Tharrawaddy Township

Tharrawaddy Township သာယာဝတီခရိုင်​ သာယာဝတီမြို့နယ်

သာယာဝတီမြို့နယ်မှ မြင်ကွင်းပုံရိပ်များပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်မှ မြင်ကွင်းပုံရိပ်များ ဖြစ်ပါသည်။
07/10/2023

သာယာဝတီမြို့နယ်မှ မြင်ကွင်းပုံရိပ်များ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်မှ မြင်ကွင်းပုံရိပ်များ ဖြစ်ပါသည်။

သုံးဆယ်မြို့အကြောင်း-------------------------------------သုံးဆယ်မြို့သည် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ သာယာဝတီမြို့န...
17/02/2023

သုံးဆယ်မြို့အကြောင်း
-------------------------------------
သုံးဆယ်မြို့သည် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း၌တည်ရှိကာ စည်ကားသော မြို့တစ်မြို့ဖြစ်သည်။ သာယာဝတီမြို့သည် သုံးဆယ်မြို့နှင့်နှစ်မိုင်မျှသာကွာဝေး၍ ခရိုင်နှင့်မြို့နယ်ရုံး စိုက်ရာမြို့ဖြစ်သော်လည်း သုံးဆယ်မြို့လောက် မစည်ကားချေ။ သုံးဆယ်မျူနီစီပယ် နယ်နိမိတ်၏ဆင်ခြေဖုံးကဲ့သို့ ဖြစ်နေလေသည်။ သုံးဆယ်မြို့၏ မြို့ရွာသန့်ရှင်း စည်ပင်ရေးအတွက် မျူနီစီပယ်အဖွဲ့ကိုခရစ် ၁၈၉၇ ခုနှစ်မှစ၍ဖွဲ့စည်းဆောင်ရွက်လာခဲ့သည်။ ၁၉၆၅ ခုနှစ်သန်းခေါင်စာရင်းအရ သုံးဆယ်မြို့၏ လူဦးရေမှာ ၁၄၄၄၃ ယောက်ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာ မြို့မဟုတ်သော်လည်းများစွာသောအစိုးရအမှုထမ်း အရာထမ်းတို့မှာ သုံးဆယ်မြို့တွင်နေ၍ မြောက်ဘက် နှစ်မိုင်မျှသာဝေးသော သာယာဝတီမြို့သို့မိမိ တို့ဆိုင်ရာ ရုံးကိစ္စအလုပ်ဝတ်တရားများ ဆောင်ရွက်ရန် နေ့စဉ်သွားရောက်လေ့ရှိကြသည်။

ရန်ကုန် ပြည်မီးရထားလမ်းနှင့် မော်တော်ကား လမ်းပေါ်တွင် တည်ရှိသော သုံးဆယ်မြို့သည် ရန်ကုန်မြို့မှမီးရထားလမ်းအတိုင်း ၆၆ မိုင်ဝေး၍ပြည်မှ ၉၃ မိုင်ဝေးသည်။မော်တော်ကား လမ်းအတိုင်းဆိုသော် ရန်ကုန်မြို့မှ ၇၅မိုင်ဝေးကွာသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်၍ ပစ္စည်းများကိုမီးရထား၊ မော်တော်ကားများဖြင့် သယ်ယူပို့ဆောင်နိုင်သဖြင့်အရောင်းအဝယ် အလုပ်အကိုင်ကောင်းသည်။ သုံးဆယ်မြို့၏ ပတ်ဝန်းကျင်မှ ဆန်စပါးများစွာထွက်သည်။ သုံးဆယ်မြို့မချောင်းမှ ကျွန်းသစ်များ မျှောကာ သစ်လုပ်ငန်းလုပ်ကိုင်ကြသည်။

မြို့တွင်း၌ကိုးထပ်ကြီးဘုရား၊ မဟာစေတီလှ ပုထိုးတော်၊ ရွာပုံစည်းခုံစေတီတော်၊ ထူပါရုံကျောင်းတိုက်စသည့် စေတီပုထိုးကျောင်းတိုက်တို့ရှိကြသည့်ပြင် ကျောင်းသား ၈၀၀မှ ၁၀၀၀ခန့်မျှပညာသင်ကြားနိုင်သော အစိုးရ အထက်တန်းကျောင်းကြီးကိုလည်း ၁၉၅၃ - ၅၄ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ထို့ပြင် ပြည်သူ့ရဲတပ်ဖွဲ့စခန်း၊ စာတိုက်၊ ဆေးပေးခန်းတို့လည်းရှိသည်။ မြို့အလယ်ရှိ ရွှေဟင်္သာရေကန်ကြီးမှာ လည်း တင့်တင့်တယ်တယ် ရှုမငြီးဖွယ်ရှိလှပေသည်။ ယခုသုံးဆယ်မြို့တည်ရှိရာဒေသတွင် ရှေးအခါက သုံးဆယ်မြို့ဟူ၍မရှိသေးဘဲ ရွာမ၊စံရွေး၊ ဆင်စု စသောရွာများသာရှိသည်။ ရွာမရွာသည် ယခုသုံးဆယ်မြို့မ ချောင်းကမ်းပါး၌တည်ရှိ၍ လယ် တဲကလေး ၁၀တဲခန့်သာ ရှိခဲ့သည်။ ကျွန်းသစ်လုပ်ငန်းကြောင့် ရွာမရွာသည် တဖြည်းဖြည်း စည်ကားလာပြီး ရွာကြီးဖြစ်လာသည်။

ရွာမ၌လူအခြေစိုက်မိသောအခါ ယခင်က မြို့ကလေးအဖြစ် တည်ရှိ နေသောစံရွေးမှလူများသည် သစ်လုပ်ငန်းလုပ်ကိုင်ရန် ရွာမသို့တစ်စတစ်စ ပြောင်းရွှေ့လာကြသည်။ အချို့လူများသည်ရွာမတွင်နေထိုင်ကြပြီးလျှင် အချို့မှာ ယခုသုံးဆယ်မြို့တည်ရာ ချောင်းကမ်းဖြစ် သောဆင်စု၌ လာရောက်အခြေစိုက်ကြသည်။ သစ်လုပ်ငန်းတွင် ကျယ်လာသဖြင့် ဆင်စုရွာသည်အိမ် ခြေ ၂ဝ ခန့်လောက်ဖြစ်လာသည်။ သစ်များဖောင်ဖွဲ့ရာတွင်လည်းကောင်း၊ သစ်စွပ်ရာတွင်လည်းကောင်း ဆင်များကို အထူးအသုံးပြု ကြရာ ထိုနေရာ၌များသောအားဖြင့် ဆင်သမားများသာနေထိုင် ကြသည်။ ဆင်အကောင် ပေါင်းများစွာစု၍ ချောင်းကမ်းပါးညောင်ပင်ကြီးအောက်၌ ချည်လေ့ရှိသောကြောင့် ထိုနေရာသည် ဆင်စု ဟု အမည်တွင်ခဲ့လေသည်။ ရွာမနှင့်ဆင်စုသည် တစ်ခေါ်ခန့်လောက်သာဝေးသည်။ သစ်လုပ်ငန်းကြောင့် ထိုနေရာသည်စည်ကားလာသည်။

