21/06/2026
✨အမျိုးသမီးများ၊ LGBTQIA+ များနှင့် မသန်စွမ်းလူငယ်များအတွက် နည်းပညာအခြေပြု ဒစ်ဂျစ်တယ်မားကတ်တင်းနှင့် အရောင်းအထူးသင်တန်း (မန္တလေးမြို့)
ဖင်လန်နိုင်ငံအခြေစိုက် လူမှုအကျိုးပြုအဖွဲ့အစည်းတစ်ခု၏ ပံ့ပိုးကူညီမှုဖြင့် ဤအစီအစဉ်ကို FEG Institute Mandalay နှင့်အတူ မိတ်ဘက်အဖြစ် Transform With Me တို့မှ ဂုဏ်ယူစွာ ပူးပေါင်းစီစဉ်ဝေမျှတင်ဆက်လိုက်ပါသည်။ CPEC အနေဖြင့် သင်ရိုးပိုင်းဆိုင်ရာကူညီပံ့ပိုးမှုများတွင် စာသုံးသူရေးရာဆိုင်ရာသတင်းအချက်အလက်များပံ့ပိုးကူညီပေးခြင်းဖြင့် အားဖြည့်ပါဝင်ထားပါသည်။
အသေးစိတ်သင်တန်းအချက်အလက်များကို အောက်ပါ Post အောက်တွင် ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။
#အခမဲ့သင်တန်း #အလုပ်အကိုင်အခွင့်အလမ်း #လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေး
🔨 အမျိုးသမီးများ၊ LGBTQIA+ များနှင့် မသန်စွမ်းလူငယ်များအတွက် နည်းပညာအခြေပြု ဒစ်ဂျစ်တယ်မားကတ်တင်းနှင့် အရောင်းအထူးသင်တန်း
ဖင်လန်နိုင်ငံအခြေစိုက် လူမှုအကျိုးပြုအဖွဲ့အစည်းတစ်ခု၏ ပံ့ပိုးကူညီမှုဖြင့် ဤအစီအစဉ်ကို FEG Institute Mandalay နှင့်အတူ မိတ်ဘက်အဖြစ် Transform With Me တို့မှ ဂုဏ်ယူစွာ ပူးပေါင်းစီစဉ်ဝေမျှတင်ဆက်လိုက်ပါသည်။
လုပ်ငန်းခွင်ဝင်ရောက်ရန် ပြင်ဆင်နေသူများအနေဖြင့် ယနေ့ခေတ်တွင် အလွန်ရေပန်းစားပြီး ဝယ်လိုအားမြင့်မားနေသော ဆိုလာနှင့် လျှပ်စစ်နည်းပညာများ၊ အခြေခံဆောက်လုပ်ရေးပစ္စည်းကိရိယာများအကြောင်းကို "နည်းပညာအခြေပြု" ဘာသာရပ်များအဖြစ် စနစ်တကျ သင်ယူရမည်ဖြစ်ပါသည်။ ထို့အပြင် ခေတ်ပြိုင်စီးပွားရေးလုပ်ငန်းခွင်တွင် မရှိမဖြစ်လိုအပ်သော ဒစ်ဂျစ်တယ်မားကတ်တင်း၊ အရောင်းနှင့် ဖောက်သည်ဆက်သွယ်ရေး ကျွမ်းကျင်မှုများကို Transform With Me မှ တာဝန်ရှိ ကျွမ်းကျင်သူများကိုယ်တိုင် ဦးဆောင်၍ ဖိဖိစီးစီး သင်ကြားပေးသွားမည်ဖြစ်ပါသည်။
အမျိုးသမီးများ၊ LGBTQIA+ များနှင့် မသန်စွမ်းပုဂ္ဂိုလ်များ (PwDs) ၏ လုပ်ငန်းခွင်ဝင်ရောက်နိုင်မှု အခန်းကဏ္ဍကို အထူးအလေးပေး မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ထားသောကြောင့် သင်တန်းကြေး လုံးဝ အခမဲ့ဖြစ်သည့်အပြင် သင်တန်းကာလတစ်လျှောက် သွားလာရေးနှင့် စားသောက်စရိတ် (Stipend) များကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။
သင်တန်းကာလအတွင်း လုပ်ငန်းခွင်လေ့လာခြင်း (Site Visit)၊ တိုက်ရိုက်အလုပ်အင်တာဗျူးခြင်း (Job Matching) နှင့် ရေရှည်ပံ့ပိုးမှု (Follow-up) အစီအစဉ်များပါဝင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများနှင့် စနစ်တကျ ချိတ်ဆက်ပေးသွားပါမည်။
📅 သင်တန်းအချက်အလက်များ
