DrM Clinic

DrM Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DrM Clinic, Government Organization, Kyi Taw Kone Yrd, Yamethin.

21/07/2026
11/06/2026

ဆီးချိုဝေဒနာရှင်တွေ ဘယ်လိုစားသောက်နေထိုင်သင့်သလဲ...
ဆီးချိုစဖြစ်နေပြီဆိုရင် အောက်ပါအချက်လေးတွေ လိုက်လုပ်ဖို့ တိုက်တွန်းပါရစေ။

1. ထမင်းကို သတ်မှတ်ထားတဲ့ပမာဏ အတိုင်း စားပေးရပါမယ်။ ဒီနေရာမှာ ထမင်းလုံးဝ မစားရဘူးလို့ ကျွန်တော် မပြောပါဘူး။ မြန်မာလူမျိုးဖြစ်တော့ ထမင်းကတော့ စားချင်မှာပဲ။ ဒါပေမယ့် စားတဲ့အခါ မှာ ချင့်ချိန်ပြီးစားပေးဖို့လိုတယ်။ ဥပမာ နေ့လည်စာ ထမင်းကို ထမင်းစားဇွန်း ၅-၆ ဇွန်းစားလို့ရပါတယ်။ စားတဲ့ နေရာမှာလည်း ဆန်ကို ရေငှဲ့ချက်ရင် ပိုကောင်းပါတယ်။ ပေါ်ဆန်းမွှေးအစား ဆန်လုံးညို၊ ဘာစမာတီတို့စားလည်းရပါတယ်။ ဆန်လုံးညိုတို့ ဘာစမာတီတို့က အမျှင်ဓါတ်များတဲ့အတွက် ကိုလက်စထရောကျစေတဲ့ အပြင်ပေါ်ဆန်းမွှေးထက်စာရင် အဆာပိုခံပါတယ်။ ဒါပေမယ့် သကြားဓါတ်(carbohydrate) ပါဝင်တဲ့ ပမာဏကတော့ ပေါ်ဆန်းမွှေးနဲ့ မကွာပါ။ ဒါကြောင့် ထမင်းကို ၅-၆ ဇွန်းပဲ ထိန်းပြီးစားနိုင်တယ်ဆိုရင် ပေါ်ဆန်းမွှေးဆန်အဖြူစားလို့ရပါတယ်။ အဲဒီလို မဟုတ်ဘဲ မထိန်းနိုင်ဘူးဆိုရင်တော့ ဘာစမာတီတို့ ဆန်လုံးညိုတို့စားပေးပါ။ သူတို့က ၅-၆ ဇွန်း လောက်စားရင် ဗိုက်ပြည့်သွားတတ်ပါတယ်။

2. အရွက်များများစားပါ- ဆီးချို ဝေဒနာရှင်တွေမှာ ထမင်းကို စားနေကျထက်လျှော့စားလိုက်ရတဲ့အတွက် ဗိုက်မဝတဲ့ပြဿနာဖြစ်တတ်ပါတယ်။ ဒါကို ဖြေရှင်းပေးဖို့ အကောင်းဆုံးနဲ့ အန္တရာယ် အကင်းဆုံးနည်းလမ်းမှာ ပာင်းသီးပာင်းရွက်များများ စားပေးတာပါပဲ။ အမျှင်ဓါတ် ကြွယ်ဝတဲ့ အပြင် ဗီတာမင်၊ သတ္တု များစွာပါဝင်တဲ့အတွက် ဆီးချိုဝေဒနာရှင် တော်တော်များများမှာကြုံတွေ့နေရတဲ့ ဗီတာမင်နှင့်သတ္တုဓါတ်ချို့တဲ့နေတဲ့ ပြဿနာကိုပါဖြေရှင်းပြီးသား ဖြစ်သွားပါတယ်။

3. အမျှင်ဓါတ်ကြွယ်ဝတဲ့ oat meal လို မျိုးကို မနက်စာအနေနဲ့ စားပေးပါ။ အမျှင်ဓါတ်များတဲ့ အတွက် သွေးတွင်းကိုလက်စထရောကိုကျစေတဲ့ အတွက် ဆီးချိုထိန်းတဲ့နေရာမှာ အထောက်အကူဖြစ်စေပါတယ်။ ထို့အပြင် oat meal စားဖြင်းဖြင့် အလွယ်တကူ ဗိုက်ပြည့်လွယ်စေတာကြောင့် စားတဲ့ပမာဏ နည်းသွားတဲ့ အတွက် သွေးတွင်းသကြားတက်နှုန်းကို ထိန်းပေးနိုင်ပါတယ်။