ထိုရွာကလေးများ သာယာသောအချိန်သည် ဘကြီးတော်ဘုရားလက်ထက် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲ ဖြစ်ပွားသည့်အခါဖြစ်ပေသည်။ ထိုအချိန်တွင် စစ်သူကြီး မဟာဗန္ဓုလ၏ အမိန့်တော်ဖြင့် အောက်ပြည် တစ်လွှားရှိနယ်ပယ်များမှ စစ်သည်တော်များစုဆောင်း ကြရသည်။ ရွာမနှင့်ဆင်စုရှိ ရွာသားများထဲမှ စစ်သည်တော်များ စုဆောင်းရာတွင် စစ်ရေး၌ စွမ်းဆောင်နိုင်မည့် ယောက်ျားအာဇာနည်ပေါင်း သုံးဆယ်ရရှိလေသည်။ ဤသို့စစ်သည် သူရဲကောင်းသုံးဆယ် ပို့ဆက်ရသောအကြောင်းကို အစွဲပြု၍ အင်္ဂလိပ်·မြန်မာ ပထမစစ်ပွဲပြီးဆုံးသွားသောအခါ ထိုရွာမနှင့်ဆင်စုကို သုံးဆယ် ဟုခေါ်တွင်လာကြလေသည်။ ဘကြီးတော်ဘုရား လက်ထက်မှ စ၍သုံးဆယ်မြို့သည် အိမ်၊ ဈေး၊ သစ်ဆိပ်တို့ဖြင့် တဖြည်းဖြည်း တိုးတက်စည်ကားလာလေသည်။

တည်နေရာ/ အကျယ်အဝန်း
သုံးတယ်မြို့သည် မြောက်လတ္တီတွဒ် (၁၇) ဒီဂရီ (၃၇) မိနစ်နှင့် (၁၄) စက္ကန့်အကြား အရှေ့ လောင်ဂျီတွဒ် (၉၅) ဒီဂရီ (၄၇) မိနစ် နှင့် (၃၈) စက္ကန့် အကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ (၃.၀၅) စတုရန်းမိုင် ကျယ်ဝန်းပါသည်။

လူဦးရေ /ရပ်ကွက်
သုံးဆယ်မြို့တွင် လူဦးရေစုစုပေါင်း (၂၃၄၈၆)ဦး၊ အမျိုးသား (၁၀၈၉၄)ဦး၊ အမျိုးသမီး (၁၂၅၉၂)ဦးရှိကာ ရပ်ကွက် (၁၃)ရပ်ကွက်ရှိပြီး
ရပ်ကွက်များမှာ

၁။ အလယ်ကုန်းရပ်ကွက်
၂။ အနောက်လက်ပံခုန်ရပ်ကွက်
၃။ အရှေ့လက်ပံခုန်ရပ်ကွက်
၎။ သခွတ်ကုန်းရပ်ကွက်
၅။ အရှေ့သပြေကုန်းရပ်ကွက်
၆။ အနောက်သပြေကုန်းရပ်ကွက်
၇။ ဘုရားကြီးလမ်းရပ်ကွက်
၈။ စံရွေးတန်းရပ်ကွက်
၉။ ဈေးပိုင်းရပ်ကွက်
၁၀။ ပေပင်ကုန်းရပ်ကွက်
၁၁။ အနောက်ရိုးကြီးရပ်ကွက်
၁၂။ အရှေ့ရိုးကြီးရပ်ကွက်
၁၃။ ဗေဒင်ကုန်းရပ်ကွက် တို့ဖြစ်ပါသည်။

သာယာဝတီမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ=================သာယာဝတီမြို့သည် သာယာဝတီခရိုင်၏ ခရိုင်ဝန်ရုံးစိုက်မြို့ဖစ်သည်။ ရ...
23/09/2022

သာယာဝတီမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ
=================
သာယာဝတီမြို့သည် သာယာဝတီခရိုင်၏ ခရိုင်ဝန်ရုံးစိုက်မြို့ဖစ်သည်။ ရန်ကုန်မြို့ ၏အနောက်မြောက်ယွန်းယွန်းတွင်တည်ရှိ၍ မီးရထားလမ်း အားဖြင့်ရန်ကုန်မှ ၆၈ မိုင်ဝေးကွာပြီးလျှင်မော်တော်ကား လမ်းအားဖြင့် ၇၈ မိုင်ဝေးကွာသည်၊ ရန်ကုန်•ပြည်မီးရထား လမ်းနှင့်မော်တော် ကားလမ်းပေါ်တွင်တည်ရှိသော မြို့ဖြစ်၍ ကူးသန်းသွားလာ၍လွယ်ကူပေသည်။ ရန်ကုန်•ပြည် မော်တော်ကားလမ်းသည် သာယာဝတီမြို့တွင်းဖြတ် သန်းသွားလေသည်။

သွားရေးလာရေးအဆင်ပြေ၍ လွယ်ကူသော်လည်း သာယာဝတီမြို့သည် အခြားခရိုင်မြို့ကြီးများ ကဲ့သို့မစည် ကားချေ။ သာယာဝတီခရိုင်အတွင်းရှိလက်ပံတန်း၊ သုံးဆယ်၊ ကြို့ပင်ကောက် စသောမြို့များလောက်လူဦးရေ များပြားစည်ကား ခြင်း၊ အရောင်းအဝယ်ဖွံ့ဖြိုးခြင်းမရှိပေ။ သာယာဝတီမြို့ကို ခရိုင်ရုံး စိုက်မြို့အဖြစ်ရွေးချယ်ခဲ့ခြင်းမှာ အုပ်ချုပ်ရေးအတွက် အချက်အချာကျသည်ဟူသောအကြောင်းပြချက်ဖြင့် ၁၈ရ၈ ခုနှစ်တွင် ထိုစဉ်ကသာဝတီခရိုင်ဝန် ဖြစ်သော ကပ္ပတိန်ဖေါ့ကရွေးချယ်ခဲ့ခြင်းဖြစ်လေသည်။ ဒုတိယ အင်္ဂလိပ်•မြန်မာစစ်ပွဲအပြီး အင်္ဂလိပ်အစိုးရတို့သည် ပဲခူးတိုင်းကို စိုးမိုးစအချိန်တွင် သာယာဝတီခရိုင်ကို ဟင်္သာတခရိုင်နှင့် ပူးတွဲထားခဲ့သည်။ နယ်အခြေအနေငြိမ်သက်လာ သောအခါ ၁၈ရ၃ ခုနှစ်တွင်သာယာဝတီအားဟင်္သာတမှ ခွဲထုတ်၍ သီးသန့်ခရိုင်အဖြစ်သတ်မှတ်ခဲ့သည်။ သီးသန့်ခရိုင် ဖြစ်လာသည့် နောက်တွင် ရုံးစိုက်မြို့အဖြစ်ထားရန်အာဏာပိုင်တို့သည် မြို့ရွာ ဒေသအမျိုးမျိုးကို ရွေးချယ်စဉ်းစားခဲ့ကြ သည်။ သုံးဆယ်၊ လက်ပံတန်း၊ မင်းလှတို့ကို အုပ်ချုပ်ရေးအတွက် အချက် အချာမကျဟူ၍လည်းကောင်း၊ ဥရောပ တိုက်သားအစိုးရ အရာရှိကြီးများနေနိုင်သောဒေသများ မဟုတ်သဖြင့်လည်းကောင်း၊ ရေအခက်အခဲကြောင့်လည်း ကောင်း၊ ထိုစဉ်ကအာဏာပိုင်များက မရွေးချယ်ခဲ့ကြပေ။

