29/08/2026
လူတိုင်းမှာတော့ တိတ်တိတ်လေး ကျော်ဖြတ်နေရ
တဲ့ အရာတွေ ကိုယ်စီ ရှိကြတာပဲ။
တစ်ခါတလေ...
ဘာဖြစ်ချင်လို့ ဖြစ်ချင်နေမှန်း မသိဘဲ အရာအားလုံးဆီကနေ ထွက်ပြေးချင်ခဲ့တဲ့ နေ့တွေရှိခဲ့တယ်။
အခန်းထဲမှာပဲ ခွေနေရင်း ဘယ်သူ့ကိုမှ ရင်မဆိုင်ရဲဘဲ တိတ်တိတ်လေး နေ့တွေပေါ့။ အိပ်ပျော်နေချင်တဲ့
နေ့တွေ၊ ဒီလောကကြီးထဲကနေ ကိုယ့်ကိုယ်ကိုယ် ခဏလောက် ပျောက်ကွယ်သွားစေချင်တဲ့နေ့တွေ ရေချိုးခန်းထဲက ရေပန်းအောက်မှာ ရေစီးသံတွေနဲ့အတူ မျက်ရည်တွေပါ တိတ်တိတ်လေး ရောနှောစီးကျခဲ့ရတဲ့ ညတွေရှိ သလို၊ ရပ်နေရင်း၊
စားလက်စ ထမင်းတွေကိုတောင် မကုန်နိုင်ဘဲ မျက်ရည်တွေနဲ့ အားတင်းမျိုချခဲ့ရတဲ့ နေ့တွေလည်း
ရှိခဲ့ဖူးတယ်။ နေမကောင်းဖြစ်လို့ စိတ်အားငယ်
လာတဲ့အခါ ဘာမှမလုပ်နိုင်ဘဲ အချိန်အကြာကြီး
ငိုနေမိတာမျိုးပေါ့။
ဘယ်လောက်ပဲ အဆင်မပြေပါစေဦး...
အပြင်လောကမှာ အလုပ်လုပ်ရတဲ့အခါတော့ အကုန်လုံးကို အားတင်းပြီး ဘာမှမဖြစ်သလို
အပြုံးလှလှလေးတွေ ပြုံးပြနေခဲ့ရတာပါပဲ။
မွန်းကြပ်မှုတွေကို ကော်ဖီ၁ခွက်သောက်ပြီး
ဖြေသိမ့်ရင်း၊ နေဝင်ချိန်နဲ့ နေထွက်ချိန်တွေမှာ တောင်တန်းတွေကို ငေးကြည့်လို့ ဘာတစ်ခုမှ မတွေးနိုင်တော့ဘဲ မှင်သက်နေခဲ့ရတဲ့ နေ့ရက်တွေလည်း ရှိခဲ့ပါတယ်။ လေထုကြီးကို ရှုရှိုက်ရင်း သက်ပြင်းရှည်ကြီးတွေ ချခဲ့ရတဲ့ နေ့တွေပေါ့...။
ဒါပေမဲ့ ပြန်တွေးကြည့်တော့လည်း...
ကိုယ်ဟာ အဆင်ပြေတဲ့နေ့တွေမှာ အကောင်းဆုံး ရှင်သန်ခဲ့သလို၊ ပင်ပန်းမှုတွေ၊ ဖိအားတွေနဲ့
ကြီးပြင်းလာခြင်းရဲ့ ဝန်ထုပ်ဝန်ပိုးတွေကြားမှာ တောင်လဲကျမသွားခဲ့ဘူး။
အဆင်မပြေတဲ့ ခံစားချက်တွေကို လက်ခံတတ်လာတယ်၊ ကိုယ့်ကိုယ်ကိုယ် နာရင်နာတယ် မပျော်ရင်မပျော်ဘူး လွတ်ချစရာရှိရင်လည်း လွတ်ချလိုက်ပြီး ငိုစရာရှိရင်ငိုချပြစ်လိုက်တယ်။ ပြီးတော့
သူ့နည်းသူ့ဟန်နဲ့ ဖြည်းဖြည်းချင်း အရာအားလုံးကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ယ့်ကိုယ်ကိုယ် တကယ်ပဲ တက ကျေးဇူးတင်မိပါတယ်။
Crd