraising Teams

Royal-Thunder-Column Fundraising Teams တောင်ငူခရိုင် တပ်ရင်း (၃၅၀၁)၊တပ်ခွဲ -၄/ရဲဘော်များဖြစ်ပါသည်

11/09/2024

ကျွန်တော်တို့ တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၄)၊
ရေတာရှည်မြို့နယ်အခြေစိုက်မှ ပြုလုပ်နေသော
"မြေကွက်လဲယူ ဂန်းလဲကူ"Project လေးဟာဆိုရင်
ကျွန်တော်တို့ရဲဘော်လေးတွေ မပြည့်စုံမှုတွေအများကြီးရှိနေလို့လုပ်ဆောင်ရခြင်းဖြစ်ပါတယ်
ရန်သူ့၏အခိုင်မာဆုံး ခံစစ်စည်းကိုထိုးဖောက်ဝင်ရောက်နေသော ကျွန်တော်တို့အဖွဲ့လေးမှာ
လက်နက်/ခဲရမ်းလိုအပ်မှု များစွာရှိနေသည့်အတွက် project တစ်ခုလုပ်ဆောင်ရခြင်းဖြစ်ပြီး
ယခုပြုလုပ်နေသော Project လေးမှာ
#ဟားငါးကောင်အဖွဲ့ မှ #ကိုပြည်ကျော် နှင့်
#ဒေါင်းငါးဖော်အဖွဲ့ မှ #ကိုအောင်ပန်းညို
တို့ရဲ့တိုက်တွန်းပေးပြီး ပါဝင်ကူညီပေးဖို့ ဖိတ်ခေါ်ပေးထားတာဘဲဖြစ်ပါတယ်
"ဟုတ်ပါတယ် ကျွန်တော်တို့တပ်ဖွဲ့ဟာဆိုရင် လက်ရှိမှာလဲရန်သူနဲ့ စစ်ရေးရင်ဆိုင်တိုက်ပွဲဝင်နေရပြီး
Project လေးကို ​ပြည့်မှီအောင်မြင်ဖို့ရာလည်း
(၂) ဆကြိုးစားရုန်းကန်နေရပါတယ်
သို့ပါသောကြောင့်ပြည်သူများအနေဖြင့်လည်း ကျွန်တော်တို့၏ #မြေကွက်လဲယူဂန်းလဲကူ Projectလေးအား ပါဝင်အားဖြည့်ရင်း
တိုက်ပွဲဝင်ရဲဘော်များအတွက် ခွန်အားပြုပေးကြဖို့
မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်

#မြေကွက်လဲယူဂန်းလဲကူ
ြစ်မြောက်ရေးအဖွဲ့
#ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့
#သတင်းထုတ်ပြန်ရေးနှင့်ပြန်ကြားရေး
#တပ်ရင်း၃၅၀၁တပ်ခွဲ၄
#ရေတာရှည်မြို့နယ်အခြေစိုက်

02/09/2024

ကျွန်တော်တို့ ရဲဘော်တွေရဲ့ အိမ်ပြန်ချင်တဲ့စိတ်ခံစားချက်ကို နားလည်ပေးနိုင်ပါစေလို့ဆုတောင်းပါတယ်

အိမ်ပြန်ချင်တဲ့ကလေးတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်တော်တို့တပ်ခွဲရဲ့ #မြေကွက်လဲယူဂန်းလဲကူ
Project မှာ ကျန်ရှိနေတဲ့မဲလေးတွေ ကို တပ်ဖွဲ့ရဲ့ Page Messenger မှာ လာရောက်အားပေးကြဖို့
တိုက်တွန်းရင်း အိမ်အပြန်လမ်း တွေအတွက်
အထောက်အကူပြု ပေးကြဖို့ လေးစားစွာဖြင့်အသိပေးတိုက်တွန်းအပ်ပါတယ်ခင်ဗျာ။

#မြေကွက်လဲယူဂန်းလဲကူ
ြစ်မြောက်ရေးအဖွဲ့
#သတင်းထုတ်ပြန်ရေးနှင့်ပြန်ကြားရေး
#ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့
#တပ်ရင်း၃၅၀၁တပ်ခွဲ၄
#ရေတာရှည်မြို့နယ်အခြေစိုက်

31/08/2024

တပ်ရင်း (၃၅၀၂)ရဲ့ ရဲဘော်တစ်ယောက်အနေနဲ့ ပါဝင်ပြီး ကျွန်တော်တို့တပ်ခွဲနဲ့အတူ နေပြည်တော်၊တောင်ငူ၊ရေတာရှည်ဂွင်ထဲ တိုက်ပွဲဝင်ခဲ့ဖူးတဲ့ ဟာသလူရွှင်တော်
ကိုကဲကဲ(ယခုဟားငါးကောင်အဖွဲ့နဲ့အတူ) နဲ့ ဟာသလူရွှင်​တော် "အရပ်ထဲက စပ်ဖြဲ"တို့မှ ကျွန်တော်တို့တပ်ခွဲရဲ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် နှင့်
"မြေကွက်လဲယူ ဂန်းလည်းကူ"Project မဲလက်မှတ်များပိုမိုဝယ်ယူပေးနိင်ပါရန် နှိုးဆော်တိုက်တွန်းပေးထားပါတယ်။
မဲလက်မှတ်များစွာကျန်ရှိနေသေးပါသောကြောင့်
page messenger မှာလာရောက်ဆက်သွယ်ထောက်ပံ့ပေးကြပါဦးခင်ဗျ
Messenger(သို့)Comment မှာ Gun လို့ရေးပေးပါခင်ဗျ

