Htet Shwe Pyi Co.,Ltd

Htet Shwe Pyi Co.,Ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htet Shwe Pyi Co.,Ltd, No. (11), Asia Business Tower, Gyo Phyu Road, Yangon.

20/10/2021
ကိုဗစ် - ၁၉ နှင့် ရာသီတုပ်ကွေး ၊ အအေးမိခြင်းတို့၏ ကွာခြားချက်များ၂၂ July ၂၀၂၁ ( THURSDAY )Credit
22/07/2021

ကိုဗစ် - ၁၉ နှင့် ရာသီတုပ်ကွေး ၊ အအေးမိခြင်းတို့၏ ကွာခြားချက်များ

၂၂ July ၂၀၂၁ ( THURSDAY )

Credit

☣ Covid-19 ကူးစက်ပုံ အဆင့်ဆင့် ☣🌍🌎🌏🌍🌎🌏အမေရိကန်ပြည်ထောင်စု၊ ရောဂါကူးစက်မှုကာကွယ်ရေး နှင့် ထိန်းချုပ်ရေးဗဟိုဌာန (CDC)မှ ထု...
08/07/2021

☣ Covid-19 ကူးစက်ပုံ အဆင့်ဆင့် ☣

🌍🌎🌏🌍🌎🌏

အမေရိကန်ပြည်ထောင်စု၊ ရောဂါကူးစက်မှုကာကွယ်ရေး နှင့် ထိန်းချုပ်ရေးဗဟိုဌာန (CDC)မှ ထုတ်ပြန်ထား သည်ဆိုသောအချက် အလက်များကိုဘာသာ ပြန်မျှဝေပေးခြင်းသာဖြစ်ပါသည်

ကရိုနာဗိုင်းရပ်စ်ကူးစက်မှုနှင့်စပ်လျဉ်း၍ သိပ္ပံနည်းကျတွေ့ရှိ ထားသောအထောက် အထားများ။

၁။ မျက်နှာပြင်များမှကူးစက်မှုအန္တရာယ် အလွန်နည်းသည်။

၂ ။ ပြင်ပပါတ်ဝန်းကျင်တွင်သွားလာ လှုပ်ရှားမှုများမှကူးစက်နိုင်မှု အန္တရာယ်
အလွန်နည်းသည်။

(အောက်တွင်ရှင်းပြထားပါသည်)

၃။ ရုံးခန်း၊ဘာသာရေးဝတ်ပြုရာနေရာ၊ရုပ်ရှင်ရုံ၊အားကစားခန်းမ (Gym) သို့မဟုတ် ကပွဲ ရုံကဲ့သို့သောအလုံပိတ်ပါတ်ဝန်းကျင်တွင်စုဝေးမှုမျိုးမှ ကူးစက်နိုင်မှု အန္တရာယ်အလွန်များ သည်။

ဤအထောက်အထားများကိုအချိန်ကာလအတော်ကြာကြာကပင်တွေ့ရှိထားပြီးဖြစ်သည့်အတွက်၊လက်ရှိဖြစ်ပေါ်နေသည့်ရောဂါကူးစက်မှု အခြေအနေကိုအကောင်းဆုံးစီမံခန့်ခွဲနိုင်ရန် ဤအချက်များ ကိုထည့်သွင်းစဉ်းစားကျင့်သုံးရန်လိုသည်။

မျက်နှာပြင်မှကူးစက်နိုင်သည်ဟူသောစိုးရိမ်လွန်ကဲမှုများကို လျှော့ချပြီး၊ ရုံးပြန်တက်ရန်ဆန္ဒမစောကြသင့်ပေ။

မေးခွန်း - မည်သို့သောပုဂ္ဂိုလ်မျိုး ကရိုနာဗိုင်းရပ်စ်ကူးစက်ခံရဖွယ်ရှိသနည်း။

မေးခွန်း -
မည်သို့သောအခြေအနေမျိုးတွင်
ကူးစက်ခံရမည်နည်း။

လူတယောက်ထံရောဂါ ပိုးအမှန်တကယ် ကူးစက်နိုင်ရန် - ဗိုင်းရပ်စ်ပိုးအရည်အတွက် 1000 Viral
Particles (vp) လိုအပ်ပါသည်။

