Burmese Defense

Burmese Defense နိုင်ငံတော်သည်သာ ကိုးကွယ်ရာဘာသာ

26/04/2026

၁၀ နှစ်နေလို့မှ
တခါ တိုက်ခိုက်မှုဖြစ်ချင်ဖြစ်လိမ့်မယ်
ဖြစ်တဲ့ တခါမှတော့ လက်သွတ်ဖို့ လိုတယ်

ဘယ်လောက်ပဲ လေ့ကျင့်မှုရှိစေကာမူ
လက်သွတ်ဖို့ဆိုတာ
Side Arms Postions ပေါ်မူတည်ပြီး
ကွာခြားမှုရှိတယ်
ရင်ဘတ်မှာ ကပ်တဲ့ Postions ဟာ
ဖင်ယားမှု သတ်သတ်မဟုတ်ဘူး
အခြေနေ အချိန်အခါအလိုက်
Side Arm Postions ထားတက်ဖို့
အရေးကြီးတယ်

အနည်းဆုံး ၁ စက္ကန့် လောက်
ပိုမြန်ရင် One Shoot ရတယ်
တိုက်ခိုက်ရေးသမား
ပြေးဝင်လာတဲ့ လမ်းကြောင်းရဲ့
မျက်နှာချင်းဆိုင်က လုံခြုံရေးတပ်ဖွဲ့ဝင်ဟာ
၂ ချက်ပစ်နိုင်တာတွေ့ရပြီး
ဘေးတိုက်ရပ်နေတဲ့ လုံခြုရေးတပ်ဖွဲ့ဝင်ဟာ
တစ်ချက်မှ မပစ်နိုင်တာ တွေ့ရတယ်

သူတို့ ၂ ယောက်ရဲ့
ကွာခြားချက်ကတော့
Standby Postion
Eye Control အပြင်
အဓိက အချက်ကတော့ Side Arm Postions ပါပဲ





သင်္ခရာဇာ ရေးသားတဲ့ လကျာ်ဘီလူး စာအုပ်မှ ကူးယူဖော်ပြသည်။"အနောက်သို့ လားခဲ့သည် ရှိသော်"     လူတစ်ရပ်ခန့် ကျောက်တုံးကြီးကို...
07/09/2024

သင်္ခရာဇာ ရေးသားတဲ့
လကျာ်ဘီလူး စာအုပ်မှ ကူးယူဖော်ပြသည်။

"အနောက်သို့ လားခဲ့သည် ရှိသော်"

လူတစ်ရပ်ခန့် ကျောက်တုံးကြီးကို
လျော့ရဲရဲ မှီလှဲရင်း လက်ပိုက်ထားဆဲသူမှာ တစ်ယောက်တည်း။
အရေးလွန်ဘွဲ့ရ ငကံကောင်း ဖြစ်သည်။
အခြားဘွဲ့များ ရရှိခဲ့သော်လည်း
အလောင်းမင်းကြီး ပထမဆုံး ချီးမြှင့်ခဲ့သည့်
အရေးလွန်အမည်ကိုသာ မြတ်နိုးသည့်နည်းတူ ပထမဆုံး သိခဲ့ရသော
တပ်မှူးတစ်ဦးအပေါ် ယခုအချိန်ထိ
ယုံကြည်လေးစားဆဲသူလည်း ဖြစ်သည်။


"တပ်မှူးနဲ့ဆုံတုန်း မေးမယ် မေးမယ်နဲ့
မမေးဖြစ်တာလေး သတိရသဗျာ"


"ဒီလိုပါ တစ်ခါတလေ တပ်မှူး မချဉ်းနိုင်လို့
ဆုတ်ရတာတွေ ရှိတယ်။ ဘဝရှင်က မဆုတ်မနစ် ကြိုးပြီးတိုက်လို့ မိန့်တော်မူထားတဲ့ကြားက ဘယ်လိုအင်အားနဲ့များ ရဲရဲဆုတ်သွားနိုင်တာလဲ "

