Thaton Generation Z Team

Thaton Generation Z Team To motivate Thaton Civilians for fighting Democracy

Memories of Thaton
09/02/2026

Memories of Thaton

02/10/2025
05/05/2025

ဒေးဗရိန်းမှာ ပေါတာ ထပ်ဆွဲဖို့ရှိနေပါသေးတယ်လို့ သိရပါတယ်။

ရွာထဲက လူငယ် လူလတ်ပိုင်းတွေလည်း
သတိထားကြဖို့ အသိပေးလိုက်ပါတယ်။

သထုံ မိုးကောင်းနားမှာ တံတားပျက်လို့လမ်းပိတ်နေပါတယ်ခရီးသွားမည့်သူများ သတိထားသွားလာနိုင်ကြပါစေ
04/05/2025

သထုံ မိုးကောင်းနားမှာ တံတားပျက်လို့
လမ်းပိတ်နေပါတယ်

ခရီးသွားမည့်သူများ သတိထားသွားလာနိုင်ကြပါစေ

24/04/2025

လက်ရှိ လမ်းခရီးအခြေနေလေးတွေ နဲနဲလောက် ပြောကြရအောင်ဗျာ

နံပါတ် ၁
ရန်ကုန် မှ အခြေပြုပြီး လက်ရှိအချိန်ထိ လုံခြုံစိတ်ချရမူ့ အရှိဆုံး ခရီးသွားဒေသ ဆိုရင် ချောင်းသာ ငွေဆောင် ဂေါ်ရန်ဂျီ မော်တင်စွန်း ပါ

နံပါတ် ၂ အလုံခြုံဆုံးက ကလော တောင်ကြီး အင်းလေး ရွာငံ ဟိုပုံ လွိုင်လင် နန့်စန် ကျိုင်းတုံ တာချီလိတ်ပါ

နံပါတ် ၃ အလုံခြုံဆုံးက. မေမြို့ ပါ

နံပါတ် ၄ က ပုဂံပါ

နံပါတ် ၅ က ဘားအံ ပါ

နံပါတ် ၆ က မော်လမြိုင် ကျိုက္ခမီ စက်စဲ

နံပါတ် ၇က ကျိုက်ထီးရိုးပါ

နံပါတ်ကြီးလေ လုံခြုံမူ့ အားနည်းလေ ဖြစ်ပါတယ်

လုံးဝမသွားသင့်တဲ့ ခရီးသွားဒေသတွေကတော့

အောက်ပိုင်းဆိုရင် သံဖြူဇရပ်မှ ကျော်ပြီး
ရှေ့မဆက်သင့်တော့ပါဘူး

ရှမ်းမြောက်ဖက်ဆိုရင် မေမြို့မှ ကျော်ပြီး ရှေ့မဆက်သင့်ပါ

ကချင်ဆိုရင် မန်းလေးမှ ကျော်ပြီး ရှေ့မဆက်သင့်ပါ

စစ်ကိုင်းမှ ကျော်ပြီး ရှေ့မဆက်သင့်ပါ

အညာဒေသ ပုဂံမှလွဲ၍ ရှေ့နောက်ဘယ်ညာ လုံးဝမသွားသင့်ပါ

လောလောဆယ် တော့ ဒီလောက်ပါပဲဗျာ အမြင်မတူ အတွေးမတူတာတွေရှိနိုင်ပါတယ် ကျေးဇူးပြုပြီး ကျော်သွားပေးကြပါခင်ဗျာ

လိုအပ်နေသူတွေအတွက် မျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာ

ကျန်းမာ ချမ်းသာ ကြပါစေဗျာ

The Dream Ayeyar Travel

“ထိုင်းနိုင်ငံမှာ FoodPanda အပေါ်  boycott လုပ်ခဲ့မှု အောင်မြင်တာကြောင့် လာမယ့် မေလ ၂၃ ရက်နေ့ကနေစပြီး အပြီးတိုင် ရပ်နားလ...
23/04/2025

“ထိုင်းနိုင်ငံမှာ FoodPanda အပေါ် boycott လုပ်ခဲ့မှု အောင်မြင်တာကြောင့် လာမယ့် မေလ ၂၃ ရက်နေ့ကနေစပြီး အပြီးတိုင် ရပ်နားလိုက်ရပါတော့မယ်”