ပုံမှန် သဘာဝပါတ်ဝန်းကျင်တွင်အောက် ပါအပြုအမူများ၌ ဗိုင်းရပ်စ်ပိုးပါဝင်မှု
အရည်အတွက်မှာ

❗ အသက်ရှူခြင်း - 20 vp/minute

❗စကားပြောခြင်း - 200 vp/minute

❗ချောင်းဆိုးခြင်း - 200 million vp/minute

( လေဝင်လေထွက်မကောင်းသည့်ပါတ်ဝန်းကျင်တွင် ဗိုင်းရပ်စ် ပိုးများလေထဲတွင်နာရီပေါင်းများစွာအသက် ရှင်ကျန်ရစ်နေနိုင်သည် )

❗နှာချေခြင်း - 200 million vp/minute.

တွက်ချက်နည်း (Formula)

✍✍✍✍✍

အမှန်တကယ်ရောဂါကူးစက်ခံနိုင်ရန် = ဗိုင်းရပ်စ်ပိုးနှင့်ထိတွေ့မှု x အချိန်ကာလ

အခြေအနေပါတ်ဝန်းကျင်

👥👥👥🗣🗣🗣🫂🫂🫂

၁။ လူတယောက်နှင့် ၆ ပေအကွာအဝေးအတွင်း
အတူနေပြီး ၄၅ မိနစ်ထက်မကြာပါကရောဂါ ကူးစက်ခံရမှု အန္တရာယ်အလွန်နည်းသည်။

၂။ လူတယောက်နှင့်တယောက် (မျက်နှာဖုံးစွပ်
လျက်)မျက်နှာခြင်းဆိုင်စကားပြောမှု ၄ မိနစ်ထက်မပိုခဲ့လျင် ရောဂါ ကူးစက်မှုအန္တရာယ်အလွန်နည်းသည်။

၃။ လူတယောက်နှင့်တယောက်လမ်းလျှောက်ရင်းပြေးရင်း၊ စက်ဘီးစီးရင်းဖြတ်သွားဖြတ် လာတွေ့မှုမှရောဂါ ကူးစက် မှုအန္တရာယ်အလွန်နည်းသည်။

၎။ လေဝင်လေထွက်ကောင်းသည့်နေရာမျိုးတွင်လိုအပ်သည့် အကွာအဝေးအတိုင်း၊အချိန်ကာလအတိုင်းအတာ တခုအတွင်းတွေ့ထိနေထိုင်လျှင်ရောဂါကူးစက်မှုအန္တရာယ်အလွန်နည်းသည်။

၅။ ဈေးဝယ်ထွက်ခြင်းသည်ရောဂါကူးစ က်နိုင်မှုအန္တရာယ်အလယ် အလတ်ရှိသော်လည်းဈေးဝယ်ချိန်ကို ကန့်သတ်ပြီး၊ ကျန်းမာရေးနဲ့ညီညွတ်အောင်နေပါ က၊အန္တရာယ်ကိုလျော့ကျစေနိုင်သည်။

၆။အလုံပိတ်အခန်းသည်ရောဂါကူးစက်နိုင်မှု အန္တရာယ်အလွန်များသည့် နေရာဖြစ်သည်။

၇။ အများသုံးအိမ်သာ/ဘုံစုဝေးရာနေရာများ သည် အဝတ်အစား၊ အိုးခွက်ပုဂံ၊ ပရိဘောဂစသည့်မျက်နှာပြင်များမှ ရောဂါကူးစက်နိုင်သည့် အန္တရာယ်အလွန်များသည့်နေရာများဖြစ်သည်။

၈။ စားသောက်ဆိုင်များ သည်လည်းရောဂါကူးစက်နိုင်မှုအန္တရာယ်အလွန်များသည့် နေရာများဖြစ်သည်။မျက်နှာ ပြင်များနှင့်ထိတွေ့မှုလျှော့ချရန်သတိရှိပါက ကူးစက်မှုအန္တရာယ်လည်းလျော့ကျသွားနိုင်သည်။