ကြို့ပင်ကောက်ဘူတာရုံမှ ၄ မိုင်ခန့်ဝေးသော ခုနစ်ရွာခေါ်သည့်အရပ်ကိုမူ အာဏာပိုင်အများစုက သဘော ကျ၍ ထိုအရပ်ကိုခရိုင်ရုံးစိုက်မြို့တည်ဆောက်ရန် ၁၈၇၈ ခုနှစ်တွင်ရွေးချယ်လိုက်ကြပြီးလျှင်အစိုးရရုံးများဆောက်လုပ် ရန်ပင်စတင်လုပ်ကိုင်ခဲ့ကြသည်။ သို့သော်ကပ္ပတိန်ဖေါ့က ထိုအရပ်ဒေသကိုလည်းသဘောမကျပြန်ချေ။ နောက်ဆုံး တွင် ကပ္ပတိန်ဖေါ့၏သဘောကျဖြစ်သော ယခု သာယာဝတီမြို့ တည်ရှိရာအရပ်ကို ရွေးချယ်လိုက်ကြသည်။ ထိုအရပ်ကိုရွေး ချယ်ရသည့်အကြောင်းမှာအခြားအလုပ်များနှင့်နှိုင်းစာ လျှင်ထိုအရပ်တွင် ရေပြဿနာအခက်အခဲမရှိဟူသော အချက် တစ်ရပ်လည်းပါဝင်ပေသည်။

သို့ဖြင့် ထိုအရပ်တွင် အစိုးရရုံး အဆောက်အအုံများကို ဆောက်လုပ်စေ၍ မြို့တည်ခဲ့လေသည်။ သာယာဝတီ မြို့ဟုခေါ်တွင်ခဲ့ခြင်းမှာ ကြို့ပင်ကောက်မြို့မှရှေ့ဘက် ရ မိုင်ကွာတွင်ရှိသော မြို့တွင်းသည် သာယာဝတီမင်းသား နေထိုင်ခဲ့ဖူးသဖြင့် သာယာဝတီဟုလည်းခေါ်တွင်ခဲ့ရာ၊ ထိုမင်းသား စံမြန်းခဲ့သော မြို့၏အမည်ကိုယူ၍မှည့်ခေါ်သည် ဟုလည်း ဆိုကြသည်။ မြို့တည်ထားသောအရပ်ဒေသသည် မြေနိမ့် မြေပြန့်ဖြစ်၍ သစ်ပင်တောအုပ်များပြားသောအရပ် ဖြစ်ခဲ့သည်။ မြို့၏အနေအထားကွပ်ကွပ်ရွတ်ရွတ်ရှိ၍ လမ်းများ လည်းကောင်းသည်။ သို့သော်သာယာဝတီမြို့၌ မျူနီစီပယ်အဖွဲ့ မရှိဘဲ နှစ်မိုင်ခန့်ဝေးသော သုံးဆယ် မျူနီစပယ် နယ်နိမိတ်ထဲတွင်ပါဝင်သည်။ အချို့အစိုးရ အမှုထမ်း များသည် သုံးဆယ်မြို့တွင်နေထိုင်၍ သာယာဝတီမြို့ရှိရုံးများသို့ရုံး တတ်ကြလေသည်။

သာယာဝတီမြို့ပေါ်တွင် ခရိုင်ဝန်ရုံး၊ သာယာဝတီ သစ်တောတိုင်းနှင့် ဇီးကုန်းသစ်တောတိုင်းတို့၏ခရိုင် သစ်တော ဝန်များရုံး၊ လမ်းအရေးပိုင်ရုံး၊ ထောင်စသည်ဖြင့် အစိုးရ ရုံးအဆောက်အအုံများအပြင် ဆေးရုံ၊ဈေးစသည့် ပြည် သူ့အဆောက်အအုံများလည်း အခြားခရိုင်ရုံး စိုက်မြို့များနည်း တူရှိသည်။ အထက်တန်းကျောင်းတစ်ကျောင်းနှင့် အ လယ်တန်း ကျောင်း၊ မူလတန်းကျောင်းများလည်းရှိသည်။ မြို့ပေါ်၌ ရေကန်ကြီးများအပြင် ၁၉၀၈ ခုနှစ်ကတူးခဲ့သော အဝီစိ တွင်းကြီးလည်းရှိ၍ မြို့ပေါ်သို့ရေပြွန်များဖြင့် ရေပေးသော စံနစ်ရှိသည်။ သာယာဝတီမြို့၏ လူဦးရေမှာ ၁၉၇၁ ခုနှစ် ခန့်မှန်းချက်အရ ၁၃၀၀၁ ဖြစ်၏။ သာယာဝတီမြို့ပေါ်၌ထင်ရှားသောဘုရားများမှာ သတ္တ ဌာနဘုရားနှင့်အောင်ချမ်းသာရုပ်ပွားတော်ကြီးတို့ဖြစ် သည်။ ကန်ကြီးရပ်ရှိသတ္တဌာနဘုရားကို ၁၂၈ဝ ပြည့်နှစ်က စတင်တည်ထားကိုးကွယ်ခဲ့ကြ၍ ဒုတိယကမ္ဘာစစ်ကာလ အတွင်းက စစ်ဘေးစစ်ဒဏ်ကြောင့်ပျက်စီးယိုယွင်းခဲ့ရာ ၁၃၂၅ ခုနှစ်တွင် အများကောင်းမှုနှင့်ပြန်လည်းပြင်ဆင်မွမ်းမံ ခဲ့ကြပြီးလျှင် ဓမ္မစကြာဘုရားကိုပါ ထပ်မံဖြည့်စွက်တည် ထားကြလေသည်။

ရေဝေရပ်ရှိအောင်ချမ်းသာရုပ်ပွားတော်ကြီးကို ၁၂၈၈ ခုနှစ်နတ်တော်လဆန်း ၃ ရက်နေ့မှစတင် တည်ထား ကိုးကွယ်ခဲ့ကြ၍ ဂန္ဓကုဋီတိုက်၊ အရုဏ်ခံတန်ဆောင်း စသည်တို့ဖြင့်တင့်တယ်ကြည်ညိုဖွယ်ရာကောင်းသော ဘုရားကြီး တစ်ဆူဖြစ်ပေသည်။ ရေဝေအရပ်တွင်ရှိသဖြင့်ထိုဘုရားကြီး ကိုရေဝေဘုရားဟုလည်း ခေါ်ဝေါ်ကြလေသည်။

ဒေသသမိုင်းအကျဉ်း

သာယာစိုပြည်သော
ဝပြောသာယာသော
မြို့တံခါးတိုင်ပေါ်သို့ ကျီးတစ်ကောင်
သည် တီကောင်တစ်ကောင်ချီလာ၍
သာယာစွာအော်မည်သည်ကို (နိမိတ်ကောင်းယူ၍)
သာယာဝတီ သာယာဝပြောစွာတည်ရှိသောမြို့။
သာယာဝတီမြို့ - ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏(၃၁.၁၀.၁၉၇၂)ရက်စွဲပါစာအမှတ်၊ ၁၀၃/၅၁/ စိတ် (၁)ဖြင့်ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရသိရသည်။