4. အသားပမာဏ ပြည့်မီအောင်စားပါ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ရဲ့ အဓိကပြဿနာ ကတော့ အသားများများ စားတတ်တဲ့ အကျင့်မရှိတာပါပဲ။ အသားစားပေးခြင်းက အဆာပိုခံပါတယ်။ အသားသိပ်မစားကြတော့ ဗိုက်မပြည့်ကြ၊ ဗိုက်မပြည့်တော့ ထမင်းပိုစားမိကြပြီး ဆီးချိုကလည်းထိန်းမရ ဖြစ်သွားပါတယ်။ အနည်းဆုံး နေ့လည်စာ နဲ့ ညစာမှာ အသား ငါးကျပ်သားစီ စားပေးဖို့လိုပါတယ်။ ကြက်ဥ အကာလည်း အလျဉ်းသင့်ရင် သင့်သလို စားပေးသင့်ပါတယ်။

5. ပာင်းအနှစ်ကို တက်နိုင်သမျှရှောင်ပါ။ လုံးဝရှောင်နိုင်ရင်တော့ အကောင်းဆုံးပါ။ ဒါပေမယ့် မြန်မာလူမျိုးဖြစ်နေတော့ မြန်မာပာင်းကတော့ စားချင်မှာပဲ ဆိုတော့ ချက်ကတည်းက ဆီလျှော့ချက်တာမျိုး၊ ထမင်းစားရင် အသားပဲ ရွေးခပ်စားတာမျိုး လုပ်ပေးပါ။ ခပ်လိုက်တဲ့ အသားတုံးမှာ ကပ်နေတဲ့ အနှစ်နည်းနည်းလေးတွေနဲ့ ပဲ နယ်စားတတ်တဲ့ အကျင့်လုပ်ပါ။ စားပာင်း အနှစ်ချည်း သပ်သပ်ခပ်စားတာမျိုး လုံးဝ မလုပ်သင့်ပါဘူး။ .

6. အသီးစားလို့ရပါတယ်။ ဆီးချိုဝေဒနာရှင်တွေမှာ အသီးလုံးဝ မစားရဘူးဆိုပြီး လွဲမှားနေတာတွေ တွေ့ရပါတယ်။ တကယ်တော့ ဆီးချိုဝေဒနာရှင်တွေ အနေနဲ့ အသီးစားလို့ရပါတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ အသီးကို သတ်မှတ်ထားတဲ့ ပမာဏစားပေးဖို့လိုပါတယ်။ ဥပမာ - ပန်းသီး အလုံးသေးတစ်လုံး၊ လိမ္မော်သီး (ပျားလိမ္မော် မဟုတ်ပါ) တစ်လုံး၊ မာလကာသီးတခြမ်း၊ ငှက်ပျောသီးတဝက်၊ နှင်းသီးသုံးလုံး၊ ကြက်မောက်သီး ၄ လုံး၊ မင်းဂွတ်သီး ၄ လုံး၊ ကျွဲကောသီး နှစ်စိပ်၊ ပန်းသစ်တော် တခြမ်း၊သင်္ဘောသီး ၄ တုံး၊ စပျစ်သီး အသေး ၁၅ လုံး၊ အကြီး ၇-၈ လုံး စတာတွေ စားလို့ရပါတယ်။ မစားသင့်တဲ့ အသီးတွေကတော့ နာနတ်သီး၊ ဒူးရင်းသီး၊ ပျားလိမ္မော် စတာတွေ မစားသင့်ပါဘူး။ အခုပြောထားတဲ့ စားလို့ရတဲ့ အသီးတွေနှင့် ပမာဏ အတိအကျကို နေ့လည်စာ နှင့် ညစာ စားပြီး ၁ နာရီခွဲ လောက် ကြာမှ စားပေးရပါမယ်။ ထမင်း စားစားပြီးချင်း အချိုတည်းတယ်ဆိုပြီး ချက်ချင်း အသီးစားလိုက်ရင် ဆီးချို ချက်ချင်း တက်သွားနိုင်ပါတယ်။