၉။ လုပ်ငန်းခွင်နှင့်စာ သင်ခန်းများသည်၊သတ် မှတ်ထားသည့်အကွာအဝေးအတိုင်း နေထိုင်သည့်တိုင်ရောဂါကူးစက်နိုင်မှုအန္တရာယ်အလွန်များသည့် နေရာများဖြစ်သည်၊ အထူးသဖြင့်တွေ့ထိသည့်မျက်နှာပြင် မှကူးစက်နိုင်သည့်အန္တရာယ်အလွန်များသည်။

၁၀။ ပါတီပွဲ၊မင်္ဂလာ ဆောင်စသည်အခမ်း အနားများသည်၊ရောဂါ ကူးစက်နိုင်မှုအန္တရာယ် အလွန်များသည့် နေရာများဖြစ်သည်။

၁၁။ စီးပွားရေးလုပ်ငန်းကွန်ယက်များ၊ညီလာခံများသည်လည်း ရောဂါ ကူးစက်နိုင်မှုအန္တရာယ် အလွန်များသည့်နေရာများဖြစ်သည်။

၁၂။ အားကစားကွင်းကဲ့သို့လူစုဝေးသည့်နေရာ၊ ကဇာတ်ရုံ၊ ရုပ်ရှင်ရုံစသည်တို့သည်လည်း၊ ရောဂါကူးစက်နိုင်မှုအန္တရာယ် အလွန်များသည့်နေရာများဖြစ်သည်။

အန္တရာယ်ရှိမှုကိုချိန်ဆခြင်း

⚖⚖⚖⚖⚖

ရောဂါကူးစက်နိုင်သည့်အန္တရာယ်အနည်းအများ
ကိုချိန်ဆတွက်ချက်သည့်အခါအောက်ပါအချက်များကိုနှိုင်းယှဉ်ကြည့်ရန်လိုသည်။

🚩 အခန်းတွင်း နှင့် ပြင်ပ

🚩 ကျဉ်းမြောင်းသည့်နေရာ နှင့် လေဝင်လေထွက်ကောင်းသည့်နေရာ

🚩 လူသူထူထပ်မှု နှင့် လူဦးရေနည်းပါးမှု

🚩 အချိန်ကြာကြာနေခြင်း နှင့် ခေတ္တခဏသာနေခြင်း

ပထမအခြေအနေများသည် ရောဂါကူးစက်မှု အန္တရာယ်ကိုပိုများစေသည်။

Credit

☣ အနံ့ပျောက်ခြင်း နှင့် Covid-19 ရောဂါ ☣အနံ့ပျောက်ခြင်းကို ဆေးပညာအရ Anosmia လို့ခေါ်ပါတယ်။အနံ့ပျောက်ခြင်းဟာ ယခင်ကာလမှာ မ...
07/07/2021

☣ အနံ့ပျောက်ခြင်း နှင့် Covid-19 ရောဂါ ☣

အနံ့ပျောက်ခြင်းကို ဆေးပညာအရ Anosmia လို့ခေါ်ပါတယ်။အနံ့ပျောက်ခြင်းဟာ ယခင်ကာလမှာ မသိသာပေမယ့် Covid-19 ကပ်ရောဂါကာလမှာ ခေတ်စားလာပါတယ်။စာရင်းတွေ Data တွေအရ ကမ္ဘာတစ်ဝှမ်း အနံ့ပျောက်ခြင်းနဲ့ Covid 19 ရောဂါ စပ်ဆက်မှုဟာ (၂၀-၃၀)%ရှိတယ်လို့ဆိုပါတယ်။

🚩 Covid19မှာဘာလို့အနံ့ပျောက်တာလဲ။

COVID-19 ရောဂါဖြစ်စေတဲ့ Novel Coronavirus ဟာ နှာခေါင်းအတွင်းရှိ နှာခေါင်းအမြှေးပါးနဲ့ အနံ့ခံ neurons တွေကိုထိခိုက်စေခြင်းကြောင့် အနံ့ပျောက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

