Ray of the Spring

Ray of the Spring Education is your birthright.

28/07/2023
🌅အမှန်တရားကို မြတ်နိုးပြီး ပညာသင်ကြားခွင့်ဆုံးရှုံးနေသော CDM ကျောင်းသား၊ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာန၊အမျိုးသားညီည...
09/07/2023

🌅အမှန်တရားကို မြတ်နိုးပြီး ပညာသင်ကြားခွင့်ဆုံးရှုံးနေသော CDM ကျောင်းသား၊ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလအခြေခံပညာသင်ကြားရေးဆောင်ရွက်ရန် လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်သင်ကြားမည့် နွေဦးရောင်ခြည်ပညာသင်ကျောင်း၏ Batch 3 အား ⭐13.7.2022 ရက်၊ကြာသာပတေးနေ့တွင် ဖွင့်လှစ်မည်ဖြစ်ပါကြောင်း မိဘ၊အုပ်ထိန်းသူ၊ကျောင်းသား၊ကျောင်းသူများအား အသိပေးကြေငြာအပ်ပါသည်။
🌅 နွေဦးရောင်ခြည်ပညာသင်ကျောင်းတွင် KG မှ Grade 9 အထိ စနစ်သစ်အတန်းများအား zoom app ကို အသုံးပြု၍ online ဖြင့်သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။
🌅စာသင်ကာလမှာ ဇူလိုင်လ၊၂၀၂၃ မှ ဖေဖော်ဝါရီလ၊၂၀၂၄ အထိ ဖြစ်ပါသည်။
နွေဦးရောင်ခြည် ပညာသင်ကျောင်း

မင်္ဂလာပါ မိဘပြည်သူများ ခင်ဗျာ...... 🌅နွေဦးရောင်ခြည်ပညာသင်ကျောင်း၏ Form သည် 10.7.23 ရက်နေ့ည 12နာရီအချိန်တွင် ပိတ်သွားမည်...
09/07/2023

မင်္ဂလာပါ မိဘပြည်သူများ ခင်ဗျာ......

🌅နွေဦးရောင်ခြည်ပညာသင်ကျောင်း၏ Form သည် 10.7.23 ရက်နေ့ည 12နာရီအချိန်တွင် ပိတ်သွားမည်ဖြစ်ပြီး စတင်ကျောင်းအပ်လက်ခံသည့်နေ့မှစ၍ ကျောင်းနှင့်ဆက်သွယ်ရန် အကြောင်းကြားစာများကို ပေးပို့နေပြီ ဖြစ်ပါသည်။

🌅 သို့ဖြစ်ပါ၍ ကျောင်းအပ်နှံထားသည့် မိဘအုပ်ထိန်းသူများအနေဖြင့် လူကြီးမင်းတို့ ကျောင်းအပ် Form ဖြည့်စဉ်က ပေးထားသည့် Email များကို ဝင်ရောက်စစ်ဆေးပေးကြပါရန်
အသိပေးအပ်ပါသည်။
ထိုသို့ စစ်ရာတွင် Email ၏ Inbox တွင်သာမက ပဲ Spam box ထဲတွင်ပါ ဝင်ရောက် ကြည့်ရှုစစ်ဆေးရန် လိုအပ်မည် ဖြစ်ပါသည်။

🌅 အကယ်၍ အကြောင်းကြားစာ
မရောက်ပါက Form ဖြည့်စဉ်က အောင်မြင်သော်လည်း မိမိတို့၏ ဖြည့်စွက်ထားသည့် Email address, Telegram Account, Viber No မမှန်ကန်ခြင်းကြောင့် အကြောင်းကြားစာ
မရောက်ရှိခြင်း ဖြစ်ပါသည်။

🌅 ထိုသို့ အကြောင်းကြားစာ မရောက်ရှိသော ကျောင်းသား/သူများအနေဖြင့် ကျောင်း၏ Page Messenger သို့ မိမိတို့ Form ဖြည့်ခဲ့သည့် Name, Email address,Grade,Form ဖြည့်ခဲ့သည့် နေ့ရက်၊အချိန်(ခန်မှန်း) တို့ကို ပို့၍ အမြန်ဆက်သွယ်ရန် လိုအပ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

🌅အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ပညာရေးဝန်ကြီးဌာန(MOE)တို့ ၏ လမ်းညွှန်ချက်များနှင့်အညီ နွေဦးရောင်ခြည်ပညာသင်ကျောင်း၏ Batch ...
02/07/2023

