Nyinyi Htwe

Nyinyi Htwe Love, Peace and Joy for All Living Things :) respect freedom regards nationalism

လူစိတ်တွေလည်းပျောက်ကုန်ကြပြီလား???(တရားခံကိုမိရင် သေဒဏ်ပေးပါ)18.9.2025 ညနေ 14:00 နာရီခန့်က 48လမ်း × အနော်ရထာနှင့် မဟာဗန္...
19/09/2025

လူစိတ်တွေလည်းပျောက်ကုန်ကြပြီလား???

(တရားခံကိုမိရင် သေဒဏ်ပေးပါ)

18.9.2025 ညနေ 14:00 နာရီခန့်က
48လမ်း × အနော်ရထာနှင့် မဟာဗန္ဓုလလမ်းကြား
ကားပါကင်အနောက်တွင် (4)နှစ်သမီးအရွယ်တစ်ဦး
ရောက်ရှိနေသည်ဟု အကြောင်းကြားလာသဖြင့်
သွားရောက်စဥ် ....

ဝတ်ထားသော ဂါဝန်အင်္ကျီနှင့် ခြေထောက်များ မှ
သွေးများတွေ့ရ၍ ဆက်လက်အကြောင်းကြားရာ......

မြို့နယ်ဆရာဝန် TMO နှင့်အဖွဲ့မှလာရောက်စစ်ဆေးပြီး
မတရားပြုကျင့်မှုခံထားရသည်ဟု ယူဆရပါသောကြောင့်

ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခိုင်းသဖြင့်
"ရှင်သန်ရေးကူညီမှုအသင်း"ကားဖြင့်ပို့ဆောင်ပေးခဲ့ပါသည်။

ရန်ကုန်ဆေးရုံကြီးမှ ဆက်လက်လွှဲပြောင်းမှုအရ
ဟယ်လ်ပင်ကလေးဆေးရုံကြီးသို့ဆက်လက်ပို့ဆောင်
ကူညီပေးခဲ့ပြီး ဌာနဆိုင်ရာနှင့် မိဘများရောက်ရှိလာသဖြင့် အပ်နှံပေးခဲ့သည်။

ရှင်သန်ရေးကူညီမှုအသင်း။
YRO.
09 50 166 16.
09 777 888 466.
09 2520 111 55.
09 2520 222 55.

ဒါကြောင့် ပြောပါ တယ် သူတို့ကို သွား မရှုပ်နဲ့ လို့ သူတို့ဘာသာ တောင် ရှုပ်နေကြတာ လေ 🤣🤣🤣🤣🤣👉👉👉 အပျံမကို သူခိုးမဟု ဒဲ့ပြောကာ...
12/09/2025

ဒါကြောင့် ပြောပါ တယ် သူတို့ကို သွား မရှုပ်နဲ့ လို့ သူတို့ဘာသာ တောင် ရှုပ်နေကြတာ လေ 🤣🤣🤣🤣🤣
👉👉👉 အပျံမကို သူခိုးမဟု ဒဲ့ပြောကာ စိန်ခေါ်လိုက်တဲ့ ခွေးမြတ်ကျော်...

ဒီလိုပါပဲ တော်သလင်းလမှာဆိုရင်

ခွေးလေခွေးလွှင့်တွေ အရမ်းဖုန်ထကြတယ်...

ခွေးချင်းကိုက်တာ ကိုက်ကြပါစေ...

😂😂😂

မှိုင်းဝေ

Social Media အထူးသဖြင့် Tiktok မှာဆိုရင် ပိုက်ဆံရှာနိုင်တာကို ပညာတတ်ခြင်းနဲ့ တန်း လာလာ ညှိကြတာတွေ တွေ့ရပါတယ်။ လူတွေက ပို...
27/08/2025

Social Media အထူးသဖြင့်
Tiktok မှာဆိုရင် ပိုက်ဆံရှာနိုင်တာကို

ပညာတတ်ခြင်းနဲ့ တန်း လာလာ
ညှိကြတာတွေ တွေ့ရပါတယ်။

လူတွေက ပိုက်ဆံကိုအရင်မြင်သွားရင်
ဒီ ပိုက်ဆံ ရလာအောင်
အဲ့ဒီလူ ဘာအလုပ်တွေလုပ်လဲ
ငွေဖြူလား ငွေမည်းလား စိတ်သန့်ရှင်းစွာ ရလာတာလား ခန္တာကိုယ်ရောင်းစားပြီးမှ ရတာလား
ဆိုတာကိုလည်း မမြင်နိုင်တော့ဘူး။