Foodpanda ဟာ ထိုင်းနိုင်ငံမှာ ၂၀၁၂ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး၊ ဘန်ကောက်မြို့တွင် စတင်လည်ပတ်ခဲ့သည်။ ထိုအချိန်တွင် စားသောက်ဆိုင် ၅၀ ခန့်နှင့်အတူ စတင်ခဲ့ပြီး၊ ၂၀၁၆ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်းရှိ အဓိကမြို့များတွင် စားသောက်ဆိုင် ၁၆၀၀ ကျော်နှင့် ပူးပေါင်းလုပ်ကိုင်ခဲ့ကာ ထိုင်းနိုင်ငံရှိ အဓိကအစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှု တစ်ခုအဖြစ် တိုးတက်လာခဲ့ပြီး၊ ၇၇ ချက်ခှန်း (ပြည်နယ်) အားလုံးတွင် ဝန်ဆောင်မှုဖြန့်ဖြူးနိုင်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ပထမဆုံး food delivery ကုမ္ပဏီတစ်ခု ဖြစ်ခဲ့ပါတယ်

သို့သော်၊ ၂၀၂၅ ခုနှစ် မေလ ၂၃ ရက်နေ့တွင် Foodpanda သည် ထိုင်းနိုင်ငံရှိ ဝန်ဆောင်မှုများကို ရပ်ဆိုင်းမည်ဖြစ် ကြောင်း မူရင်းကုမ္ပဏီဖြစ်သော Delivery Hero မှ ကြေညာခဲ့ပါတယ်

အခုလို ရပ်နားရတော့မယ့် အဓိက အကြောင်းအရင်းက တော့ ကုမ္ပဏီရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကြောင့်ပဲ ဖြစ်ပါတယ်

၂၀၂၄ ဇူလိုင်လ တုန်းက ထိုင်းမှာ ဒီမိုကရေစီ အရေးဆန္ဒပြခဲ့တဲ့ Rider တစ်ဦးကို ကုမ္ပဏီဘက် မှ အကြမ်းဖက်သမားတစ်ဦးကဲ့သို့ ဆက်ဆံကာ အလုပ်ဖြုတ်ပစ်တာက စပြီး ထိုင်းပြည်သူတွေအမျက်ဒေါသများစွာ ဖြစ်ခဲ့ရပါတယ် ... ထိုအချိန်ကစပြီး Foodpanda ကို တစ်နိုင်ငံလုံး မှာမစားကြတော့ပဲ boycott လုပ်ခဲ့ကြတာပါ။

အခုတော့ ပြည်သူတွေ boycott အောင်မြင်တယ်ပဲ ပြောရမယ်။ ကိုဗစ်မတိုင်ခင်ကာလမှာ ထိုင်းနိုင်ငံရဲ့ ပထမဆုံးနှင့် အအောင်မြင်ဆုံး Food Delivery Company ဟာလည်း မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကြောင့် အခုလို ရင်ဆိုင်ခဲ့ရပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆိုရင်တော့ မေ့လောက်တဲ့ အချိန်မှာ ပရဟိတလေး လုပ်ပြလိုက်တာနှင့်၃ လ လောက်နေရင် boycott မလုပ်ကြတော့ပဲ သာဓု ဝိုင်းခေါ်ကြမည့် ပါးပါးကြည်ကြည်ဦးနှောက် ပိုင်ရှင်များရှိနေသ၍ မည်သည့် boycott မှ အောင်မြင်နိုင်မည် မဟုတ်ပေ !!!
(ဥပမာ - မြန်မာပလာဇာ ကိစ္စ)

ထိုင်းပြည်သူတို့၏ ဒီမိုကရေစီကို မြတ်နိုးပုံ ၊ Rider ကလေးဘက်မှ ရပ်တည်ကာကွယ်ပေးပြီး တစ်နိုင်ငံလုံး တစ်ညီတစ်ညွတ်ထဲ အမှတ်ရှိရှိ boycott လုပ်ခဲ့မှုတို့ကြောင့် ထိုင်းနိုင်ငံရဲ့ အအောင်မြင်ဆုံး Food Delivery ဖြစ်တဲ့ Food Panda ကို တစ်နှစ်မပြည့်ခင်မှာ တင် အလဲထိုးအဆုံးသတ်နိုင်စေခဲ့ပါတယ်

အခုလို ပြည်သူတစ်ရပ်လုံး အမှတ်ရှိရှိ လုပ်နိုင်ခဲ့တဲ့ Boycott ကြီးကို လေးစားအားကျ မိပါသည်။

crd

19/04/2025

Admin ဟိုတစ်ရက်က ပြောပြမယ်ဆိုတဲ့
သထုံက လူလိမ်တွေအကြောင်းကို
အခုမှ အားလို့ ပြောပြ ရပါမယ်။