🌅အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ပညာရေးဝန်ကြီးဌာန(MOE)တို့ ၏ လမ်းညွှန်ချက်များနှင့်အညီ နွေဦးရောင်ခြည်ပညာသင်ကျောင်း၏
Batch 3 ၂၀၂၃-၂၀၂၄ ပညာသင်နှစ် July မှ February အတွက် ကျောင်းသားလက်ခံခြင်းကို ယနေ့ (2.7.2023) မှ စတင်၍ (10.7.2023)ထိ လက်ခံပေးသွားမည်
ဖြစ်ပါသည်။

🌅ဓမ္မဘက်မှ ရပ်တည်ခဲ့ကြသောလူကြီးမင်းတို့၏ သား၊သမီး များ ပညာရေးနောက်မကျရစေရန် ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

🌅အောက်မှာ ချပေးထားတဲ့ Form link မှForm ဖြည့်ပေးရန်လိုအပ်ပါသည်။

အပြည့်အစုံ 👇👇👇
https://docs.google.com/forms/d/14SDmkzv8WCs-Innj9pIE8BmTer-uZfmd8lY1500j6fg/edit?usp=drivesdk

02/07/2023

ဓမ္မဘက်မှ အစဉ်အမြဲရပ်တည်ခဲ့သော
မိဘပြည်သူများရှင့်............

နွေဦးရောင်ခြည်ပညာသင်ကျောင်း၏ *Batch 3* ကျောင်းသားလက်ခံခြင်းကို မကြာမီအချိန်အတွင်းတွင် Formဖြည့် လက်ခံသွားတော့မှာ ဖြစ်ပါတယ်။

သို့ဖြစ်သောကြောင့် ကျောင်းအပ်နှံမည့် ကျောင်းသား၊ကျောင်းသူများ နှင့် မိဘအုပ်ထိန်းသူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့မှ အောက်ပါအတိုင်း ထုတ်ပြန်
လိုက်ပါသည်။
__

နွေဦးရောင်ခြည် ပညာသင်ကျောင်းတွင်အပ်မည့် ကျောင်းသား/သူများနှင့်
မိဘ အုပ်ထိန်းသူများ ကျောင်းအပ် Form ဖြည့်စဉ် လိုက်နာရမည့် အချက်များ။

၁။ကျောင်းအပ်ထားသည့် ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများ၏ လုံခြုံရေးကို (အထူး) အလေးထားသောအားဖြင့် ကျောင်းလက်ခံကြောင်း အကြောင်းကြားရာတွင် Email/Viber/Telegram ဖြင့်သာ ဆက်သွယ်အကြောင်းကြားမည်
ဖြစ်သောကြောင့် ကျောင်းအပ်မည့် မည်သူမဆို ခိုင်မာတိကျသော Email Address /Viber No/Telegram Account တစ်ခုစီ ရှိရပါမည်။
(မရှိသေးပါက ကြိုတင်ပြုလုပ်ထားပေးရန်လိုအပ်ပါမည်။)

၂။Formတွင် ဖြည့်သွင်းရမည့် ကိုယ်ရေးအချက်အလက်များသည် ကျောင်းသားတစ်ယောက် ကျောင်းအပ်ရာတွင် လိုအပ်သော ယေဘုယျအချက်အလက်များသာဖြစ်ပါသည်။
(မိဘမှတ်ပုံတင်အမှတ်၊အလုပ်အကိုင်၊နေရပ်လိပ်စာအပြည့်အစုံ၊ဖုန်းနံပါတ် များဖြည့်သွင်းရန် မလိုအပ်ပါ။
ဖြည့်သွင်းခိုင်းခြင်းလည်းမရှိပါ။)

၃။ကျောင်းသားတစ်ယောက်အတွက် Email Address /Viber no/Telegram Account တစ်ခုသာ အသုံးပြုပေးရမည်ဖြစ်သည်။

၄။ကျောင်းမှ လက်ခံကြောင်းအကြောင်းကြားစာ ပေးပို့ပါပြီဟု ကြေညာသည့်အချိန်မှစ၍ မိမိတို့ Mail၏ inbox နှင့် spam box ထဲတွင် ဝင်စစ်ပေးရန် လိုအပ်ပါမည်။(Formဖြည့်စဉ်က Email Address မှန်ကန်စွာ
ဖြည့်ထားသော မည်သူ့ကိုမဆို informed letter
ပေးပို့မည် ဖြစ်ပါသည်။)
Viber No/Telegram account ပေးထားပါက ဆက်သွယ်မည်ဖြစ်သဖြင့်ဝင်ရောက်စစ်ဆေးပေးပါ။

