31/12/2023
ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၂၃။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F (P2 9999 / အထူးတပ်ဖွဲ့) အနေဖြင့် တောင်ပိုင်းစစ်ဒေသအတွင်း ကျေးလက်စစ်ဆင်ရေးနှင့် မြို့တွင်းစစ်ဆင်ရေး အထူးတာဝန်များကို အရှိန်မြှင့်ကြိုးစားဆောင်ရွက်လျှက်ရှိပါသည်။
ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) နယ်မြေ ၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာ စာသင်ကျောင်းနှင့် ရဲစခန်းတွင် ကျူးကျော်အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်တပ်အား KNLA၊ KNDO၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၊ federal wings ဒရုန်းအဖွဲ့၊ ဂဠုန်စစ်ကြောင်းနှင့်ပူးပေါင်းအဖွဲ့များမှ (၂၇.၁၂.၂၀၂၃) ရက်နေ့ နံနက် ၅း၃၀ နာရီမှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး (၂၈.၁၂.၂၀၂၃) ည ၈း၀၀ နာရီအချိန်တွင် အပြီးတိုင် ချေမှုန်းရှင်းလင်းနိုင်ခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၏ Telegram channel ၌ ထုတ်ပြန်ခဲ့သည်။
၄င်းစစ်ဆင်ရေးအတွင်း ရန်သူဘက်မှ သေဆုံးသူ (၁၄) ဦးရှိပြီး လက်နက်ချအညံ့ခံသူ (၁၁) ဦး၊ လက်နက်မျိုးစုံ (၂၈) လက် နှင့် ကျည်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။ တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ပြည်သူ့ရဲဘော် (၁) ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး (၁၀) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အကြမ်းဖက်စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ကျေးရွာနေအိမ်များ (၁၀) လုံးကျော် ပျက်စီးဆုံးရှုံးခဲ့ကာ ပြည်သူအများအပြား လက်နက်ကြီးထိမှန်၍ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
ပြန်ကြားရေး
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
တောင်ပိုင်းစစ်ဒေသ၊ MOD
https://t.me/sof220211