7. ကလီစာရှောင်ပါ။ ဝမ်းတွင်းကလီစာတွေဖြစ်တဲ့ ကြက်အသည်း၊ ဝက်အသည်း၊ ဝက်အူ၊ အမဲအူ၊ ဝက်သားတုတ်ထိုး စတာတွေမှာ ကိုလက်စထရော အရမ်းများတဲ့အတွက် ရှောင်ရှားသင့်ပါတယ်။ တစ်နေ့ကို ကိုလက်စထရော ၂၀၀-၃၀၀ mg ပဲ စားလို့ရပါတယ်။ ဥပမာ- ကလီစာ တစ်မျိုးဖြစ်တဲ့ ဝက်ဦးနှောက် ဆိုရင် ၆ကျပ်သားမှာ ကိုလက်စထရော ၁၅၀၀ ကျော်လောက်ပါပါတယ်။ ဒါမျိုးဆို အရမ်းများပါတယ်။ သွေးတွင်းကိုလက်စထရော အရမ်းတက်လာစေပြီး ဆီးချိုပါ ထိန်းမရဖြစ်တတ်ပါတယ်။

8. ကြက်ဥအနှစ်ကို တစ်နေ့ ၁ လုံး ထက်ပို မစားမိပါစေနှင့်။ ကြက်ဥ အနှစ် ၁ လုံးမှာ ကိုလက်စထရော 180 mg ပါဝင်တဲ့ အတွက် တရက်တလုံး ထက်မပိုသင့်ပါ။ အကာ ကတော့ ၄-၅ လုံး ထိစားလို့ရပါတယ်။

9. ဆားကို တစ်နေ့ လက်ဖက်စားဇွန်း ၁ ဇွန်းထက်မပိုပါစေနှင့်။ အကယ်လို့ ငံပြာရည် သုံးတယ် ဆိုရင် တစ်နေ့လုံးကို ထမင်းစားဇွန်း ၂ ဇွန်းထက် မပိုသင့်ပါ။ ပဲငံပြာရည်အကြည် သုံးရင်တော့ ထမင်းစားဇွန်း ၃ ဇွန်းထက် မပိုသင့်ပါဘူး။ အခုပြောထားတဲ့ အမျိုးအစားတွေထဲက တစ်နေ့ ကို တစ်မျိုးသာသုံးရမှာဖြစ်ပါတယ်။

10. ဆီ ကို တစ်နေ့ ထမင်းစားဇွန်း ၂ ဇွန်းထက် မပိုသင့်ပါ။ ဒီလိုပြောလို့ ပာင်း အနှစ် ၂ ဇွန်း ထည့်စား လို့ရတယ်လို့ မဆိုလိုပါဘူး။ အခုပြောထားတဲ့ နှစ်ဇွန်းပမာဏပာာ အရွက်ကြော်တာတို့ အသားချည်းခပ်တဲ့နေရာမှာ ကပ်ပါလာမယ့် ဆီပမာဏနှင့် တူတူပါပဲ။

12. အပြင်မှာ ထွက်စားတာကိုလျှော့ပါ။ အများသိတဲ့ အတိုင်း အပြင်အစားအစာတွေက ဆီများတယ်။ ဆား၊ အချိုမှုန့် အရမ်းများတဲ့ အတွက် လျှော့စားသင့်ပါတယ်။ အကယ်၍ မဖြစ်မနေ စားနေရတယ် ဆိုရင် လည်း ဆီကြော်တွေရှောင်ပြီး။ အသုတ် လိုမျိုးကို အရွက်များများ ထည့်စားတတ်တဲ့အကျင့် လုပ်ပါ။

13. မနက်စာ၊ နေ့လည်စာ၊ ညစာ စားပြီး တိုင်း လမ်း ၁၀-၁၅ မိနစ် လျှောက်ပေးပါ။ စားစားပြီးချင်း လှဲ အိပ်လိုက်တာမျိုး တီဗွီ ထိုင်ကြည့်တာမျိုး မလုပ်သင့်ပါ။ စားထားတဲ့ အစားအစာ အာပာာရတွေကို ခန္ဓာကိုယ်က ချက်ချင်း အသုံးပြုပေးဖို့ ကိုယ်လက်လှုပ်ရှားမှုလုပ်သင့်ပါတယ်။ ဒါမှ ဆီးချို မတက်မှာပါ။

14. မနက်ခင်း နှင့် ညနေခင်းမှာ အားကစားတစ်ခု ခု နာရီဝက်ကနေ တစ်နာရီအထိ လုပ်ပေးပါ။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်
#အာဟာရ

 #အစာအိမ်ပိုးကူးစက်ပုံHelicobacter pylori (H. pylori) အစာအိမ်ပိုးသည် အဓိကအားဖြင့် fecal-oral (ဝမ်းမှပါးစပ်)၊ oral-oral (...
11/06/2026