ပထဝီဝင်အနေအထား
တည်နေရာနှင့်အကျယ်အဝန်း
သာယာဝတီမြို့နယ်သည် မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ၊ ၂၈ မိနစ်နှင့်၁၇ ဒီဂရီ၊ ၅၄ မိနစ်အကြား အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ၊ ၃၇ မိနစ်နှင့်၉၆ဒီဂရီ၊ ၀၅ မိနစ်အကြားတွင်တည်ရှိပါသည်။ အရှေ့မှ အနောက်သို့ (၂၄.၄၆)
မိုင်နှင့် တောင်မှ မြောက်သို့ (၁၂.၇၀)မိုင်ရှည်လျားပါသည်။ သာယာဝတီမြို့နယ်သည် ဧရိယာစတုရန်းမိုင်မှာ
(၃၉၈.၈၉)မိုင်ကျယ်ဝန်းသည်။

နယ်နိမိတ်

သာယာဝတီမြို့နယ်၏ အရှေ့ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊
ပဲခူးမြို့နယ်၊ တောင်ဘက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ဇလွန်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊လက်ပံတန်းမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်
သာယာဝတီမြို့နယ်သည်အရှေ့ခြမ်းတွင် ကုန်းမြင့်ပိုင်း၊ အနောက်ခြမ်းတွင် အနိမ့်ပိုင်း၊ အလယ်ခြမ်းတွင် မြေပြန့်ပိုင်းရှိပါသည်။

ရေဆင်း
သာယာဝတီမြို့နယ်တွင် မြစ်ချောင်းများနည်းပါးသည့်ဒေသတစ်ခုဖြစ်ပြီး သုံးဆယ်ချောင်းသည် အရှေ့မှအနောက်သို့ စီးဆင်းလျက်ရှိပါသည်။
ထင်ရှားသောသုံးဆယ်ချောင်းမှာ သုံးဆယ်မြို့အလယ်မှဖြတ်၍ အရှေ့မှအနောက်သို့ စီးဆင်းပါသည်။ ယင်းသုံးဆယ်ချောင်းသည် မြို့နယ်အနောက်ခြမ်းရှိ မြောက်မှတောင်သို့ စီးဆင်းလျက်ရှိသည့် မြစ်မခမြစ်(ဖိုးခေါင်မြစ်) အတွင်းသို့ ဖိုးခေါင်ကျေးရွာတွင် ပေါင်းစည်း၍ စီးဆင်းလျက်ရှိပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

သာယာဝတီမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် (၄၄.၀၉၅)ပေ အထက်တွင်တည်ရှိပါသည်။

ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်
ရာသီဥတု

သာယာဝတီမြို့နယ်သည် ပူအိုက်စိုစွတ်သော ရာသီဥတုရှိပြီး၊အမြင့်ဆုံးအပူချိန် (C)နှင့် အနိမ့်ဆုံးအပူချိန်မှာ (C)ဖြစ်ပါသည်။ နှစ်စဉ်မိုးရေချိန်အများဆုံး (၈၆)လက်မမှ အနည်ဆုံး(၄၁)လက်မအထိရရှိသည်

သဘာဝပေါက်ပင်များ
သာယာဝတီမြို့နယ်အတွင်း ပေါက်ရောက်သည့်သဘာဝပေါက်ပင်များမှာ ကျွန်း၊ ပျဉ်းကတိုး၊ ကညင်၊ ပျဉ်းမ၊ သဒီ၊ ယင်းမာ၊ရေမနေ၊ဇော်၊ ဘင်္ဂ၊ တမလန်း၊ သင်းဝင်၊ သစ်မကျီး၊ စစ်၊ ထောက်ကြံ့၊ မအူ၊ ရုံး၊တောင်သရက်၊ နဘဲ၊ ဖန်ခါး၊ ယင်းတိုက်၊ သစ်ဆိမ့်၊ ဂွေး၊ ဇင်ပွန်း၊မျောက်ချော၊ ထိန်၊ ချင်ယုတ်၊ ဘုံမွဲဇာ၊ သံသေ၊ သစ်နီ၊ မျောက်ငို၊မျောက်လုပ်တို့ဖြစ်ပါသည်။

တောရိုင်းတိရစ္ဆာန်များ
သာယာဝတီမြို့နယ်တွင်တွေ့ရှိရသော တောရိုင်းတိရစ္ဆာန်များမှာဆင်၊ ကျား၊ ပြောင်၊ ဆက်၊ ဒရယ်၊ ဂျီ၊ မျောက်၊ ရစ်ခါ၊ တောကြက်၊ဖွတ်၊ ပတတ်နှင့် ဒေါင်းတို့ဖြစ်ပါသည်။

သဘာဝပတ်ဝန်းကျင်လက်ရှိအခြေနေ
သာယာဝတီမြို့နယ်၏ လက်ရှိသဘာဝပတ်ဝန်းကျင်အခြေအနေမှာ သစ်တောဖုံးလွှမ်းမှု (၂၉.၁၉%)ရှိပါသည်။ ၎င်းအနက်မှ ကြိုးဝင်းသစ်တော ဖုံးလွှမ်းမှုမှာ(၂၉.၁၉%)ဖြစ်ပြီး ကြိုးပြင်ကာကွယ်တောဖုံးလွှမ်းမှုမှာမရှိပါ။

စီးပွားရေးဆိုင်ရာခြုံငုံသုံးသပ်ချက်
သာယာဝတီမြို့နယ်သည် ပဲခူးတိုင်းဒေသကြီးအတွင်းတွင် တည်ရှိပြီး စီးပွားရေးအရဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခုဖြစ်ပါသည်။မြို့နယ်အတွင်းရှိဒေသခံပြည်သူလူထုသည် မိုးစပါး၊ နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်ကြပါသည်။ထို့အပြင်ငါးမွေးမြူရေး (အင်း)လုပ်ငန်းများကိုလည်း စီးပွားဖြစ်လုပ်ကိုင်ကြပါသည်။ သာယာဝတီမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားအရပ်ဒေသများသို့ ကုန်းလမ်းဖြင့်သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သောမြို့နယ်ဖြစ်ပါသည်။ မြို့နယ်၏အဓိကထွက်ကုန်များမှာဆန်စပါးဖြစ်ပြီး ရန်ကုန်တိုင်းဒေသများသို့ အများဆုံးတင်ပို့ရောင်းချပါသည်။ သာယာဝတီမြို့နယ်သည် အထက်မြန်မာပြည်ဒေသမှ ဆီနှင့်အခြားစားကုန် ပစ္စည်းများကို အဓိကတင်သွင်းရပါသည်။

လူဦးရေ
သာယာဝတီမြိုနယ်တွင်၂၀၁၄သန်းခေါင်စာရင်းအရ
လူဦးရေစုစုပေါင်း(၁၅၁၁၀၄)ဦးရှိပြီး အမျိုးသား(၇၂၇၇၂)ဦး အမျိုးသမီး(၇၈၃၃၂)ဦးရှိသည်။

မြို့ရပ်ကွက်ကျေးရွာအုပ်စုများ
သာယာဝတီမြို့နယ်တွင်သာယာဝတီနှင်သုံးဆယ်မြို့(၂)မြို့ ရပ်ကွက်(၂၂)ရပ်ကွက် ကျေးရွာအုပ်စု(၄၈)အုပ်စု ကျေးရွာစုစုပေါင်း(၂၆၂)ရွာရှိသည်။

ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ

ရပ်ကွက်များ
၁။ဈေးပိုင်း
၂။ကွက်သစ်
၃။အလယ်ပိုင်း
၄။ကျောင်းစု
၅။ကရင်စု
၆။ရေဝေ
၇။ရွာကြီးကုန်း
၈။ပြည်တော်သာ
၉။အလယ်ကုန်း
၁၀။အနောက်လက်ပံခုန်
၁၁။အရှေ့လက်ပံခုန်
၁၂။သခွတ်ကုန်း
၁၃။အရှေ့သပြေကုန်း
၁၄။အနောက်သပြေကုန်း
၁၅။ဘုရားကြီးလမ်း
၁၆။စံရွေးတန်း
၁၇။ဈေးပိုင်း
၁၈။ပေပင်ကုန်း
၁၉။အနောက်ရိုးကြီး
၂၀။အရှေ့ရိုးကြီး
၂၁။ဗေဒင်ကုန်း
၂၂။ဆရာစံ

ကျေးရွာအုပ်စုများ
၁။အသရော်
၂။ဘီးလင်း
၃။အိပ်လဟာ
၄။ဇီးပွဲ
၅။ဖိုးခေါင်
၆။ဒေါဝိ
၇။ကွန်းကလေး
၈။သဇင်အိုင်
၉။အိုင်ကဒုန်
၁၀။မြစ်ကျိုး
၁၁။လက်ပံခုန်
၁၂။ကုန်းမီးနင်း
၁၃။ငဖြူကလေး
၁၄။ကျွဲခြံအင်း
၁၅။ရေတွင်းကုန်း
၁၆။ရှာမ
၁၇။ညောင်ကောက်ကွေး
၁၈။ညောင်ဝိုင်း
၁၉။အောက်လက်ပံခုန်
၂၀။ကံကလေး
၂၁။သင်တောရိုး
၂၂။ကျွဲသတ်
၂၃။အင်းရွာ
၂၄။ကျွန်းကုန်း
၂၅။သဲဖြူ
၂၆။ချောင်းသုံးခွ
၂၇။သုံးဒေါင့်ကန်
၂၈။သပြေကုန်း
၂၉ ကျောက်တွင်း
၃၀။ဖားရွှေကျော်
၃၁။ဆင်စခမ်းကြီး
၃၂။လှည်းလမ်းကူး
၃၃။စခမ်းကြီး
၃၄။ကြောင်ညှာကုန်း
၃၅။ဇိမ်ဇာ
၃၆။ဂုံမင်းမြောင်
၃၇။မြောက်ပန်းဆွဲ
၃၈။တောင်ပန်းဆွဲ
၃၉။လက်ပံတုန်း
၄၀။စည်ပင်
၄၁။ချမ်းသာကုန်း
၄၂။ကြို့ ကုန်း
၄၃။သစ်ရာကုန်း
၄၄။မကြီးကွင်း
၄၅။တောင်ဘို့ရှည်
၄၆။ချီးကြီးကွင်း
၄၇။စံရွေး
၄၈။သာယာအေး

သာယာဝတီမြို့နယ်မှကျေးရွာများ(အက္ခရာစဉ်)
က
ကညင်ကောက်ရွာ၊ သာယာဝတီမြို့နယ်
ကညင်တပင်ရွာ၊ သာယာဝတီမြို့နယ်
ကနစိုရွာသစ်ရွာ၊ သာယာဝတီမြို့နယ်
ကမ်းနီရွာ၊ သာယာဝတီမြို့နယ်
ကမ်းပြိုရွာ၊ ညောင်ကောက်ကွေး
ကမ်းပြိုရွာ၊ သာယာဝတီမြို့နယ်
ကရင်ဝက်လူးရွာ၊ သာယာဝတီမြို့နယ်
ကရင်သပြေကုန်းရွာ၊ သာယာဝတီမြို့နယ်
ကရင်ဥတိုရွာ၊ သာယာဝတီမြို့နယ်
ကိုးပင်ရိုးရွာ၊ သာယာဝတီမြို့နယ်
ကုက္ကိုင်းရွာ၊ သာယာဝတီမြို့နယ်
ကုန်းတန်းကြီးရွာ၊ သာယာဝတီမြို့နယ်
ကုန်းမီးနင်းရွာ၊ သာယာဝတီမြို့နယ်
ကံကလေးရွာ၊ သာယာဝတီမြို့နယ်
ကံရွာသစ်ရွာ၊ သာယာဝတီမြို့နယ်
ကံသာယာရွာ၊ သာယာဝတီမြို့နယ်
ကံသုံးဆင့်ရွာ၊ သာယာဝတီမြို့နယ်
ကျန်တော်ရွာ၊ သာယာဝတီမြို့နယ်
ကျားမနိုင်ရွာ၊ သာယာဝတီမြို့နယ်
ကျီးကန်းမရွာ၊ သာယာဝတီမြို့နယ်
ကျီးကန်းရွာ၊ သာယာဝတီမြို့နယ်
ကျောက်တွင်းရွာ၊ သာယာဝတီမြို့နယ်
ကျောင်းကုန်းရွာ၊ သာယာဝတီမြို့နယ်
ကျောင်းစုရွာ၊ သာယာဝတီမြို့နယ်
ကျေးလူးရွာ၊ သာယာဝတီမြို့နယ်
ကျွန်းကလေးရွာ၊ သာယာဝတီမြို့နယ်
ကျွန်းကုန်းရွာ၊ ကျွဲခြံအင်း
ကျွန်းကုန်းရွာ၊ သာယာဝတီမြို့နယ်
ကျွဲခြံအင်း (အနောက်စု)ရွာ၊ သာယာဝတီမြို့နယ်
ကျွဲခြံအင်း (အရှေ့စု)ရွာ၊ သာယာဝတီမြို့နယ်
ကျွဲခြံအင်းရွာမရွာ၊ သာယာဝတီမြို့နယ်
ကျွဲဂရံရွာ၊ သာယာဝတီမြို့နယ်
ကျွဲသတ်ကလေးရွာ၊ သာယာဝတီမြို့နယ်
ကျွဲသတ်ကြီးရွာ၊ သာယာဝတီမြို့နယ်
ကျွဲသတ်ရွာ၊ သာယာဝတီမြို့နယ်
ကျွဲသတ်ရွာ၊ သဲဖြူ
ကြခတ်အိုင်ရွာ၊ သာယာဝတီမြို့နယ်
ကြပ်ချောင်းရွာ၊ သာယာဝတီမြို့နယ်
ကြာဗြဲ (အထက်စု)ရွာ၊ သာယာဝတီမြို့နယ်
ကြာဗြဲ (အလယ်စု)ရွာ၊ သာယာဝတီမြို့နယ်
ကြို့ကုန်းရွာ၊ ကံကလေး
ကြို့ကုန်းရွာ၊ သာယာဝတီမြို့နယ်
ကြောင်ညှာကုန်းရွာ၊ သာယာဝတီမြို့နယ်
ကြံခင်းစုရွာ၊ သာယာဝတီမြို့နယ်
ကွင်းကြီးရွာ၊ သာယာဝတီမြို့နယ်
ကွင်းထွက်ရိုးရွာ၊ သာယာဝတီမြို့နယ်
ကွမ်းခြံစုရွာ၊ သာယာဝတီမြို့နယ်