"ကျုပ်ပြောတာ မှားသွားရင် တောင်းပန်ပါရဲ့
တိုက်ရတုန်းက အသက်ကို ဂရုမထား တိုက်နေပြီးမှ ဘာကြောင့် နောက်လှည့်ဖို့ ဆုံးဖြတ်ခဲ့သလဲ
တကယ်ဆိုရင် တစ်ယောက်ကျန်သည်အထိ
တိုက်မယ်လို့ ခံယူထားပြီးသား မဟုတ်လား"

လကျာ်ဘီလူးက ပြန်ဖြေတယ်။

"ဒါကတော့ တိုက်ရင် တိုက်ရဲသလို ဆုတ်လည်း ဆုတ်ရဲရမှာပေါ့ ကံကောင်း"

"ဘယ်လို.. ဘာကြောင့် ဆုတ်ရဲရမှာလဲ"

"မင်းရော တစ်ကြိမ်မှ ပြန်မဆုတ်ရဖူးဘူးလား"

"ဆုတ်ဖူးပါတယ်
ဆုတ်ရချိန်မှာ မခံချိမခံသာနဲ့ ​
ပြေးဝင်သေလိုက်တာမှ
ကောင်းလိမ့်ဦးမယ် ဆိုပြီး
ဝမ်းနည်း အရှက်ရတယ်ဗျာ
အမိန့်ကြောင့်သာ ဆုတ်ခွာရပေမယ့်
ကိုယ့်ဘာသာတောင် စိတ်ပျက်မိခဲ့တယ်"

"မင်းဟာ အရှေ့ကို သွားဖို့ပဲ
အားသန်နေတယ် ဒါပေမယ့်
မင်းမှာ အနောက်ဘက်ဆီ လားကိုလားရမယ့်
အကြောင်းကိစ္စရှိလာခဲ့ပြီ ဆိုပါတော့
စိတ်ပျက်မနေနဲ့။ အားယုတ်မနေနဲ့။ ရဲရဲဆုတ်လိုက်"

"အနောက်ကို လှမ်းလိုက်ရလို့ ရှေ့သွားနေတဲ့ ခြေလှမ်းတွေ ရပ်တန့်သွားတာ
မှန်တယ်။
ကိုယ့်နေရာကနေ အနောက်ကို ပြန်ရောက်သွားတာ မှန်တယ်။
မဆုတ်မဖြစ်လို့ ဆုတ်ရတာဟာ ဆုံးရှုံးမှုတွေ ရှိရင်တောင်မှ ရှုံးနိမ့်သွားတာတော့ မဟုတ်ဘူး"

"တချို့ ကာလတွေမှာ မှားမှန်းမသိ
ရှေ့ဆက်တိုးမိနေတာတွေ ရှိတာပဲ
နောက်ဆုတ်ချိန်မှ အမှားတွေကို
ဆင်ခြင် မြင်မိတတ်တာ
ဆက်လျှောက်နေရင် ခေါင်းပေါ်ကျမယ့်
ငှက်ချေး ရပ်လိုက်လို့ မစွန်းတော့သလိုပဲ
ငါတို့ဟာ ကိုယ့်သေတွင်းကိုယ်
တူးနေမိတာ ဆိုရင်လည်း
နောက်ဆုတ်လိုက်တဲ့အတွက်
ကျင်းကို ပြန်မြင်မိတတ်တယ်"

"ဒါ့ကြောင့် ရဲရဲဆုတ်ပါ
နောက်ဆုတ်လိုက်ရတာဟာ
အရှုံးချည်း မဟုတ်ပါဘူး
ခုန်အုပ်ဖို့ အားယူတာလည်း ဖြစ်တယ်
သုံးသပ်ဖို့ အချိန်ယူတာလည်း ဖြစ်တယ်
နောက်တစ်ကြိမ်အတွက် ပြင်ဆင်ဖို့
သင်ခန်းစာလည်း ယူနိုင်တယ်"

"ရှုံးနိမ့်ရမှာကို မကြောက်နဲ့
ရှုံးနိမ့်မှုအပေါ် တုန်လှုပ်နေရင်လည်း အပိုပဲ
ငါ တစ်ကြိမ် မှားခဲ့ပြီ၊ ဘာ လွဲချော်ခဲ့သလဲ၊ ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ အဖြေကိုပဲ ရှာ"

