Rural Community's United Strike Committee - Thayetchaung

Rural Community's United Strike Committee - Thayetchaung To share rural community's courageous movement for this Spring Revolution

28/02/2025
16/02/2025

▪️ဗထူးတပ်မတော်မှ သာဂရမြို့ဟောင်း မြို့ရိုးများအား ဖျက်ဆီးနေမှုနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ခြင်း

အမှတ်(၂/၂၀၂၅)
DDMSC\၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်

ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သောဗထူးတပ်မတော်မှ စီးပွားရေးသမားများနှင့် ပူးပေါင်း၍ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာရှိ ထားဝယ်ရှေးဟောင်း အမွေအနှစ်တစ်ခုဖြစ်သည့် သာဂရမြို့ဟောင်း မြို့ရိုးအား ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် စက်ယန္တရားများ အသုံးပြုပြီး ဖြိုချဖျက်ဆီးနေကြောင်း သိရှိရပါသည်။

ဗထူးတပ်မတော်သည် ကိုယ်ကျိုးရှာစီးပွားရေးသမားများအတွက် အင်အားသုံး လုံခြုံရေးယူပေးပြီး ထားဝယ်တမျိုးသားလုံး၏ ဘူမိနက်သန်ဖြစ်သည့် သာဂရမြို့ဟောင်း ရှေးဟောင်းယဥ်ကျေးမှု ကာကွယ်ရေးဇုန်အတွင်း မြေကွက်ရိုက် ရောင်းချရန်ပြင်ဆင်နေခြင်း ဖြစ်သည်။

မှတ်တမ်းများအရ သာဂရမြို့ဟောင်းကို လွန်ခဲ့သည့် နှစ်ပေါင်း တစ်ထောင့်နှစ်ရာကျော် သက္ကရာဇ် ၁၁၃ ခု၊ ခရစ်နှစ် ၇၅၁ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး ထားဝယ်မင်း သုံးဆက်က လက်ဆင့်ကမ်း ပြုပြင်ထိန်းသိမ်း တည်ထောင်ခဲ့သည့် ရှေးဟောင်းအမွေအနှစ် နေရာတစ်ခုဖြစ်သည်။

အဆိုပါ သာဂရမြို့ဟောင်းသည် ကျွန်ုပ်တို့ ထားဝယ်လူမျိုးများ၏ ပထမဆုံး မြို့ပြယဥ်ကျေးမှု ထွန်းကားခဲ့သည့် အမြတ်တနိုးတန်ဖိုးထားရာ နေရာတစ်ခုဖြစ်သည့်အပြင် ထားဝယ်လူမျိုးစု၏ ကိုယ်ပိုင်ယဥ်ကျေးမှုနှင့် အမျိုးသားရေး လက္ခဏာများကို ရှာဖွေဖော်ထုတ်နိုင်သည့် အရေးပါဆုံး နေရာတစ်ခုလည်းဖြစ်သည်။

ထို့ကြောင့် ယခုလို ထားဝယ်တစ်မျိုးသားလုံး၏ သမိုင်းအမွေအနှစ်ဖြစ်သည့် သာဂရမြို့ဟောင်းအား ဆင်ခြင်မဲ့စွာ ဖျက်ဆီးပစ်နေသည့် ဗထူးတပ်မတော်နှင့် ဝိသမလောဘသားများ၏ လုပ်ရပ်သည် ထားဝယ်လူမျိုးစုတရပ်လုံး၏ ကိုယ်ပိုင်ယဥ်ကျေးမှု၊ အမျိုးသားရေးလက္ခဏာများကို အောက်တန်းကျစွာ ဖျက်ဆီးပစ်သည့် လုပ်ရပ်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဗထူးတပ်မတော်၏ အဆိုပါလုပ်ရပ်အား ကျွန်ုပ်တို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါသည်။

ထို့အပြင် ထားဝယ်ဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း ဗထူးတပ်မတော်၏ အဆိုပါလုပ်ရပ်ကို ပူးပေါင်းဆန့်ကျင်ကြဖို့နှင့် ပါဝင်ကျူးလွန်သူများကို အရေးယူနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းအပ်ပါသည်။
ဆက်သွယ်ရန် - +959 963171236(Signal)

01/02/2025
30/11/2024

“ဖက်ဆစ်‌ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲ‌ရဲလျှောက် ”

နိုဝင်ဘာ ၃၀ ရက်၊

သရက်ချောင်းမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီကနေ ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်၊ ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက အကောင်ထည်ဖော်ဖို့ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ တိုက်တွန်းတဲ့အနေနဲ့ “ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ခေါင်းစဥ်နဲ့ အဲဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ စစ်အာဏာသိမ်းမှု သုံးနှစ်ကျော်ကြာကာလအတွင်း အရပ်သားပြည်သူလူထုအပေါ် အကြမ်းဖက်ဖမ်းဆီး နှိပ်စက်သတ်ဖြတ်မှုတွေ နေ့စဉ်နဲ့အမျှ ကျူးလွန်နေတဲ့အပြင် နေ‌အိမ်ပေါင်း မြောက်များစွာကိုလည်း မီးရှို့ဖျက်ဆီးနေပါတယ်။

စစ်ခေါင်းဆောင်တွေဟာ အရပ်သားပြည်သူလူထုအပေါ် အခုလို တရားလက်လွတ် အကြမ်းဖက်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုများနဲ့ စစ်အာဏာသိမ်းမှုကို အထေးထိမ်နိုင်ရေးအတွက် အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး အာရုံလွှဲလှည့်ဖြားရန် ကြိုးပမ်းလျှက်ရှိပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်‌ကောင်စီဟာ အထွေထွေရွေးကောက်ပွဲကျင်းပခွင့် နိုင်ငံရေးအခွင့်အာဏာမရှိတဲ့ အကြမ်းဖက်လက်နက်ကိုင်အုပ်စုမျှသာဖြစ်ပြီး နိုင်ငံတော်အာဏာကို လက်နက်အားကိုး အတင်းအဓမ္မသိမ်းယူထားတဲ့ နိုင်ငံတော် သစ္စာဖောက်များသာ ဖြစ်ပါတယ်။

အဲဒါကြောင့် ပြည်သူလူထုတရပ်လုံးရဲ့ နိုင်ငံရေးတောင်းဆိုမှုဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လျှောက်လှမ်းနိုင်ဖို့အတွက် အကြမ်းဖက်စစ်ကောင်စီမှ ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ပြီး တော်လှန်ရေးပန်းတိုင်ဆီ ဆက်လက်ချီတက်သွားကြရမှာဖြစ်ပါတယ်။

ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(သရက်ချောင်းမြို့နယ်)

DDMSC ၏ တော်လှန်ရေးလှုပ်ရှားမှုများအား အောက်ပါ YouTube Channel နှင့် Telegram Channel တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်သည်။
YouTube Channel > https://youtube.com/
Telegram Channel>https://t.me/ddmsc1

“ဖက်ဆစ်‌ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲ‌ရဲလျှောက် ”နိုဝင်ဘာ ၃၀ ရက်၊သရက်ချောင်းမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှ...

Address

Myeik-Dawei Road
Thayetchaung

Telephone

+959979238547

Website

Alerts

Be the first to know and let us send you an email when Rural Community's United Strike Committee - Thayetchaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Rural Community's United Strike Committee - Thayetchaung:

Share