၅။ယခု ကျောင်းသားလက်ခံခြင်းသည် ကျောင်း(လုံးဝ)မတက်ရသေးသည့် ကျောင်းသား/သူများနှင့် မည်သည့် Onlineကျောင်းများတွင်မှ မအပ်နှံရ‌ သေးသည့် ကျောင်းသား/သူများအား အဓိက ထားလက်ခံသွားမည်ဖြစ်သောကြောင့် အမြန်ဆုံးFormဖြည့် အပ်နှံရန် လိုအပ်မည့်အပြင် စာသင်ကာလအတွင်းကို ကျောင်းပုံမှန်တက်ရောက်နိုင်ရန်လည်း လိုအပ်မည်ဖြစ်ပါသည်။
(မိမိကြောင့် ကျောင်းအမှန်တကယ်တက်ရောက်လိုသူတစ်ဦး တစ်ယောက်မှ နစ်နာမှုမရှိစေရန် သေချာစွာ စဉ်းစားပြီးမှ အပ်နှံပေးကြပါရန် တိုက်တွန်းအပ်ပါသည်။)

၆။ နွေဦးရောင်ခြည်ပညာသင်ကျောင်း တွင် အပ်နှံတက်ရောက်မည့် ကျောင်းသား တိုင်းသည် စကစ လက်အောက်ရှိမည်သည့်ကျောင်းကိုမှ(ကိုယ်ပိုင်ကျောင်းများအပါအဝင်) တက်ရောက်ထားခြင်း၊စာရင်းသွင်းထားခြင်းမရှိစေရ။အကယ်၍ ထိုကိစ္စရပ်မျိုးပြုမူဆောင်ရွက်ထားခြင်းရှိပါက ကျောင်းမှ ထုတ်ပယ်ခံရမည် ဖြစ်ပါသည်။

ထို့ကြောင့် အထက်ပါ အချက်အလက်များကို နွေဦးရောင်ခြည်ပညာသင်ကျောင်းတွင် တက်ရောက်ရန်အတွက် Formဖြည့် အပ်နှံမည့် မည်သည့်ကျောင်းသားမဆို ကျေးဇူးပြု၍ သေချာဂရုစိုက်စွာဖြင့် လိုက်နာဆောင်ရွက်ပေးပါရန် (အထူး) မေတ္တာရပ်ခံ
အပ်ပါသည်။
ကျောင်းအုပ်ချုပ်ရေးအဖွဲ့
နွေဦးရောင်ခြည် ပညာသင်ကျောင်း

မိဘပြည်သူများအားလုံး မင်္ဂလာပါရှင့်။ ပြည်သူ့ပညာရေးကျောင်းများကိုမှ တက်ချင်သော ကျောင်းသား၊ကျောင်းသူများအတွက် နွေဦးရောင်ခြ...
02/07/2023

မိဘပြည်သူများအားလုံး မင်္ဂလာပါရှင့်။

ပြည်သူ့ပညာရေးကျောင်းများကိုမှ တက်ချင်သော ကျောင်းသား၊ကျောင်းသူများအတွက် နွေဦးရောင်ခြည်ပညာသင်ကျောင်းကို Batch 3 မကြာခင်မှာ ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သတင်းစကားပါးလိုပါတယ်ရှင့်။

နွေဦးရောင်ခြည်ပညာသင်ကျောင်းသည် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့၊ CDM ဆရာ/ဆရာမများ ဦးဆောင်ပြီး တည်ထောင်ထားခြင်း ဖြစ်ပါတယ်ရှင့်။

ကျောင်းသား / သူများ ဘေးအန္တရာယ်ကင်းရှင်းစွာပညာသင်ကြားနိုင်ရန် Admin အဖွဲ့ဝင်များက နွေဦးရောင်ခြည် ကျောင်းအား ကူညီစောင့်ရှောက်ပေးလျက်ရှိပါသည်။

သင်ကြားရေးကို Online မှတဆင့် Zoom App ဖြင့် လုံခြုံစိတ်ချစွာ သင်ကြားပေးသွားမည်ဖြစ်ပါတယ်ရှင့်။

သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် နွေဦးရောင်ခြည် like and follow လုပ်ခြင်း၊ share ပေးခြင်းများ ပြုလုပ်ပါရန်နှင့် အခြားမည်သည့် ပြည်သူ့ပညာရေးကျောင်းများကိုမျှ မအပ်ရသေးသော မိဘများအား လက်ဆင့်ကမ်းပြောကြားပေးခြင်းများ ပြုလုပ်ပေးကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်ရှင့်။

နွေဦးရောင်ခြည် ပညာသင်ကျောင်း

page
https://ift.tt/aiTRs8Z

Telegram Channel
https://ift.tt/DLXRepr

13/03/2023

ကျမ ဆရာ ရေးပြီး ကျမedit လုပ်ပေးထားတဲ့ အမှတ်တရသီချင်းလေးပါ

လွတ်လပ်ရေးနေ့ကျောင်းပိတ်ရက်ကြေညာခြင်း၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့သည် လွတ်လပ်ရေးနေ့ဖြစ်ပါ၍ ကျောင်းပိတ်ရက်အဖြစ်Ray of t...
02/01/2023

လွတ်လပ်ရေးနေ့ကျောင်းပိတ်ရက်ကြေညာခြင်း

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့သည် လွတ်လပ်ရေးနေ့ဖြစ်ပါ၍ ကျောင်းပိတ်ရက်အဖြစ်
Ray of the Spring Free Online School ရှိအတန်းများအားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း ကျောင်းသားများအား ကြိုတင်အသိပေးအပ်ပါသည်။

နွေဦးရောင်ခြည် ပညာသင်ကျောင်း

17/12/2022

Ray of the Spring Free Online School
Grade 5, Science
Presentation 👍👍👍

ဒီဇင်ဘာကျောင်းပိတ်ရက်ကြေညာခြင်း၂၀၂၂ခုနှစ် ဒီဇင်ဘာလ 22ရက်နေ့မှ 25ရက်နေ့ အထိအား ဒီဇင်ဘာ ကျောင်းပိတ် ရက် အဖြစ်သတ်မှတ်၍Ray o...
17/12/2022

ဒီဇင်ဘာကျောင်းပိတ်ရက်ကြေညာခြင်း

၂၀၂၂ခုနှစ် ဒီဇင်ဘာလ 22ရက်နေ့မှ 25ရက်နေ့ အထိအား ဒီဇင်ဘာ ကျောင်းပိတ် ရက် အဖြစ်သတ်မှတ်၍
Ray of the Spring Free Online School ရှိအတန်းများအားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း ကျောင်းသားများအား ကြိုတင်အသိပေးအပ်ပါသည်။

နွေဦးရောင်ခြည် ပညာသင်ကျောင်း

🌅အမှန်တရားကို မြတ်နိုးပြီး ပညာသင်ကြားခွင့်ဆုံးရှုံးနေသော CDM ကျောင်းသား၊ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာန၊အမျိုးသားညီည...
13/12/2022

🌅အမှန်တရားကို မြတ်နိုးပြီး ပညာသင်ကြားခွင့်ဆုံးရှုံးနေသော CDM ကျောင်းသား၊ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလအခြေခံပညာသင်ကြားရေးဆောင်ရွက်ရန် လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်သင်ကြားမည့် နွေဦးရောင်ခြည်ပညာသင်ကျောင်းအား ⭐14.12.2022 ရက်၊ဗုဒ္ဓဟူးနေ့တွင် ဖွင့်လှစ်မည်ဖြစ်ပါကြောင်း မိဘ၊အုပ်ထိန်းသူ၊ကျောင်းသား၊ကျောင်းသူများအား အသိပေးကြေငြာအပ်ပါသည်။
🌅 နွေဦးရောင်ခြည်ပညာသင်ကျောင်းတွင် KG မှ Grade 10 အထိ zoom app ကို အသုံးပြု၍ online ဖြင့်သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။
🌅စာသင်ကာလမှာ ဒီဇင်ဘာလ၊၂၀၂၂ မှ မေလ၊၂၀၂၃ အထိ ဖြစ်ပါသည်။
နွေဦးရောင်ခြည် ပညာသင်ကျောင်း

Address

Yangon
11051

Website

Alerts

Be the first to know and let us send you an email when Ray of the Spring posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Ray of the Spring:

Share

Category