"လူတွေဟာ ပင်ပန်းဆင်းရဲမှုတွေကြောင့်
သန်မာလာကြတယ်
ရှုံးနိမ့်မှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သိလာတယ် အမှားတွေကနေ သင်ခန်းစာ ရတယ်
ဒါတွေဟာ အနောက်ကို လားရာကနေ တစ်ဖန်အားယူနိုင်တဲ့ အကြောင်းတရားတွေပဲ"

"ဒါ့ကြောင့် ဆင်းရဲမှာကိုလည်း မကြောက်နဲ့
ခံနိုင်ရည် ရှိလာတယ်လို့ သဘောထား
ဆုတ်ရရင်လည်း မစိုးရိမ်နဲ့
ဆုံးကြရမယ့်ဘေးက လွတ်လာတယ်လို့ နှလုံးထား
မင်းမှာ စိတ်ခွန်အားသာ ရှိနေရင်
ကျောက်တောင်ကြီးလည်း
လိုဏ်ခေါင်းဖြစ်နိုင်တယ်
ပြန်လာတဲ့အခါမှာသာ လက်နက်တစ်ခုခု ပါပါစေ"

ထိုအခါ သွေးသောက်တစ်ဦးက

"ဟုတ်တယ် ကိုရင်
ကျုပ်တို့ တပ်ဆုတ်တယ် ဆိုတာ
မရနိုင်သေးလို့ ခဏဆုတ်ထားတာ
လက်လျှော့ အရှုံးပေးသွားတာ
ထွက်ပြေးသွားကြတာမျိုး မရှိဘူး
ကျုပ်တို့ဟာ မြန်မာတွေပီပီ
မြန်မြန်နဲ့ မာမာ တုံ့ပြန်လာဦးမှာပဲ
ဒါကို သဘောပေါက်ထားရင် ရဲရဲဆုတ်ဝံ့တယ်
အချည်းနှီးဖြစ်မှာ မြင်လို့
ဆုတ်ရတာပဲလို့ သိတယ်
ငါတို့ဗိုလ်တွေ နိုင်အောင်
ပြန်တိုက်ကြဦးမယ်ဆိုတာ ယုံကြည်ထားပြီးသား"

အရေးလွန် အားတက်သွားသည်။

"ဒီလိုဆိုတော့ ရှက်စရာ မဟုတ်တော့သလိုပ"
ဟု ရှက်ရယ်ရယ်လိုက်၏ ။

အခြားသူများကလည်း ပြုံးလျက်။

"တကယ်ရှက်ရမှာက မနိုင်တော့ပါဘူး ဆိုပြီး အရှုံးပေးသွားရတာရယ်
သူရဲဘောကြောင်ပြီး ထွက်ပြေးသွားကြတာရယ်
အဲဒါမျိုးကို ရှက်တတ်စမ်းပါ"

"ဟိတ်.....
မနိုင်တာကြီးကို အတင်းဝင်တိုက်ပြီး သေရတာလည်း ရှက်ဖွယ်ပဲကွ
ရာဇဝင်ရေး ညံ့ရပြီကိုး"

"ငါတို့သာ တကယ်ရှက်ရရင်
ရှက်စရာတွေမှ အများကြီး"

လက်ျာဘီလူး အပိတ်စကားဆိုလျက်
ထရပ် နှုတ်ဆက်လိုက်ပြီး ထွက်သွားလေတော့၏ ။

#သင်္ခရာဇာ

Photo Crd - Spring WarriorsPage က 2021 ကတည်း ၃ နှစ်လောက် ရပ်နေပေမဲ့အခုအချိန်ထိ Follow လုပ်နေတဲ့သူတွေ အတွက်Come back လုပ်...
09/02/2024

Photo Crd - Spring Warriors

Page က 2021 ကတည်း
၃ နှစ်လောက် ရပ်နေပေမဲ့
အခုအချိန်ထိ Follow
လုပ်နေတဲ့သူတွေ အတွက်
Come back လုပ်ပေးမယ်ဗျာ....