#မြေကွက်လဲယူဂန်းလဲကူ
ြစ်မြောက်ရေးအဖွဲ့
#သတင်းထုတ်ပြန်ရေးနှင့်ပြန်ကြားရေးအဖွဲ့
#ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့
#တပ်ရင်း၃၅၀၁တပ်ခွဲ၄
#ရေတာရှည်မြို့နယ်အခြေစိုက်

ကျွန်တော်တို့ တပ်ရင်း ၃၅၀၁ ၊ တပ်ခွဲ ၄ မှ ယခု ပြုလုပ်နေသော "မြေကွက်လဲယူ ဂန်းလဲကူ" Project မှရရှိသောအလှူငွေများထဲမှ လတ်တလေ...
30/08/2024

ကျွန်တော်တို့ တပ်ရင်း ၃၅၀၁ ၊ တပ်ခွဲ ၄ မှ ယခု ပြုလုပ်နေသော "မြေကွက်လဲယူ ဂန်းလဲကူ" Project မှရရှိသော
အလှူငွေများထဲမှ လတ်တလော ဝယ်ယူဖြည့်တင်းနိုင်ခဲ့သော
M 16 A1 တစ်လက်
79 ကျည် 17 လုံး နှင့်
ကျည် အတောင့် 200 တောင့်
ဝယ်ယူထားပြီးဖြစ်ကြောင်း ပြည်သူလူထုနှင့် Project တွင် ပါဝင်အားဖြည့်ထားသော
တော်လှန်ပြည်သူအပေါင်းအား ပီတိဖြစ်စေရန် ချပြပေးရခြင်း ဖြစ်ပါတယ်။
Project မှ ထပ်မံရရှိသော အလှူငွေအားလုံးကိုလဲ လ/နဝယ်ယူနိုင်ရန် ချိတ်ဆက်ဆောင်ရွက်နေပြီလဲ​ဖြစ်ပါတယ်။ဝယ်ယူပြီးသည့်အခါတွင်လဲ ထပ်မံချပြပေးမှာဖြစ်ပါတယ်ခင်ဗျ။
ကျန်ရှိနေသေးသော ပြည်သူများအနေဖြင့် လဲ မဲလက်မှတ်များလာရောက်ဝယ်ယူနိုင်ပါကြောင်း ထပ်လောင်းအသိပေးတင်ပြအပ်ပါတယ်ခင်ဗျ။

ကျွန်တော်တို့ရဲ့ Project ဟာဆိုရင်
"မြေကွက်လဲယူ ဂန်းလဲကူ"
ဆိုသော မဲလက်မှတ်ရောင်းချမဲ့ Project ဖြစ်ပါတယ်ခင်ဗျ။
#မြေကွက်လဲယူဂန်းလဲကူ
ြစ်မြောက်ရေးအဖွဲ့
#သတင်းထုတ်ပြန်ရေးနှင့်ပြန်ကြားရေးအဖွဲ့
#ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့
#တပ်ရင်း၃၅၀၁တပ်ခွဲ၄
#ရေတာရှည်မြို့နယ်အခြေစိုက်

26/08/2024

"မြေကွက်လဲယူ ဂန်းလဲကူ"Project ၌
ဒုတိယဆု Kenbo CBR ဆိုင်ကယ်ပါဝင်
လှုဒါန်းပေးပါသော ထောက်ပို့တာဝန်ခံရဲဘော်
မိုးကြိုး နှင့် တတိယဆုအနေဖြင့် ချယ်နားကပ်
အား ပါဝင်အားဖြည့်ပေးပါသောကျွန်တော်တို့
တပ်ခွဲ၄ ဘဏ္ဍာရှာဖွေရေးအဖွဲ့မှ ရဲဘော်ဘန်နီ တို့၏
Project မှာ ကိုယ်ပိုင် ပစ္စည်းလေးတွေပါဝင်ခဲ့ရခြင်း
အပေါ် ရင်တွင်းစကားသံများ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲဘော်များမှ ကိုယ်ပိုင်ပစ္စည်းများအား
တော်လှန်ရေး၏တစ်ထောင့်တစ်နေရာမှပါဝင်အားဖြည့်ပေးထားသော စေတနာနှင့်မေတ္တာကိုထောက်ရှု့ပြီး
လိုအပ်နေသေးသော မဲအဆောင်ရေများကို အားစိုက်ပါဝင်ပေးကြပါဦးလို့နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်။