မြင်ရင်လည်း မသိချင်ယောင်
ဆောင်လိုက်ကြတာများပါတယ်။

DG တွေက သိန်းဆယ်ရာဂဏန်းနဲ့ချီ
ပိုက်ဆံအုပ်လိုက်ကြီး ကိုင်ပြီး
လှပအောင် နေနိုင်တဲ့အချိန်မှာ

ကျောင်းဆရာမ၊ ဆရာဝန်၊ အင်ယာ
ဥပဒေ၊စတဲ့ တန်ဖိုးထားရမယ့်နယ်ပယ်က
အမျိုးသမီးတွေက တလလုံးလုံး ကြိုးစား
လုပ်ထားရတဲ့ ငွေစက္ကူလေးတွေကို
မိသားစုကိုပြန်ထောက်ပံ့ပြီး တရွက်ချင်း
ခွာသုံးရတာမြင်ရရင် ဝမ်းနည်းစရာပါဘဲ။
ပြည့်တန်ဆာတစ်​ယောက်ရဲ့ ဝင်ငွေက သာမန် အခြေခံ ကျောင်းဆရာမတစ်ယောက်ရဲ့ဝင်ငွေထက် များကောင်းများနိုင်တယ်။

သို့သော် လူမှုလိုအင်လို့ခေါ်တဲ့ လူ့အဖွဲ့အစည်းရဲ့ လိုအပ်မှုနဲ့တိုင်းရင်.. ပြည့်တန်ဆာမရှိလို့ လူ့အဖွဲ့အစည်းက ဘာမှမဖြစ်၊ အကျိုးမယုတ်၊ ယိုယွင်းပျက်စီးပြီး ဘေးဥပါဒ် ဖြစ်မသွားဘူး။

ပညာသင်ပေးနေတဲ့ ဆရာတွေမရှိရင်သာ လူ့အဖွဲ့အစည်းက ပျက်စီးသွားနိုင်တာ။ သဘောက ဝင်ငွေနည်းပါးတာကို ကြည့်ပြီး ဒီအလုပ်က လူဝင်မဆံ့၊ ဂုဏ်သိက္ခာမရှိ၊ အတုယူဖို့ မကောင်းဘူးလို့ မထင်စေချင်တာပါ။

အများစု.. Normalized လုပ်လာကြတာက ဆရာဝန်တစ်ယောက်က သူ တတ်မြောက်ထားတဲ့ ဆေးပညာနဲ့ ထမင်း စားတယ်၊ ကျောင်းဆရာ သူတတ်တဲ့ ပညာရေးနဲ့ လုပ်စားတယ်၊ ပြည့်တန်ဆာ သူ့ခန္ဓာနဲ့သူလုပ်စားတာ.. ဘာမှားလို့လဲ ဆိုတာတွေ။

ဘာမှ မမှားပါဘူး။ ဒါပေမဲ့ သာမန်ကိစ္စရပ်တစ်ခု၊ သာမန် Career တစ်ခုလို Class ရှိတယ်အထင်နဲ့ Normalized လုပ်ပါ များလာရင် S*xual objectification ဆိုတာ ပေါလာတာပဲ။

S*xual Objectification ဆိုတာ လိင်ခုတုံးလုပ် စီးပွားရှာတာ။ နာမည်ကြီးချင်.. ဝင်ငွေကောင်းချင်.. အောင်မြင်ချင်လား.. ဒါဆို ရင်ပြ၊ တင်ပြ၊ နောက်ဆုံး ပေါင်လေး ကားပြလိုက်။ ဒီလိုတွေ ဖြစ်လာတယ်။

ခပ်တိုတိုပြောရင် အနှစ်သာရမရှိပါဘူး။ ဒါကြီးက ဂုဏ်ယူပြီး အားကျစရာလဲ မဟုတ်ဘူး။ အတုယူစရာလဲမကောင်းဘူး။ မြီးကောင်းပေါက် မိန်းကလေးတွေ ဒါကို သိထားစေချင်တယ်။ ခက်ခဲတယ်ဆိုပြီး.. ရင်းချလိုက်မယ်ဆိုတာမျိုး မဖြစ်စေချင်ဘူး။

နေပူကျဲကျဲကြီးမှာ ဈေးဗန်းခေါ်ပေါ်တင်ပြီး ကိုယ့်မိသားစုကို ရှာကျွေးနေတဲ့.. မိန်းမမျိုး ဖြစ်ပါစေ၊ ယောက်ျားတွေနည်းတူ ကျောက်ထမ်း ကျောက်သယ်ပြီးမှ ထမင်းတစ်နပ်စားရတဲ့သူ ဖြစ်ပါစေ၊ ဝင်ငွေနည်းရင်တောင် စာရိတ္တသတ္တိမမဲ့စေဘူး။