အရင်ဆုံး ပြည်တွင်းစစ်ရဲ့
တိုက်ပွဲအခြေနေလေးတွေကနေ စပြီး
တဖြည်းဖြည်းပြန်တင်ပေးမယ်.....

19/08/2021

Never Surrender ❤❤❤

Video Crd - ကစိုင်း

30/06/2021

Video Crd - Def Tac

ဒီကာလမှာ လူတွေ သေကြပျက်စီးစေမဲ့
စစ်လက်နက် နဲ့ စစ်နည်းဗျူဟာတွေ အကြောင်းမရေးချင်ပါဘူး
သို့သော် မိမိ ရန်သူကို အပြန်လှန်လေးစားမှုမရှိပဲ အထင်သေးတက်သော
တပ်မတော်သား အချို့အတွက် ရေးလိုက်ခြင်းဖြစ်ပါတယ်

မနေ့က GZ သို့မဟုတ် PDF တွေရဲ့
မြို့ပြတိုက်ပွဲ Urban Warfare အတွက်
လေ့ကျင့်မှု Video တက်လာပါတယ်

လေ့ကျင့်မှုပုံစံလေး အနည်းငယ်လွဲချော်နေပါတယ်
ဘာတွေလွဲချော်နေလဲဆိုတော့ လမ်းလျှောက်ပစ်ခက်မှုပုံစံမကျတာဖြစ်ပါတယ်
ဒါက ဖြစ်တက်ပါတယ် ဖြစ်လေ့ဖြစ်ထရှိပါတယ်
စစ်အခြေခံသင်တန်းတက်ပြီးတော့ အတွေ့ကြုံရှိတဲ့ စစ်သားတွေတောင်မှ
နိုင်ငံတကာ အထူးတပ်ဖွဲ့သင်တန်းကျောင်းတွေ
ပြည်ပ ကြေးစားသင်တန်းကျောင်းတွေမှာ
ရက်သတ္တပတ်အချိန်ကာလ တစ်ခုအထိ အချိန်ပေးသင်ကြားရပါတယ်

စစ်သင်တန်းအခြေခံလည်းမရှိ
အခုချက်ချင်းတောခို အခုချက်ချင်း စစ်သင်တန်းတက်ပြီး
သင်နေရတဲ့ PDF တွေအတွက် အချိန်ယူရပါလိမ့်မယ်
အဓိက နည်းပြသာနာဖြစ်ပါတယ်

မြို့ပြတိုက်ပွဲလို အထူးစစ်ဆင်ရေးသင်ခန်းစာတွေကို
ပြသနိုင်လောက်တဲ့ နည်းပြတွေ မရှိတာပါပဲ
EAOs တွေထဲမှာ UWSA ကလွဲရင်
အခြား EAOs တွေမှာ အဲလောက်ထိ သင်တန်းပေးနိုင်တဲ့
နည်းပြကောင်းကောင်း မရှိတာပါပဲ

စကားပြန်စပ်ရမယ်ဆိုရင်
မနေ့က Video ဟာ PDF တွေ လေ့ကျင့်တဲ့ သင်ခန်းစာဟာ
မြို့တွင်းတိုက်ပွဲတွေ Street Fight တွေမှာ
၂ ဖက် ညှပ်လာတဲ့ ရန်သူကို Tow Man Tactic နဲ့
ပြန်လည်ခုခံပြီး ဖောက်ထွက်ရန် လေ့ကျင့်တဲ့ သင်ခန်းစာဖြစ်ပါတယ်
အင်မတန် ထိရောက်ပါတယ် အသေးစိတ်တော့ မရေးပြချင်ပါဘူး

မြို့ပြတိုက်ပွဲသည်
နိုင်ငံရေး ရည်ရွယ်ချက်အရ ဖြစ်အောင်လုပ်ရမည့်
အရေးကြီး စစ်ဆင်ရေးပုံစံ ဖြစ်လာသည့်အတွက်
ရှိတဲ့ နည်းပြ နဲ့ အဆင်ပြေသလို
တက်သလောက်မှတ်သလောက်လေ့ကျင့်နေတာကိုး
အသိမှတ်ပြုမိပါတယ်