✓နေရာ - FEG Mandalay – ၅၈ ဘီလမ်း၊ (၂၂ အေ x ၂၂ ဘီ) ကြား၊ အောင်မြေသာစံမြို့နယ်။
လူဦးရေ: ၁၀ ဦး (ကန့်သတ်ထားပါသည်)
✓ကာလ - ရက်ပေါင်း ၂၀ (စုစုပေါင်း ၁၂၀ နာရီ)
✓စတင်မည့်ရက် - ၂၂ ဇွန်၊ ၂၀၂၆
✓ကုန်ကျစရိတ် - အခမဲ့ (သွားလာရေးနှင့် စားစရိတ် Stipend များ ထောက်ပံ့ပေးပါမည်)
🎯 ဦးစားပေးတက်ရောက်နိုင်သူများ
အသက် (၁၈ မှ ၂၄ နှစ်) အတွင်းရှိ လူငယ်များ
အမျိုးသမီးများ၊ LGBTQIA+ များ၊ မသန်စွမ်းသူများ (PwDs) နှင့် နေရပ်စွန့်ခွာရသူများကို အထူးဦးစားပေး ရွေးချယ်သွားပါမည်။
📚 အဓိကသင်ကြားမည့် ဘာသာရပ်များ
၁။ အဆောက်အအုံလျှပ်စစ်၊ ဆိုလာစနစ်နှင့် ဆောက်လုပ်ရေးပစ္စည်းများ အခြေခံ
✓အခြေခံဝါယာရိန်း၊ မီးသီး/မီးချောင်းနှင့် မိန်းဘုတ်တပ်ဆင်ခြင်း (DB Installation)
✓လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် တိုင်းတာရေးကိရိယာများ အသုံးပြုနည်း
✓ဆိုလာပြား၊ ဘက်ထရီ၊ အင်ဗာတာစနစ် ချိတ်ဆက်ခြင်းနှင့် အခြေခံဒီဇိုင်းတွက်ချက်ခြင်း
၂။ ဒစ်ဂျစ်တယ်မားကတ်တင်းနှင့် အရောင်းကျွမ်းကျင်မှု
✓Facebook & TikTok မားကတ်တင်းဗျူဟာများနှင့် စာသား (Copywriting) ရေးသားနည်း
✓Canva & CapCut သုံး၍ ထုတ်ကုန်ဓာတ်ပုံ/ဗီဒီယို ဖန်တီးတည်းဖြတ်နည်း
✓စားသုံးသူ ဗဟိုပြု အကျိုးဖန်တီးမှု၊ ဝယ်သူနှင့် ထိရောက်စွာ ပြောဆိုဆက်သွယ်နည်း၊ အရောင်းဗျူဟာများနှင့် ကိုယ်ပိုင်လုပ်ငန်းစတင်ခြင်းအခြေခံ
💼 လက်တွေ့ကွင်းဆင်းမှုနှင့် အလုပ်အကိုင်ချိတ်ဆက်ခြင်း
✓Site Visit အဖြစ် နာမည်ရ ဆိုလာကုမ္ပဏီများ၊ Hardware နှင့် ဆောက်လုပ်ရေးပစ္စည်း အရောင်းစင်တာကြီးများသို့ သွားရောက်၍ လုပ်ငန်းခွင်ကို လက်တွေ့လေ့လာခြင်း။
✓Job Matching အဖြစ် သင်တန်းပြီးဆုံးပါက CV များ ကြိုတင်မျှဝေ၍ လုပ်ငန်းရှင်များနှင့် တိုက်ရိုက် Interview ကာ အလုပ်အကိုင်ရရှိအောင် ပံ့ပိုးပေးခြင်း။
✓ရေရှည်ပံ့ပိုးမှုအဖြစ် လုပ်ငန်းခွင်ထဲ အဆင်ပြေစေရန် Follow-up နှင့် Reflection Workshop များဖြင့် စဉ်ဆက်မပြတ် ပံ့ပိုးပေးခြင်း။
📝 လျှောက်ထားရန်
✓Online - ပေးထားသော Google Form Link သို့မဟုတ် ပုံပါ QR Code မှတစ်ဆင့် ဝင်ရောက်ဖြည့်စွက်နိုင်ပါသည်။
✓လူကိုယ်တိုင် - အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။
⚡ Skills Have No Boundaries - FEG Mandalay & Transform With Me
📞 အသေးစိတ်စုံစမ်းမေးမြန်းရန်
✓ဖုန်း - 09765155373
✓Website - www.fegedumm.com
✓Email - [email protected]
✓လိပ်စာ - 58Bth Street, Between (22A x 22B), Aungmyaytharsan Township, Mandalay
#အခမဲ့သင်တန်း #အလုပ်အကိုင်အခွင့်အလမ်း #လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေး