Tourism Yangon

Tourism Yangon Directorate of Hotels & Tourism (Yangon)

28/07/2026

မြန်မာနိုင်ငံအနေဖြင့် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းများ တိုးတက်လာစေရန် စနစ်တကျမြှင့်တင်ဆောင်ရွက်

ရန်ကုန် ဇူလိုင် ၂၇

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်း၍ ကျင်းပသည့် မြန်မာ့ရိုးရာ အစားအစာပြိုင်ပွဲနှင့်ပြပွဲ-၂၀၂၆ (Tastes of the Golden Land-2026) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် (၂၅) ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်စိုး၊ ဦးထွန်းအုံနှင့် ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင် အချက်အပြုတ်ပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ကပြဖျော်ဖြေ

ဦးစွာ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “စားဖွယ်စုံလင်ပြည်တစ်ခွင်” သီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။

ထို့နောက် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် မြန်မာ့ရိုးရာ အစားအစာပြိုင်ပွဲနှင့် ပြပွဲကြီးသည် မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုတစ်ခုဖြစ်သည့် မြန်မာ့ရိုးရာအစားအသောက်များကို နိုင်ငံတကာအဆင့်မီ တည်ခင်းဧည့်ခံနိုင်ရန်၊ မြန်မာ့ရိုးရာအစားအစာများကို ကမ္ဘာ့အလယ်တွင် ပိုမိုထင်ရှား ကျော်ကြားလာစေရန်နှင့် မြန်မာ့ရိုးရာအစားအစာများကို အခြေခံပြီး နိုင်ငံတကာခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေး မြှင့်တင်ဆွဲဆောင်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပသော အနက်အဓိပ္ပာယ်ရှိလှသည့် ပြိုင်ပွဲနှင့်ပြပွဲကြီး ဖြစ်ကြောင်း။

ကမ္ဘာ့နိုင်ငံအသီးသီးက မိမိနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အမျိုးသားရေးလက္ခဏာနှင့် သမိုင်းကြောင်းအစဉ်အလာများကို ဖော်ပြရာတွင် ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် အနုပညာ၊ စာပေ၊ ဝတ်စားဆင်ယင်မှုများအပြင် အစားအသောက်ဆိုင်ရာ ယဉ်ကျေးမှု (Food Culture) သည်လည်း အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်နေကြောင်း၊ မိမိတို့နိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သည့် ပြည်ထောင်စုကြီး ဖြစ်သည်နှင့်အညီ ဒေသအလိုက်၊ တိုင်းရင်းသားလူမျိုးစုများအလိုက် မတူကွဲပြားသည့် ယဉ်ကျေးမှုဓလေ့ထုံးစံများရှိသကဲ့သို့ ထူးခြားပြီးအရသာရှိလှသည့် ရိုးရာအစားအစာများကို ပိုင်ဆိုင်ထားသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ထူးခြားပြီးဆွဲဆောင်မှုရှိသည့် မြန်မာ့ရိုးရာအစားအစာများကို နိုင်ငံအတွင်းမှာသာမက ကမ္ဘာကသိအောင် ဖော်ထုတ်ပြီး မြှင့်တင်ဆောင်ရွက်နိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများကို ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

ရိုးရာအစားအစာများ ဖော်ထုတ်မြှင့်တင်

ဒေသအလိုက် ရိုးရာအစားအသောက်များသည် ခရီးသွားများ၏ ခရီးစဉ်ရွေးချယ်မှုတွင် အရေးပါ သည့် အစိတ်အပိုင်းတစ်ခုဖြစ်လာကြောင်း၊ ယနေ့ကာလတွင် အစားအသောက်ကို အကြောင်းပြုပြီး သွားလာလည်ပတ်သည့် ခရီးသွားလုပ်ငန်းတစ်နည်းအားဖြင့် Gastronomy Tourism သည် အရှိန်အဟုန်ဖြင့် တိုးတက်လာသည့် ခရီးသွားလုပ်ငန်းအမျိုးအစား တစ်ခုဖြစ်လာသည်ကို တွေ့ရကြောင်း၊ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းသည် အလျင်အမြန် တိုးတက်လာသည်နှင့်အမျှ ကမ္ဘာ့နိုင်ငံများသည်လည်း မိမိတို့နိုင်ငံ၏ ပုံရိပ်မြှင့်တင်ရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရိုးရာအစားအစာများကို ထိရောက်စွာ ဖော်ထုတ်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့မြန်မာနိုင်ငံတွင်လည်း နိုင်ငံနှင့်ယှဉ်တွဲပြီး သိစေနိုင်မည့် အစားအစာများကို ဖော်ထုတ်မြှင့်တင်ဆောင်ရွက်ကြရန်လိုကြောင်း။