ခုနှစ်အိမ်တန်းရွာ၊ သာယာဝတီမြို့နယ်
ခေါပြင်ကွင်းရွာ၊ သာယာဝတီမြို့နယ်
ချမ်းသာကုန်းရွာ၊ သာယာဝတီမြို့နယ်
ချီကြီးကွင်းရွာ၊ သာယာဝတီမြို့နယ်
ချောင်းသုံးခွရွာ၊ ကျွန်းကုန်း
ချောင်းသုံးခွရွာ၊ သာယာဝတီမြို့နယ်

ဂရံစုရွာ၊ သာယာဝတီမြို့နယ်
ဂဠုံတိုက်ရွာ၊ သာယာဝတီမြို့နယ်
ဂုံမင်းမြောင်ကျောင်းစုရွာ၊ သာယာဝတီမြို့နယ်
ဂုံမင်းမြောင်တာပိုင်းရွာ၊ သာယာဝတီမြို့နယ်
ဂုံမင်းမြောင်တောင်စုရွာ၊ သာယာဝတီမြို့နယ်
ဂုံမင်းမြောင်အညာစုရွာ၊ သာယာဝတီမြို့နယ်
ဂုံမင်းမြောင်အရှေ့စုရွာ၊ သာယာဝတီမြို့နယ်
ဂုံမင်းမြောင်အလယ်စုရွာ၊ သာယာဝတီမြို့နယ်
ဂွေးချောင်းရွာ၊ သာယာဝတီမြို့နယ်
ဂွေးတောက်ကုန်းရွာ၊ သာယာဝတီမြို့နယ်

ငဖြူကလေး (အရှေ့)ရွာ၊ သာယာဝတီမြို့နယ်
ငဖြူကလေးဘူတာစုရွာ၊ သာယာဝတီမြို့နယ်
ငဖြူကလေးရွာမရွာ၊ သာယာဝတီမြို့နယ်
ငဖြူချောင်းရွာ၊ သာယာဝတီမြို့နယ်
ငါးအိမ်စုရွာ၊ သာယာဝတီမြို့နယ်
ငှက်ပေါက်ကုန်းရွာ၊ သာယာဝတီမြို့နယ်
ငှက်ပြောတောရွာ၊ သာယာဝတီမြို့နယ်

စခမ်းကြီးရွာ၊ သာယာဝတီမြို့နယ်
စစ်ကွင်းလေးရွာ၊ သာယာဝတီမြို့နယ်
စမ်းတွင်းရွာ၊ သာယာဝတီမြို့နယ်
စာဖြူစုရွာ၊ တောင်ဘို့ရှည်
စာဖြူစုရွာ၊ သဇင်အိုင်
စာဖြူစုရွာ၊ သာယာဝတီမြို့နယ်
စိမ်ကတော်ရွာ၊ သာယာဝတီမြို့နယ်
စီနှစ်ခွရွာ၊ သာယာဝတီမြို့နယ်
စီပင်ရွာ၊ သာယာဝတီမြို့နယ်
စံရွေးရွာ၊ သာယာဝတီမြို့နယ်

ဆင်စခမ်းကြီးရွာ၊ သာယာဝတီမြို့နယ်
ဆင်စခမ်းလေးရွာ၊ သာယာဝတီမြို့နယ်
ဆင်လမ်းရွာ၊ သာယာဝတီမြို့နယ်
ဆိုင်းစုရွာ၊ သာယာဝတီမြို့နယ်

ဇင်ပြွန်းကုန်းရွာ၊ သာယာဝတီမြို့နယ်
ဇရပ်ကြီး (အထက်စု)ရွာ၊ သာယာဝတီမြို့နယ်
ဇရပ်ကြီး (အောက်စု)ရွာ၊ သာယာဝတီမြို့နယ်
ဇရပ်ကြီးရွာ၊ သာယာဝတီမြို့နယ်
ဇလုပ်ရွာ၊ သာယာဝတီမြို့နယ်
ဇလုပ်ရွာ၊ သဲဖြူ
ဇိမ်ဇာရွာ၊ သာယာဝတီမြို့နယ်
ဇိုင်းသွယ်ရွာ၊ သာယာဝတီမြို့နယ်
ဇီးကုန်းလေးရွာ၊ သာယာဝတီမြို့နယ်
ဇီးပွဲရွာ၊ သာယာဝတီမြို့နယ်

ညောင်ကုန်းရွာ၊ ဘီးလင်း
ညောင်ကုန်းရွာ၊ သာယာဝတီမြို့နယ်
ညောင်ကုန်းရွာ၊ အိပ်လဟာ
ညောင်ကောက်ကွေးရွာ၊ ရေတွင်းကုန်း
ညောင်ကောက်ကွေးရွာ၊ သာယာဝတီမြို့နယ်
ညောင်နီကုန်းရွာ၊ သာယာဝတီမြို့နယ်
ညောင်ပတ်ရွာ၊ သာယာဝတီမြို့နယ်
ညောင်လေးပင်ရွာ၊ သာယာဝတီမြို့နယ်
ညောင်ဝိုင်းရွာ၊ သာယာဝတီမြို့နယ်

တင်းပုတ်ကြီးရွာ၊ သာယာဝတီမြို့နယ်
တိုက်ကြီးကုန်းရွာ၊ သာယာဝတီမြို့နယ်
တုံစမ်းရွာ၊ သာယာဝတီမြို့နယ်
တောဂွေး (တောင်)ရွာ၊ သာယာဝတီမြို့နယ်
တောဂွေး (မြောက်)ရွာ၊ သာယာဝတီမြို့နယ်
တောင်ကြပ်ချောင်းရွာ၊ သာယာဝတီမြို့နယ်
တောင်စလဲစမ်းရွာ၊ သာယာဝတီမြို့နယ်
တောင်စုရွာ၊ သာယာဝတီမြို့နယ်
တောင်ပန်းဆွဲရွာ၊ သာယာဝတီမြို့နယ်
တောင်ဘို့ရှည်ရွာ၊ သာယာဝတီမြို့နယ်
တောင်သင်တောရိုးရွာ၊ သာယာဝတီမြို့နယ်
တောရကုန်းရွာ၊ သာယာဝတီမြို့နယ်
တဲကြီးစုရွာ၊ သာယာဝတီမြို့နယ်

ထန်းပင်ကုန်းရွာ၊ သာယာဝတီမြို့နယ်

ဒါးပီးရွာ၊ သာယာဝတီမြို့နယ်
ဒိုင်ဂေါင်းရွာ၊ သာယာဝတီမြို့နယ်
ဒုတိုရွာ၊ သာယာဝတီမြို့နယ်
ဒေါဝိရွာ၊ သာယာဝတီမြို့နယ်
ဒေါ်ဆိုင်းအစုရွာ၊ သာယာဝတီမြို့နယ်

နိဗ္ဗာန်ကုန်းရွာ၊ သာယာဝတီမြို့နယ်
နွယ်ခွေလေးရွာ၊ သာယာဝတီမြို့နယ်

ပတ္တော်ရွာ၊ သာယာဝတီမြို့နယ်
ပလ္လင်ဝရွာ၊ သာယာဝတီမြို့နယ်
ပဲခူးစုရွာ၊ သာယာဝတီမြို့နယ်
ပြည့်စင်ကုန်းရွာ၊ သာယာဝတီမြို့နယ်
ပြည်တော်သာကုန်းရွာ၊ သာယာဝတီမြို့နယ်
ပြည်တော်သာရွာ၊ သာယာဝတီမြို့နယ်