🚩 အနံ့ပျောက်တိုင်းကိုဗစ်လား

အနံ့ပျောက်စေတဲ့အခြားရောဂါအခြေအနေတွေရှိပါတယ်။ဥပမာ-ရာသီတုပ်ကွေးရောဂါ၊အအေးမိဖျားနာခြင်း၊ထိပ်ကပ်နာရောဂါ စတဲ့ရောဂါတွေမှာလည်းအနံ့ပျောက်တတ်ပါတယ်

ဒါပေမယ့်အထက်ပါရောဂါတွေဟာ နှာစေးခြင်း၊နှာရည်ယိုခြင်း၊နှာပိတ်ခြင်းနဲ့ ဆက်စပ်မှုရှိပြီး COVID 19ရောဂါမှာ အနံ့ပျောက်ခြင်းဟာ နှာရည်ယိုခြင်း ၊နှာပိတ်ခြင်းနဲ့ ဆက်စပ်မှုမရှိပါဘူး

ဒီကာလမှာ အနံ့မရရင်တော့ COVID 19 ဖြစ်ဖို့အမျာဆုံးပါ

🚩 ဘယ်အချိန်မှာအနံ့ပြန်ရတတ်လဲ

အနံ့ပျောက်ခြင်းဟာ အများအားဖြင့် ယာယီခဏပါပဲ
(၂-၄)ပတ်လောက်ကြာတတ်ပါတယ်
ဒါပေမယ့် အများစုဟာ (၁၀)ရက်အတွင်းအနံ့ပြန်ရတတ်ပါတယ်

🚩 အနံ့မရရင်စိုးရိမ်ရလား။

ဖျားခြင်း၊ဆက်တိုက်ချောင်းဆိုးခြင်း၊မောပန်းခြင်းမရှိရင်

❗ စိုးရိမ်စရာမလိုပါ

❗စိတ်အေးအေးထားပါ

❗သီးသန့်နေပါ

❗အိပ်ရေးဝအောင်အိပ်ပါ

❗ခွန်အားရှိသော အစား စားပါ

Credit

 #တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ   ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။၂။ လည်ချ...
03/07/2021

#တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ

ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်

၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

၄ ရက်မြောက်နေ့

၁။ အာသီးအနည်းငယ်ယောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။
ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့
အနည်းငယ် မူးဝေနေမည်။

၅ ရက်မြောက်နေ့

၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

၆ ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း
နာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

၇ ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ
ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေ
မည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

၈ ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး
အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ
နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး
ကိုက်ခဲနာကျင်မည်။

၉ ရက်မြောက်နေ့

၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်
ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့
ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန်
လိုအပ်လာပြီဖြစ်သည်။



အကြံပြုချက်များ
***************

၁။ မတ်(စ်)တပ်ပါ

၂။ လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ဆေးပါ

၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ

၄။ ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ

၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြင်ပါ

၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ

မိဘပြည်သူများ ဂရုစိုက်ကြပါ



🙏🙏🙏🙏🙏

နေကောင်း ကျန်းမာ စိတ်ချမ်းသာပါစေကြောင်း ဆုတောင်းပေးပါတယ် ခင်ဗျာ

(၇၃) နှစ်မြောက် မြန်မာ့လွတ်လပ်ရေး‌နေ့ အား Htet Shwe Pyi Co.,Ltd မှ လေးစားစွာ ကြိုဆိုဂုဏ်ပြုအပ်ပါသည်🇲🇲 🇲🇲 🇲🇲
03/01/2021

(၇၃) နှစ်မြောက် မြန်မာ့လွတ်လပ်ရေး‌နေ့ အား Htet Shwe Pyi Co.,Ltd မှ
လေးစားစွာ ကြိုဆိုဂုဏ်ပြုအပ်ပါသည်
🇲🇲 🇲🇲 🇲🇲

ပြည်သူများသို့ အသိပေးချက် (၃) “COVID-19 ကာကွယ်ဆေး”(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁) ရက်)‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗ကာကွယ...
01/10/2020