မိမိတို့နိုင်ငံ အနေဖြင့်လည်း ထင်ရှားကျော်ကြားသည့် မြန်မာ့လက်ဖက်၊ ထမနဲစသည့် ရိုးရာအစားအစာများကို ကမ္ဘာကသိရှိပြီး UNESCO က အသိအမှတ်ပြုခံရသည့် ဒြပ်ရှိယဉ်ကျေးမှုအမွေ အနှစ်ဖြစ်အောင် ကြိုးစားဆောင်ရွက်နေသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ အစားအသောက်ဆိုင်ရာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာခြင်းသည် မိမိတို့ဒေသ၏ ရိုးရာအစားအစာများကို ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်ရာ ရောက်သကဲ့သို့ ဟိုတယ်များ၊ စားသောက်ဆိုင်လုပ်ငန်းများ သာမက စိုက်ပျိုးမွေးမြူရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက်လည်း တိုက်ရိုက်အကျိုးကျေးဇူးရရှိစေနိုင် မည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် အခြေခံလူတန်း စားများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးရာလည်းရောက်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်းအစား အသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းများ တိုးတက်လာစေရန် စနစ်တကျမြှင့်တင်ဆောင်ရွက် ကြရန်အတွက်ယခုကဲ့သို့ မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲကို စီစဉ်ကျင်းပရခြင်းလည်းဖြစ်ကြောင်း။

မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲများမှတစ်ဆင့် မြန်မာ့ရိုးရာအစားအစာများကို နိုင်ငံတကာအဆင့်မီ အရသာရှိရှိချက်ပြုတ်ပြီး သန့်သန့်ရှင်းရှင်း၊ ဖွယ်ဖွယ်ရာရာ တည်ခင်းဧည့်ခံနိုင်ရန် ပြင်ဆင်တင်ဆက်မှုများ၊ စားဖိုမှူးများ၏ တီထွင်ဖန်တီးမှုများကို ဖော်ထုတ်မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ စိတ်ဝင်စားစရာကောင်းသည့် မြန်မာ့ရိုးရာ အစားအစာများကတစ်ဆင့် မြန်မာနိုင်ငံကို နိုင်ငံတကာခရီးသွားများ ပိုမိုသိရှိပြီး လာရောက်လည်ပတ်စေရန်အတွက် အထောက်အကူပြု ဆွဲဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုပြိုင်ပွဲနှင့်ပြပွဲ အစီအစဉ်ကို မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်၌ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာ အစားအစာများကို နိုင်ငံတကာအဆင့်မီ ချက်ပြုတ်တည်ခင်းဧည့်ခံနိုင်ရန် ပြိုင်ပွဲပြုလုပ်ရုံသာမက တိုင်းဒေသကြီးနှင့်ပြည်နယ်များက ဒေသထွက် အစားအစာများ၊ ကော်ဖီ၊ လက်ဖက်စသည့် ထုတ်ကုန်များကိုပါ တစ်နေရာတည်းတွင် ဝယ်ယူစားသောက်နိုင်အောင် စီစဉ်ထားသည်ကို တွေ့ရှိရကြောင်း၊ အခမ်းအနားတက်ရောက် လာကြသူများအနေဖြင့် မြန်မာ့ရိုးရာ အစားအစာများ၏ ထူးခြားသည့်အရသာ၊ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုတန်ဖိုးများကို သိရှိခံစားနိုင်မည့် အခွင့်အရေးကောင်းတစ်ရပ် ဖြစ်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ရှေ့ဆက်လက်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့စီးပွားအတွက် အထောက်အပံ့ကောင်းများရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ယင်းနောက် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် က မြန်မာ့ရိုးရာ အစားအစာပြိုင်ပွဲနှင့်ပြပွဲ -၂၀၂၆ အခမ်းအနားကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး က အခမ်းအနားဖြစ်မြောက်အောင် Main Sponsor၊ Gold Sponsor နှင့် Silver Sponsor အဖြစ် ပံ့ပိုးကူညီပေးခဲ့ကြသည့် လုပ်ငန်းရှင်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က Supporting Partner အဖြစ် ပံ့ပိုးကူညီပေးခဲ့ကြသည့် လုပ်ငန်းရှင်များကိုလည်းကောင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ဒုတိယသမ္မတသည်အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ပြိုင်ပွဲယှဉ်ပြိုင်နေမှုရုပ်သံကို ကြည့်ရှုအားပေးကြပြီး စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကာ ပြခန်းများ နှင့် ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ဒုတိယသမ္မတက ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုလက်မှတ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယခုကျင်းပသည့် အခမ်းအနားသည် မြန်မာ့ရိုးရာ အစားအစာများကို နိုင်ငံတကာအဆင့်မီ Fine Dining အသွင်ဖြင့် တင်ဆက်ယှဉ်ပြိုင်ခြင်း၊ ဒေသအသီးသီးမှ ရိုးရာအစားအစာများကို ပြသခြင်း၊ ရောင်းချခြင်း၊ အတွေ့အကြုံများဖလှယ်ခြင်းတို့ကို တစ်နေရာတည်းတွင် လေ့လာကြည့်ရှုဝယ်ယူနိုင်အောင် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ်ကျင်းပသည့် အခမ်းအနားတစ်ခုဖြစ်ပြီး ပြိုင်ပွဲဝင်အဖွဲ့ ခုနစ်ဖွဲ့ပါဝင်ယှဉ်ပြိုင်ခဲ့ကာပြခန်းပေါင်း ၁၂၀ ပြသရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

