07/03/2026
တိုင်းပြည်ကို အမွေစားအမွေခံ လုပ်နေသူများ
အဖေက ပလ္လင်ပေါ်မှာ
သေနတ်မိုးလို့ အမိန့်ပေး၊
သားသမီးတွေကတော့ ရွှေဘုံစံလို့
ကုမ္ပဏီတွေထောင်... တိုင်းပြည်သွေးကို စုပ်ယူ။
မြေပေါ်မြေအောက် သယံဇာတ
မိသားစုပိုင် ပစ္စည်းလို မှတ်လို့၊
လိုင်စင်မှန်သမျှ သူတို့လက်ထဲမှာ
"မ" ဆိုတဲ့ နာမည်နဲ့ အခွင့်ထူးခံနေကြ။
ပြည်သူတွေက လျှပ်စစ်မရ
သူတို့ကတော့ စက်ရုံတွေပိုင်၊
ပြည်သူတွေက ဆန်ပြုတ်သောက်ရ
သူတို့ကတော့ နိုင်ငံခြားမှာ ဒေါ်လာဖြုန်းလို့။
နိုင်ငံတော်ရဲ့ ဘဏ္ဍာတိုက်ကို
ကိုယ့်အိမ်က ဘီရိုလို မှတ်၊
ပြည်သူ့ဘဝတွေကို နင်းချေပြီး
စီးပွားရေး အင်ပါယာ တည်ဆောက်နေကြ။
ဒါပေမဲ့ သမိုင်းမှာ သင်ခန်းစာရှိတယ်
မတရားတဲ့ စည်းစိမ်တွေဆိုတာ၊
ပြည်သူ့ဒေါသ ဒီရေတက်ရင်
အဖေရော သားသမီးပါ...
အမွေပြတ် နိဂုံးချုပ်ရမှာ အမှန်ပဲ။