ဖလံကုန်းရွာ၊ တောင်ပန်းဆွဲ
ဖလံကုန်းရွာ၊ မြောက်ပန်းဆွဲ
ဖလံကုန်းရွာ၊ သာယာဝတီမြို့နယ်
ဖားရွှေကျော် (တောင်စု)ရွာ၊ သာယာဝတီမြို့နယ်
ဖားရွှေကျော်ရွာမရွာ၊ သာယာဝတီမြို့နယ်
ဖားအင်းရွာ၊ သာယာဝတီမြို့နယ်
ဖိုးခေါင်ရွာ၊ သာယာဝတီမြို့နယ်

ဗမာဝက်လူးရွာ၊ သာယာဝတီမြို့နယ်

ဘန့်ဘွေးကုန်းရွာ၊ ရေတွင်းကုန်း
ဘန့်ဘွေးကုန်းရွာ၊ သာယာဝတီမြို့နယ်
ဘိုကုန်းရွာ၊ သာယာဝတီမြို့နယ်
ဘိုကြီးကုန်း (အရှေ့စု)ရွာ၊ သာယာဝတီမြို့နယ်
ဘိုကြီးကုန်းရွာ၊ သာယာဝတီမြို့နယ်
ဘိုးသာအိစုရွာ၊ သာယာဝတီမြို့နယ်
ဘီးလင်း (အရှေ့)ရွာ၊ သာယာဝတီမြို့နယ်
ဘီးလင်းရွာမရွာ၊ သာယာဝတီမြို့နယ်
ဘီးလင်းရွာသစ်ရွာ၊ သာယာဝတီမြို့နယ်
ဘုတရာရွာ၊ သာယာဝတီမြို့နယ်
ဘုရားကုန်းရွာ၊ သာယာဝတီမြို့နယ်
ဘုံမွဲဇာရွာ၊ သာယာဝတီမြို့နယ်
ဘေခေါ့လော့ရွာ၊ သာယာဝတီမြို့နယ်

မကျီးချောင်းရွာ၊ သာယာဝတီမြို့နယ်
မကျီးတန်းရွာ၊ သာယာဝတီမြို့နယ်
မကြီးကွင်းရွာ၊ သာယာဝတီမြို့နယ်
မင်းကြီးကုန်းရွာ၊ သာယာဝတီမြို့နယ်
မင်းလမ်းရွာ၊ သာယာဝတီမြို့နယ်
မဒေါ့ရွာ၊ သာယာဝတီမြို့နယ်
မရမ်းအင်းရွာ၊ သာယာဝတီမြို့နယ်
မာလကာကုန်းရွာ၊ သာယာဝတီမြို့နယ်
မုဆိုးကုန်းရွာ၊ သာယာဝတီမြို့နယ်
မဲကျွန်းရွာ၊ သာယာဝတီမြို့နယ်
မဲဇလီကုန်းရွာ၊ သာယာဝတီမြို့နယ်
မြစ်ကျိုးရွာ၊ သာယာဝတီမြို့နယ်
မြစ်အင်းကုန်းရွာ၊ သာယာဝတီမြို့နယ်
မြန်မာဥတိုရွာ၊ သာယာဝတီမြို့နယ်
မြောက်ပန်းဆွဲရွာ၊ သာယာဝတီမြို့နယ်
မြောက်သင်တောရိုးရွာ၊ သာယာဝတီမြို့နယ်

ရိုးကြီးတာတန်းရွာ၊ သာယာဝတီမြို့နယ်
ရေကျော်ရွာ၊ ညောင်ကောက်ကွေး
ရေကျော်ရွာ၊ သာယာဝတီမြို့နယ်
ရေတိုက်ရွာ၊ ဆင်စခန်းကြီး
ရေတိုက်ရွာ၊ သာယာဝတီမြို့နယ်
ရေတွင်းကုန်းရွာ၊ လက်ပံတုန်း
ရေတွင်းကုန်းရွာ၊ သာယာဝတီမြို့နယ်
ရေမီးနင်းရွာ၊ သာယာဝတီမြို့နယ်
ရေလဲကြီးရွာ၊ သာယာဝတီမြို့နယ်
ရေလဲတာပိုင်းရွာ၊ သာယာဝတီမြို့နယ်
ရေလဲလေးရွာ၊ သာယာဝတီမြို့နယ်
ရွာမရွာ၊ သာယာဝတီမြို့နယ်
ရွာသစ်ကုန်းရွာ၊ သာယာဝတီမြို့နယ်
ရွာသစ်ရွာ၊ မြောက်ပန်းဆွဲ
ရွာသစ်ရွာ၊ သာယာဝတီမြို့နယ်
ရွှေညောင်ပင်ရွာ၊ သာယာဝတီမြို့နယ်
ရွှေတောင်တန်းရွာ၊ သာယာဝတီမြို့နယ်
ရွှေလောင်းကန်ရွာ၊ သာယာဝတီမြို့နယ်
ရှမ်းသပြေကုန်းရွာ၊ သာယာဝတီမြို့နယ်
ရှားစီးဘိုရွာ၊ သာယာဝတီမြို့နယ်
ရှားတောရိုးရွာ၊ သာယာဝတီမြို့နယ်

လက်ပံခုန်ရွာ၊ သာယာဝတီမြို့နယ်
လက်ပံတုန်းရွာ၊ သာယာဝတီမြို့နယ်
လက်ပံတုန်းရှမ်းစုရွာ၊ သာယာဝတီမြို့နယ်
လယ်ပြင်စုရွာ၊ သာယာဝတီမြို့နယ်
လိန်ကုန်းရွာ၊ သာယာဝတီမြို့နယ်
လိပ်အင်း (အရှေ့စု)ရွာ၊ သာယာဝတီမြို့နယ်
လိပ်အင်း (အလယ်စု)ရွာ၊ သာယာဝတီမြို့နယ်
လိပ်အင်း မင်းလမ်းရွာ၊ သာယာဝတီမြို့နယ်
လိပ်ဥကုန်းရွာ၊ သာယာဝတီမြို့နယ်
လူးကြီးရွာ၊ သာယာဝတီမြို့နယ်
လောင်လေးရွာ၊ သာယာဝတီမြို့နယ်
လေးတူးရွာ၊ သာယာဝတီမြို့နယ်
လွှစင်ရွာ၊ သာယာဝတီမြို့နယ်
လှည်းလမ်းကူးရွာ၊ သာယာဝတီမြို့နယ်

ဝါးနက်ကုန်းရွာ၊ သာယာဝတီမြို့နယ်
ဝါးလေးရုံရွာသစ်ရွာ၊ သာယာဝတီမြို့နယ်
ဝါးလေးရုံရွာဟောင်းရွာ၊ သာယာဝတီမြို့နယ်
ဝါးလေးရုံရွာ၊ သာယာဝတီမြို့နယ်
ဝဲကြီးဒေါင့်ရွာ၊ သာယာဝတီမြို့နယ်
ဝဲဒေါင့်ရွာ၊ သာယာဝတီမြို့နယ်