#အစာအိမ်ပိုးကူးစက်ပုံ

Helicobacter pylori (H. pylori) အစာအိမ်ပိုးသည် အဓိကအားဖြင့် fecal-oral (ဝမ်းမှပါးစပ်)၊ oral-oral (ပါးစပ်မှပါးစပ်)၊ နှင့် gastric-oral (အစာအိမ်မှပါးစပ်) လမ်းကြောင်းများဖြင့် ကူးစက်ပြန့်ပွားပါသည်။ ကူးစက်မှုအများစုသည်[1] ကလေးဘဝတွင် ဖြစ်ပွားပြီး မိသားစုအတွင်း ကူးစက်မှု (intrafamilial transmission) သည် အဓိကပုံစံဖြစ်ပါသည်။[1][2]

ကူးစက်ပြန့်ပွားမှု လမ်းကြောင်းများ

- လူမှလူ ကူးစက်မှု (Person-to-person) — အဓိကအားဖြင့် မိခင်မှကလေးသို့ ကူးစက်ခြင်းဖြစ်ပြီး၊ အစာဝါးပြီးမှ ကလေးကိုကျွေးခြင်း၊ ပါးစပ်ချင်းနမ်းခြင်း၊ မစင်သွားပြီးနောက် လက်မဆေးခြင်းတို့ကြောင့် ကူးစက်နိုင်ပါသည်။ ညီအစ်ကိုမောင်နှမများအကြားလည်း ကူးစက်နိုင်ပါသည်။ အရွယ်ရောက်ပြီးသူများအကြား ကူးစက်မှုမှာ ရှားပါးပြီး H. pylori ပိုးသတ်ကုသပြီးနောက် ပြန်လည်ကူးစက်နှုန်းသည် တစ်နှစ်လျှင် ၁.၅% သာရှိပါသည်။[1][3]
- ညစ်ညမ်းသောရေနှင့် အစားအစာမှ ကူးစက်မှု — မစင်ညစ်ညမ်းသောရေသည် H. pylori ကူးစက်မှု၏ အဓိကအရင်းအမြစ်ဖြစ်ပြီး၊ ထိုရေဖြင့် စိုက်ပျိုးသော ဟင်းသီးဟင်းရွက်များ၊ တိရစ္ဆာန်ထွက်ကုန်များမှတစ်ဆင့်လည်း ကူးစက်နိုင်ပါသည်။[4]
- အန်ခြင်း/အစာပြန်တက်ခြင်းမှ ကူးစက်မှု (Gastric-oral) — အစာအိမ်အတွင်းမှ ပိုးပါသော အရည်များ ပါးစပ်သို့ ပြန်ရောက်ခြင်းဖြင့်လည်း ကူးစက်နိုင်ပါသည်။[1]

ကူးစက်မှု ဖြစ်စေသော အန္တရာယ်အချက်များ (Risk Factors)

လူမှုစီးပွားအခြေအနေ နိမ့်ကျခြင်း၊ သန့်ရှင်းရေး မလုံလောက်ခြင်း၊ လူနေထူထပ်ခြင်း၊ သန့်ရှင်းသောသောက်ရေ မရရှိခြင်း၊ နှင့် မိသားစုအတွင်းပိုးရှိခြင်း။

ကာကွယ်ရေး နည်းလမ်းများ

လက်ရှိတွင် H. pylori ကာကွယ်ဆေး (vaccine) မရှိသေးပါ။ သို့သော် အောက်ပါနည်းလမ်းများဖြင့် ကူးစက်မှုကို လျှော့ချနိုင်ပါသည်—[7]

1. သန့်ရှင်းရေး လိုက်နာခြင်း — အထူးသဖြင့် အိမ်သာသုံးပြီးနောက်နှင့် အစားအစာ ပြင်ဆင်ခြင်းမတိုင်မီ လက်ကို ဆပ်ပြာဖြင့် သေချာဆေးကြောပါ။[1][5]
2. သန့်ရှင်းသော သောက်ရေ သုံးစွဲခြင်း — ညစ်ညမ်းသောရေကို ရှောင်ကြဉ်ပြီး ကျိုချက်ထားသော သို့မဟုတ် သန့်စင်ထားသောရေကို သောက်သုံးပါ။[4]
3. အစားအစာ သန့်ရှင်းရေး — ဟင်းသီးဟင်းရွက်များကို သေချာဆေးကြောပြီးမှ စားသုံးပါ၊ အစားအစာများကို ကောင်းစွာ ချက်ပြုတ်ပါ။[4]
4. ကလေးများအတွက် အထူးသတိထားခြင်း — အစာဝါးပြီးမှ ကလေးကိုကျွေးခြင်းကို ရှောင်ကြဉ်ပါ၊ ပါးစပ်ချင်းနမ်းခြင်းကို သတိထားပါ။[1]
5.
5. မိသားစုအခြေပြု စစ်ဆေးကုသခြင်း (Family-based testing) — မိသားစုအတွင်း H. pylori ပိုးတွေ့ရှိပါက အိမ်ထောင်စုဝင် အရွယ်ရောက်ပြီးသူအားလုံးကို စစ်ဆေးကုသခြင်းဖြင့် ပြန်လည်ကူးစက်မှုကို ၇၀% လျှော့ချနိုင်ပါသည်။ Taipei Global Consensus II အရ H. pylori ကူးစက်မှုသည် မိသားစုအတွင်း အဓိကဖြစ်ပွားသောကြောင့် မိသားစုအခြေပြု ချဉ်းကပ်မှုသည် ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ လျှော့ချနိုင်ပါသည်။[8][7]
6.
6. ပိုးတွေ့ရှိပါက ပိုးသတ်ကုသခြင်း — H. pylori ပိုးရှိသူအားလုံးကို ကုသခြင်းဖြင့် အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို ၄၆% လျှော့ချနိုင်ပြီး၊ ကူးစက်ပြန့်ပွားမှုကိုလည်း ကာကွယ်နိုင်ပါသည်။[8]