မာနချင်း၊ ရပ်တည်ပုံချင်း၊ လုပ်အားခ တစ်နည်း.. ပိုက်ဆံသန့်ရှင်းပုံချင်း မတူဘူး။

ဒါမျိုးပြောလို့ လိင်လုပ်သားတွေကို နှိမ်ချင်တာ မဟုတ်ပါဘူး။ အတင်းအဓမ္မ လိင်ကျွန်လုပ်ခံရတာမျိုးလဲ ရှိချင်ရှိနေနိုင်သလို ဖြေရှင်းဖို့နည်းလမ်း၊ ပညာ၊ အထောက်အပံ့တွေ မရှိလို့ လုပ်သွားတဲ့လူလဲ ရှိတယ်။

ဒါပေမဲ့ S*xual Objectification အမြင်နဲ့ ကိုယ့်အလုပ်ကို တခြားအလုပ်ထက်.. ဂုဏ်ယူစရာ၊ အတုယူစရာ၊ အားကျစရာ၊ တွန်းအားပေးသလို ဖြစ်နေရင်တော့ ပညာမဲ့တာမျိုး ဖြစ်သွားပြီ။

ဝင်ငွေနည်းခြင်း များခြင်းတစ်ခုတည်းနဲ့ အလုပ်ရဲ့တန်ဖိုးကို ဆုံးဖြတ်တာမျိုးက မဖြစ်သင့်ဘူး။ ဒီအလုပ်ဟာ လူမှုလိုအင်အရ ဘယ်လောက်ထိ အရေးပါနေသလဲဆိုတာနဲ့ပဲ ဆုံးဖြတ်တိုင်းတာသင့်တယ်။

ဒိတ်ဂဲလ်တစ်ယောက်က တစ်လတစ်လ သိန်းထောင်နဲ့ချီ ဝင်ငွေကောင်းပါစေ၊ အဲဒါက သူ့ကို လူ့အဖွဲ့အစည်းထဲမှာ အရေးပါ၊ အသုံးကျ၊ လူရာဝင်၊ လူဝင်ဆံ့၊ အသုံးဝင်တဲ့ လူတစ်ယောက်တော့ ဖြစ်မလာစေဘူး။

“လောက်ကိုင် နဲ့ မြဝတီ မှာ ခေါ်နေတဲ့ အလုပ်ကြောင်းပြောပြမယ်”သိက္ခာပိုင်းနဲ့ ဆိုင်ပေမယ့် ပညာတတ်‌လေးတွေ နှမျောလွန်းလို့ ထပ်ပြီ...
17/08/2025

“လောက်ကိုင် နဲ့ မြဝတီ မှာ ခေါ်နေတဲ့ အလုပ်ကြောင်းပြောပြမယ်”

သိက္ခာပိုင်းနဲ့ ဆိုင်ပေမယ့် ပညာတတ်‌လေးတွေ နှမျောလွန်းလို့ ထပ်ပြီး ဆုံးရှုံးမခံချင်တော့လို့ မြဝတီ လောက်ကိုင်သွားပြီး casino အလုပ်လုပ်ဖို့ တွေးနေတဲ့လူငယ်တွေ ဖတ်ဖို့ပါ

ခေါ်တဲ့ပုံစံက online Game , customer Service,
online marketing အစရှိလို နာမည်တွေနဲ့ ခေါ်ကြတယ်