မြန်မာတပ်မတော်ဟာလည်း တစ်ချိန်က
စစ်ဝတ်ပစ္စည်းမစုံ လက်နက်မစုံ နဲ့
တိုက်ရင်း လေ့ကျင့် လေ့ကျင့်ရင်း တိုက် လာခဲ့သလိုပဲ
တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာလည်း
TNLA AA တို့ဟာ သစ်သားသေနတ် အစပြု၍
အဆမတန်ကြီးထွားလာတဲ့ လက်နက်ကိုင်တွေဖြစ်လာခဲ့ပါတယ်

ယခုဆိုရင် PDF ဟာလည်း
နိုင်ငံရေးအရ ထောက်ခံမှုအားကောင်းတဲ့ အပြင်
လူထု ရဲ့ Supply ရှိနေတဲ့အတွက်
TNLA နဲ့ AA လိုမျိုး မဖြစ်လာနိုင်ဘူးလို့
တရားသေ ပြောလို့မရပါဘူး

ထို့ကြောင့် ရန်သူကို အထင်လည်း မသေးနဲ
အထင်လည်း မကြီးနဲ့ ဆိုတဲ့ စကားအတိုင်း
အပြန်လှန်လေးစားမှုရှိသင့်တယ်လို့ မြင်ပါတယ်

"မိဘပြည်သူများ
ဘေးကင်းလုံခြုံ ရွှင်လန်းချမ်းမြေ့ပါစေ"

#ညိုချော

07/10/2020

FRD လုပ်တာ လွယ်သလား မေးရင် လွယ်ပါတယ်
ဘယ်သူမဆို လုပ်လို့ရပါတယ် ....

လှိုင်သာယာ ရွှေလင်ဗန်းရပ်ကွက် NLD ရုံးက
လက်တိုလက်တောင်းခိုင်းလို့ရတဲ့
ဝန်းရံသူ လူငယ်လေးတောင် လုပ်နိုင်ပါတယ်
သေနတ်တစ်လတ် ရှိရင် လုပ်လို့ရပါတယ်

ဒါပေမဲ့ Tactical Drill ပါ
သေနတ်ရှိရုံ နဲ့ ပုံစံတူသရုပ်ပြနိုင်ရုံနဲ့
တိကျ မှန်ကန်မှုကို မရပါဘူး

- သေနတ်ကို မြဲပြီး တည်ငြိမ်​အောင် ဘယ်လိုကိုင်ရမယ်

- ကျည်ကဒ်လဲဖို့အတွက်
အပိုကျည်ဒ်ထုတ်ရလွယ်အောင် ဘယ်လိုGears သုံးမှာလဲ

- ကုန်သွားတဲ့ ကျည်ကဒ်အဟောင်းကို ဖြုတ်ပြီး
အသစ်ကို ဆွဲထုတ်ချိန်မှာ
ခါးကိုရော ကျည်အိမ်ကိုပါ လုံးဝမကြည့်ပဲ
ရှေ့သို့သာလည်း အာရုံစူးစိုက်နိုင်တဲ့ အလေ့အကျင့်

- အဓိက အက်ဆုံးကေတာ့
ကျည်ရှင်းမောင်းဆွဲ ကျည်ကဒ်ဖြုတ်
ကျည်ကဒ်လဲ မောင်းတင် ဆိုတဲ့ အခြေနေအားလုံးမှာ
လျှင်မြန်သွတ်လတ်နေဖို့လိုပါတယ်
တကယ်ရန်သူကို ရင်ဆိုင်ပြီးဆိုရင် လျှင်မြန်မှုအတွက်
စက္ကန့်လေး အစ အရေးပါးတယ်

" မိဘပြည်သူများ
ဘေးကင်းလုံခြုံ ရွှင်လန်းချမ်းမြေ့ပါစေ "


#ညိုချော

Good Night ...
12/07/2020

Good Night ...

Photo Crd Myanmar Navy Warship VBSS Teamduring the operation …" မိဘပြည်သူများ ဘေးကင်းလုံခြုံ ရွှင်လန်းချမ်းမြေ့ပါစေ"
04/06/2020

Photo Crd

Myanmar Navy Warship VBSS Team
during the operation …

" မိဘပြည်သူများ
ဘေးကင်းလုံခြုံ ရွှင်လန်းချမ်းမြေ့ပါစေ"



19/05/2020

ဒီနေ့အထိ လူတိုင်းရဲ့
ပါးစပ်ဖျားမှာ အချိန်တိုင်း
ကောင်းသတင်းတွေနဲ့
အမြဲတမ်း ကြားနေရတဲ့ နာမည်တစ်ခု …

ကျနော်တို့ နောက်လူငယ်တွေ
သက်ရှိထင်ရှား
မြင်တွေ့ခွင့်မလိုက်တဲ့
STF ရဲ့ ဖခင်ကြီး ဦးအောင်ထွန်းလွင်
ကွယ်လွန်သွားတာ ၅ နှစ်ပြည့်တဲ့နေ့ …

ယခုVideo ကို ပြန်လည်ကူးယူဖော်ပြသည်

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဌာန အလိုက် တပ်ဖွဲ့ အလိုက် လုပ်ငန်းတာဝန်များ …နိုင်ငံသူနိုင်ငံသားများ ဗဟုသုတ ရှိစေရန် အလို့ငှာ ...
06/03/2020

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့
ဌာန အလိုက် တပ်ဖွဲ့ အလိုက်
လုပ်ငန်းတာဝန်များ …

နိုင်ငံသူနိုင်ငံသားများ
ဗဟုသုတ ရှိစေရန် အလို့ငှာ
EYULIC မှ ပြန်လည်း ကူးယူဖော်ပြသည် !



16/10/2019

တရုတ်ရဲတပ်ဖွဲ့ နဲ့
အထူးတပ်ဖွဲ့ဝင် အချို့  ရဲ့
"လူငယ်ဘဝ နဲ့ တိုင်းပြည်တာဝန် "
ဆိုတာလေးကို မြင်သာအောင်
ဖော်ကျူးထားတဲ့ Videoလေးပါ …

ကြည့်မိတဲ့သူတိုင်း
သဘောကျမိမှာ အမှန်ပါပဲ …

အပျော်တမ်းရိုက်ထားတဲ့ ဆိုပေမဲ့
လူငယ်တွေ
တိုင်းပြည်တာဝန်တွေကို
ထမ်းဆောင်ချင်လာအောင် လှုံဆော်တဲ့
Video လေးလည်း ဖြစ်ပါတယ် …

ကမ္ဘာ့နိုင်ငံတော်တော်များများဟာ
လူမှုကွန်ရက်စာမျက်နှာပေါ်မှာ
မိမိနိုင်ငံရဲ့
တိုင်းပြည်တာဝန်ကို
လူငယ်တွေ
ထမ်းဆောင်ချင်လာအောင်
ဆန်းသစ်တဲ့ နည်းလမ်းတွေ
အစီစဉ်တွေနဲ့ စည်းရုံးလာတာကို
ထူးထူးခြားခြား သတိပြုမိလာရပါတယ်

ဥပမာ အစ္စရေးရေတပ်မတော်
page ဖြစ်ပါတယ်
သူရဲ့ ဖော်ပြပုံတွေ Video တွေ
Photo တွေဟာ တော်တော်လေး
ထူးခြားဆန်းသစ်လွန်းလှပါတယ်
သွားရောက်လေ့လာကြည့်ရှုစေလိုပါတယ်

ကျနော်တို့နိုင်ငံလည်း
ရှေးစွဲအယူအဆတွေကနေ ခွဲထွက်ပြီး
ဆန်းသစ်တဲ့ လူငယ်စည်းရုံးရေး
အစီစဉ်တွေ လုပ်ဆောင်နိုင်ပါစေလို့
ဆန္ဒပြု လိုက်ရပါတယ်ဗျ …

"မိဘပြည်သူများ
ဘေးကင်းလုံခြုံ ရွှင်လန်းချမ်းမြေ့ပါစေ"




Address

Yangon

Website

Alerts

Be the first to know and let us send you an email when Burmese Defense posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share