ပြည်သူများသို့ အသိပေးချက် (၃)
“COVID-19 ကာကွယ်ဆေး”
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁) ရက်)
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ကာကွယ်ဆေးအသစ် တစ်မျိုးမျိုးကို စတင်အသုံးပြုနိုင်ရန်အတွက် -
(၁) ကာကွယ်ဆေး၏ သက်ဆိုင်ရာရောဂါကို ကာကွယ်နိုင်သော အာနိသင် ရှိ/ မရှိ၊
(၂) လုံလောက်သော ပဋိပစ္စည်း ထုတ်လုပ်နိုင်ရန် လှုံ့ဆော်ပေးနိုင်စွမ်း ရှိ/ မရှိ၊
(၃) ဘေးထွက်ဆိုးကျိုးမရှိဘဲ ဘေးအန္တရာယ်ကင်း၍ လုံခြုံစိတ်ချရမှု ရှိ / မရှိ၊
(၄) ကာကွယ်ဆေးထိုးပြီးနောက် ကာကွယ်မှုပေးနိုင်သည့် အချိန်ကာလ၊
(၅) ထိုးနှံ/ တိုက်ကျွေးရမည့် ကာကွယ်ဆေးပမာဏနှင့် အကြိမ်အရေအတွက်၊
(၆) ဓါတ်ခွဲခန်းတွင်သာမက လက်တွေ့အပြင်လောက၌ အသုံးပြုရာတွင်လည်း ထိရောက်စွာ ကာကွယ်နိုင်သည့် အစွမ်းအာနိသင် ရှိ/ မရှိ၊
စသည်တို့ကို သိရှိနိုင်ရန်နှင့် ပြီးပြည့်စုံရန်အတွက် ပထမဦးစွာ ဓာတ်ခွဲခန်းအတွင်းနှင့် တိရစ္ဆာန်များတွင် စမ်းသပ်ခြင်းအဆင့်များ၊ ထို့နောက် လူများတွင် စနစ်တကျလက်တွေ့စမ်းသပ် သုတေသန ပြုလုပ်သည့်အဆင့် (၃) ဆင့် (3 phases of clinical trial) နှင့် အသိအမှတ်ပြု လိုင်စင်ရရှိပြီး ဈေးကွက်တွင် ရောင်းချပြီးနောက်တွင်လည်း ဆက်လက်စောင့်ကြပ်ကြည့်ရှု လေ့လာခြင်းများကို တစ်ဆင့်ပြီးတစ်ဆင့် အချိန်ယူကာ စနစ်တကျဆောင်ရွက်ရပါသည်။
ယခုဖြစ်ပွားလျက်ရှိသော COVID-19 ကပ်ရောဂါအတွက် ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် ကမ္ဘာ့နိုင်ငံအများအပြားတွင် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ သို့ရာတွင် ယခုအချိန်ထိ မည်သည့် နိုင်ငံ၊ မည်သည့် ဆေးကုမ္ပဏီမှ ထုတ်လုပ်သော ကာကွယ်ဆေး တစ်မျိုးမျိုးတွင်မျှ တတိယအဆင့် လက်တွေ့စမ်းသပ် သုတေသနပြုမှု (phase-3 clinical trial) ကို ပြီးမြောက်ခြင်းမရှိသေးကြောင်း သိရှိရပါသည်။ ယခုအချိန်ထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အသိအမှတ်ပြု ထောက်ခံသော COVID-19 ကာကွယ်ဆေး (WHO Prequalified Vaccine) မရှိသေးပါ။
သို့ပါ၍ ပြည်သူများအနေဖြင့် လူမှုကွန်ရက်များ၊ အင်တာနက်စာမျက်နှာများနှင့် online ဈေးကွက်များတွင် ကြေညာနေသော COVID-19 ကာကွယ်ဆေးများကို ဝယ်ယူသုံးစွဲခြင်းမပြုရန် အသိပေးအပ်ပါသည်။

ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

CREDIT

21/09/2020

Address

No. (11), Asia Business Tower, Gyo Phyu Road
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+951377788

Website

Alerts

Be the first to know and let us send you an email when Htet Shwe Pyi Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Htet Shwe Pyi Co.,Ltd:

Share