သက်ကယ်ကုန်းရွာ၊ သာယာဝတီမြို့နယ်
သခွတ်ကုန်းရွာ၊ သာယာဝတီမြို့နယ်
သင်တောရိုးရွာ၊ သာယာဝတီမြို့နယ်
သစ်ဆိမ့်ကုန်းရွာ၊ သာယာဝတီမြို့နယ်
သစ်ရာကုန်းရွာ၊ သာယာဝတီမြို့နယ်
သဇင်အိုင်ရွာ၊ သာယာဝတီမြို့နယ်
သပင်ဗျောရွာ၊ သာယာဝတီမြို့နယ်
သပြေကုန်းရွာ၊ သာယာဝတီမြို့နယ်
သရက်ကုန်းစာဖြူစုရွာ၊ သာယာဝတီမြို့နယ်
သရက်ကုန်းရွာ၊ သာယာဝတီမြို့နယ်
သရက်ကုန်းရွာ၊ သုံးဒေါင့်ကန်
သရက်ဖြူကန်ရွာ၊ သာယာဝတီမြို့နယ်
သာခွေးစုရွာသစ်ရွာ၊ သာယာဝတီမြို့နယ်
သာခွေးစုရွာ၊ သာယာဝတီမြို့နယ်
သာစည်စုရွာ၊ သာယာဝတီမြို့နယ်
သာယာကုန်းရွာ၊ တောင်ပန်းဆွဲ
သာယာကုန်းရွာ၊ လက်ပံတုန်း
သာယာကုန်းရွာ၊ သာယာဝတီမြို့နယ်
သာယာအေးရွာ၊ ဆင်စခန်းကြီး
သာယာအေးရွာ၊ တောင်ပန်းဆွဲ
သာယာအေးရွာ၊ သာယာဝတီမြို့နယ်
သိမ်ကုန်းရွာ၊ သာယာဝတီမြို့နယ်
သိုက်တောရွာ၊ သာယာဝတီမြို့နယ်
သုံးဒေါင့်ကန်ရွာ၊ သာယာဝတီမြို့နယ်
သူဌေးကုန်းရွာ၊ သာယာဝတီမြို့နယ်
သဲဖြူရွာသစ်တန်းရွာ၊ သာယာဝတီမြို့နယ်
သဲဖြူရွာ၊ သာယာဝတီမြို့နယ်

အင်းကောက်ကြီးရွာ၊ သာယာဝတီမြို့နယ်
အင်းပုညာ (အောက်စု)ရွာ၊ သာယာဝတီမြို့နယ်
အင်းပုညာရွာကြီးရွာ၊ သာယာဝတီမြို့နယ်
အင်းယားရွာ၊ သာယာဝတီမြို့နယ်
အင်းရွာဘူတာစုရွာ၊ သာယာဝတီမြို့နယ်
အင်းရွာအလယ်စုရွာ၊ သာယာဝတီမြို့နယ်
အင်းလဲရွာ၊ သာယာဝတီမြို့နယ်
အထက်နွယ်ခွေရွာ၊ သာယာဝတီမြို့နယ်
အထက်ရင်းတိုက်ကုန်းရွာ၊ သာယာဝတီမြို့နယ်
အနောက်တံတားကြီးရွာ၊ သာယာဝတီမြို့နယ်
အမလော့ရွာ၊ သာယာဝတီမြို့နယ်
အရှေ့တံတားကြီးရွာ၊ သာယာဝတီမြို့နယ်
အလယ်စုရွာ၊ သာယာဝတီမြို့နယ်
အသနော်ရွာ၊ သာယာဝတီမြို့နယ်
အသရော်ရွာ၊ သာယာဝတီမြို့နယ်
အိပ်လဟာရွာ၊ သာယာဝတီမြို့နယ်
အိုင်ကဒုန်ရွာ၊ သာယာဝတီမြို့နယ်
အုတ်ဖိုစုရွာ၊ သာယာဝတီမြို့နယ်
အုန်းတောစုရွာ၊ သာယာဝတီမြို့နယ်
အုန်းပင်စုရွာ၊ ကုန်းမီးနင်း
အုန်းပင်စုရွာ၊ သာယာဝတီမြို့နယ်
အုံးပင်စုရွာ၊ သာယာဝတီမြို့နယ်
အောက်ဂုံမင်းမြှောင်ရွာ၊ သာယာဝတီမြို့နယ်
အောက်နွယ်ခွေရွာ၊ သာယာဝတီမြို့နယ်
အောက်ရင်းတိုက်ကုန်းရွာ၊ သာယာဝတီမြို့နယ်
အောက်လက်ပံခုန်ရွာ၊ သာယာဝတီမြို့နယ်

ဦးနုတ်စုရွာ၊ သာယာဝတီမြို့နယ်

🙏သာယာဝတီမြို့နှင့်သုံးဆယ်မြို့အတွင်းရှိ
🚨အရေးပေါ်အကူညီတောင်းခံနိုင်သော (ပရဟိတ)အသင်းများ

⚕️ဂရုဏာရှင်⚕️(သုံးဆယ်မြို့)
🚨အရေးပေါ်ဆက်သွယ်ရန်-
☎️ 09250115102
☎️ 09766655591

⚕️အဖြူရောင်ပရဟိတ⚕️(သုံးဆယ်မြို့)
🚨အရေးပေါ်ဆက်သွယ်ရန်-
☎️ 0943151989
☎️ 09423717177

⚕️မေတ္တာဝတီ⚕️(သာယာဝတီမြို့)
🚨အရေးပေါ်ဆက်သွယ်ရန်-
☎️ 09423678425
☎️ 09423747905

⚕️ကရုဏာသွေးလှူရှင်အသင်း⚕️(သာယာဝတီမြို့)
🚨အရေးပေါ်ဆက်သွယ်ရန်-
☎️ 09668717353
☎️ 09451400585
☎️ 09441602277

⚕️ရွှေစင်လွင်ပရဟိတ⚕️(သာယာဝတီမြို့)
🚨အရေးပေါ်ဆက်သွယ်ရန်-
☎️ 095360175

⚕️စေတနာ⚕️(ဂုံမင်းမြောင်ရွာ)
🚨အရေးပေါ်ဆက်သွယ်ရန်-
☎️ 09773977025
☎️ 09667357338

⚕️ဗိုလ်ကျော်သန်းပရဟိတ⚕️(သာယာဝတီမြို့)
🚨အရေးပေါ်ဆက်သွယ်ရန်-
☎️ 09773700703

⚕️အေးမြဖြူစင်⚕️(သင်တောရိုးရွာ)
🚨အရေးပေါ်ဆက်သွယ်ရန်-
☎️ 09760166785

⚕️ကရင်စုလူငယ်⚕️(သာယာဝတီမြို့)
🚨အရေးပေါ်ဆက်သွယ်ရန်-
☎️ 09666242488
☎️ 09761620369

⚕️လောကအလင်းရောင်ပရဟိတ⚕️(အင်းရွာ)
🚨အရေးပေါ်ဆက်သွယ်ရန်-
☎️ 09780543025

⚕️မြတ်ဖြူစင်⚕️(ငဖြူကလေး)
🚨အရေးပေါ်ဆက်သွယ်ရန်-
☎️ 09694748591

⚕️မွန်မြတ်စေတနာ မွတ်စလင်လူငယ်များ⚕️(သာယာဝတီမြို့)
🚨အရေးပေါ်ဆက်သွယ်ရန်-
☎️ 09445524256

⚕️မွတ်စလင်လူငယ်များ⚕️(သာယာဝတီ/သုံးဆယ်မြို့)
🚨အရေးပေါ်ဆက်သွယ်ရန်-
☎️095360257
☎️09423681700

Address

Tharrawaddy

Website

Alerts

Be the first to know and let us send you an email when Tharrawaddy Township posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share