မြို့တော်တော်များများမှာက တချို့ မိသားစုတွေမှာ
လူငယ်တွေက နိုင်ငံခြား ရောက်ကုန်ကြတာ။
အဲ့ဒါကို အခွင့်ကောင်းယူပြီး လူလိမ်တွေက
အိမ်အရောက်သွားတယ်။
အဲ့အိမ်က နိုင်ငံခြားရောက်နေတဲ့ လူငယ်တစ်ယောက်ရဲ့
သူငယ်ချင်းပါ ဆိုပြီး အိမ်မှာရှိတဲ့ မိသားစုဝင်တွေကို ချဥ်းကပ်တယ်။

ပြီးရင် သူ့ဆီကို ဖုန်းဆက်ချင်လို့ ဖုန်းခဏပေးဆိုပြီး
ဖုန်းဆက်တယ်။ အယုံသွင်းတယ်။
ပြီးရင် ဖုန်းကို လိမ်တယ်။ ဒါမှ မဟုတ် ပစ္စည်းတစ်ခုခု၊
ငွေသား တချို့ကို လိမ်တာ မျိုး လုပ်နေတယ်။

Admin သိရသလောက်က အဲ့လူလိမ်က
မျက်နှာမှာ မဲ့ ပါတယ်။ အသက်က ၂၅- ၃၀ ဝန်းကျင်ကြားလို့ သိရတယ်။

အားလုံး သတိထားနိုင်ဖို့ပါ။
အထူး ဂရုစိုက်ကြပါ။

06/04/2025

သထုံ ဒေးဗရိမ်းမှာ ခွေးကား ၃ စီးနဲ့
အိမ်တွေလိုက်ဝင်ပြီး
နေ့ခင်းကြောင်တောင်ကြီး
ပေါ်တာဆွဲနေတယ်။

လူငယ်တွေ သတိထားကြပါ။
ရှောင်ကြပါ။

Edit - ၁၀ ယောက်ဝန်းကျင်ပါသွားတယ်လို့ သိရတယ်။

Edit - ရတနာရန်ကင်းမှာ တပ်စွဲထားသေးတယ်။

ဒါက admin တို့အလှူကူခံပြီးပို့လိုက်တဲ့ ညောင်ရွှေမြို့နယ်က တလဲဦးရွာပါ။ဒီနေ့တော့ ရမည်းသင်း အတွက်ဆက်ပြီး ကူပါမယ်။
03/04/2025

ဒါက admin တို့အလှူကူခံပြီး
ပို့လိုက်တဲ့ ညောင်ရွှေမြို့နယ်က တလဲဦးရွာပါ။

ဒီနေ့တော့ ရမည်းသင်း အတွက်
ဆက်ပြီး ကူပါမယ်။

02/04/2025

သထုံက လူလိမ်တွေအကြောင်းကို တင်ပေးဦးမယ်

ဒီရက်ထဲ

02/04/2025

ဒီနေ့ အင်းဝ နဲ့ ပင်းတယ အတွက် ကူပါဦး ဗျို့

ကျွန်တော်တို့ မနေ့က ရတဲ့ အလှူငွေတွေထဲကပင်လောင်းကို ၁၅ သိန်းနဲ့ ကေလာကို နောက်ထပ် ၅ သိန်းထပ်မံလှူဒါန်းပေးလိုက်ပါပြီးခင်ဗျ။...
02/04/2025

ကျွန်တော်တို့ မနေ့က ရတဲ့ အလှူငွေတွေထဲက
ပင်လောင်းကို ၁၅ သိန်းနဲ့ ကေလာကို နောက်ထပ် ၅ သိန်း
ထပ်မံလှူဒါန်းပေးလိုက်ပါပြီးခင်ဗျ။

ဒီနေ့တော့ ကျွန်တော်တို့ အင်းဝ နဲ့ ပင်းတယ ဘက်ကို
ကူညီဖို့ ဆက်ပြီး အလှူခံပါမယ်ခင်ဗျာ။

တတ်နိုင်သလောက် ပါဝင်ကူညီပေးကြပါဦးခင်ဗျာ။

#ငလျင်

Address

Thaton

Website

Alerts

Be the first to know and let us send you an email when Thaton Generation Z Team posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share