28/07/2026
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး လက်ခုပ်ကုန်းဟိုတယ်စီမံကိန်းနှင့်ခရီးစဉ်ဒေသသစ် ဆယ်အိမ်တန်းကမ...
28/07/2026

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး လက်ခုပ်ကုန်းဟိုတယ်စီမံကိန်းနှင့်ခရီးစဉ်ဒေသသစ် ဆယ်အိမ်တန်းကမ်းခြေသို့ သွားရောက်ကွင်းဆင်းလေ့လာခြင်း

ရက်စွဲ ။ ၂၃.၇.၂၀၂၆ (ကြာသပတေးနေ့)
နေရာ ။ လက်ခုပ်ကုန်းနှင့်ဆယ်အိမ်တန်းကမ်းခြေ ၊ ကွမ်းခြံကုန်းမြို့နယ်

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုးသည် (၂၃.၇.၂၀၂၆) ရက်နေ့တွင် တိုင်းတာဝန်ခံနှင့်အတူ ကွမ်းခြံကုန်းမြို့နယ်ရှိ ဝန်ကြီးဌာနပိုင် လက်ခုပ်ကုန်းဟိုတယ် စီမံကိန်းဆောင်ရွက်နေမှုအား သွားရောက်စစ်ဆေးရာ စီမံကိန်းတာဝန်ခံအား အဆောက်အဦးများ အမြန်တည်ဆောက်ပြီး ခရီးသည်များလာရောက်တည်းခိုနိုင်ရေး အမြန်ဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။ ၎င်းနောက် ခရီးစဉ်ဒေသအသစ် ဆယ်အိမ်တန်းကမ်းခြေသို့ ဆက်လက်ထွက်ခွာပြီး သွားရောက်လေ့လာခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးမှ ခရီးစဉ်ဒေသအသစ်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွား များလာ ရောက်လည်ပတ်ရေး၊ ဒေသထွက်အစား အစာများ ကျန်းမာရေးညီညွှတ်ပြီး သန့်ရှင်းသပ်ရပ်ရေးမှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

27/07/2026

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး “မြန်မာ့ရိုးရာ အစားအသောက်ပြိုင်ပွဲနှင့် ပြပွဲ (၂၀၂၆)” ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှု ။ ရန်ကုန် ၊ ဇူလိုင်လ -၂၇ ရက်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး မြန်မာ့ရိုးရာ အစားအစာပြိုင်ပွဲနှင့် ပြပွဲ-၂၀၂၆ ဖွင့်ပွဲအခမ...
27/07/2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး မြန်မာ့ရိုးရာ အစားအစာပြိုင်ပွဲနှင့် ပြပွဲ-၂၀၂၆ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

24/07/2026

စွမ်းအင်ပြတိုက်သို့အလည်တစ်ခေါက်

22/07/2026

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးတက်ရောက်

Address

Bo Aung Kyaw , Strand Road, Botahtaung Township
Yangon

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30

Telephone

+951256561

Website

Alerts

Be the first to know and let us send you an email when Tourism Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Tourism Yangon:

Shortcuts

Share