H. pylori ပိုးကူးစက်မှု ကာကွယ်ရေးအတွက် မိသားစုအတွင်း စစ်ဆေးကုသခြင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးတို့
ကို ပေါင်းစပ်ဆောင်ရွက်ရန် လိုပါတယ်။

Credit Prof Thein Myint-(GI)

References

1. Transmission routes and patterns of helicobacter pylori. Duan M, Li Y, Liu J, et al. Helicobacter. 2023;28(1):e12945. doi:10.1111/hel.12945.
2. ACG Clinical Guideline: Treatment of Helicobacter Pylori Infection. Chey WD, Howden CW, Moss SF, et al. The American Journal of Gastroenterology. 2024;119(9):1730-1753. doi:10.14309/ajg.0000000000002968.
3. Epidemiology of Helicobacter pylori infection. Burucoa C, Axon A. Helicobacter. 2017;22 Suppl 1. doi:10.1111/hel.12403.
4. Transmission Pathway of Helicobacter Pylori: Does Food Play a Role in Rural and Urban Areas?. Vale FF, Vítor JM. International Journal of Food Microbiology. 2010;138(1-2):1-12. doi:10.1016/j.ijfoodmicro.2010.01.016.
5. Living Conditions and Helicobacter pylori in Adults. Amaral O, Fernandes I, Veiga N, et al. BioMed Research International. 2017;2017:9082716. doi:10.1155/2017/9082716.
6. Epidemiology, Diagnosis and Risk Factors of Helicobacter Pylori Infection. Kotilea K, Bontems P, Touati E. Advances in Experimental Medicine and Biology. 2019;1149:17-33. doi:10.1007/5584_2019_357.
7. Screening and Eradication of Helicobacter Pylori for Gastric Cancer Prevention: Taipei Global Consensus II. Liou JM, Malfertheiner P, Hong TC, et al. Gut. 2025;74(11):1767-1791. doi:10.1136/gutjnl-2025-336027.
8. AGA Clinical Practice Update on Screening and Surveillance in Individuals at Increased Risk for Gastric Cancer in the United States: Expert Review. Shah SC, Wang AY, Wallace MB, Hwang JH. Gastroenterology. 2025;168(2):405-416.e1. doi:10.1053/j.gastro.2024.11.001.

11/06/2026

အများပြည်သူသိရှိရန် အသိပေးကြေညာချက်

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့တွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါရ...
30/05/2026

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့တွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါရာထူးနေရာများအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ် (၁၇)၊ နေပြည်တော်နှင့်ပြည်ထောင်စုရာထူးဝန်အဖွဲ့ (ရန်ကုန်ရုံးခွဲ)၊ အမှတ်(၆၅)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်(သို့မဟုတ်) တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးများ၌ လျှောက်လွှာဝယ်ယူ၍ ၂၉-၆-၂၀၂၆ ရက်နေ့နောက်ဆုံးထားပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)၊ နေပြည်တော်သို့ လူကိုယ်တိုင်(သို့မဟုတ်) စာတိုက်မှတစ်ဆင့် ပေးပို့လျှောက်ထားနိုင်ပါကြောင်းအသိပေးတင်ပြအပ်ပါသည်။

27/05/2026
27/05/2026

Address

Kyi Taw Kone Yrd
Yamethin

Telephone

+959797495531

Website

Alerts

Be the first to know and let us send you an email when DrM Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share