21/07/2022
ခရစ်ယာန်ဘာသာဝင်များရဲ့🎎 လင်မယားကွာရှင်းရေးနဲ့ ပစ္စည်းခန်း.🎎..ခရစ်ယာန်ဘာသာဝင်များသည် မြန်မာဗုဒ္ဓဘာသာနှင့်မွတ်စလင်တို့ကဲ့သို့နှစ်ဦးသဘောတူ ကွာရှင်းခွင့်မရှီချေ။🎎...တရားရုံးဒီကရီတစုံတရာမရပဲလင်မယားကွာရှင်းခြင်းမပြုနိုင်ပါ။🎎..ခရစ်ယာန်ဘာသာဝင်များသည် ခရိုင် (သို့) တိုင်းတရားရုံးတွင် ထိမ်းမြားမှုပယ်ဖျက်ပေးရန် သို့မဟုတ် ခင်ပွန်း(သို့)ဇနီးနှင့်ခွဲနေရန်လျှောက်ထားတောင်းဆိုနိုင်ပါသည်။
🎎....ထိမ်းမြားမှုပယ်ဖျက်ရန်အတွက်လျှောက်ထားနိုင်တဲ့အကြောင်းအရာတွေက
၁ ထိမ်းမြားပြီးနောက် ခရစ်ယာန်ဘာသာမှ အခြားဘာသာ သို့ ကူးပြောင်းကိုးကွယ်သည့်အပြင် တခြားမိန်းမတစ်ဦးနှင့်ထိမ်းမြားမှုတရပ်ပြုလုပ်ခဲ့ခြင်း
၂ သွေးနီးလွန်းသူနှင့်ဖောက်ပြန်ခြင်း
၃ နောက်မယားယူခြင်းနှင့်ဖောက်ပြန်ခြင်း
၎ မုဒိမ်းမှု ၊ယောကျာ်းချင်းမေထုန်မှီဝဲမှု၊ တိရစ္ဆာန်မယနှင့်မေထန်ြမှီဝဲမှုကျူးလွန်ခြင်း၊
၅ မိန်းမအမျိုးနှင့်ဖောက်ပြန်ခြင်း၊ ၎င်း အပြင်ကွာရှင်းခွင့်ပြုနိုင်လောက်သည့်ရက်စက်မှုကျူးလွန်ခြင်း၊
၆ မိန်းမတစ်ဦးနှင့်ဖောက်ပြန်ခြင်း၊၎င်း အပြင် မယားဖြစ်သူအား ၂ နှစ်နှင့်အထက်စွန့်ပစ်ထားခြင်း တို့ဖြစ်ကြပါတယ်
ထိမ်းမြားမှုပျယ်ပြယ်ကြောင်းလျှောက်ထားနိုင်တဲ့အကြောင်းအရာတွေက🎎
၁ ယောကျာ်းဖြစ်သူသည်ထိမ်းမြားစဉ်ကပန်းသေရောဂါရှိနေကြောင်းနှင့်တရားစွဲသည့်အချိန်တွင်လည်းပန်းသေရောဂါရှိနေခြင်း၊
၂ ထိမ်းမြားကြသူတို့မှာ ထိမ်းမြားခြင်းမပြုရန် တားမြစ်ထားသည့်သွေးနီးတော်စပ်သူများဖြစ်ခြင်း၊
၃ ထိမ်းမြားသူတဦးဦးသည် ထိမ်းမြားစဉ်က စိတ်မနှံ့ဖြစ်ခြင်း
၎ ထိမ်းမြားသူ၏ ယခင်အိမ်ထောင်သည် ထိမ်းမြားစဉ်အသက်ရှင်လျက်ရှီကြောင်းနှင့်ယခင်အိမ်ထောင်ရေးမှာ တည်မြဲနေကြောင်းတို့ဖြစ်ရင် ထိမ်းမြားမှုပျက်ပြယ်ကြောင်းလျှောက်ထားနိုင်ပါတယ်
တရားရုံးဒီကရီဖြင့်ခင်ပွန်းဖြင့်ခွဲနေရန်လျှောက်ထားနိုင်တဲ့အကြောင်းအရာတွေကတော့👨👩
၁ မိမိအိမ်ထောင်ဖက်ကတပါးသူနှင့်ဖောက်ပြန်ခြင်း
၂ ရက်စက်မှုကျူးလွန်ခြင်း
၃ လုံလောက်သောအကြောင်းတစုံတရာမရှိပဲ၂ နှစ်သို့မဟုတ် ၂ နှစ်အထက်စွန့်ပစ်ထားခြင်းတွေရှိခဲ့ရင်တရားရုံးမှာခင်ပွံန်းနဲ့ခွဲနေခွင့်လျှောက်ထားနိုင်ပါတယ်
ခရစ်ယာန်ဘာသာဝင်များ၏ပစ္စည်းခန်း မှာမြန်မာဗုဒ္ဓဘာသာဝင်များနှင့်တူညီမှုမရှိပါ။👨👩
လင်ပိုင်ပစ္စည်းမယားမသက်ဆိုင်သလို၊မယားပိုင်ပစ္စည်းလင်၌သက်ဆိုင်ခြင်းမရှိပါ။တဦးအမွေရသည့်ပစ္စည်းဖြစ်စေ၊ကြိုးပမ်းရှာဖွေရသည့်ပစ္စည်းဖြစိစေ၊ရရှိပိုင်ဆိုင်သူတဦးတည်းနှင့်သာသက်ဆိုင်ပြီး တဦးဦးသေဆုံးလျှင်တော့ အမွေခန်းဥပဒေနှင့်အညီ ထိုက်သင့်တဲ့အမွေဝေစုကိုရရှိခံစားနိုင်မှာဖြစ်ပါတယ်။
အိမ်ထောင်ပြုပြီးသူဖြစ်စေကာမူ သူမပိုင်ဆိုင်သောပစ္စည်းများကို သူမ၏သဘောအတိုင်းလွတ်လပ်စွာလွှဲပြောင်းနိုင်သည့်အပြင်၊ရောင်းချ၊ပေါင်နှံ၊ပေးကမ်း၊တာတွေပြုလုပ်နိုင်မှာဖြစ်ပါတယ်
Daw khin Moh Moh win (Adv)
19.7.2022(10:51)AM