English 4 skill ကျွမ်းရမယ် computer တက်ရမယ်ဆိုပြီးခေါ်တယ်

လစာက နေစားငြိမ်း ၁၂ သိန်း ၁၅ သိန်းဝန်းကျင်ပေးကြပါတယ်

အဲ့အလုပ်က နိုင်ငံခြားသားတွေဆီက WhatsApp app သုံးပြီး လိမ်ရတာပါနော်

နိုင်ငံခြားသားတွေကို ပထမဆုံး မိန်းကလေးအယောင်ဆောင်ပြီး ရင်းနီးအောင် လုပ်ရတယ်

ရင်းနီးသွားပြီဆို အလုပ်အကိုင်အကြောင်းတွေပြောတယ်

ငါဝင်ငွေဘယ်လောက်ကောင်းကြောင်း ဘာလုပ်ငန်းတွေလုပ်ကြောင်းပေါ့

သူ့ကို ရင်းနှီးမြုတ်နှံဖို့ခေါ်ရမယ် အတိုးဘယ်လောက်ပေးမယ်ပေါ့

ပထမဆုံး ၁ကြိမ် ၂ကြိမ်တော့ အတိုးကို ထည့်ပေးတယ်

ဟိုဘက်က ယုံကြည်ပြီး အများကြီး ငွေလွှဲ ရင်းနှီးမြုပ်နှံမှ block လိုက်ရတာ

ဂိမ်းတွေဆိုလဲ သူ့ဆီက ငွေရောက် block လိုက်ရတာ

အလုပ်က အပြင်လုံးဝ မထွက်ရဘူး ထွက်ရလဲ တစ်လတစ်ခါ

အဲ့တာလဲ သူ့တို့ကားနဲ့ လိုက်ပို့တာ

လစာက ပထမဆုံးလတာ ၁၂ သိန်း ၁၅သိန်း ပေးတာပါ

နောက်လဆို ကိုယ်လိမ်နိုင်မှ ပိုက်ဆံရတာ

မလိမ်နိုင်ရင်လဲ အရိုက်ခံရတယ် အထုခံရတယ်

လိမ်နိုင်တဲ့သူ ငွေများများ ရှာပေးနိုင်သူဆို အိမ်ပြန်ရဖို့
လမ်းမရှိတော့ဘူး သူ့ကို လက်လွှတ်မခံတော့ဘူး

အလုပ်ချိန် ၁၂ နာရီ အနည်းဆုံးလုပ်ရပါတယ် တစ်ခါတလေ မအိပ်ရဘူးနော်

မိန်းကလေးတွေဆို နိုင်ငံခြားသားတွေနဲ့ S*x chat ရတဲ့အထိပါတက်တယ်

အလုပ်ကလုပ်မဲ့သူဆို ကားစရိတ် ခံခေါ်တက်ကြတယ်

အပြင်ထွက်ရတဲ့သူဆိုတာကလဲ သူဌေးလူယုံဖြစ်မှ ထွက် ရတက်တာ

ပြည်သူ့စစ် လုံခြုံရေးအပြည့်နဲ့ ဟိုတယ် အထက်မြင့်တွေ
မြို့အစွန်ဖျားတွေမှာ လုပ်ရတာပါ၊ ခိုးထွက်လို့လဲ မရဘူး ထွက်ခဲ့ရင် အသက်ပါပေးရပါလိမ့်မယ်

လုံးဝ အဲ့အလုပ်တွေ မလုပ်ကြပါနဲ့နော်

ခုမြန်မာပြည်က ပညာတက်လေးတွေ
ယုံစားပြီး အရမ်းကို ဒီဘက်တက်လာကြတာ

တရုတ်လူမျိုးတွေက ပြည်တွင်းမှာ အဖမ်းအဆီးများလို့

မြန်မာ နယ်စပ်တွေမှာ လုပ်စားကြတာပါ

သူချို့မိန်းကလေးတွေဆို တရုတ်သူဌေးရဲ့ မုဒိမ်းပါ ကျင့်ခံရတတ်ပါတယ်။မြန်မာပြည်က ပညာတတ်လေးတွေ သတိထားဆင်ခြင် နိုင်ဖို့ပါ

အရမ်းကို စွားရွားတဲ့ အလုပ်ပါနော် သူများဆီက ရတဲ့
အပူစာတြွေဖစ်သလို မိမိလဲ လူလိမ်ဖြစ် မိမိ အသိုင်းဝိုင်းလဲ မကောင်း မိမိ အသက်ရှင်ရေးဟာလဲ မသေချာ အရိုက်ခံအထုခံ အနှိပ်စက်ခံ အလုပ်ကြီးပါ။

ခုမြန်မာနိုင်ငံထဲမှာ ကြပ်တည်းနေတဲ့အတွက် အဲပိုင်းတွေ
ရောက်ရောက်သွားကျတာ စိတ်မကောင်းဘူး

သူများပြောရင်မယုံဘူးတတ်ဘူး နော်၊ ကျွန်မက ကိုယ်တိုင် မြဝတီလိုမြို့မှာ စားသောက်ဆိုင် ဖွင့်ခဲ့သူမို့ ကိုယ်တိုင် မြင်ခဲ့တာမို ပညာတတ်လေးတွေ နှမျော တယ်

ပြန်လည်မျှဝေပါသည်။

Address

Yangon

Alerts

Be the first to know and let us send you an email when Nyinyi Htwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Nyinyi Htwe:

Share