#မြေကွက်လဲယူဂန်းလဲကူ
#ကမ်ပိန်းဖြစ်မြောက်ရေးအဖွဲ့
#သတင်းထုတ်ပြန်ရေးနှင့်ပြန်ကြားရေး
#ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့
#တပ်ရင်း၃၅၀၁တပ်ခွဲ၄
#ရေတာရှည်မြို့နယ်အခြေစိုက်

22/08/2024

ကျွန်တော်တို့ တပ်ဖွဲ့အတွက် များစွာလိုအပ်နေသော
လိုအပ်ချက်များကို ဖြည်ဆီးပေးနိုင်ဖို့
"မြေကွက်လဲယူ ဂန်းလဲကူ" Project ရဲ့
ပထမဆု မြေကွက်အား လှူဒါန်းရခြင်းနှင့် တပ်ခွဲ ၄ အပေါ်ထားသောစေတနာများအား မြေကွက်ပိုင်ရှင်မှ
ယခုလိုရှင်းပြပေးထားပါတယ်ခင်ဗျ။

အလှုရှင်မှ မြေကွက်အားပြတ်သားစွာလှုဒါန်း ပေးထားတဲ့အပေါ်ကို ပြည်သူတစ်ဦးတစ်ယောက်ချင်းစီမှ
ဝိုင်းဝန်းပါဝင်ကျိုးပမ်းပြီး မဲလက်မှတ် Project
လေးမှာ သတ်မှတ်ရက်မတိုင်ခင် (၁၀၀)ရာခိုင်နှုန်းပြည့်မီအောင် ပါဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

#မြေကွက်လဲယူဂန်းလဲကူ
#ကမ်ပိန်းဖြစ်မြောက်ရေးအဖွဲ့
#ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့
#သတင်းနှင့်ပြန်ကြားရေးအဖွဲ့
#တပ်ရင်း၃၅၀၁တပ်ခွဲ၄

16/08/2024
"မြေကွက်လည်းယူ ဂန်းလည်းကူ” Project အားယနေ့ ၁၅ရက် ၈လ ၂၀၂၄ခုနှစ်တွင် စတင်ဖွင့်လှစ်လိုက်ပါသည်။Project အမျိုးအစားသည်  ကံစမ်း...
15/08/2024

"မြေကွက်လည်းယူ ဂန်းလည်းကူ” Project အား
ယနေ့ ၁၅ရက် ၈လ ၂၀၂၄ခုနှစ်တွင် စတင်ဖွင့်လှစ်
လိုက်ပါသည်။

Project အမျိုးအစားသည် ကံစမ်းမဲအမျိုးအစားဖြစ်ပြီး

ပထမဆုအနေဖြင့် ပေ၂၀၊ပေ၉၀မြေကွက်တစ်ကွက်
ဒုတိယအနေဖြင့်KENBO CBR 150 တစ်စီး
တတိယဆုအနေဖြင့်တပ်ဖွဲ့မှရဲမေတစ်ဦး၏နားကပ်တစ်ရံ
နှစ်သိမ့်ဆုအနေဖြင့် ပန်းချီကားသုံးချပ်တို့အား မဲဖောက်
ပေးမည်ဖြစ်ပါသည်။

ကံစမ်းမဲတစ်စောင်ကို၂၅၀၀၀ကျပ်နှုန်းဖြင့် ကံစမ်းမဲ
အစောင်ရေ ၄၀၀၀ သတ်မှတ်ထားပြီး အစောင်ရေ ပြည့်မြောက်သည်နှင့် ပြည်သူများအား ပွင့်လင်းမြင်သာစွာ
မဲဖောက်ပေးမည်ဖြစ်ပါသည်။

သို့ပါသောကြောင့် ပြည်သူများအနေဖြင့်လည်း တော်လှန်
ရေးအပေါ်တွင် သစ္စာရှိရှိလျှောက်လှမ်းနေသော မိမိတို့
တပ်ဖွဲ့အား ဝိုင်းဝန်းကူညီသောအားဖြင့် ကံစမ်းမဲလတ်
မှတ်များအား ဝယ်ယူအားပေးနိုင်ပါရန် လေးစားစွာဖြင့်
အသိပေးနှိုးဆော်တိုက်တွန်းအပ်ပါသည်။

#မြေကွက်လည်းယူဂန်းလည်းကူ
ြစ်မြောက်ရေးအဖွဲ့
#တပ်ရင်း၃၅၀၁တပ်ခွဲ၄ရေတာရှည်မြို့နယ်အခြေစိုက်
#သတင်းထုတ်ပြန်ပြန်ရေးနှင့်ပြန်ကြားရေး
#ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့

Address

Taungoo

Website

Alerts

Be the first to know and let us send you an email when Royal-Thunder-Column Fundraising Teams posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category