17/11/2026
💧🌍 Promise Action Explores Hands-On Biosand Filter Construction in Chiang Mai, Thailand!
Earlier this month, Promise Action took part in a four-day workshop on biosand water filter construction in Chiang Mai, Thailand. Rain Tree Foundation hosted the workshop, with technical training from CAWST (Centre for Affordable Water and Sanitation Technology).
Participants prepared sand and gravel, layered them inside the concrete filter body and checked how quickly water flowed through it. The workshop also covered what happens after filtration, including how families can safely store the water they collect.
We joined to share these practical lessons with our team and local partners working on water, sanitation and hygiene (WASH) in Myanmar. Thank you to Rain Tree Foundation, CAWST and fellow participants for sharing your knowledge and field experience. 🤝
📸 Tomorrow, we’ll share four workshop photos showing what goes inside a biosand filter and how participants checked the water flow.
--------------------------------------------------
💧 🌍 ချင်းမိုင်မှာ ဇီဝသဲရေစစ် တည်ဆောက်နည်း လက်တွေ့လေ့လာခဲ့တဲ့ Promise Action
ယခုလအစောပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ လေးရက်တာ ဇီဝသဲရေစစ် (Biosand Filter) တည်ဆောက်နည်းသင်တန်း ကို Promise Action က ပါဝင်တက်ရောက်ခဲ့ပါတယ်။ သင်တန်းကို Rain Tree Foundation က စီစဉ်ကျင်းပခဲ့ပြီး CAWST က နည်းပညာပိုင်းကို သင်ကြားပေးခဲ့ပါတယ်။
လက်တွေ့သင်တန်းမှာ သဲနဲ့ ကျောက်စရစ်တွေကို ပြင်ဆင်ပြီး ကွန်ကရစ်ရေစစ်ကိုယ်ထည်ထဲမှာ အလွှာလိုက် ထည့်သွင်းခဲ့ကြပါတယ်။ ပြီးတဲ့အခါ ရေစစ်ကနေ ရေဘယ်လောက်မြန်မြန် စီးထွက်လာသလဲဆိုတာကို တိုင်းတာခဲ့ကြပါတယ်။ အိမ်ထောင်စုတွေမှာ စစ်ပြီးသားရေကို ဘယ်လိုသိုလှောင်ထားရင် သန့်ရှင်းမှုကို ထိန်းထားနိုင်မလဲဆိုတာကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ဒီလက်တွေ့အတွေ့အကြုံတွေကို မြန်မာနိုင်ငံမှာ ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး (WASH) လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ကျွန်တော်တို့အဖွဲ့နဲ့ ဒေသခံမိတ်ဖက်တွေကို ပြန်လည်မျှဝေဖို့ ရည်ရွယ်ပြီး တက်ရောက်ခဲ့တာပါ။ နည်းပညာဗဟုသုတနဲ့ ကွင်းဆင်းအတွေ့အကြုံတွေကို မျှဝေပေးခဲ့ကြတဲ့ Rain Tree Foundation၊ CAWST နဲ့ သင်တန်းတက်ရောက်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ 🤝
📸 မနက်ဖြန်မှာတော့ ဇီဝသဲရေစစ်ထဲမှာ ဘာတွေထည့်ထားသလဲ၊ ရေစီးနှုန်းကို ဘယ်လိုတိုင်းတာခဲ့သလဲဆိုတာ သင်တန်းဓာတ်ပုံလေးပုံနဲ့ မျှဝေပေးပါမယ်။